Pyae Gyi Gaming
gaming
12/01/2023
" ONIC အတွက် ဝယ်ရတဲ့ဈေးထက် အဆ ၁၀၀၀ တန်နေတဲ့ ဖိလစ်ပိုင်ပို့ကုန် - Kairi "
ONIC Esports က အနှောင့်အယှက်အဖြစ်ဆုံး Joy ကို သေချာ ban ခဲ့ပြီး CW ရဲ့ ထင်ရှားတဲ့ Moskov ကိုရွေးချယ်ခဲ့ပါတယ်။ Support အားပြိုင်မှုမှာတော့ Kaja vs Khufra ပါပဲ။ ဒီတစ်ခါတော့ Kiboy က Kaja ပေါ့။
ECHO ရဲ့ အဆိုးရွားဆုံးလုပ်ရပ်ကတော့ KarlTzy အတွက် Jungle chou ပါပဲ။
ပထမဆုံး Kiboy ကို ခုန်ရိုက်ပြီး First Blood ရယူခဲ့တဲ့ Yawi က ဒီ game ကိုဖွင့်ခဲ့ပါတယ်။ ONIC Esports ဟာ Early ကတည်းက CW ရဲ့ Moskov ကို အဓိကအားပြုခဲ့ပြီး BennyQt ကိုဖိအားပေးခဲ့ပါတယ်။ Jungle ပိုင်းမှာ Kairi က စိတ်ချရတာမို့ပါ။
Mid game မှာ CW ပိုမိုပြင်းထန်လာပြီး ONIC အသာရလာတဲ့အခါ ECHO က CW ကို အဓိကထားဖြေရှင်းလာပါတယ်။
ဒီ Game 2 မှာသေချာပေါက် အလကားဖြစ်ခဲ့တာကတော့ KarlTzy ရဲ့ Chou ပါပဲ။ Team HAQ နဲ့ ပွဲစဉ်ကို သတိရစေပါတယ်။
Sanji ရဲ့ God level Mechanic နဲ့ Reaction ကောင်းမွန်ခြင်းတွေကလည်း အံ့အားသင့်စရာပါ။
Late game မှာတော့ ECHO ကပိုအားကောင်းလာခဲ့ပေမယ့် ONIC ကပဲ Gold အသာစီးယူလာခဲ့ပါတယ်။ နောက်ဆုံးအခိုက်အတန့်ကတော့ Kairi ပါပဲ။ Lane ဖြတ်ရှင်းနေတဲ့ Kairi ကို KarlTzy ကစပြီး ECHO တစ်သင်းလုံး ဝိုင်းဖမ်းကြရာမှာ BEST PLAY OF M4 အခိုက်အတန့်ဖြစ်ပေါ်သွားခဲ့ပါတယ်။
အဲ့ဒီအခိုက်အတန့်မှာ ပုံစံအဆင့်သင့်ဖြစ်မနေတဲ့ ECHO ကို ONIC က သပ်သပ်ရပ်ရပ်အဆုံးသတ်သွားခဲ့ပါတယ်။
Review by
12/01/2023
" အသင်းမှာ အင်ဒို ၄ ယောက်ပါနေလို့ KarlTzy ကို ရှုံးသွားတဲ့ Kairi "
M4 အတွင်း Super aggressive play တွေကို ကစားပြနေတဲ့ Bennyqt ဟာ ဒီနေ့ M4 ရဲ့ ပထမဆုံး Malissa ကို pick ခဲ့ပါတယ်။
Yawi နဲ့ Kiboy တို့ရဲ့ပြိုင်ဆိုင်မှုကတော့ Khufra vs Kaja ပေါ့။ Kairi ကတော့ Granger Jungle ကိုရွေးချယ်ခဲ့ပါတယ်။ ဒီ M4 မှာ Granger Jungle ကို Kairi, Kenn နဲ့ MobaZane တို့သာ pick ပါသေးတယ်။
ဒီပွဲမှာ ECHO ရဲ့သပ်ရပ်တိကျတဲ့အပြင်၊ သတိကြီးခြင်း၊ ဆုံးဖြတ်ချက်မှန်ကန်ခြင်းများစွာကို မြင်တွေ့ခဲ့ရပါတယ်။ ONIC ဟာ တိကျပြတ်သားမှုကောင်းမွန်တယ်၊ တိုက်စစ်ကောင်းမွန်တယ်ဆိုပေမယ့် ECHO က အကုန်လုံးကို ပါးပါးနပ်နပ်ရှောင်ပြီး ပြန်သိပ်တာကြောင့် ONIC တို့ ယောင်တောင်တောင်ဖြစ်ခဲ့ကြပါတယ်။
ECHO ကို ၂ ဆ လောက်ပိုအားကောင်းသွားစေတာကတော့ Exp Laner - Sanford ပါပဲ။ M4 အတွင်း FWYD Chickn က ပထမဆုံး Joy exp lane ကို ကိုင်ခဲ့ပြီးနောက် R7 နဲ့ အခု Sanford တို့လည်းရွေးချယ်လာကြပါတယ်။ အခုပွဲ MVP ကလည်း Sanford ပါပဲ။
Bennyqt ရဲ့ Malissa skill တွေ Ultimate တွေကလည်း အချိန်တိကျ၊ နေရာတိကျခဲ့တာ အံ့ဩစရာ ချီးကျူးစရာချည်းပါပဲ။
Review by
12/01/2023
" FWYD Chickn နဲ့ Recall လှလှတွေ ရှိနေမှတော့ အမေဇုန်တောကို ပြန်ရုံပေါ့ကွယ် "
ဒီနေ့လည်း ဘုရင်ကြီးတွေ နန်းကျပါတယ်။ The Valley ကတော့ Top 6 အတွင်း ဝင်ရောက်သွားပါပြီ။
------------
Draft
Akira ဘက်က Draft ကတော့ Yve ကလွဲရင် အကုန် Durability ကောင်းကောင်းနဲ့ ခေါင်းတိုးဆိုင်မယ့် ပုံမျိုးဖြစ်ပြီး Valley ကတော့ Grock, Lylia နဲ့ Early နည်းနည်း အသာစီးဆော့တဲ့ Draft ဖြစ်ပါတယ်။
-----------------
Gameplay
Valley အသင်းက Early အသာစီးရရင် တော်တော်လေး ကြောက်ဖို့ကောင်းတဲ့အသင်းဖြစ်တာကိုတွေ့ခဲ့ရပြီး Mobazane ကလည်း သူနည်းနည်းလေးသာတာနဲ့ Enemy Buff ကို ပေါ်တင်ကြီး တစ်ကောင်တည်း Retri လာပေါက်နိုင်တဲ့Skill မျိုးရှိတာကြောင့် နည်းနည်းလေးမှ အသာပေးလို့ မရတဲ့ အသင်းဖြစ်ပါတယ်။
Harith အနေနဲ့ Basic ပစ်တာကို မခံနိုင်တာကိုတွေ့ရပြီး Mega ကို Creep Wave တစ်ခါလာတိုင်း တစ်ခါ Pressure ပေးရကာ 9k Gold Lead မှာ Lord စောင့်စရာမလိုခဲ့ဘဲ Akira ကို အနိုင်ယူကာ နောက်တစ်ဆင့်ကိုတက်သွားခဲ့ပါပြီ။
ထူးမခြားနား MVP ထပ်မံရယူခဲ့တာကတော့ ကိုကြက်ကြော်ပဲဖြစ်ပါတယ်။
-----------------------
Review by and
Harley နဲ့ comeback 🥴
29/10/2022
Hi welcome to my page
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay