NebwinTech

NebwinTech

Share

Design the Future.

26/04/2026

ကျွန်တော်တို့ NebwinTech ရဲ့ လက်ရှိ Project လေးတွေအကြောင်း နည်းနည်း ပြောပြချင်ပါတယ်။

အခုလက်ရှိမှာ Garment Factory, Private School နဲ့ Gem & Jewelry နယ်ပယ်တွေအတွက် Development ပိုင်းတွေ လုပ်နေပါတယ်။

မတူညီတဲ့ Business Model တွေကို Detail လေ့လာရင်း Project တစ်ခုချင်းစီမှာ Value အပြည့်အဝပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

အထူးသဖြင့် Garment Factory Project ကတော့ ကျွန်တော့်အတွက် ပညာအရဆုံးပါပဲ။ Client ရဲ့ Visionက ကြီးတဲ့အတွက် Software အဖြစ် အသက်သွင်းပေးရတာ တာဝန်ကြီးပါတယ် ။

Business App တစ်ခု စလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ၊ Market အခြေအနေတွေကို ကျွန်တော် မကြာခင်မှာ Case Study တစ်ခုအနေနဲ့ Sharing လုပ်ပေးဖို့ ရှိပါတယ်။ လုပ်ငန်းရှင်အချင်းချင်း ဗဟုသုတရအောင်ပေါ့။

ဒါ့အပြင် ကိုယ့်လုပ်ငန်းမှာ Application, ERP, SaaS ဒါမှမဟုတ် AI နည်းပညာတွေ အသုံးချဖို့ စဉ်းစားနေတယ်ဆိုရင် ကျွန်တော့်ဆီ လာခဲ့ပါ။

အခကြေးငွေ ပေးစရာမလိုဘဲ ကျွန်တော်တို့ Experience တွေနဲ့ အကောင်းဆုံး အကြံပြု ပေးပါမယ်။

❌လော/င်းကစ-ား၊ MLM နဲ့ တရားမဝင် လုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ လုံးဝ လက်မခံပါဘူးခင်ဗျာ။

23/11/2025

ကျွန်တော်တို့ Nebwin Tech Team Gathering အစီအစဉ်လေးရှိတာကြောင့် 21.11.2025 မှ 24.11.2025 အထိ ပိတ်ရက်အဖြစ် သတ်မှတ်ထားပါကြောင်း ချစ်ခင်လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။

14/11/2025

လိုင်းပြဿနာ အရမ်းတက်နေလို့ပါဗျ။

Wi-Fi ပြောင်းဖို့လုပ်နေပါတယ် ။ Phone Internet ကျလည်း အတော်လေးဆိုးနေတဲ့အနေအထားမလို့ ကျွန်တော်တို့ reply လေးများ နောက်ကျခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါခင်ဗျာ ။

Desktop Ad manager မှာ ad run ဖို့ ကြာ

တဖက်က ပို့လာတဲ့ Voice ကိုလည်း နားထောင်ဖို့ Loading လည်းကြာနေလို့ပါခင်ဗျာ ။

08/08/2025

Mobile App တွေသာ မရှိဘူးဆိုရင်…

📱Mobile App တွေဟာ လူအင်အား၊ ငွေအင်အားနဲ့ အချိန်တွေကို အလဟဿမဖြစ်စေဖို့ အဓိက အထောက်အကူပြုတဲ့ နည်းပညာတွေထဲက တစ်ခုဖြစ်ပါတယ်။ Mobile App တွေသာမရှိဘူးဆိုရင် လူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့၊ စီးပွားရေးတိုးတက်ဖို့ စတဲ့ လုပ်ငန်းဆောင်တာအားလုံးနီးပါး နှောင့်နှေးကြန့်ကြာနေမှာ အသေအချာပါပဲ။

ဒီမေးခွန်းကို Business Point of View ကနေ စဉ်းစားကြည့်မယ်ဆိုရင် လုပ်ငန်းရှင်တွေနဲ့ Marketer တွေအတွက် စိတ်ဝင်စားစရာ "What if" မေးခွန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ 💯

အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်နိုင်တဲ့ Mobile App တွေသာမရှိရင် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရနိုင်လဲ❓

🔹ဆက်သွယ်ရေး (Communication)

အဓိကအကျဆုံးကတော့ ဆက်သွယ်ရေး ကဏ္ဍပါ။ Messenger, Viber, WhatsApp တို့လို App တွေမရှိတော့ရင် စာတိုပေးပို့မှု (SMS) တွေနဲ့ ဖုန်းခေါ်ဆိုမှုတွေကိုပဲ လုပ်ဆောင်နိုင်ပြီး နိုင်ငံခြားက မိသားစုဝင်တွေနဲ့ အလွယ်တကူစကားပြောဖို့လည်း ခက်ခဲစေမှာဖြစ်ပါတယ်။

🔹ငွေကြေးနှင့် စီးပွားရေး (Finance & Business)

အခုခေတ်မှာ Mobile Banking နဲ့ ငွေကြေးဆိုင်ရာ App တွေဟာ စီးပွားရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်ပါပဲ။ ဒီ App တွေမရှိတော့ရင် ငွေလွှဲတာ၊ ငွေရှင်းတာ၊ ငွေပေးချေတာတွေအတွက် အချိန်ကုန်၊ လူပင်ပန်းတာ‌တွေ ကြုံလာနိုင်ပါတယ်။

🔹နေ့စဉ်ဘဝ (Daily Life)

Google Maps လို App တွေမရှိရင် လမ်းတွေရှာရတာ၊ နေရာဒေသတွေသွားလာရတာ ခက်ခဲစေနိုင်ပြီး ကျန်းမာရေး၊ ပညာရေးဆိုင်ရာ App တွေမရှိရင်လည်း အရာရာတိုင်းအတွက် အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ဆောင်နေရမှာ ဖြစ်တဲ့အတွက် ရှုပ်ထွေးခက်ခဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် နေ့စဉ်ဘဝမှာသာမက ဘက်ပေါင်းစုံကနေ အချိန်ကုန်၊ ငွေကုန်သက်သာစေတဲ့ Mobile App တွေကို စီးပွားရေးလုပ်ငန်းတွေမှာ မရှိမဖြစ် ဖန်တီးထားဖို့ လိုအပ်နေပါပြီ။ 👨‍💻

Mobile App တွေ ဖန်တီးဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ 𝗡𝗲𝗯𝘄𝗶𝗻 𝗧𝗲𝗰𝗵 မှ (၁၀) နှစ်ကျော်အတွေ့အကြုံရှိတဲ့ ကျွမ်းကျင် Developer များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။ 💥

အောင်မြင်မှုဟာ လက်တကမ်းမှာ 𝗡𝗲𝗯𝘄𝗶𝗻 𝗧𝗲𝗰𝗵နဲ့ စတင်
ပါ။🤝

💡𝗡𝗲𝗯𝘄𝗶𝗻 𝗧𝗲𝗰𝗵💡

❛ 𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲 ❜

📧[email protected]
☎️+959 7567 84887
☎️+669 50 58 30 87
🌐www.nebwintech.com

📌18 street , bet 81st & 82nd Street ,
Aungmyaetharsan Tsp ; Mandalay

05/08/2025

ကမ္ဘာ့လူဦးရေ ၈.၂ ဘီလီယံကျော်ရှိတဲ့ထဲကမှ လူဦးရေ ၃.၀၇ ဘီလီယံကျော် အသုံးပြုနေကြတဲ့ Facebook ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်ဗျူဟာတွေ ရှိနေလဲ❗️

၁။ အစပြုရာ - Harvard တက္ကသိုလ်

🔹၂၀၀၄ ခုနှစ်မှာ Mark Zuckerberg ဟာ Harvard တက္ကသိုလ်က ကျောင်းသားတွေအချင်းချင်း Online ကနေ ချိတ်ဆက်နိုင်ဖို့ “Thefacebook” လို့ ခေါ်တဲ့ website လေးတစ်ခုကို စတင်ဖန်တီးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျောင်းသားတစ်ဦးချင်းစီရဲ့ နာမည်နဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို အလွယ်တကူမျှဝေနိုင်ပြီး အချင်းချင်းပိုမိုရင်းနှီးစေဖို့ပါ။

၂။ စိန်ခေါ်မှု - Desktop ကနေ Mobile သို့ ကူးပြောင်းခြင်း

🔹Thefacebook ဟာ Harvard တက္ကသိုလ်မှာတင်မဟုတ်ဘဲ တခြားတက္ကသိုလ်တွေအထိပါ တဖြည်းဖြည်း ချဲ့ထွင်အသုံးပြုနိုင်တဲ့ Desktop ပေါ်က Social Platform တစ်ခုအဖြစ် အောင်မြင်ခဲ့ပါတယ်။

🔹ဒါပေမဲ့ ၂၀၁၂ ခုနှစ်လောက်မှာ Smartphone အသုံးပြုမှုဟာ သိသိသာသာ မြင့်တက်လာတာကြောင့် Desktop user တွေအတွက်ပဲ အဓိကထားပြီး ဖန်တီးခဲ့တဲ့ Platform ကို Mobile Platform အဖြစ် ပြောင်းလဲနိုင်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

🔹အဲဒီအချိန်မှာ Mobile First ဆိုတဲ့ ဗျူဟာကို စတင်ချမှတ်ပြီး ပြိုင်ဘက်တွေနဲ့အပြိုင် ဈေးကွက်နေရာဦးနိုင်ဖို့ ပြီးပြည့်စုံတဲ့ Application တစ်ခုကို အချိန်ကုန်ခံပြီး တည်ဆောက်မယ့်အစား အမြန်ဆုံးစတင်စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၃။ HTML5 လမ်းကြောင်းပေါ်က သင်ခန်းစာ

🔹Facebook ဟာ သူတို့ရဲ့ Mobile Application ကို HTML5 နဲ့ ရေးသားဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီအချိန်က HTML5 နည်းပညာရဲ့ အကန့်အသတ်ကြောင့် Mobile Application က နှေးကွေးပြီး အသုံးပြုရတာ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် CEO Mark Zuckerberg ကိုယ်တိုင် HTML5 ပေါ် အလွန်အားထားခဲ့တာဟာ အမှားကြီးတစ်ခုပဲ လို့ ထုတ်ဖော်ပြောခဲ့ပြီး Mobile Application တွေကို Native (iOS အတွက် Objective-C, Android အတွက် Java) နည်းပညာတွေနဲ့ ပြန်လည်ရေးသားခဲ့ပါတယ်။

🔹နောက်ပိုင်းမှာ HTML5 က တိုးတက်လာပြီး Web Video Player လိုမျိုးတွေအတွက် HTML5 ကို အသုံးပြုလာပါတယ်။ ဒါ့အပြင် Facebook ကနေ ဖန်တီးတဲ့ React လို နည်းပညာတွေဟာ HTML5/ JavaScript ကို အခြေခံထားတာဖြစ်ပါတယ်။

၄။ အောင်မြင်မှုနဲ့ ဗျူဟာမြောက်ဆုံးဖြတ်ချက်များ

🔹HTML5 ကို စမ်းသပ်အသုံးပြုခဲ့တာကြောင့် Facebook က သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ အားနည်းနေတယ်ဆိုတာကို အမြန်ဆုံးသိရှိခဲ့ရပြီး Native App ကို ပြောင်းလဲဖို့ အချိန်မီဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီလို အလျင်အမြန်စမ်းသပ်လေ့လာခြင်းကြောင့် အရင်းအနှီးတွေ သဲထဲရေသွန်မဖြစ်အောင် အချိန်မီ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။

🔹အရေးကြီးဆုံး Core Feature တွေပေါ်မှာ အာရုံစိုက်ခဲ့တဲ့အတွက် App ရဲ့ User Experience (UX) ကိုလည်း အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့တဲ့အပြင် ရလဒ်အနေနဲ့ သုံးရလွယ်ကူပြီး စွဲဆောင်မှုရှိတဲ့ ကမ္ဘာကျော် Application တစ်ခု ဖြစ်လာခဲ့ပါတယ်။

🔹ဒါကြောင့် လုပ်ငန်းမှာ idea တွေကို စတင်အကောင်အထည်ဖော်တဲ့အခါမှာ “ပြီးပြည့်စုံခြင်း” ထက် “အမြန်ဆန်ဆုံးစတင်ပြီး ဈေးကွက်လိုအပ်ချက်ကို လေ့လာခြင်း” က ပိုအရေးကြီးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။

အခုရောက်ရှိနေတဲ့ ၂၀၂၅ ကနေ Facebook ရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်လိုက်တဲ့အခါ လူတိုင်းလိုလို သုံးနေကြတဲ့ Facebook ဟာ ကျောင်းသားအချင်းချင်း ချိတ်ဆက်ဖို့ကိုပဲ ရည်ရွယ်ခဲ့တဲ့ ရိုးရှင်းတဲ့ idea ကနေ အမြန်ဆုံးစတင်စမ်းသပ်ပြီး လိုအပ်သလို Develop လုပ်နိုင်တဲ့ဗျူဟာကို အသုံးပြုခဲ့တယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ 💯

Software Application Product တွေကို ဖန်တီးဖို့ဆိုရင် MVP (Minimum Viable Product) ရဲ့ အားသာချက်တွေကို အသုံးပြုသင့်တယ်ဆိုတာကိုလည်း ပြသနေပါတယ်။

ဒါဆိုရင်တော့ Facebook Mobile App ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ ဆိုတာကို ချက်ကျလက်ကျ သိရှိသွားပြီလို့ မျှော်လင့်ပါတယ်။ 👨‍💻

ဒီလို Tech Insight တွေ၊ App Development Strategy တွေကို အချိန်နဲ့တပြေးညီ သိရှိလိုတယ်ဆိုရင် 𝗡𝗲𝗯𝘄𝗶𝗻 𝗧𝗲𝗰𝗵 Page ကို Like and Follow လုပ်ထားနိုင်ပါတယ်။

Smartly start.
Test fast.
Scale later.
𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲 ✨

📧 [email protected]
📞 +959 7567 84887
📞 +669 50 58 30 87
📍 18 Street, Between 81st & 82nd Street

16/07/2025

စိတ်ကူးထားတဲ့ Project အတွက် အကောင်အထည်ဖော်ဖို အချိန်၊ ငွေကြေးတွေကို လောင်းကြေးထပ်ပြီး ပုံအောစရာ မလိုပါဘူး။

ကြက်ကန်းဆန်အိုးတိုးသလို မဟုတ်ဘဲ MVP ဖန်တီးပြီး ဈေးကွက်ထဲကို ယုံကြည်မှုရှိရှိ တိုးဝင်လိုက်ပါ။

💡𝗡𝗲𝗯𝘄𝗶𝗻 𝗧𝗲𝗰𝗵💡

❛ 𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲 ❜

📧[email protected]
☎️+959 7567 84887
☎️+669 50 58 30 87
🌐www.nebwintech.com

📌18 street , bet 81st & 82nd Street ,
Aungmyaetharsan Tsp ; Mandalay

15/07/2025

Feature တစ်ခုတည်းနဲ့ စတင်ခဲ့တဲ့ Uber App - MVP App ✔️

🔹2009 ခုနှစ်မှာ UberCab ဆိုတဲ့ နာမည်နဲ့ ဈေးကွက်ထဲဝင်ရောက်ခဲ့ပြီး အခုလက်ရှိမှာ အားလုံးရဲ့ Mobile Phone ထဲ မရှိမဖြစ် နေရာယူထားတဲ့ Uber App က MVP ကနေ စတင်ခဲ့တာပါ။

🔹ရည်ရွယ်ချက်ကတော့ “ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကားငှားလို့ရမယ်” ဆိုတဲ့ Idea ကို လက်တွေ့အကောင်အထည်ဖော်ပြီး စမ်းသပ်ဖို့ပဲဖြစ်ပါတယ်။ Uber ရဲ့ မူလ MVP App မှာ ပါဝင်တဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ကားငှားချင်သူနဲ့ ယာဉ်မောင်းသူကို ချိတ်ဆက်ပေးနိုင်ဖို့ပါ။

🔹ခရီးသွားတွေက သူတို့ရှိတဲ့နေရာကို ကားလာကြိုဖို့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဆက်သွယ်နိုင်မယ်၊ အနီးနားက Driver တွေက အဲ့ဒီဆက်သွယ်မှုကိုလက်ခံပြီး ခရီးသည်ဆီအရောက်သွားကြိုလို့ရမယ် ဆိုတဲ့ အခြေခံ Feature သာ ပါဝင်ပါတယ်။

🔹ဒီ Core Feature တစ်ခုတည်းကနေပဲ Uber ဟာ ဈေးကွက်လိုအပ်ချက်ပြဿနာတွေ၊ အသုံးပြုသူရဲ့တုံ့ပြန်ချက်တွေကို စတင်စုဆောင်းပြီး ပိုကောင်းတဲ့ဝန်ဆောင်မှုတွေနဲ့ Feature တွေကို ထည့်သွင်းနိုင်ခဲ့ပါတယ်။

🔹ဒီလို Software App တစ်ခုအတွက် အခြေခံကျတဲ့ Core Feature တွေကိုသာ အာရုံစိုက်လုပ်ဆောင်ခြင်းရဲ့ အားသာချက်တွေကတော့…

💡မလိုအပ်တဲ့ Feature တွေကို ပြွတ်သိပ်နေအောင် ထည့်ထားမိတာမျိုး မဖြစ်တော့ဘူး။
💡အချိန်နဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို သက်သာပြီး ထိရောက်မှုရှိစေတယ်။

💡ကောင်းနိုးရာရာ Feature တွေကို စမ်းတဝါးဝါးထည့်ထားမယ့်အစား Data အတိအကျကိုသုံးပြီး လိုအပ်တဲ့ Feature တွေကိုသာ အပိုအလိုမရှိ Develop လုပ်နိုင်တယ်။

❗Uber App ဟာ အစပိုင်းမှာ အခုလို GPS နဲ့ မြေပုံပြတာ၊ ငွေပေးချေမှုစနစ် အသေးစိတ်ပါဝင်တာတွေ မရှိခဲ့သေးပါဘူး။ အဓိကကတော့ ခရီးသည်တွေအတွက် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကားငှားနိုင်စေဖို့ပါပဲ။

✔️ အဲ့ဒီ Idea ကနေတစ်ဆင့် Rating System, Real Time Tracking တွေ လုပ်ဆောင်ပြီး ဈေးကွက်လိုအပ်ချက်ကိုဖြေရှင်းနိုင်တဲ့ဝန်ဆောင်မှု Feature တွေကို တဖြည်းဖြည်း Develop လုပ်နိုင်ခဲ့ပါတယ်။ MVP App ဗျူဟာကို အသုံးပြုခဲ့တဲ့ Uber ဟာ အခုချိန်မှာ ကမ္ဘာ့အကြီးဆုံး Ride-Sharing ကုမ္ပဏီတစ်ခုဖြစ်လာပါပြီ။

ဒါ့ကြောင့် နည်းပညာလောကမှာ ပြောစမှတ်တွင်တဲ့ MVP App ရဲ့ အားသာချက်တွေက Startup လုပ်ငန်းတွေအတွက် စွန့်စားမှုနည်းပြီး Software Product ကို အောင်မြင်အောင်တည်ဆောက်ဖို့ အသုံးဝင်ဆုံးဗျူဟာဆိုတာ မြေကြီးလက်ခတ်မလွဲ အသေချာပါပဲခင်ဗျာ။ 👨‍💻

Want your business to be the top-listed Computer & Electronics Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

http://www.nebwintech.com/

Address


Nebwin Tech, 18th Street/Bet 81st & 82nd Street, AungMyayTharZan Tsp,, မြန်မာ
Mandalay
05013