Pinky Promise
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pinky Promise, Shopping & retail, Mandalay.
20/11/2023
ဒါလေးက အနံ့မွှေးလွန်းလို့ cus တွေအရမ်းကြိုက်ကြတာပဲ instock ဘယ်နှစ်ဗူးထားထား ခနနဲ့ကုန်တာလေးပါ 13500 ထဲနဲ့ရပါဦးမယ်ရှင် ❤️
13/11/2023
ဒီဈေးလေးနဲ့ တစ်ချောင်းရပါသေးတယ် ၁၇၅၀၀ နဲ့ဘယ်မှာမှမရတော့ပါဘူးနော‼️🥳
12/11/2023
‼️ အမကို အရင်တစ်ခါ 116 လေးရလာရင် ဖယ်ပေးထားဖို့ပြောထားသူလေးတွေရှိပေမဲ့ မှတ်ထားတဲ့ note လေးပျက်သွားလို့ cb မှာထပ်ပြောပေးပါဦးနော်🫶🏻
12/11/2023
11:11 Special Sale (12) 🔔‼️ Edit -
Rouge Signature ထဲက no 116 ဆိုတာ ဝယ်ရလဲခက် အရမ်းလှတဲ့ နာမည်ကြီးအရောင်ပါ
နာမည်ကြီး ရူးခါနေအောင်ကိုလှတဲ့ ဒီ L’Oréal Rouge Signature ရဲ့ best Seller 116 အရောင်လေး 50% offf တုန်းက အပိုဝယ်ပေးထားတာ သုံးချောင်းရပါဦးမယ်
Watsons Official counter မှာဆို တချောင်းကို 40000 ကျော်ပါ ခု 50% offf တုန်းကဝယ်ပေးထားလို့ တချောင်းကို 19500 ပဲ ကျတော့မယ်နော်
သူ့ကို ဆိုးထားရတာ နှုတ်ခမ်းနီပါမှန်းတောင် မသိသာရဘူး Velvet -Matt lipstick မို့ ဆိုးထားရင် အိအိလေးနဲ့ Soft Matt ဖြစ်တယ် အရောင်လေးက ဖြူဖြူညိုညို အကုန်လုံးနဲ့ လိုက်တဲ့ အရောင်လေး
Rouge Signature Series က နာမည်ကြီးဆုံးပဲ
အဲ့ထဲကမှ best seller တွေ ရွေးဝယ်ပေးထားတာမို့
မြန်မြန်သာရွေး 😛 crd
12/11/2023
11:11 Special Sale (11) 🔔‼️Edit
ပုံမှန်ဈေးတစ်သောင်းဝန်းကျင်ကနေ 80% off Sale မှာဝယ်ထားလို့ 4500 ထဲနဲ့ရပါမယ် ဒါလေးအရမ်းတန်နော
ထိုင်းဘက်မှာအရမ်းလူကြိုက်များတဲ့ Beautii Be Blusher လေးပါ Color က 2 ရောင်လုံး so cuteee🥺
အမပိုဝယ်ထားတာလေးက coral peach လေးပါ နှစ်ဘူးပဲကျန်ပါမယ်ရှင်
Matte cheek blush type လေးမိုလို့ အရောင်ပိုထင် ပိုစွဲပါတယ်ရှင် အဆီပြန်တတ်တဲ့သူတွေ ချွေးထွက်တတ်တဲ့သူတွေ ဒီလို blusher လေး သုံးကြည့်ပါနော်
Matte မိုလို့ အရမ်း ထူပိတ်နေတာမျိုးမဟုတ်ပါဘူးနော်
12/11/2023
11:11 Special Sale (10)🔔‼️
ပျားရည်လေးလို အရမ်းချိုလွန်းတဲ့ဈေးနဲ့ ပြန်ရတာက လက်ဖျားခါရလောက်တဲ့ထိ ကောင်းတဲ့ quality ပါကွယ်
အမဆို နေ့တိုင်းဒါလေးပဲဆိုးဖြစ်တာ အရောင်လေးတွေလဲလှ နှုတ်ခမ်းပေါ် ပေါ့ပေါ့ပါးပါးလဲရှိ ဈေးလေးကလဲ
တအားချိုဆိုတော့ ခုဆိုလေးဘူးတောင်ကုန်သွားပါပြီ တစ်ဘူးမှ 5500 ထဲနဲ့ရပါမယ်နော်💕
Mask တပ်ထားရင်လဲ မပျက် ၊ ဘယ်လောက်စားစားလုံးဝမပျက်တဲ့ lip tint ရှာနေသူတွေအတွက် highly recommend 🫶🏻
ဒီလူကြိုက်များ နာမည်ကြီးတဲ့ Budget friendly drugstore brand လေး baby bright ရဲ့ mask friendly lip tint လေးတွေကို ထိုင်းမင်းသမီးလေး baifern ကြော်ငြာကထဲက try ကြည့်ချင်နေတာ
ခု မြန်မာပြည်မှာ ဝယ်လို့ရနေပြီးဆိုတော့ lipstick crazy လေးတွေအတွက် သတင်းကောင်းပဲနော့်
Baby Bright က lipstick လေးတွေက စျေးလဲ သက်သာပြီး quality လဲ တကယ်ကောင်းလို့ ထိုင်းနိုင်ငံမှာရော မြန်မာမှာပါ လူကြိုက်အရမ်းများတယ်
အသစ်ထွက်လာတဲ့ mask friendly lip tint လေးတွေဆိုလဲ တကယ်ကို mask proof ဖြစ်တယ်
ဘယ်လောက်ထိ မပျက်လဲဆို မဆလာဝါးတားနဲ့ ဖျက်တာတောင်မပျက်တဲ့အပြင် နောက်နေ့အထိပါ အရောင်ကစွဲတာတော့😲
Texture က soft matte texture ဆိုပေမယ့်watery lip tint ပုံစံမျိုး။ အရင်က review ပေးခဲ့ ဖူးတဲ့ summer lip tintက cream ဘက်သွားတော့ ပါးနီ၊eyeshadow လို သုံးလို့ရပေမယ့် သူက အရည်ကျဲပြီး ခြောက်တာမြန်လို့ lip tint အနေနဲ့ သုံးတာပို အဆင်ပြေတယ်။
High pigment ဖြစ်ချက်က လက်ဖျားခါတယ်။
one layer လောက်နဲ့တင် အရောက်ထွက်မှန်ပြီး deep ဖြစ်နေပြီ🥵
သူ့မှာရွေးချယ်စရာအရောင် ၉ရောင် တောင်ရှိတယ် ဒီအရောင်လေးတွေ နည်းနည်းစီရပါမယ်
4 Bearing Orange
5 Ceylon Tea
6 Goji Tea
8 Rose Tea
9 Black tea.
Packaging က ကိုးရီးယား lipstick တွေလို ပုံစံမျိုးလေးတွေ။ ပန်းဘက်သွားချင်လား၊ လိမ္မော်ဘက် သွားချင်လား၊ အနီဘက်သွားမလား ၊ lip tint ပုံစံနဲ့ လိုက်တဲ့ အရောင်တွေချည်းပဲမို့ မျက်စိမှိတ်ဝယ်ရင်တောင် အရွေး မမှားစေရဘူး စိတ်ချ
instock, cod available ✅
12/11/2023
11:11 Special Sale (9) 🔔‼️
Espoir Water Splash Ceramide Sun Cream (20ml)
ဒါလေးကို ဝယ်သွားတဲ့ cus လေးတွေအကုန် သုံးလေးဘူး ပြန်လာလာယူကြတဲ့ထိကိုကောင်းပါတယ်ရှင်
ထွက်ထားတာမကြာသေးပေမဲ့ တော်တော်ကိုလူကြိုက်များနာမည်ကြီးဦးမယ်ထင်ပါတယ် လိမ်းလိုက်တာနဲ့ အသားအရေအတွင်းထဲကနေ ကြည်တက်နေသလိုမျိုးလေး finish အရမ်းလှတာပဲ🤍
Espoir sunscreen တွေက အရင်ထဲကလူကြိုက်အရမ်းများတာ quality ရော လိမ်းပြီးရင် အချိန်ကြာလေ ကြည်ကြည်ဥဥလေးဖြစ်လာလေမျိုးဆိုတော့ korea မှာဆိုယောကျာ်းလေးတွေကအစသုံးတာ
ဒီကအသစ်ထွက်ထားတာလေးက အရင်ထွက်ထားတဲ့ series တွေနဲ့ ဘာကွာလဲဆို ပိုပြီးကောင်းသွားပါတယ် Ceramide ပေါင်းထည့်ပေးထားတဲ့အတွက် sensitive skin သမားတွေရော skin barrier ထိထားတဲ့သူတွေပါသုံးလို့ရပါတယ် ပြီးတော့သူက Vegan Formula ပါရှင်🫶🏻
အသားအရေကိုလဲတစ်ဆင့်ပိုပြီး ဖြူဖြူကြည်ကြည်လေးနဲ့ ပြောင်အိတင်းသွားစေလို့ ထသွားထလာလောက်ဆို ဒါလေးလိမ်း ပေါင်ဒါလေးပုတ်ရုံလောက်နဲ့ကို ပေါ့ပေါ့ပါးပါးနဲ့အဆင်ပြေနေပါပြီနော
ဒါလေးကို လူကြိုက်များကြတာသိလို့ ပုံမှန်ဈေးထက်လျော့ပြီး 9000 ထဲနဲ့ထားပေးပါမယ်ရှင်🥳💖
12/11/2023
ဒါလေးဒီဈေးနဲ့တစ်ချောင်းပဲရပါတော့မယ် 13500 နဲ့ ဘယ်နေရာမှာမှမရပါဘူးနော် sale ချရင်တောင် 15500 ပါရှင် ခုက sale လဲမရှိတာမို့နှစ်သောင်းကျော်ပါတယ်😙
12/11/2023
ဒီဈေးနဲ့ 1 ဘူးပဲရပါတော့မယ်🔔
12/11/2023
သလဲလေးတစ်ဘူးပဲကျန်ပါတော့တယ်🔔
11:11 Special Sale (2) 🔔‼️
Boots Offical's Smooth & Moisture Body lotion❤️
ဒါလေးတွေဆို sale တောင်လုံးဝမရှိတော့ပါဘူး ဝယ်ရလဲခက် ဒီဈေးနဲ့လဲဘယ်မှာမှမရတော့ပါ အမက sale ချတုန်းကအပိုဝယ်ထားလို့ 6500 နဲ့ပဲထားပေးတာပါနော peach 2 ဘူး သလဲ 3 ဘူးရပါမယ်ရှင့်
အပြင်မှာလက်တစ်ဝါးစာလောက်ရှိပါတယ်😆 size လဲကြီးပြီး အသီးနံ့ ချိုကြည်ချဉ်အေးလေးနဲ့ အရမ်းမွှေး💖
ပေးရတဲ့ဈေးထက် အများကြီးကို ပိုတန်သော လေးတွေပါရှင် ဝယ်သွားတဲ့ညီမလေးတွေဆို ဘယ်လောက်မွှေးကြောင်း ခုထိလာပြောကြတုန်း ဒီဈေးနဲ့ ဒီလိုနာမည်ကြီး brand body lotion လေးရတာကတော့ စပယ်ရှယ်အရမ်းကိုတန် အနံ့နဲ့တင် 10/10 ❤️
11/11/2023
အဲ့ဆို ကျန်နေသေးတာလေးတွေ မတင်ရတော့ဘူးလားအေ ကိုယ့်ကိုယ်ကိုအပစ်ရှိသလို ခံဇားလာရပါပြီ😔💔
11/11/2023
11:11 Special Sale (8) 🔔‼️
Romand Glasting Water Gloss 00 Meteor Track 🫧
နောက်ပိုင်းခေတ်စားလာတဲ့ makeup look တွေရဲ့အဓိကကျသော နှုတ်ခမ်းဖူးဖူးစိုစိုလေးကိုရနိုင်ဖို့ဆိုရင်
စုတ်တံမှာမပေလာပဲ ဘယ်အရောင်ပေါ်ကမဆို ထပ်ဆိုးလို့ရသော လိုက်ဖက်ပြီး ပိုလှစေသော ဒီလိုအကြည်ရောင် gloss လေး တစ်ချောင်းလောက်တော့ရှိထားသင့်တာလေးပါနော်ညီမလေးတို့😽💖
သူ့မှာ Plumping Effect လေးလဲပါလို့ နှုတ်ခမ်းသားကို ဖူးဖူးဖောင်းဖောင်းလေးဖြစ်စေတယ်နော်
အရမ်းကိုဈေးချိုချိုလေး special price 17500 နဲ့ထားပေးပါမယ်ရှင် နှစ်ချောင်းရပါမယ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |