Consult Plus
We don't just consult.We focus on result.
25/01/2026
ပြုပြင်ပြောင်းလဲဖိုအတွက် ဝန်မလေးပါနဲ့ ….
ကိုယ့်ရဲ့ လုပ်ငန်းက တဖြည်းဖြည်းနဲ့ အမြတ်အစွန်းတွေ နည်းလာပြီလား?
ဝန်ထမ်းတွေကို ထိန်းချုပ်ရတာရော ခက်ခဲလာပြီလား?
တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေကို လိုက်မမှီတော့ဘူးလား?
ပိုမိုကောင်းမွန် စနစ်ချဖိုလိုအပ်နေပြီလား ?
လုပ်ငန်းချဲ့ထွင်တော့မှာလား ?
အခုလိုမျိူး အပြိုင်အဆိုင်တွေများလာတဲ့ ခေတ်မှာ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းဟာ ပြိုင်ဘက်တွေကြားထဲ အောင်မြင်ဖိုဆိုတာ တကယ်ကို မလွယ်ကူပါဘူး။ တော်တော်ကြီး ကြိုးစားရုန်းကန်ရမှာပါ။ လုပ်ငန်းက တဖြည်းဖြည်းနဲ့ အမြတ်အစွန်း လျှော့နည်းလာပြီဆိုရင်တော့ တစ်ခုခုပြုပြင်ပြောင်းလဲဖို လိုအပ်နေပါပြီ။
ဟုတ်ပြီ။ အဲ့ဒါဆို လုပ်ငန်းတိုးတက်အောင်မြင်ဖိုအတွက် ဘာတွေပြောင်းလဲရမလဲ၊ ဘာတွေလုပ်ဖို လိုအပ်လဲဆိုတာကို ဆိုတာကို ခေါင်းရှုပ်ခံပြီး စဉ်းစားနေတာလား? Consult Plus က လုပ်ငန်းရှင်တွေကို ကူညီပေးဖို အသင့်ရှိနေပါတယ်။
ကျွန်တော်တို Consult Plus Consulting Firm ဟာ မိတ်ဆွေတိုအတွက် အောက်ဖော်ပြပါ Consulting Services များဆောင်ရွက်ပေးနေပါပြီ။
Our Services
Business Start Up (လုပ်ငန်းစတင်နိုင်ရေး)
Business Planning (လုပ်ငန်းအစီအစဉ်ရေးဆွဲရေး)
Business Strategy (မဟာဗျူဟာချမှတ်ရေး)
Marketing Strategy (စျေးကွက်ဖော်ဆောင်ရေး)
Business Development (လုပ်ငန်းချဲ့ထွင်ရေး)
Business Systemization (လုပ်ငန်းစနစ်တကျ လည်ပတ်ရေး)
Selling (အရောင်းမြှင့်တင်ရေး)
စတဲ့ လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ဖိုအတွက် လိုအပ်တဲ့အရာတွေကို အကောင်းဆုံးကြိုးစားပြီး အတိုင်ပင်ခံအကြံပေးသွားမှာပဲ ဖြစ်ပါတယ်။ Consult Plus နဲ့ အတူတူ ပြောင်းလဲပြီး အောင်မြင်မှုတွေကို အရယူလိုက်ပါ။
Contact No -
09740862699
09740862688
ConsultPlus
BusinessConsultingService
businessconsultingservice
businessconsultantservice
businessconsultant
businessconsultancyservices
24/01/2026
ဒစ်ဂျစ်တယ်ခေတ်ရဲ့ လုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်တဲ့ Digital Marketing
ဒီနေ့ခေတ်မှာ လုပ်ငန်းတိုင်းဟာ Digital Marketing ကို အသုံးမပြုရင် ရေရှည်မှာ ရပ်တည်ဖို့ ခက်ခဲလာပါပြီ။ လုပ်ငန်းရှင်တွေအနေနဲ့ Digital Marketing ကို ဘာကြောင့်လုပ်သင့်လဲ၊ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာကို သိရှိဖို့ အရေးကြီးပါတယ်။
၁။ ပစ်မှတ်ပရိသတ်ကို တိကျစွာ ရောက်ရှိစေနိုင်ခြင်
ရိုးရာကြော်ငြာတွေဟာ လူအများကြီးကို ရောက်ပေမဲ့ မိမိ Product နဲ့ သက်ဆိုင်တဲ့ ပရိသတ်ကို တိတိကျကျ ရောက်ရှိဖို့ ခက်ခဲပါတယ်။ Digital Marketing မှာတော့ အသက်၊ ကျား/မ၊ နေထိုင်ရာဒေသ၊ စိတ်ဝင်စားမှု စတဲ့အချက်တွေအပေါ် အခြေခံပြီး Target Audience ကို တိကျစွာ ရွေးချယ်နိုင်တာကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးအမြတ်များများ ရရှိနိုင်ပါတယ်။
၂။ လုပ်ငန်းရဲ့ Brand Image ကို တိုးမြှင့်နိုင်ခြင်း
Social Media တွေမှာ ပုံမှန် Content တွေတင်တာ၊ Customer တွေရဲ့ Comment တွေကို အမြဲတမ်း ပြန်ဖြေတာက လုပ်ငန်းရဲ့ပုံရိပ်ကို ပိုပြီးခိုင်မာစေပါတယ်။ သင့်ရဲ့ Brand ဟာ ပရိသတ်ရဲ့ စိတ်ထဲမှာ အမြဲရှိနေစေဖို့အတွက် Online Presence ကို အားကောင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်။
၃။ တိုင်းတာနိုင်တဲ့ ရလဒ်များ
Digital Marketing ရဲ့ အကောင်းဆုံး အားသာချက်ကတော့ သင်လုပ်လိုက်တဲ့ Campaign တစ်ခုချင်းစီက ဘယ်လောက်ထိ အောင်မြင်လဲဆိုတာကို တိုင်းတာနိုင်တာပါပဲ။ Website ကို ဝင်ကြည့်တဲ့လူ ဘယ်လောက်ရှိလဲ၊ ကြော်ငြာတစ်ခုကို ကြည့်တဲ့လူ ဘယ်လောက်ရှိလဲ၊ ဘယ် Content က လူကြိုက်အများဆုံးလဲ စတာတွေကို Data အချက်အလက်နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
သင့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ Financial Management Plan ဒါမှမဟုတ် Digital Marketing Strategy ကောင်းတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် Consult Plus ကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။
☎️09 740862699
☎️09 740862688
Consult Plus
We don't just consult.We focus on result.
Consultplus
23/01/2026
လုပ်ငန်းရှင်တိုင်း သိကိုသိရမယ့် A.I.D.A
ဒီနေ့ခေတ်ရဲ့ လုပ်ငန်းရှင်တိုင်းက ဒီလိုပြောနေကြတာ မကြာခဏဆိုသလို ကြားဖူးတယ်…။
“ကြော်ြငာနေပေမယ့် မရောင်းရဘူး”
“Marketing လုပ်ပေမယ့် လူတွေကို မဆွဲဆောင်နိုင်ဘူး”
ဒါဟာ လူကြီးမင်းတို့ အနေနဲ့ A.I.D.A ကို မသုံးသေးလို့ ဒီလိုဖြစ်နေတာပါ…။
ဒီနေ့မှာတော့ A.I.D.A အကြောင်း ''Consult Plus'' က ဝေမျှပေးပါမယ်...။
◾A (Attention)
စိတ်ဝင်စားစရာ Headline တွေ၊ Content တွေနဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကိုရရှိအောင် လှလှပပဆွဲဆောင်ဖို့ လိုပါတယ်…။
◾I (Interest)
ဒီအဆင့်ဟာ ဝယ်ယူသုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်ရမယ့်အဆင့်ဖြစ်လို့ ကိုယ့်ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေရဲ့ အများနဲ့မတူဘဲ ထူးခြားတဲ့ Features& Benefits တွေရှိကြောင်း ကိုမြင်သာအောင် ထုတ်ဖော်ပြသနိုင်ရပါမယ်…။
◾D(Desire)
ဒီအဆင့်မှာတော့ ဝယ်ယူသုံးစွဲသူရဲ့ လိုချင်စိတ်ကိုနှိုးဆွနိုင်ဖို့ ကိုယ့်ထုတ်ကုန်မှာရှိတဲ့ USP (Unique Selling Point)ကို အသားပေး ဖော်ပြဖို့ လိုပါတယ်…။ဒါ့အပြင် ဝယ်သူရဲ့ ပြဿနာတွေကိုပါ ဘယ်လိုအကောင်းဆုံး ဖြေရှင်းပေးနိုင်တယ်ဆိုတာ ကိုပါ သေသေချာချာ ဖော်ပြရပါမယ်…။
◾A(Action)
ဒီအဆင့်မှာတော့ ဝယ်ယူသုံးစွဲသူက ကိုယ့်ရဲ့ထုတ်ကုန်(သို့)ဝန်ဆောင်မှာကို အမှန်တကယ်ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချအောင် လုပ်ဆောင်ရမယ့် အပိုင်းဖြစ်ပါတယ်…။ ဒီလိုဆုံးဖြတ်ချက်ချအောင် လူကြီးမင်းတို့ဘက်က အချိန်အကန့်အသတ်ရှိတဲ့ ပရိုမိုးရှင်းတွေ၊ အထူးအခွင့်အရေးတွေကို ဘောင်တစ်ခုအတွင်းကနေ ဖန်တီးပေးထားဖို့ လိုပါမယ်…။
👉ဒီအဆင့်တွေကို စနစ်တကျလုပ်ဆောင်ခြင်းက ဈေးကွက်မှာ လူကြီးမင်းတို့ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို လူတွေစိတ်ဝင်စားလာစေပြီး Sale Rate တက်လာဖို့ အထောက်အကူဖြစ်လာမှာပဲ ဖြစ်ပါတယ်…။
📌လူကြီးမင်းတို့အနေနဲ့ ဒီလို လူတွေကိုဆွဲဆောင်ဖို့၊ စိတ်ဝင်စားမှုကို ရယူဖို့၊ လိုချင်လာစေဖို့၊ ဝယ်ယူလာစေဖို့ ဘယ်လို နည်းစနစ်တွေ သုံးရမလဲဆိုတာ သိချင်မယ်ဆိုရင်တော့ ကျွန်တော်တို့ “ Consult Plus” နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ ခင်ဗျာ…။
☎ 09 768 221 443
09 740 862 688
09 740 862 699
🏚76St, Bet 36x37,Mahar Aung Myay Township, Mandalay.
22/01/2026
Business Plan ရေးဆွဲတဲ့အခါ မဖြစ်မနေပါရမယ့် အစိတ်အပိုင်းတွေ
မင်္ဂလာပါ ခင်ဗျာ...
လုပ်ငန်းတစ်ခု အခိုင်အမာရပ်တည်ဖို့ Business Plan လိုအပ်ကြောင်းနဲ့ ဒီ Plan မှာ ဘယ်လို အပိုင်းတွေပါဝင်ရမယ်ဆိုတာ “ Consult Plus”က ဝေမျှပြီးသွားပါပြီ…။
ဒီနေ့မှာတော့ ဘယ်အပိုင်းမှာ ဘယ်လိုအချက်တွေပါဝင်အောင် ရေးဆွဲရမယ်ဆိုတာ လိုတိုရှင်းလေး ပြောပြပေးပါမယ် ခင်ဗျာ…။
၁)Executive Summary
ဒီအဆင့်ဟာ Business Plan ရဲ့ အစဖြစ်ပြီး ထည့်သွင်းဖို့ လိုအပ်တဲ့အချက်တွေကို အကြမ်းချထားရမယ့် အခြေအနေလည်း ဖြစ်ပါတယ်…။ လုပ်ငန်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင် စတာတွေကိုလည်း ဒီနေရာမှာ ရေးဆွဲထားဖို့ လိုပါလိမ့်မယ်…။
၂)Business Description
ဒီအပိုင်းဟာ Business Plan တစ်ခုလုံးမှာ အရေးအကြီးဆုံးအပိုင်းဖြစ်ပြီး ထုတ်လုပ်မယ့် ထုတ်ကုန်တွေ၊ ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေနဲ့ သုံးစွဲသူတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းပေးမယ် ဆိုတာတွေကိုပါ ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်…။
၃) Market Analysis
ဈေးကွက်ထဲမှာရှိနေတဲ့ ပြိုင်ဘက်တွေရဲ့ အားသာချက်၊ အားနည်းချက် စတာတွေကို အသေးစိတ်လေ့လာပြီး ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ဘယ်လိုနည်းလမ်းနဲ့ ဈေးကွက်မှာ ဦးဆောင်စေမလဲ ဆိုတာသတ်မှတ်ချက်ထားရပါမယ်…။
၄)Company Organization
တရားဝင် ဖွဲ့စည်းပုံအရ ကိုယ့်လုပ်ငန်းအတွက် ဘယ်လိုလူတွေ ပါဝင်မလဲဆိုတဲ့ Organization Chart တစ်ခု ရှိထားဖို့လဲ လိုပါတယ်….။
၅)Products & Services provided
ကိုယ်ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေဟာ သုံးစွဲတွေကို ဘယ်လိုအကျိုးရှိစေမှာလဲ…။
တခြားသူတွေထက် သာလွန်ကာင်းမွန်တဲ့ အရည်အသွေးတွေက ဘာတွေလဲ…။
ဒါတွေကို သေချာသတ်မှတ်ထားပြီး Business Plan မှာ ထည်သွင်းရေးဆွဲ သင့်ပါတယ်…။
၆)Financial Outllook
ဒါကတော့ အထွေအထူးပြောနေစရာမလိုပါဘူး။ Business Plan ဆွဲတိုင်း လူအများထည့်သွင်းလေ့ရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်…။
၇) Summary
Business Plan ကို အများစုက “ Funding Pitch”နဲ့ အဆုံးသတ်လေ့ရှိကြပါတယ်။ နောက်ပြီး ဒီ Pitch ကို ထောက်ပံ့ပေးနိုင်တဲ့ အချက်အလက်တွေကို စုဆောင်းဖော်ပြကြပါတယ်…။
👉 ဒီအချက်တွေကို အများစုက Business Plan မှာ ထည့်သွင်းရေးဆွဲလေ့ရှိတာဖြစ်လို့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် Plan ရေးဆွဲတဲ့ အခါမှာလည်း ဒီအချက်တွေကို စဥ◌်းစားကြည့်ပါ…။
👉အကယ်၍ ကိုယ်တိုင် Business Plan ရေးဆွဲဖို့ အကြံပေးဆွေးနွေးခြင်းတွေ လိုအပ်နေပြီဆိုပါက “Consult Plus”နဲ့ ဆက်သွယ်နိုင်ပါတယ်…။
👉 လူကြီးမင်းတို့ လုပ်ငန်းတွေ အတွက်ထိရောက်တဲ့ Business Plan တစ်ခုကို မဟာဗျူဟာ ကျကျရေးဆွဲဖို့ စနစ်တကျ အကြံပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ…။
☎ 09 768 221 443
09 740 862 688
09 740 862 699
🏚76St, Bet 36x37,Mahar Aung Myay Township, Mandalay.
20/01/2026
လုပ်ငန်းရှင်တိုင်း သိဖို့လိုတဲ့ Marketing ရဲ့ 4 Ps ဆိုတာ...
ကျွန်တော်တို့ဟာ ဘာပဲလုပ်လုပ် ရှောင်လွဲလို့မရတာ တစ်ခုရှိပါတယ်...။
ဒါကတော့ “Marketing (စျေးကွက် ချဲ့ထွင်ခြင်း)”ပါပဲ...။
စျေးကွက်ချဲ့ထွင်ခြင်းဆိုတာ လူတွေကို လှပစွာဆွဲဆောင်ခြင်းအနုပညာလို့ ဆိုလေ့ရှိကြပါတယ်...။
ဒါဆို ဒီနေ့မှာ ကျွန်တော်တို့က Marketing ရဲ့ 4Ps ကို သုံးပြီး လူတွေကို ဘယ်လိုလှလှပပ ဆွဲဆောင်ကြလဲဆိုတာ ပြောြပပေးချင်ပါတယ်...။
1)Product
Product လို့ဆိုတဲ့နေရာမှာ ကိုင်တွယ်လို့ရတဲ့ ထုတ်ကုန်တွေနဲ့ ကိုင်တွယ်လို့မရတဲ့ ဝန်ဆောင်မှုတွေအကုန်ပါဝင်ပါတယ်...။ ဒီလို Product ရဲ့ ဒီဇိုင်း၊ ထုတ်ပိုးမှုပုံစံနဲ့ အရည်အသွေးတွေဟာ ကိုယ့် Customer လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဖန်တီးခြင်းဟာလည်း Marketing မှာ First Priority ပါပဲ...။
2)Price
ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို မှန်ကန်တဲ့ဈေးနှုန်း သတ်မှတ်ခြင်းကလည်း Marketing မှာ မပါဖြစ်ပါ...။ ဒီလိုစျေးနှုန်းသတ်မှတ်တဲ့ နေရာမှာ ထုတ်ကုန်အတွက် ကုန်ကျစရိတ်၊ ပြိုင်ဘက်လုပ်ငန်းတွေရဲ့ စျေးနှုန်းသတ်မှတ်မှုပုံစံနဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေး စတာတွေပေါ်မှာ မူတည်ပြီး စျေးနှုန်းတစ်ခု ချမှတ်ထားရပါမယ်...။
3)Place
ကိုယ်စနစ်တကျ ဖန်တီးထားတဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ လက်လှမ်းမှီတဲ့ ဘယ်လိုနေတွေမှာထားရှိမလဲဆိုတာ Marketing ရဲ့ Place ပါ။ ဒီလိုသတ်မှတ်တဲ့ အခါ
ကိုယ်ရဲ့ ကိုယ့်ချင်းစာစိတ်ကို ပြသဖို့အတွက် သုံးစွဲသူတွေအတွက် အဆင်ပြေ လွယ်ကူတဲ့နေရာ ဖြစ်ကိုဖြစ်ရပါမယ်...။
4)Promotion
Promotion ရဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ကို လူတွေသိလာအောင်၊ လူတွေစိတ်ဝင်စားလာအောင်နဲ့ လူတွေဝယ်ချင်လာအောင် ပြုလုပ်ဖို့ပါပဲ...။
ကျွန်တော်တို့ဟာ လူတွေကို လှပစွာဆွဲဆောင်နိုင်ပြီး Marketing မှာအောင်မြင်ဖို့ဆိုရင် ဒီ 4Ps ကို စနစ်တကျ အသုံးချရပါလိမ့်မယ်....။
အကယ်၍ လူကြီးမင်းတို့ဟာ ဒီ 4Ps ကို သုံးပြီး လူတွေကို လှပစွာ ဆွဲဆောင်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့
Consult Plus- Consulting Firm က အကြံပေးဆွေးနွေး ကူညီပေးဖို့ အသင့်ပါပဲ ခင်ဗျာ...။
Hotline. 09 768 221 443
09 740 862 688
09 740 862 699
Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.
19/01/2026
အရောင်းသမားတိုင်း သိတဲ့ Sales Funnel ဆိုတာ ဘာလဲ...?
အရောင်းသမားတိုင်း ပြောနေကြတဲ့စကား တစ်ခုရှိတယ်...။
ရောင်းအားတက်ဖို့ Sales Funnel ချဲ့ရမယ်တဲ့....။
ဒါဆို Sales Funnel က ဘာလဲဆိုတာ ကြည့်လိုက်ရအောင်...။
Awareness
Sales Funnel ရဲ့ ပထမဆုံး အဆင့်က ကိုယ့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို လူတွေသိလာဖို့ပါပဲ...။
ဒီအဆင့်မှာ Social Media Advertising & Content Marketing တို့ပါဝင်ပါတယ်...။
Interset
ဒီအဆင့်ဟာ သုံးစွဲသူက ကိုယ့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအပေါ် သိချင်စိတ် ဖြစ်ပေါ်လာတဲ့ အဆင့်ဖြစ်ပြီး စိတ်ဝင်စားလာနေတဲ့ အခြေအနေဖြစ်ပါတယ်...။
Consideration
သုံးစွဲသူက ကိုယ့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို အမှန်တကယ်စိတ်ဝင်စားလာပြီးတဲ့ နောက်မှာ အသေးအစိတ်အချက်အလက်တွေနဲ့ အကျိုးကျေးဇူးတွေကို Highlight လုပ်ရမယ့် အခြအနေပါ...။ ဒီအဆင့်ဟာ Sales Funnel တဖြည်းဖြည်း ကျဥ်းလာတဲ့ အခြေအနေ ဖြစ်ပါတယ်...။
Intent
သုံးစွဲသူအနေနဲ့ ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို အမှန်တကယ် ဝယ်ယူတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အခြေအနေဖြစ်ပါတယ်...။
Purchase
သုံးစွဲသူဟာ ကိုယ့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို ဝယ်ယူပြီး ငွေပေးချေလိုက်တဲ့ အဆင့်ဖြစ်ပါတယ်...။
Post - purchase
ငွေပေးချေပြီးတဲ့အခါ သုံးစွဲသူနဲ့ ဆက်ဆံရေးတစ်ခု ထားရှိရမှာ ဖြစ်ပြီး ကိုယ့်ရဲ့ အမြဲတမ်း တယ်သူ ဖြစ်လာဖို့ ဖန်တီးထားရမှာ ဖြစ်ပါတယ်...။
ဒီ Sales Funnel ကို Marketing နဲ့ ပေါင်းစပ်ဖန်တီးမယ်ဆိုရင် ရောင်းအားတက်လာဖို့ဆိုတာ ထင်သလောက် မခက်ပါဘူး...။
ဒါကြာင့် လူကြီးမင်းတို့လည်း စနစ်ကျတဲ့ Marketing Plan နဲ့ Sales Funnel ကိုချဲ့ပြီး ရောင်းအားမြှင့်တင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ Consult Plus- Consulting Firm နဲ့ ဆက်သွယ်ပြီး ဆွေးနွေးအကြံပေးချက်များ ရယူနိုင်ပါပြီ ခင်ဗျာ...။
Hotline. 09 768 221 443
09 740 862 688
09 740 862 699
Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.
18/01/2026
HR တစ်ယောက်က အဖွဲ့အစည်းကို ဘယ်လောက်ထိ အကျိုးပြုနိုင်လဲ...?
အဖွဲ့အစည်း တစ်ခုတိုးတက်နေဖို့ဆိုတာ တစ်ဦးတစ်ယောက်ထဲမှာ တာဝန်ရှိတာမဟုတ်ပါဘူး...။
ဒါပေမယ့် ဒီနေ့မှာတော့ HR တစ်ယောက်ဟာ အဖွဲ့အစည်း တိုးတက်ဖို့ ဘယ်လောက်ထိ ကူညီပေးနိုင်လဲဆိုတာ ပြောပြချင်ပါတယ်...။
1)အဖွဲ့အစည်းအတွက် သင့်တော်တဲ့ ဝန်ထမ်းခန့်ထားပေးနိုင်ခြင်း
2)ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ Skills တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း
3)Productive ဖြစ်တဲ့ Team တစ်ခုကို ဖန်တီးပေးနိုင်ခြင်း
4)အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း
ဒါတွေဟာ HR ကောင်းတစ်ယောက်ရဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်...။
ဒီလို အရည်အချင်းရှိတဲ့ HR ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်
-Communication Skill
-Problem Solving Skill
-Conflict Resolution Skill
-Adaptability
-Leadership Skill
-Negotiating Skill
ဒါတွေရှိဖို့ လိုအပ်ပါတယ်...။
လုပ်ငန်းရှင်တွေအနေနဲ့ ဒီလို အရည်အချင်းရှိပြီး အဖွဲ့အစည်းကို အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ HR တစ်ယောက်ရဖို့ဆိုတာ သိပ်မလွယ်လှပါဘူး...။
ဒါကြောင့် ကျွန်တော်တို့ Consult Plus က လူကြီးမင်းတို့ လုပ်ငန်းတွေမှာ သင့်တော်တဲ့ဝန်ထမ်းတွေ ခန့်ထားနိုင်ဖို့
အကြံပေးဆွေးနွေးခြင်းတွေ လုပ်ဆောင်ပေးနေပါပြီ...။
အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ခန့်ထားခြင်းဖြင့် လုပ်ငန်းတိုးတက်အောင်မြင်ချင်တယ် ဆိုရင်တော့ ပေးထားတဲ့ Hotline တွေကနေ ဆက်သွယ်လိုက်တော့ ခင်ဗျာ...။
Hotline. 09 768 221 443
09 740 862 688
09 740 862 699
Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.
17/01/2026
လုပ်ငန်းတစ်ခု စတင်တည်ထောင်ခြင်း( Start Up) မှာ အရေးကြီးတဲ့ အချက် (၅) ချက်...
1)Clear Value Proposition
ဝယ်သူတွေအနေနဲ့ ဘာကြောင့် ကိုယ့်ထုတ်ကုန်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်သင့်တယ် ဆိုတာ မြင်သာအောင် ချပြရပါတယ်...။ ရွေးချယ်သင့်တဲ့အချက်ဆိုတာဟာ စျေးကွက်ထဲက ပြိုင်ဘက်တွေထက် ထူးခြားပြီး သာလွန်ကောင်းမွန်တဲ့ အချက်တွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်...။
Market Research
ကိုယ်ဦးတည်ထားတဲ့ စျေးကွက်မှာ ဝယ်သူတွေရဲ့ လိုအပ်ချက်၊ စိတ်အခြေအနေနဲ့ အမူအကျင့်တွေကို လေ့လာသုံးသပ်ရပါတယ်။ ဒီလိုလုပ်ခြင်းဖြင့်ရလာတဲ့ အချက်အလက်တွေဟာ Marketing Plan ဆွဲတဲ့ အချိန်မှာ အင်မတန် အရေးပါတာကြောင့် Market Research ကတော့ လုပ်ကို လုပ်ရပါလိမ့်မယ်...။
3)Develop a Business Plan
ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ စျေးကွက်ချဲ့ထွင်ရေးနဲ့ ရင်းနှီးငွေတွေအပေါ်မူတည်ပြီး Business Plan တစ်ခု ရှိကိုရှိရပါမယ်...။ ဒီလိုရှိထားခြင်းဖြင့် ကိုယ့်လုပ်ငန်းကို ရေရှည်ရပ်တည်နိုင်အောင် ထောက်ပံ့ပေးနိုင်ပြီး Funding & Partnership ရှာဖွေတဲ့အခါ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်...။
4)Financial Management
Start Up တစ်ခုမှာ အရေးကြီးဆုံးအပိုင်းကတော့ ငွေကြေးစီမံ ခန့်ခွဲမှုပါပဲ။ ဝင်ငွေ၊ ထွက်ငွေနဲ့ အမြတ်ငွေ စတာတွေကို စနစ်တကျ စီမံခန့်ခွဲခြင်းဟာ လုပ်ငန်းရေရှည် တည်မြဲဖို့နဲ့ ကြီးထွားလာဖို့ မဖြစ်မနေ လုပ်ကို လုပ်ရမယ့် အချက်ပါပဲ...။
5)Adaptability & Resilience
Adaptability & Resilience ကို အလိုက်သင့် ပြောင်းလဲနိုင်စွမ်းနဲ့ ခံနိုင်ရည်ရှိမှုလို့ အနီးစပ်ဆုံး ဆိုရပါမယ်...။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ Start Up တစ်ခုကို ထူထောင်တဲ့ အခါမှာ Industry Change တွေနဲ့ Customer Feedback တွေကို ခံနိုင်ရည်ရှိဖို့နဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းရှိ ထားရပါမယ်..။
ဒီအချက်တွေဟာ Start Up တစ်ခု စတဲ့အချိန်မှာ သိကိုသိထားရမယ့်အချက်တွေ ဖြစ်ပါတယ်...။
လူကြီးမင်းတို့အနေနဲ့ Start Up တစ်ခုကို စတင်ဖို့ပဲ ဖြစ်ဖြစ်၊ စပြီးသား လုပ်ငန်းတစ်ခုကို စနစ်ချဖို့ပဲ ဖြစ်ဖြစ်
Consult Plus မှာ အကြံပေးဆွေးနွေးခြင်းတွေ ရယူနိုင်ပါပြီ...။
Hotline. 09 768 221 443
09 740 862 688
09 740 862 699
Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.
16/01/2026
လုပ်ငန်းတွေ ရေရှည်တည်မြဲပြီး ကြီးထွားလာဖို့လိုအပ်ချက် (၅) ချက်...
လုပ်ငန်းရှင်တိုင်းရဲ့ ရည်ရွယ်ချက်ဟာ ကိုယ့်လုပ်ငန်းတွေ ရေရှည်တည်မြဲပြီး ကြီးထွားလာဖို့ပါပဲ...။
ဒါကြောင့်ဒီနေ့မှာတော့ Consult Plus က Long Term Sustainability & Growth ဖြစ်ဖို့ လိုအပ်တဲ့ အချက်(၅)ချက်ကို လိုတိုရှင်း ပြောပြပေးသွားပါမယ်...။
၁) မျှော်မှန်းချက်၊ ခံယူချက်နဲ့ တန်ဖိုးထားမှု (Vision,Mission,Core Value)
ကိုယ့်လုပ်ငန်းအတွက် မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေဟာ အရေးပါတာကြောင့် အခြေခံမှာပင် စတင်ချမှတ်ထားသင့်တာပဲ ဖြစ်ပါတယ်...။
၂)ခြုံငုံသုံးသပ်ခြင်း ( Analysis)
ကိုယ့်လုပ်ငန်းရဲ့ အားသာချက်၊ အားနဉ်းချက် စတာတွေကို ခြုံငုံသုံးသပ်ပြီး စနစ်တကျ စီမံတတ်ရပါမယ်....။
၃)ရည်မှန်းချက်နဲ့ ပန်းတိုင် (Objective & Goals)
လုပ်ငန်းအပေါ်မှာထားတဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်၊ ရည်မှန်းချက် ပန်းတိုင်တွေဟာ တိကျပြတ်သားပြီး ရှင်းရှင်းလင်းလင်း ရှိရပါမယ်...။
၄)ကိုယ့်စျေးကွက်ကိုယ် သိမြင်ခြင်း (Understand the Target Market)
ကိုယ့်ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုတွေကို သုံးစွဲသူများရဲ့ လိုအပ်ချက်များနဲ့ သဘောသဘာဝကို နားလည်ပြီး စျေးကွက်ကို သိမြင်ခြင်းကလည်း ပြိုင်ဘက်တွေထက် ပိုသာလွန်စေတဲ့ အချက်ပါပဲ....။
၅)ငွေကြေးစီမံ ခန့်ခွဲခြင်း (Financial Planning & Budgeting)
ရေရှည် ရေတို စီမံကိန်းများနဲ့ ငွေကြေးများကို စီမံခန့်ခွဲထားခြင်းက လုပ်ငန်းကိုပိုမို အလားအလာကောင်းစေပြီး
ကျရှုံးဖို့ Risk နည်းစေပါလိမ့်မယ်...။
ဒီအချက်တွေက လုပ်ငန်းတွေ ရေရှည်တည်မြဲပြီး ကြီးထွားလာဖို့ ပြုလုပ်သင့်တဲ့ အချက်တွေထဲက တချို့အချက်အလက်တွေပဲ ဖြစ်ပါတယ်...။
ဒီအချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေတာပဲ ဖြစ်ဖြစ်၊ လုပ်ဆောင်နေလျက်နဲ့ အစီအစဥ်မကျ ဖြစ်နေတာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ Consult Plus နဲ့ ဆက်သွယ်လိုက်ပါ ခင်ဗျာ....။
လူကြီးမင်းတို့ လုပ်ငန်းတွေအတွက် တိုးတက်ဖို့ အသေအချာ အကြံပေးဆွေးနွေးမယ့် ကျွမ်းကျင်ပညာရှင်များ အသင့်ရှိနေပါပြီ...။
Hotline. 09 768 221 443
09 740 862 688
09 740 862 699
Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.
15/01/2026
အကြံပေးဆွေးနွေးခြင်းတွေ မဖြစ်မနေ လိုအပ်လာတဲ့ ဒီနေ့ကမ္ဘာ
လူသားတွေဟာ ခေတ်အဆက်ဆက်မှာ အဓိကဆုံးဖြတ်ချက်ချရသူတွေ မမှားယွင်းအောင် အကြံပေးဆွေနွေးခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်...။
◾သမိုင်းကို ခြေရာကောက်ကြည့်ရင်လည်း Marco Polo,Hamilton အစရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ပထမဆုံးသော Professional Consultant တွေ ဖြစ်ခဲ့တယ်ဆိုတာ အထင်အရှား တွေ့ရပါတယ်...။
◾လက်ရှိခေတ်ရဲ့ Consulting Industry ကတော့ ၁၉ ရာစုအတွင်း ဒုတိယစက်မှုတော်လှန်ရေး နောက်ပိုင်းမှ တွင်ကျယ်လာခဲ့တာပဲ ဖြစ်ပါတယ်...။
ဒီနေ့ခေတ်မှာတော့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အပြင်တခြားသော နယ်ပယ်တွေမှာလည်း အကြံပေးဆွေးနွေးခြင်းတွေကို လိုအပ်ချက်အရ အသုံးပြုနေကြပြီ ဖြစ်ပါတယ်...။
📌အကယ်၍ လူကြီးမင်းဟာ စီးပွားရေးနယ်ပယ်မှာ အများထက် နှာတစ်ဖျားသာချင်ဆိုရင်တော့ စီးပွားရေးအရ အကြံပေးဆွေးနွေးခြင်းတွေ ရယူဖို့ မြဖစ်မနေ လိုအပ်ပါလိမ့်မယ်...။
◾ဒီအတွက်ဆိုရင် လူကြီးမင်းတို့လုပ်ငန်းကို သေချာ Analysis လုပ်ပြီး တိုးတက်လာအောင် အကြံပေးဆွေးနွေးပေးနိုင်တဲ့ Consult Plus ရှိပါတယ်...။
ကျွန်တော်တို့ Consult Plus ဟာ စီးပွားရေးအရ အကြံပေးဆွေးနွေးခြင်းတွေကို Professional ကျကျ ဆောင်ရွက်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ ဖွဲ့စည်းထားတာကြောင့် လူကြီးမင်းတို့ လုပ်ငန်းတွေ ကြီးထွားလာဖို့ စနစ်တကျ ဆောင်ရွက်ပေးနိုင်မှာ အသေအချာပဲ ခင်ဗျာ...။
☎ 09 768 221 443
09 740 862 688
09 740 862 699
🏚76St, Bet 36x37,Mahar Aung Myay Township, Mandalay.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
05031
Opening Hours
| Monday | 08:30 - 06:00 |
| Tuesday | 08:30 - 06:00 |
| Wednesday | 08:30 - 06:00 |
| Thursday | 08:30 - 06:00 |
| Friday | 08:30 - 06:00 |
| Saturday | 08:30 - 06:00 |
| Sunday | 08:30 - 06:00 |