Kyar Pan Riut MDY
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyar Pan Riut MDY, Restaurant, Mandalay.
2024 12လပိုင်းကတည်းက စာမရေးဖြစ်တော့တာအခုထိပါဘဲ အခုလဲ toxic relationship တွေကြောင့်စာမရေးဖြစ်သေးဘူး တစ်ခါတလေကျရင် လူလောကကြီးက မရေရာတဲ့ပြသာနာတွေကြားထဲမှာ စိတ်ဒုက္ခတွေအပေးနိုင်ဆုံးကတော့ toxic relationshipတွေဘဲ သဲတို့ကိုပြောချင်တာကတော့ ရည်းစာမထားကြဘဲနဲ့ တကယ်လိုထားချင်တယ်ဆိုရင်တော့ စိတ်ကလေးတွေကိုအရင်ဆုံး ဆေးသောက်ထားပါလို့ သောက်ပီးမှထားကြပါလို့ 😘😘 သဲတို့ကိုချစ်လို့နော် ပြောပြတာ နောက်ကျမှ relationship နဲ့ပတ်သက်တဲ့ စာလေးတင်ဦးမယ် 😘😘
02/01/2025
အပိုင်း ၁၃🖤
"'လီ ..လီ ..
လီ လီ ရေ .."'
အနောက်တိုင်းဒေသရဲ့၁၀ရာစု နှောင်းပိုင်းရဲ့
ခပ်နွမ်းနွမ်းဝတ်စားဆင်ယင်ပုံနဲ့
အသက်၁၂နှစ်ခန့်သာရှီသေးသည်
ကလေးမလေးတစ် ယောက်ကိုအထိန်းတော်တစ်ဦးက ခေါ်လိုက်တဲ့ အခါ ထိုကောင်မလေးက အဝတ်စုတ်ကလေးကိုင်ကာအပြေးလာရသည်
"'ဟုတ်ကဲ့ အန်တီ ကယ်လာ ပြောပါ "'
ထိုမိန်းမကြီးရှေ့ရောက်တော့ ထိုကလေးမလေးက ဒူးထောက်ထိုင်ချ၍ပြောလိုက်သည်
"'ဒီကောင်မလေးကတော့
နင်ကိုငါဘယ်လိုပြောထားသလဲ
ဒီအိမ်တော်ထဲရောက်ရင် ငါကို
အန်တီလို့မခေါ်နဲ့လို့ပြောထားတယ်မလား "'
ထို့မိန်းမ ငေါက်လိုက်တော့ လီလီ ဝမ်းနည်းသွားရ၍
"'ဟုတ်ကဲ့ အန် ...
မစ်ကယ်လာ လီလီမေ့သွားလို့ပါ
တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ မစ် "'
"'အေး အဲ့ဒါဆို ပီးတာဘဲ
နောက်ခါဆိုအပြစ်ဒဏ်ပေးခံရမယ်
ကြားလား လီလီ "'
"'ဟုတ်ကဲ့ မစ် "'
"'အခု သခင်ငယ်လေးဆီ ဆန်ပြုတ်သွားပို့ချည်း"'
"'အမ်. မစ်. ဒါ .လီလီ တာဝန်မဟုတ်ဘူးလေ
လီလီ ကသန့်ရှင်းရေးအပိုင်းဘဲဆို "'
"' အေးဟုတ်တယ် လီလီ
ဒါပင်မဲ့နင်မှတ်ထား
ဒီအိမ်တော်မှာအလုပ်လုပ်ရတဲ့သူတွေအားလုံးက
ဒီအိမ်တော်ရဲ့ကျေးကျွန်တွေဘဲ သူတို့ဘာခိုင်းခိုင်း
ငါတို့လုပ်ပေးရမှာ အတွန့်တက်ခွင့်မရှီဘူး
ငါတို့အသက်တွေပေးရရင်တောင်မှပေါ့ "'
နားလည်ဟန်သလိုနဲ့အညိုရောင်မျက်လုံးလေးနဲ့
ပြူးပြူးလေးကြည့်ပီးနားထောင်နေရှာသည်
"'ဟုတ်ကဲ့ မစ် "'
"'အဲ့ဒါဆို အခုသွားပို့ချေ "'
"'ဟုတ်ကဲ့ မစ် "'
အန်တီကယ်လာကလီလီရဲ့မွေးစားအဒေါ်လေ
အန်တီကယ်လာက လီလီကိုဂရုစိုက်ပါတယ်
ဒိုင်းမွန်းအိမ်တော်အပြင်ဘက်ရောက်ရင်ပေါ့
လီလီ ရဲ့မိဘတွေကလဲဒီအိမ်တော်ရဲ့ သန့်ရှင်းရေးခေါင်းဆောင်ပါဒါပင်မဲ့ ငယ်စဉ်ကတည်းက
ဆုံးသွားခဲ့ပီဖြစ်တဲ့မိဘတွေက လီလီ ကို
အန်တီကယ်လာကို မွေးစားဖို့ ပေးခဲ့တာတဲ့ မွေးကတည်းက ဒီအိမ်တော်မှာနေခဲ့ရတာ
အသက်၁၁နှစ်လောက်ရောက်တော့ အလုပ်ခိုင်းဖို့ကျွန်အဖြစ်ရောက်ခဲ့ရတာပါ ဒီအိမ်တော်ရဲ့ စည်းမျဉ်းက အသက် ၅နှစ်ကစပီး အသက်၁၀နှစ်အထိက ကျွန်မဖြစ်သေးသူပေါ့ အိမ်တော်ဆိုပင်မဲ့ ရဲတိုက်ကြီးသဖွယ်ပါဘဲ ရဲတိုက်ကြီးရဲ့ အပြင်ဘက်မှာ လီလီသိပ်ကြိုက်တဲ့ လီလီပန်းတွေအများကြီးပင် သခင်ငယ်လေးလဲ လီလီပန်းကြိုက်တဲ့သူတဲ့ ဒါပင်မဲ့ လီလီသူငယ်ချင်းတွေပြောကြတာတော့သခင်ငယ်ရဲ့ မျက်လုံးတွေက အပြာရောင်မျက်လုံးတွေတဲ့ လီလီ သခင်ငယ်ကို အခုချိန်ထိမမြင်ဘူးသေးပါ ဒါပင်မဲ့ သခင်လေးက
"'လီ လီ "'
အသံခေါ်သံကြောင့် နောက်လှည့်ကြည့်မိသည်
"'စေ နီ "'
"' ခေါ်လိုက်ရတာ လီလီ ရယ် မောတာ
ဒါနဲ့နင်က အဲ့ဒါဘယ်လဲ "'
"'သခင်လေးအတွက် ငါသွားပို့မို့"'
"'အော် အေး ဒါနဲ့ နင်သခင်လေး
အဆောင်ကိုသိလို့လား "'
"'မသိဘူးလေ "'
"'အေး ကောင်းရော လီလီ ရယ် "'
"'လာလာ ငါ လိုက်ပို့မယ် "'
"'ကျေးဇူးတင်ပါတယ် စေနီ "'
စေနီ က လီလီအတွက် သူငယ်ချင်းကောင်းလဲဖြစ်သလို့ အကိုကောင်းလဲဖြစ်တဲ့သူပါ လီလီ ကျွန်အဖြစ်သက်မှတ်ခံရကတည်းက လီလီနားမှာအဖော်အမြဲလုပ်ပေးတက်ပီ သွပ်လက်ချက်ချာတဲ့သူငယ်ချင်းတစ်ယောက်ပါ
"'ရောက်ပီ လီလီ
အထဲကိုနင်ဘာသာနင်ဝင်သွားလိုက် "'
"'နင်ကရော မဝင်တော့ဘူးလား "'
"'အွန်း မဝင်တော့ဘူး ငါလဲလုပ်စရာရှီသေးလို့
ညနေကျမှဆုံမယ်နော် "'
စေနီ သူမကိုသခင်လေးအဆောင်တော်ကိုပိုပီး
ပြန်လာခဲ့လိုက်သည်
လီလီ လဲ တံခါးခေါက်လိုက်တော့သည်
"'ဒေါက်. ဒေါက် ."'
"'သခင်ငယ်
သခင်ငယ်အတွက် အစားအသောက်ယူလာတာပါ"'
'"အွန်း ဝင်ခဲ့ "'
အထဲက အသံကြားမှ လီလီ ဝင်လာတော့သည်
"'သခင်ငယ်အတွက်ပါ"'
လီလီ လင်ဗန်းပုကန်ကိုစားပွဲပေါ်ချထားပီး
ထွက်သွားဖို့အခိုက် သခင်ငယ်က ပုံဆွဲနေသယော
ဟမ် လီလီ ကြားဖူးတာ သခင်ငယ်က မျက်လုံးမမြင်ရဘူးတဲ့ အပြာရောင်မျက်လုံးတွေကြောင့်မို့ မမြင်ရဘူးလို့ကြားဖူးတာ အခုတော့ မျက်မမြင်တစ်ယောက်က ပန်းချီတွေဆွဲနေသလား ဒါအပြင် အခန်းထဲမှာလဲ ပန်းချီကားတွေအပြည့်ပင် ပန်းချီကားတွေကလဲအသက်ဝင်နေလိုက်မျန်း အိုး လှရက်လိုက်တာ
လီလီ ပန်းချီကားချပ်တွေကိုငေးကြည့်နေစဉ်
"'မင်းသဘောကျသလား "'
"'ရှင့် !"'
လီလီ အံဪနေစဉ်
"'ပန်းချီကားတွေကိုပြောတာပါ"'
ပန်းချီဆွဲနေတဲ့ သခင်ငယ်က မက်တပ်ရပ်ကာ သူဘေးနားက တုပ်ကောက်ကိုဆွဲပီး လီလီ ဆီလာနေတယ်
"'ဒါနဲ့ မင်းက လီလီ လား"'
"'ဟမ် သခင်ငယ်က လီလီ ကိုသိနေတာလား "'
သခင်ငယ်က ပြုံးရောင်ပြုံးလိုက်သည်
ထိုအပြုံးကသိပ်လှတာဘဲ
မျက်မမြင်တစ်ယောက်ကပန်းချီဆွဲတက် ရုံသာမက အကုန်လုံးကိုသိနေပါလား သခင်ငယ်ဟာထူးခြားလိုက်တာဟု လီလီ စိတ်ထဲတွေးနေမိတော့သည်
#ဘယ်လောက်ထိမုန်းနိုင်မှာလဲ
#ကြာပန်းရိပ်
Happy New year par ☘️💖
28/12/2024
အပိုင်း ၁၂🖤
"'ဘေဘီ ....."'
"'အကိုလေးနိုးပီ ဆရာဝန်ခေါ် တီ တီ "'
ဈာန် ခေါင်းကိုင်ပီး အိပ်ယာထဲကနေကုန်းထနေစဉ်ပင်
"'အကိုလေး အဆင်ပြေရဲ့လား
"'အမ်း ပြေတယ်
ဆရာဝန်မခေါ်တော့နဲ့ ရတယ်
ဒါနဲ့ ဘေဘီရော "'
အာကာ မျက်နှာပျက်၍ဒူထောက်ပီးတောင်းပန်နေစဉ်
"'အကိုလေး ကျွန်.. ကျွန်တော် အသုံးမကျတာပါ
ကျွန်တော်အကိုလေးကိုဘဲကယ်နိုင်တာ
မမလေးက... '"
ဈာန် အဲ့ဒီစကားကြားပီးချက်ချင်းမျက်နှာကနီရဲပီး
ဒေါသထွက်ကာ
"'ဘာ! ဘေဘီကို ခေါ်သွားတယ်ဟုတ်လား "'
"'ဟုတ်ပါတယ် အကိုလေး
အကိုလေးမေ့လဲသွားတော့
အခွင့်ကောင်းယူပီးသူတို့တွေ မမလေးကို...
ကျွန်တော်တို့ ..."'
"'ဟာ ကွာ မင်းတို့ "'
ဈာန်မေ့နေတာ တစ်ရက်ဘဲရှီသေးတာ အခုဆိုသူနိုးလာတော့သူမကိုမတွေ့ရဘူး ဟာ ကွာ
"'ဒါပင်မဲ့ အကိုလေး မမလေးလဲမေ့နေတာ
အကိုလေးနဲ့အတူတူဘဲလို့ပြောတယ် "'
အင်ပါယာဆိုတဲ့ မာဖီးယားဂုဏ်က အမြဲတမ်းရန်သူစီမှာသူလျို့တစ်ယောက်စီထားတက်တာပုံမှန်ပင်မဲ့
အခုကသူမလေးကသူဘေးနားမှာမရှီဘူးလေ
သူမလေးကို သူဘေးနားမှာထာဝရထားစေချင်တာ
သူဘေးနားကလွဲလို့ဘယ်သူအနားမှ
အန္တာရယ်ကင်းတာမှမဟုတ်တာ အခုလဲသူမ ကိုသူဘယ်လိုပြန်ယူရမှာလဲ
"'အကိုလေး ကျွန်တော်တို့စီစဉ်လိုက်ပါမယ် "'
"'ရတယ် ငါပါလိုက်ခဲ့မယ် "'
ဈာန်ပြောပီးကုတင်ပေါ်ကထ
ကုတ်အင်္ကျီကိုဝတ်လိုက်တော့
"'အကိုလေး အဲ့လိုတော့မဖြစ်ဘူး
အကိုလေးကအခုမှ နေကောင်းခါစရှီသေးတယ်"'
ဈာန် ခြောက်ကပ်နေတဲ့အည်ိုရောင်နူတ်ခမ်းတွေနဲ့
မချီမတင်ပြုံးလိုက်ပီ
"'အဟမ်း မင်းဘဝရဲ့အရေးပါတဲ့သူတစ်ယောက်ကို
တစ်ခြားသူကကယ်မယ်ဆိုရင်
မင်းစိတ်ထဲဘယ်လိုဖြစ်မလဲ အာကာ"'
ထိုမေးခွန်းမေးလိုက်တော့ အာကာမျက်နာငယ်သွားပီး
"'ဟုတ်ကဲ့ အကိုလေး ကျွန်တော်နားလည်ပါပီ "'
ဈာန် အာကာပခုံးကိုပုတ်လိုက်ပီး
"'ဒါဆိုသွားစီစဉ်လိုက်တော့ "
'"'ဟုတ်ကဲ့ အကိုလေး"'
အာကာနူတ်ဆက်ပီးထွက်သွားတော့
အာကာစိတ်ထဲ၌
"'အကိုလေး ကသာကျွန်တော်ဘဝရဲ့
အရေးကြီးဆုံးလူပါ အကိုလေးအဆင်ပြေရင်
အကိုလေးပျော်ရင် ကျွန်တော်ကျေနပ်ပါတယ်"'
ကျွန်တော်တို့ဘဝမှာကာကွယ်ချင်တဲ့သူရှီသလို့
အသက်ထက်ပိုချစ်တဲ့သူတွေလဲရှီကြတာဘဲဒါပင်မဲ့အချစ်ဆိုတာပေးဆပ်ပီးချစ်ရတဲ့အချစ်တွေက
ဝဋ်ကြွေးတွေဆပ်နေကြတဲ့ဗီလိန်တွေပါဘဲ
"''ဟမ် ဒါဘယ်ရောက်နေတာလဲ "'
"'နိုးပီးလား ငယ် "'
"'ဟမ် မောင် "'
"'မောင် ငယ် ကိုသိပ်သတိရနေတာ "'
သူဝမ်းသာအားရနဲ့ဖက်ဖို့အနားတိုးကပ်လာတဲ့ မောင် ကို လိပ်ပြာတွန့်ဆုတ်မိတော့ မောင် သတိထားမိတယ်ထင်ပါရဲ့
"'မောင် ကို ငယ် စိတ်ဆိုးနေတုန်းလား "'
"'မဆိုးပါဘူး "'
"'ဒါဆို ဘာလို့တွန့်ဆုတ် "'
"'တွန့်ဆုတ်တာမဟုတ်ဘူး မောင်
မောင်နဲ့လ်ိပ်ပြာတို့က သူစိမ်းတွေဖြစ်သွားပီ
မောင် ဒါကြောင့်အနေအထိုင်ဆင်ခြင်ပါမောင် "'
ထိုစကားကြောင့်ကာယံမောင်ခပ်ညံ့ညံ့အပြုံးနဲ့
ရီလိုက်ပီး
'"အဟမ်း သူစိမ်း ဟုတ်လား
မောင် တို့ကသူစိမ်းတွေလား ငယ် ရယ်
မင်္ဂလာဆောင်ဖို့အထိလုပ်ခဲ့တယ်လေ ငယ်
ငယ် အတိတ်မေ့သွားတာလား"'
"'အဲ့ဒါကအရင်တုန်းကလေ အခုက
လိပ်ပြာမှာလဲဆိုင်သူရှီနေပီ "'
"'ဘာ ...ဆိုင်သူ
ဒါဆို မောင် ကရော ငယ် မောင် ကဘာလဲ "'
သူမလက်မောင်းကိုကိုင်ပီးမေးလိုက်တော့
သူမ ဘယ်တုန်းကမှ သူအပေါ်မကြည့်တဲ့ အကြည့်တွေနဲ့ အပြာရောင်မျက်လုံးစိုစိုတွေနဲ့ကြည့်ပီး
"'ဟုတ်တယ် အရင်က မောင် ကို
လိပ်ပြာ သဘောကျခဲ့တယ်
မောင် အပေါ် ကျေးဇူး အကြွေးရှီခဲ့လို့
သဘောကျခဲ့တာ ပြန်ဆပ်ချင်တာ အဲ့ဒါဘဲ "'
"'ဒါဆို ငယ် မောင့်ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးပေါ့ "'
ကာယံမောင် ဘယ်တုန်းကမှ မကြားချင်ခဲ့တဲ့စကား ကျေးဇူးပြုပီး မပြောပါနဲ့ ငယ် ရယ်
မောင် တောင်းပန်ပါတယ် မပြောပါနဲ့
"'ဟုတ်တယ် ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး "'
ကာယံမောင် ထိုစကားကြောင့် သူမလက်မောင်းကိုဖျစ်ညစ်ပီး အိပ်ရာပေါ်ကိုတွန်းလွတ်ပီး မျက်နှာကလဲရဲဖောက်၍ ဘေးနားမှာရှိတဲ့ အရာတွေကိုခွဲပိး နံရံကိုလဲ လက်သီးနဲ့ပိတ်ထိုးလိုက်သည်
"'ဟာ ကွာ
ခွမ်း ! ထုန်း! "'
လက်ထဲမှာလဲ သွေးတွေရဲဖောက်နေပီးစီးကျနေတော့သည်
ထိုအခါ လိပ်ပြာ မနေသာတော့ သူလက်ကိုကြည့်မို့ထလိုက်သောအခါ
သူထိုအခန်းထဲကနေထွက်သွားတော့သည် မောင် ထွက်သွားတဲ့ နောက်ကျောကိုကြည့်ပီး စိတ်ထဲ၌
"'လိပ်ပြာ တောင်းပန်ပါတယ် မောင်...
အခုရောနောင်တုန်းကရော ချစ်ခဲ့တာက ကိုကို ပါ "'
သံယောစဉ်ဆိုတာ တစ်ဖက်က တစ်မျှင်သံယောစဉ်တွယ်ရင် တစ်ဖက်ကအချစ်ဆိုတဲ့သံယောစဉ်ကြိုးကိုအများကြီးတွယ်ခဲ့ကြတာပါဘဲ ဖြတ်တောက်ဖို့အခက်ဆုံးကလဲအချစ်ဆိုတဲ့ ဒီသံယောစဉ်ပါဘဲ
#ဘယ်လောက်ထိမုန်းနိုင်မှာလဲ
#ကြာပန်းရိပ်
25/12/2024
အပိုင်း၁၁🖤
အပေါ်ထပ်ကနေဆင်းလာတဲ့ သူမလေးကိုစျာန်
ဖုန်းပြော နေရင်းကသူမကိုလှမ်းကြည့်မိသည်
ဘယ်လောက်တောင်အပြစ်ကင်းစင်လိုက်တဲ့
ကလေးလဲ သူရဲ့ အတ္တအတွက်ကြောင့်သာမဟုတ်ရင်
ဒီအမျိုးသမီးလေးက သူကိုစိမ်းကားမည်မဟုတ်ပေ
သူသိပ်ကိုအတ္တကြီးခဲ့လို့ထင်ပါရဲ့
အရာအားလုံးဆုံးရူံလုနီးပါးပါဘဲ
သူရဲ့အာရုံတွေလွှင့်နေစင်
"ဘယ်သွားမှာလဲ "
ထို့အခါမှသူသူမလေးကိုကြည့်ပီ
"ပီးပီးလား "
"ပီးပေါ့ "
"'လာ "
သူသူမလေးကိုကားတံခါးဖွင့်ပေးပီး
ကားပေါ်တက်ခိုင်းစေသည် ပိးမှ
သူလဲကားမောင်းတော့သည်
နှစ်ယောက် လုံးတိတ်ဆိတ်နေဆဲ
သူမက တော့ရူခင်း တွေကိုကြည့်နေဆဲပင်
ထိုအခါဈာန်က
"'ဘေဘီ "'
"'အမ် "'
"'မနေ့ညကအိပ်လို့ကောပျော်ရဲ့လား "'
"'အမ်း ပျော်ပါတယ် "'
"'ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား "
"အမ်း "'
သူမလေးဆီကအသံကြောင့်သူအသံတိတ်သွားပြန်သည် သူမစိတ်ဆိုးစရာဆိုရင်လဲဆိုးစရာပါ
သူမမကြိုက်တဲ့အရာတွေကိုမှ သူလုပ်ခဲ့တာမလား
တစ်ခုပါဘဲ သူမ သူကိုမမုန်းဖို့ပါဘဲ
"'ရောက်ပီ ဘေဘီ "'
"'အွန်း "
ဈာန် ပြခန်းတစ်ခုရှေ့မှာ ကားရပ်လိုက်သည်
ထိုပြခန်းကပန်းချီပြခန်းလေ
သူမက ပန်းချီဆွဲရတာကိုသဘောကျတဲ့သူတစ်ယောက်လေဒါကြောင့် နှစ်တွေကြာလဲ သူမဘာကိုကြိုက်သလဲ ဘာကိုမကြိုက်ဘူးဆိုတာကိုသိနေတဲ့တစ်ယောက်သောသူလေ အချစ်ဆိုတာ ဘယ်လောက်ဘဲဝေးကွာနေပါစေ
နှလုံးသာနဲ့ မှတ်ညဏ်ကတော့ဘယ်လိုမှမေ့ဖျောက်လို့ရမည်မဟုတ်ပေ တကယ်အချစ်စစ်နဲ့ချစ်ခဲ့ရင်ပေါ့
သူမလက်ကလေးကိုဆွဲပီး
ပန်းချီပြခန်းထဲကိုအတူဝင်သွားသည်
ကိုကိုဟာ ဒီလိုပုံစံမျိုးဟာသူမအတွက်တော့
အရင်တိုင်းပါဘဲ
ထို့အခါ သူမ ပန်းချီကားတစ်ခုကို စိတ်ဝင်တစားနဲ့
ကြည့်နေခိုက် သူမရဲ့ မျက်ဝန်းထဲ မျက်ရည်လေးတွေ ပြည့်နေပီ ဝမ်းနည်းနေချိန်
"'ဘေဘီ "
"'အမ် '"
သူမ အနည်းငယ်ကြောင်ကြည့်နေပီ ခဏ အတန်ကြာ
တော့ သူမဆီက
"'ဒီပန်းချီကားက ဘယ်သူဆွဲထားတာလဲ "'
ပန်းချီပြတိုက်မူးက
"'ဟုတ်ကဲ့ မမလေး
ဒီပန်းချီကားက အမည်မသိတဲ့
ကောင်ငယ်လေးတစ်ယောက်ကဆွဲထားတာပါ "'
"'ဘေဘီ ရယ် ဒီတိုင်း လီလီပန်းခင်းနဲ့
ရဲတိုက်ပုံလေးရယ်ပီးတော့
ကောင် လေးတစ်ယောက်ဘဲဟာကို
ဘေဘီ ဒီပန်းချီကားကို
သဘောကျတာလား "'
"'မဟုတ်ဘူး ဒီပန်းချီကားကို
အရမ်းရင်းနှီးနေတယ် "'
သူမလေးပြောမှ သူလဲထိုပန်းချီးကားကိုစိတ်ဝင်တစားနဲ့ကြည့်လိုက်မိသောအခါ
"'အား ...
ငါ ...ခေါင်း...."'
စျာန် ခေါင်းတွေထိုးကိုက်လာပီပုံရိပ်တွေ ဝေဝါးနေပီ
ထိုပုံရိပ်တွေက အခုကဟာလား ဒါမှမဟုတ် အရင်ကဟာလားမသဲကွဲဘူး
"'ဟမ် ..
ဂျော်နီရယ်..
ဂျော် .နီ .ရယ် .က ဘယ်သူလဲ "' "'
နောက်ဆုံးမခံနိုင်တော့သူမေ့လဲသွားသည်
"'လီလီ... "'
#ကြာပန်းရိပ်
#ဘယ်လောက်ထိမုန်းနိုင်မှာလဲ
သဲတို့ရေ ပြန်လာပီနော် 😘
01/04/2024
အပိုင်း ၉💖
"'ပန်း နင်ဘာလုပ်မလို့လဲ
Beauty salon လာပီး "'
"'လာပါ မမကြီးရာ "'
ပန်း မမကြီး ကိုကေကေ အမ အလုပ်လုပ်တဲ့
beauty salon ကိုတိတ်တဆိတ်နဲ့ခေါ်လာသည်
ဟိုရောက်တော့ ကေကေ အမ မူသဇင် က
"'ဟယ် ပန်း တစ်ယောက်ထဲလား "'
"' ဟုတ်ဘူး အမ နဲ့ မမူ "'
"'ကဲပြော မမူ ဘာကူညီပေးရမလဲ "'
မမူ က Beauty salon ရဲ့မန်နေဂျာဆိုတော့သိပ်သဘောကောင်းသည် အမပင် ကေကေ နဲ့ ပန်း ကထွက်ချင်တိုင်းထွက်ဝင်ချင်တိုင်းဝင်လို့ရတာမလို့ ပန်းနဲ့သူသူကိုလဲ
မှတ်မိနေတာပင်
"' ဒီမှာလေ မမူ ခတ် ရဲ့ အမလေးလုံးကို
အလှဆုံး ပြင်ပေးပါဦး မမူရယ် "'
ခတ် မမကြီးကို စရင်းပြောတော့ မမကြီး က
"'ပန်း ခတ် ထန် နင်နော် ငါကို "'
"' မမကြီးကရောမဟုတ်လို့လား "'
"' မဟုတ်ပါဘူး "'
ပန်းတို့ ညမနှစ်ယောက် စကားများကြတော့မည်ကို
မမူ ကသိတော့
"' ကဲ ပန်းကလဲ လေ ကိုယ်အမကိုယ့်
ကဲ လာမမ မူ ကိုယ်တိုင်ပြင်ပေးမယ်နော် "'
မမူ က မမကြီး ကိုဆွဲခေါ်သွားပီး ပြင်ပေးတော့သည်
ခတ် လဲပျင်းတာကြောင့် ဇာတ်ကားကြည့်လိုက်ဂိမ်းဆော့လိုက်နဲ့ပင်
အချိန်က တော်တော်ကြာသွားသည် အာလုံးပြင်သွားတော့
အားလုံးက
"'ဝါး "'
ဆံပင်က လိူင်း အကောက်ကြီး ကောက်ပီး ဆံပင်အပေါ်ပိုင်းက
ဖောင်းဖောင်းကားကားလေး ပီးတော့ မျက်နှာပေါ်က ခြယ်သထားတဲ့ မိတ်ကပ်ကလဲအရမ်းကြီးမထူပေ ဝင်းအိနေတဲ့ မျက်နာလေးပင်
နူတ်ခမ်းနီကလဲပန်းရောင်ဖျော့ဖျော့လေးပင် မျက်လုံးကလဲ မျက်မှန်မဟုတ်တော့ဘဲမျက်ကပ်မှန် တပ်ထားသည်ပင် ဝတ်ထားသည်အင်္ကျီကလဲ သူနဲ့ တကယ်လိုက်ဖက်ပင် တကယ်ကို ပစ်ချက်ပြောစရာမရှီတော့တဲ့ ပန်း ရဲ့မမကြီး မိုးခတ်ထန် ပင်
ပန်း က
"' ဝါး
မမူ ဒါက ခတ် ရဲ့ မမကြီးလား "'
မမူက ရီမိလိုက်မိသည်
"' ဟီး ဟီး ဟုတ်ပတယ် ပန်းရဲ့
ဘယ်လိုလဲ သဘောကျရဲ့လား"'
"'ဟွန့် ကျပါတယ် "'
ဆူပုတ်သွားပီး စိတ်တိုင်းမကျတဲ့ပုံစံနဲ့ ပြန်ဖြေတော့
မမူက
"'ဘာလို့လဲ ပန်း သဘောမကျလို့လား "'
"'ဟုတ်ပါဘူး ဒီတိုင်း မမကြီး က ခတ် ထက်လှသွားပီလေ
ဟီးဟီ "'
ပြောင်ချော်ချော်နဲ့ ပြောလိုက်တဲ့စကားကြောင့် အားလုံးက
ရီကုန်ကြသည်
မမကြီး က
"'အဟင်းဟင်း ဘာမျန်းလဲလို့ ဒီကလေးကတော့ "'
"'ပန်း လေးကလဲ ချစ်စရာလေးလေး "'
"' ဟီးဟီး ခတ်က စတာရယ်
လှပ သဘောလဲကျပ အဒါကြောင့် ခတ်က
မမူ ကို ယုံကြည်ပီးသားမို့လေ ဟီး ဟီး "'
ခတ် ပြောလိုက်တော့ မမူက
"'အဲ့လို့ ယုံကြည့်လို့ မမူ ကလဲ
အစွမ်းကုန် လှအောင် ပြင်ပေးထားထားလေ "'
"'ချစ်သွားပီ မမူ ကို "'
"'ဟယ်တော့ "'
"'တကယ် မမူရဲ့ "'
"'ကဲ ဟုတ်ပါပီ ဒိလောက်ထိ ချစ်နေတာ
ပန်း သူငယ်ချင်း နဲ့ နေရာလဲပါလား "'
"'တကယ်လား မမူ "'
"'တကယ် ပေါ့ "'
"'ဟီး ဟီး "'
"'ကဲ မိပန်း နင် တအားပလီတက်နေပီနော် "'
"'မပလီ ပါဘူး မမကြီးကလဲ "'
"' ကဲ ဟုတ်ပါပီ ငွေရှင်းရအောင်လေ မူ "'
"'ဪ ဟုတ်သားဘဲ "'
မမူ က ကောင်မလေး တစ်ယာက်ကို လှမ်းခေါ်လိုက်ပီး
ပြောလိုက်သည်
"' မမ သူနောက်လိုက်သွားလိုက်နော်
မူ ကိစ္စလေးရှိလို့ ခွင့်ပြုဦးနော် "'
'" ဟုတ် မမူ ဘိုင်းဘိုင်း "'
မမူ ကိုနူတ်ဆက်ပီး ခတ် တို့အိမ်ကို ပြန်ခဲ့ကြသည်
အိမ်ရောက်တော့လဲ ပန်း မှာ မနားရဘဲ မေမေ ကိုဈေးကူရောင်းပေးရသေးသည်
ထိုတစ်နေ့တာကတော့ မမကြီးကို beauty salon မှာဘဲအချိန်ကုန်ခဲ့ရသည်
နောက်ရက် အလုပ်ဆင်းတော့ မိုး ကို ရူံးကလူတွေက
"'မမိုး အရမ်းလှနေပါလား "'
"'ကျေးဇူး ပျို့ရေ "'
ထို့အခါ မောင်က ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိ
"'မိုး ဒီနေ့ အရမ်းလှနေပါလား "'
"'ဟွန့် ဒါဆို အရင်တုန်းက မလှဘူးပေါ့ "'
"'မဟုတ်ရပါဘူး အရင်က ရိုးရိုး လေးလေ
အခုက အလှတွေပြင်ထားတာလေ
အဲ့တော့ ပိုလှတာပေါ့ "'
"'အ ဟင်း ဟင်း ဟုတ်ပါပီမောင်ရဲ့ "'
"'ဒါနဲ့ ဒီအကြံက မိုး ရဲ့အကြံမဟုတ်ဘူးမလား "'
"'အွန်း ဟုတ်တယ် ငယ်လေး အကြံ "'
"'အော် ကဲပါ မိုး အလှတွေ အများကြီးမပြင်နဲ့ဦး
မောင်အမျိုးသမီး လေးကို စိတ်မချ ဖြစ်နေတော့မှာ "'
"'မောင် တအားပို "'
"'ချစ်တာကိုဗျ "'
မိုး နဲ့မောင် ချစ်သူ ရည်စား သက်တန်း တစ်လျှောက်လုံးမှာ
မောင်က မိုး အပေါ်ဘယ်တုန်းကမှ အခွင့်ကောင်းလဲမယူခဲ့ပါ
မောင့် ကြောင့်လဲ မျက်ရည်တစ်ခါမှ မကျဘူးပေ
သူကပြောတယ်
"'မောင့် ကြောင့် မိုး မျက်မကျစေရဘူး
ကိုယ်ချစ်လို့ယူထားတဲ့ မိန်းမ တစ်ယောက်အပေါ် မှာ
မျက်ရည်ကျအောင် လုပ်တာဟာ လူဖြစ်ဖို့ မထိုက်တန်ဘူးတဲ့ "'
မောင့် ကိုသူနည်းအမျိုးမျိုးနဲ့ စမ်သပ်ပီးပီးမို့
မောင်ဟာ မိုး အတွက်ယုံကြည်ရဆုံး
အမျိုးသားလေးဆိုတာသိပီးပါပီး
"'မမိုး ဒယ်ဒီ ရှီလား "'
မိုး လဲ မိုးရဲ့အတွေးကိုဖြတ်ပီး
"'အော် မိူင်း ရှီတယ်
အကြောင်းကြားပေးရမှာလား သူဌေးကို "'
"'ရတယ် မမိုး ဒီတိုင်းဝင်သွားလိုက်မယ်
ဒါနဲ့ မမိုး ဒီနေ့လှနေပါလား "'
"'အဟင်း ဟင်း နည်းနည်းပါ မိူင်း ရဲ့"'
"'အဟမ်း ကိုမောင်ထက်သာ ကတော့ စိတ်မချဖြစ်တော့မှာဘဲ"'
"'အဟင်း ဟုတ်ပ
မနက်ကလဲပြောနေတာ မပိးတော့ဘူး "'
"'ဒါနဲ့ မမိုး ဒီ အိုင်ဒီယာကတော့
မဟုတ်လောက်ဘူးထင်တယ် "'
"'ဟုတ်တယ် မမိုး ညမလေး အိုင်ဒီယာ လေ "'
"'အော် အွန်းပါ
ဒါဆိုလဲ မမိုး လုပ်စရာရှီတာလုပ်လေ ကျွန်တော်လဲ "'
"'ဟုတ်ပါပီ "'
မိုး က သူဌေး ရဲ့လက်ထောက်ပင် ဒီကုမ္မဏီမှာ အလုပ်လာတာ ကျောင်းမပီးခင်ကတည်းပင် အဲ့ဒါကြောင့်
မိူင်း အကြောင်းကောင်းကောင်းသိပါသည်
မိူင်း က သူဌေးရဲ့ တစ်ဦတည်းသောသားလေ
မိူင်း က ကျောင်းမှာစံပြဆိုပင်မဲ့ အိမ်မှာတော့ပြသာနာ လူဆိုးလေ
အခုလဲ ဖခင်ဆီက ပိုက်ဆံလာတောင်းရင်တောင်း မတောင်းရင်တော့ ပြသာနာလာရှာတာပင် ဟုတ်လဲဟုတ်မှာ ငွေကို ရေလိုသုံးနိုင်တဲ့သူဆိုတော့ ဘယ်ကိစ္စမဆို ငွေနဲ့ဖြေရှင်းလို့ ရတာဘဲလေ
ဒါပင်မဲ့ ကိုယ့်အားကိုယ်ကိုးနေတဲ့ လူလတ်တန်းစားနဲ့အခြေခံလူတန်းစားတွေအတွက်တော့ မိုးတဲ့မြေပင်
"'Hello Daddy "'
ဒယ်ဒီ က ဖုန်းပြောနေတာ ကြောင့်မို့ မိူင်း ပြန်တိတ်သွားပြန်သည်
"'ဘာလဲ မိူင်းညို့စံ "'
အပိုင်း ၁၀
#ကြာပန်းရိပ်
အကယ်၍ယုံကြည်ခဲ့လျှင်
23/03/2024
အပိုင်း ၈💖
"'ဟလို ပန်း "'
"'ဟလို အေး ပြောလေ သူသူ"'
"'နင်အားရဲ့လား ပန်း "'
"'အားပါတယ် ဘာလို့လဲ "'
"'ဟီး ဟီး ကိုမိူင်းက ငါကိုအဖြေပေးလိုက်တယ် "'
"'ဟယ် သူသူ မြန်လိုက်တာ "'
ဒီလူ ချက်ခြင်းကြီးအဖြေပေးလိုက်တာ ဟုတ်ကောဟုတ်ရဲ့လား
"'အင်း ဟုတ်တယ် ပန်း
ငါအရမ်းပျော်တယ် သိလား "'
"'အေးပါ သူသူရာ
အဓိကကနင်ပျော်ဖို့အတွက်
ငါက အစတေးခံလိုက်တာပါ နော် "'
ပန်း က သူသူ ကိုစလိုက်သည်
သူသူ က
"'အမယ့် ကျေးဇူးပါတော်
ဒါနဲ့ နင်လဲရှာသင့်ပီထင်တယ်နော် ပန်း "'
ပန်း အနည်းငယ် အသံတိတ်သွားသည် ထို့အခါ
သူသူ က
"'ဟုတ်တယ်လေ နင်သူကို မေ့သင့်ပီထင်တယ် "'
"'အဟမ်း ဟမ်း သူသူ နင်ကလဲလေ
တကယ်ပါဘဲ ငါသူကိုမေ့လိုက်တာမျန်းကြာလှပီ
နင်တို့ကသာ မမေ့နိုင်ကြတာ "'
"'အံမယ် သူကမျန်းပြောရက်တယ်ရှီသေး
ပီးကျရင် နွားမကြီး ကျလို့ "'
"'အယ် "'
"'မအယ်နဲ့ မဟုတ်လို့လား "'
"'ဟုတ်ပါတယ် သူသူရယ် နင်လဲ
ဒီအကြောင်းကြွားချင်လိုငါဆီဖုန်းဆက်တာမလား "'
"'ဟီး ဟီး "'
"'ကဲ နင်တိုတွေ အိုအောင်မင်းအောင်
ရည်းစာဖြစ်နိုင်ကြပါစေ နော် "'
"'ပေး တဲ့ ဆုနဲ့ အမ် မဟုတ်ပါဘူး ဟဲ့ '"
"' တီ တီ "'
ပန်း သူသူ ကို စနောက်ပီး ဖုန်းတန်းချပစ်လိုက်သည်
သူသူပြောတဲ့ အကြောင်းအရာနဲ့ပတ်သက်ပီး
သူခဏတွေးဝေသွားမိသည်
လွန်ခဲ့သော တစ်နှစ်ခန့်က
"'ကိုကို "'
"'ပြောလေ ပန်း "'
"'ကိုကို ပန်း ကိုချစ်သေးလား "'
"'ချစ်တာပေါ့ ကလေး ရဲ့
ဒါနဲ့ ပန်း ဒီအပတ် စာမေးပွဲက ဖြေနိုင်တယ်မလား "'
"'အေးဆေး ဟီး ဟီး "'
"' ဟုတ်ပါပီ ကိုကိုယုံတယ်နော် ပန်း "'
"'ဟုတ် "'
တစ်ချိန်က ပန်း ရဲ့ဘဝမှာ မိသားစုရဲ့ အချစ်ခံလူသား ဖြစ်ခဲ့ဘူးသလို ချစ်သူရဲ့ အချစ် ကိုလဲ ရခဲ့ဘူးတယ် ပန်း မထင်လိုက်တဲ့
အချိန်တစ်ခုက ဒီလောက်ထိ ရက်စက်ခံရမယ်လိုမထင်ခဲ့ဘူးဘူး
"'ပန်း ကိုယ်တို့ လမ်းခွဲရအောင် "'
"'ဟာ ကိုကို မနောက်နဲ့လေ ဒိနေ့က
ပန်း ရဲ့ စာမေးပွဲ နောက်ဆုံးနေ့လေ
စာမေးပွဲပီးမှ စတာမဟုတ်ဘူး ကိုကိုကလဲ "'
"'ကိုယ် စနေတာမဟုတ်ဘူး ပန်း "'
ဝမ်းနည်းတုန်ရီနေတဲ့အသံလေးနဲ့ ကောင်မလေးက
ထိုစကားကိုမေးလိုက်သည်
"'အဲ့ဒါဆို ပန်း ကိုအစကတည်းက
နည်းနည်းမှ မချစ်ခဲ့ဘူးလား ကိုကို'"
"'အမ်း ဟုတ်တယ် မချစ်ခဲ့ဖူးဘူး '"
"'အော် အင်းပါ နားလည်ပါပီ"'
အဲ့အချိန်က စပီး ပန်းခတ်ထန် ရဲ့ဘဝမှာ အချစ်ဆိုတာ
မြူတစ်မူံလောက်တောင် အရေးမပါခဲ့ဘူးဆိုတာသိခဲ့ရတယ်
နောက်ပိုင်းကိုယ်သိလိုက်ရတဲ့ အချစ်က ခဏတာအတွက်ဘဲဆိုတာ
တစ်ချို့အချစ်တွေကလဲ ကံကောင်းကြပါတယ် ကိုယ်ကတော့
ချစ်မိပိဆိုရင် စွန့်ခွာသွားကြတာများတယ် ဒါကြောင့်မို့ကိုယ်ဘက်ကမချစ်မိအောင်ဘဲနေတော့တယ် အသက် ၁၇နှစ်သာ ကလေးမလေးရဲ့ အချစ်ရေးဟာ နောက်ထပ် ဘယ်အရာကမှ
ရင်ခုန်မူမရှီတော့ပါ .....
ညနေစောင်း၌
"'သမီး ဖေဖေ မေမေတို့ကိုပြောစရာရှီတယ် "'
မိုးခတ်ထန် ထိုစကားဆိုလိုက်တော့ အကုန်လုံးသူမထံအကြည့်ရောက်ခဲ့ရသည် ဖေဖေ က
"'ပြောလေ သမီးကြီးရဲ့ "'
မမကြီး မျက်နှာက ရှက်နေပုံပေါ်တော့ ဖေဖေ က
"'ဘာမျန်းလဲ သမိး "'
"'ဟုတ် ဖေဖေ သမီးမှာ ကောင်လေးရှီနေပီ
အဲ့ဒါ သူကသမီးကို မိသားဖသားပီပီ
လက်ထက်တောင်းရမ်းခြင်းလို့တဲ့ "'
ထိုကိစ္စအား ရုတ်တရက်ဆိုတော့တစ်အိမ်လုံး
တအံတဪဖြစ်နေကြသည်
သို့သော် မေမေ က
"'သမီး ကြီးက ငယ်တော့တဲ့ အရွယ်လဲ မဟုတ်တော့တာ
အိမ်ထောင်ပြုသင့်ပါပီလေ ဒါနဲ့ သမီးကောင်လေးက
ဘာအလုပ်လုပ်တာလဲ "'
"'သမီးတို့ ကုမ္မဏီက မန်နေဂျာပါ မေမေ "'
"'အော် ဒါနဲ့ သမီးတို့က မမြန်လွန်းဘူးလား '"
"'ဟုတ် မေမေ သမီး ပြောပါတယ်
သူမှာလဲ မိဘတွေ မရှီတော့ဘူးဆိုတော့ ..."'
မိုးခတ်ထန် ပြောမဲ့ စကား မိဘ နှစ်ပါးလုံးက နားလည်ပီမို့
ကျန်တာဘာမှဆက်မမေးတော့ပေ ဘာလို့ဆိုသမီးကြီးက
လိမ်မာတယ် ရိုးသားတယ် ပါးနပ်တယ် ယုံကြည်စိတ်ချရတဲ့ သမီးမို့ ကျန်တာ သိပ်ပြောစရာမရှီပါ
"'ဒါနဲ့ ဘယ်တော့ စကားလမ်းကြောင်းမှာတဲ့လဲ သမီး "'
"'ဟုတ် မေမေ သူက ဒီလကုန်လောက်လို့ ပြောတယ် "'
"'မေမေ တို့ကတော့ ဘာမှကန့်ကွက်စရာမရှီပါဘူးး
သမီးရွေးချယ်တဲ့ လမ်းမှာသာယာမယ်လို့ မေမေ တို့က
ယုံကြည်တယ် ဘာလို့ဆို သမိးကြီးက လိမ်မာတယ်လေ "'
"'ဟုတ် မေမေ ဒါဆို သမီးသူကို
ပြန်အကြောင်းပြန်လိုက်မယ်နော် မေမေ "'
မေမေ က ဘာမှမပြောဘဲ ခေါင်းညိမ့်ပြလိုက်သည်
သိုပင်မဲ့ ဖေဖေ ကတော့ ဘာတစ်ခွန်းမှမပြောနိုင်ပေ
ပန်း ကတော့ လျိုးထားတဲ့အမဖြစ်သူကိုမကျေနပ်တာမို့
သူအခန်းထဲထိ လိုက်မေးပါတော့သည်
"'မမကြီး နင်တအားလျိုးထားတာနော်
ခတ် တောင်မသိလိုက်ဘူး ညီအမ ဖြစ်ပီး ဟွန့် "'
မိုးခတ်ထန် ညီမဖြစ်သူက ဆူပုတ်ပီး သူမကိုရန်တွေ့နေတော့
"'အံမယ် မိပန်း နင်ကရော အိမ်ကပ်ရဲ့လား
ဆိုင်လူမကျရင် နင်က သူသူ တို့အိမ်သွားတယ်
လည်တယ် ပတ်တယ် နင်ကလေးမဟုတ် တော့ဘူးနော် ပန်း "'
"'ကလေးပါဆို ဒီရင်ခွင်နဲ့ ဒီအိမ်မှာဘဲ
ကလေးလုပ်ခွင့်ရှီတာလေ မမကြီးကလဲ
ဟီးဟီး "'
မိုးခတ်ထန် ညမဖြစ်သူ က ထို့သို့ပြောတော့
"'ဟော ပြောလေ ကဲလေ ပါလား မိပန်း "'
"'ဟီး ဟီး ပြောတော့ဘူး မေးစရာလေးရှီသေးလို့ "'
"'ကလေးလိုမနေပြန်ဘူး ဘာတွေမေးဦးမှာလဲမသိဘူး "'
"'အယ် မမကြီးက လဲအမျိုးမျိုးဘဲ
သူဘဲ ကလေးလိုမနေတော့နဲ့ဆိုပီး
အခုမေးပြန်တော့ ကလေးလိုမနေဘူး ဆိုတော့ "'
မိုးခတ်ထန် သူစကားနဲ့သူ ချောင်ပိတ်နေတော့
"'ကဲ မေးမေး ဘာမေးမှာလဲ မြန်မြန်မေး "'
"'ဟီး ဟီး မမကြီး အဲ့ဒိအကိုကြီးက ချောလား "'
ညမဖြစ်သူက မေးတော့ မိုးခတ်ထန်
ဖုန်းထဲ က မောင့် ပုံကို ပြလိုက်တော့
"'ဝါး မမကြီးနဲ့တောင်မလိုက်တောဘူး "'
"'ဖြောင်း အ နာတာ'"
မိုးခတ်ထန် ညမဖြစ်သူကို လက်မောင်း တစ်ချက်ရိုက်လိုက်ပီး
"'မလိုက်ဘူး ပြောရအောင်
ငါရုပ်က ဘာဖြစ်နေလို့လဲ "'
"'ဟုတ်တယ်လေ မမကြီးက
ပုလင်းခွံစွတ်ထားတဲ့ မျက်မှန်ကြီးနဲ့
ပုံတုံးတုံးအဝတ်စားကြီးနဲ့
မသိရင် အဒေါ်ကြီးအတိုင်းဘဲ
အကိုကြီးကတော့မိုက်တာ"'
ပန်း ပြောတာလဲမှန်ပါသည် မောင်နဲ့အပြင်သွားရင်တောင်
လူတွေက မိုး ကိုကြည့်ပီး နှာခေါင်းရူံးကြသည်
မမကြီး မျက်နှာ ညိုးသွားတာ ပန်း သိလိုက်ပါသည်
"'မမကြီး ခတ် ကို ယုံတယ်မလား '"
မမက ပန်းကို မယုံတယုံအကြည့်နဲ့ ကြည့်လိုက်ပီး
"'ယုံလိုက်ပါ မမကြီးရဲ့ မနက်ဖြန်ကျရင်
မမကြီးကို တစ်နေရာခေါ်သွားမယ်
မနက်ဖြန် အလုပ်ပိတ်တယ်မလား မမကြီး "'
"'အမ်း ပိတ်တယ် "'
"' Ok ဒါဆို ဒီနေ့တော့ ဒီမျက်နှာနဲ စောစောအိပ်တော့
Good night"'
နားမလည်သော အကြည့်တွေနဲ့ ကြည့်နေတဲ့ မမကြီးကို
ခတ် ပြောင်ချော်ချော်နဲလုပ်ပီး အခန်းထဲကထွက်လာခဲ့လိုက်သည်
ပန်းခတ်ထန် အမဖြစ်သူကို မနက်ဖြန်ကျရင် စိတ်သစ်ကိုယ်သစ်နဲ့ မျက်နှာသစ်နဲ့ ချိန်းပေးမယ်လိုကြိမ်းဝါးရင်းညတစ်ည ဖြတ်ကျော်ခဲ့ပါတော့သည်
အပိုင်း ၉
အကယ်၍ယုံကြည်ခဲ့လျှင်
#ကြာပန်းရိပ်
ကဲသဲတို့ရယ်မနေ့က ကိုယ်စာတင်မို့ပါ
မနေ့က ကိုယ်တို့ ရပ်ကွက်ထဲတစ်နေ့ကုန်မီးလဲမလာရေကလဲမလာ
အင်ဗာတာကလဲအားမရှီဆိုတော့ ဘာလိုမှ စာတင်လို့ မရလို့နော်သဲတို့ ခွင့်လွှတ်ပါနော် သဲတို့ 🥺❤️
17/03/2024
အပိုင်း ၁၀🖤
"'ဘာ ကာာယံမောင် ကငါ့အကြောင်း စုံစမ်းနေတယ် "'
"'ဟုတ်တယ် အကိုလေး ကျွန်တော်ရှင်းလိုက်မယ် "'
ဈာန် အတန် ကြာအောင် တစ်ဖက်က ဖုန်းကိုပြန်မဖြေသေးဘဲ
တစ်ခုခု ကို စဉ်းစားနေပုံရသည်
"'နေဦး မနက်ဖြန် Birthday ရှီတယ်
အမ် Birthday present ပါတစ်ခါထဲထည့်ပေးလိုက် "'
"'ဟုတ်ကဲ့ အကိုလေး ကျွန်တော်နားလည်ပါပီ "'
"'Ok "'
ဈာန် ဖုန်းချလိုက်ပီး ပြတင်းပေါက် အပြင်ဘက်ကို
တစ်ချက်လှန်းကြည့်ပီး တစ်ခုခု ကိုလုပ်တော့မည် အနေအထားနဲ့
နူတ်ခမ်း ကို တစ်ဖက်တည်း ကွေးနေအောင် ပြုံးလိုက်၍
လက်ထဲက ဆေးလိပ် ကို တစ်ရိူက် သောက်ပီး အခိုးအငွေ့
တွေ ကို မူတ်ထုပ်လိုက်သည်
"' သခင်လေး ဒီမှာ မွေးနေ့လတ်ဆောင်တဲ့ "'
ကာယံ သူရဲ့လက်ထောက် ကောင်လေးတစ်ယောက်ကပြောတော့
၄ပေ လောက်ရှီတဲ့ပါကင်ပိတ်ထားတဲ့ ဂျက်ဖာပုံးတစ်ခု သူရှေ့ချထားလိုက်သည် ကာယံမောင် လဲ စဉ်းစားနေတာပင် ဘာလိုဆို သူမွေးနေ့က အဖိုး ရယ် ငယ် ရယ်ဘဲသိတာ အခုက
"'ဖွင့်လိုက် "'
"'ဟုတ် သခင်လေး "'
"'ဗြီ ဗြီ "'
"'ဟမ် "'
ကာယံမောင် ဂျက်ဖာ ပုံးကို ဖွင့်လိုက်တော့
သူအင်ပါယာ ကိုစုံစမ်းဖို့ လွှတ်ထားတဲ့ လူတစ်ယောက်ပင်
ထိုလူပုံစံက အသက်ငဲ့ငဲ့လေးဘဲ ကျန်တော့တဲ့လူတစ်ယောက်လိုပင် သူပုံစံကလဲ နှိပ်စက်ထားတဲ့ပုံပင် တစ်ကိုယ်လုံးသွေးတွေနဲ့
ရဲတောက်နေတာပင် အိုး လူမြင်မကောင်းအောင်
သွေးတွေ ဒဏ်ရာတွေနဲ့ရက်ရက်စက်စက်ပင်
တော်တော် ကြောက်ဖို့ကောင်းလောက်အောင်
နှိပ်စက်ထားပုံရသည်
ထို့အခါ ဂျက်ဖာပုံထဲက လူက သူရဲ့သွေးပေနေတဲ့ လက်တွေကြားထဲကနေ ပစ္စည်း တစ်ခုကို တုန်တုန်ယင်ယင်နဲ့ ထုပ်ပေးလိုက်သည်
ထိုအရာက Memories card ကလေးပင်
ကာယံ ရဲ့လူတစ်ယောက်က ထို card ကိုယူပီး စက်ထဲထည့်လိုက်သည် screen ပေါ် ပေါ်လာတဲ့တန်ဆာအုပ်ထားတဲ့ရုပ်နဲ့အသံက
"'အား !မလုပ်ပါနဲ့
တောင်းပန်ပါတယ် ကိုကို
အ ! မလုပ် အ "'
ဈန် ပို့လိုက်တာ သူနဲ့သူမလေးနဲ့ချစ်တင်းနှောသည်
Memories card ပင်
ဟမ် ဒီအသံက ငယ် အသံ ဒါဆိုဒီဟာက ငယ် ပေါ့
ကိုယ်ရူးတော့မှာဘဲ ငယ် ရယ်
ကိုယ်တောင်းပန်ပါတယ် ငယ့် ကို
ကာယံမောင် ရူးမတက်ပင်ခံစားရကာ
ထို screenပေါ်က နောက်တစ်ခု က
"'Happy Birthday par
ညီလေးကာယံ
ဘယ်လိုလဲ ကိုယ်တန်ဖိုးထားရဆုံး
အရာဖျက်ဆီးခံရတာ ပျော်တယ်မလား
မင်းထက်ငါခြေတစ်လှမ်းသာတယ် ကာ ယံ မောင်
အ ဟား ဟား ဟား "'
နောက်ဆုံးအနိုင်ရတဲ့ ဈန် ရဲ့ ရီသံဟာ ကာယံမောင် ရဲ့
ဗလောင်ဆူနေတဲ့ ဒီရင်ခွင်တစ်စုံ လက်သီးစုတ်ထားတဲ့
လက်ထဲကသွေးတွေတစ်စိမ့်စိမ့်ကျနေတာပင်
ဘေးနားက ရှီတဲ့ ဖန်ခွက်ကိုယူပီး
"'ခွမ်း "'
"'ခွေးမသား ဈန် ရိုင်း "'
ဖန်သားမျက်နှာပြင် ကိုကြည့်ပီး အားရပါရ ဆဲလိုက်တဲ့အသံ
စူးရှတောက်လောင်နေတဲ့မီးမျက်ဝန်းတွေနဲ့ ကြည့်နေလျက်ပင်
သူ သူမလေးကို ဖြူစင်လွန်းလွန်း လက်နဲ့တောင်မထိရက်
မကိုင်ရက်နဲ့ ပိုးလိုဥထားတဲ့ နုလုံးသားကို အရောင်ဆိုးပီးဖက်ဆီးခဲ့တဲ့ ဈန်ရိုင်း ပင်
ကာယံမောင် ရှီသမျှပစ္စည်းတွေ အကုန်လွှတ်ပစ်ပေါက်ကွဲနေတောသည်
အချစ်ဟာ လူမိုက်တစ်ယောက် စိတ္တဇတစ်ယောက်ကိုတောင် ဖြိုခွဲနိုင်သည် ဒြပ်မဲ့နာမ်စားတစ်ခုပင်
"'ဟင်အင်း မလုပ်ပါနဲ့ အ နာတယ် !
ငါမျက်လုံး ကို ကျေးဇူးပြုပီး မလုပ်ပါနဲ့
တောင်းပန်ပါတယ် အ ကယ်ကြပါဦး !"'
အိပ်ရာထဲမှာ ယောင်ယမ်းပီး အော်နေတဲ့
ကလေးငယ်ကိုကြည့်ပီး လူပ်နိူးနေတဲ့ ဈန်
"'ဘေဘီ ဘေဘီ
သတိထားဦး ဘေဘီ "'
အတန်ကြာအောင် သူမရဲ့အိမ်မက်ဆိုး ထဲကနေ
လူပ်နိူးလိုက်သည် ထို့အခါမှ ချွေးတွေနဲ့စွဲနေသည့်ခန္ဓာကိုယ်နဲ့
မျက်ရည်တွေနဲ့အတူ လန့်နိူးခဲ့သည်
"'ဟမ် "'
လိပ်ပြာ ဘေးဘီကိုကြည့်လိုက်တော့ ကိုကို ပင်
ကိုကိုကိုယ်တွေ့တော့ တုန်ရီနေတဲ့လက်နဲ့
ကိုကိုကိုယ်ပြန်ဖက်ထားလိုက်မိသည်
"'ဟမ် မျက်လုံး လိပ်ပြာ မျက်လုံး ရော "'
ပြာပြာသလဲရှာနေတဲ့ ဘေဘီ ကိုသူ အနည်းငယ် လူပ်ပီး
စကားဆိုလိုက်သည်
"'ဘေဘီ သတိထားစမ်းပါဦး
ဘေဘီ အိမ်မက်ထဲမှာ ယောင်နေတာ"'
ကိုကို ပြောလိုက်မှ လိပ်ပြာ ကိုယ့်ကိုကိုယ်
သေချာ စမ်းကြည့်မှ လိပ်ပြာ မျက်လုံးတွေ ရှီသေးသည်
ကိုကိုမှ လိပ်ပြာ ကိုရေခွက် ပေးပီး
သူလဲ လိပ်ပြာ ကိုစိုးရိမ်နေပုံပင်
"' ရော ရေလေးသောက်လိုက်ဦး "'
လိပ်ပြာ ကိုကို ပေးတဲ့ရေခွက်ကိုမော့သောက်လိုက်သည်
ပီးတော့ ကိုကိုက
"'ဘေဘီ အိမ်မက်ဆိုးတွေမက်နေတာလား "'
"'အမ်း ဟုတ်တယ်"'
"'ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတဲ့ အိမ်မက်ဆိုးမို့လဲ"'
"'တော်တော် ကြောက်ဖို့ကောင်းတယ် ကိုကိုရဲ့ "'
"'ဒါဆို ကိုယ့်ကိုပြောပြလေ ဘာအိမ်မက်မို့လဲ "'
ထိုအိမ်မက်ကို ပြန်ပြောဖို့ အားယူနေတဲ့ လိပ်ပြာပုံက
တကယ်ကို စိုးရိမ်နေတဲ့ပုံရိပ်ပင်
"'စိတ်ချ ပါဘေဘီ ကိုယ်ရှီတယ်လေ မကြောက်နဲ့ "'
လိပ်ပြာ လက်လေးကို စုပ်ယူပီးကိုင်ထားတဲ့ ပုံစံက
လိပ်ပြာ အတွက် တကယ့်အားကိုးစရာအမျိုးသားလေးပင်
သူမိန်းကလေး ဘာပြောပြော နားထောင်မှာအမှန်ပင်
"'အမ်း အိမ်မက် ထဲမှာ လိပ်ပြာရဲ့
အပြာရောင်မျက်လုံးကို ဖောက်ထုတ် ပီး
လဲလှယ်ဖို့ ပြင်နေကျတာတဲ့
အရမ်းကြောက်ဖို့ကောင်းလိုက်တဲ့ ကိုကို ရယ် "'
သူမ ရဲ့စကားအဆုံးမှာ တုန်လူပ်နေတဲ့
သူမရဲ့ ခန္ဓာကိုယ်လေးကိုယ်ရင်ခွင်ထဲ ကပ်ပီး
"'မကြောက်ပါနဲ့ အဲဒါက အိမ်မက်လေ ဘေဘီရဲ့
ဘေဘီ နေ့ခင်းက သရဲကား ကြည့်လိုက်တာမလား
အဲ့ဒါကြောင့်မို့ပါ ဘာမှမဟုတ်ဘူးရယ် နော် ဘေဘီ "'
ရင်ခွင်ထဲ ကိုယ်လေး ထည့်ပီးခေါင်းလေး ကို
အသာပွတ်ပေးနေပြန်သည်
"'ဒါပင်မဲ့ ကြောက်တယ် အိမ်မက်ထဲက"'
"' အမ်းပါ ဘေဘီ ရဲ့ ကိုယ်ရှီတယ်လေ
ဒါဆို ဒီလိုလုပ် ကိုယ်နဲ့အတူတူအိပ်မယ်လေ "'
"'ဟမ် ဘာလို "'
သူရဲ့အချစ်ကြမ်းမူကို သူမလေးက အတော်ကြောက်နေတဲ့ပုံပင်
"'ဟုတ်တယ်လေ ဘေဘီ ကြောက်နေတယ်ဆို "'
"'အော် "'
"'မနက်ဖြန်ကျမှ ကိုယ်ထပ်ချစ်မယ် "'
ဈန် သူဘေဘီ လေးကိုချစ်လိုစလိုက်မိသည်
"'ဟင် "'
သူမလေး မျက်ဝန်းက သူကိုမော့ကြည့်လိုက်ပီး
သနားစရာ ပုံစံဖြင့်
"'စတာပါ ကိုယ်က ကဲပါ အိပ်ရအောင်
မနက်ကျရင် တစ်နေရာသွားရဦးမှာ "'
"'ဟမ် ဘယ်ကို "'
"'ပြောပြလိုက်ရင် suprise ဘယ်ဖြစ်တော့ပါမလဲ ဘေဘီရဲ့ "'
"'ဟွန့် "'
"'မဟွန့်နဲ့တော့ ကြာရင်ကိုယ်စိတ်ထိန်းနိုင်မှာမဟုတ်ဘူးနော်
ဘေဘီ "'
အလိုပြောလိုက်တာနဲ့ ကောင်မလေးက တန်းပီး
အိပ်ရာထဲကိုတန်းပြေးပီး အိပ်ချင်ယောင်ဆောင်တော့သည်
လူလည်မလေး
ဈန် လဲသဘောကျရီကာ
သူလဲ အိပ်ရာထဲဝင်လိုက်ပီး သူမလေးကို
ရင်ခွင်ထဲထည့်အိပ်လိုက်တော့သည်
ထိုညက အိမ်မက်ဆီုးက သူမတို့အတွက်နောက်တစ်ကြိမ်ကံကြမ္မာစက်ကွင်းထဲပြန်ရောက်တော့မည့်အရိပ်အရောင်ပင်
အပိုင်း၁၁
#ကြာပန်းရိပ်
#ဘယ်လောက်ထိမုန်းနိုင်မှာလဲ
16/03/2024
ဟီး ဟီး မပိးသေးလို့ မတင်သေးတာနော်သဲတို့ 😁
မေ့နေတယ်ထင်မှာဆိုလို့ 😁မနက်ဖြန်ကျရင်တော့ သေချာပေါက် 🤭
13/03/2024
အပိုင်း ၇ 💖
"'ဟာ ဒီလူကြာလိုက်တာ ဘယ်တွေမျန်း ဝင်နေတာပါလိမ့် "'
ပန်း တစ်ယောက် မိူင်း ကို ထိုင်စောင့်နေတာ ၁၀မိနစ်ကျော်နေပီ
ပန်း က စောင့်ရတာကြိုက်တဲ့ မိန်းကလေး မဟုတ်တာတော့သေချာပါပီ စိတ်မရှည်တက်တဲ့ ပန်ခတ်ထန် ပင်
"'ဟိတ် sorry ကိုယ်နဲးနဲး နောက်ကျသွားတယ်
ပန်း အတွက် ပန်းစည်း ဝယ်နေရင်း နောက်ကျသွားတာ "'
မိူင်း ပြောပိး လက်ထဲက လိမ္မော်ရောင်ကျူးလစ် ပန်းစည်းလေးကို
ထုပ်ပေးလိုက်တော့သည်
"'ပန်း ဘာပန်းကြိုက်သလဲ မသိလို့
ကိုယ် ဒါလေးဝယ်ခဲ့လိုက်တာ "'
ပန်းမကြိုက်တဲ့ မိန်းကလေး ဘယ်မှာရှီလို့လဲ
ပန်း ရဲ့ ရင်တွေသည်အနည်းငယ်သာတုန်မိသည်
ဘာကြောင့်မှန်းလဲမသိ သေချာတာတစ်ခုကတော့
ခတ် ရဲ့ဘဝမှာ ပန်းပေးဖူးတဲ့ သူစိမ်းယောင်္ကျားလေးဆိုတာ
ခင်ဗျက ပထမဆုံးပါဘဲ
ဒါပင်မဲ့ ပန်း မယူပါရစေနဲ့ ဘာလိုဆို ခင်ဗျပန်းပေးရမဲ့သူက
ခတ် မှမဟုတ်တာ
"'ဒါက ဘာလို့ပေးတာလဲ ခတ်က ပန်းမကြိုက်ဘူး "'
ပန်းစည်း ကို သူထံပြန်ပေးလိုက်တော့ မိူင်းက
"'ကိုယ်က ခင်မင်မူနဲ့ပေးတာပါ
ပန်း ပန်းမကြိုက်ရင်တောင်
ကိုယ်ရဲ့စေတနာလေးကိုတော့
အသိမှတ်ပြုသင့်တယ်မလား ပန်း "'
သူပြောတာကျတော့လဲ ဟုတ်သားဘဲ ဒါကြောင့် ခတ် သူပေးတဲ့ ပန်းစည်းကို လက်ခံလိုက်မိသည်
အအေးသောက်နေရင်း မိူင်း က
"'ပန်း ကိုယ့်ကို ပြောစရာရှီတယ်ဆို ပြောလေ "'
"'ဟုတ် သူသူ အကြောင်းပါ "'
"'အော် သူသူ အကြောင်းဆိုရင်တော့
ကိုယ် စဉ်းစားဦးမယ် "'
ခတ် တော်တော် အံဪမိသည် ခတ် ပြောမဲ့စကားကို သိနေတော့
"'ဟမ် သူသူအကြောင်း ကိုသိတယ်ဆိုတော့ "'
"'ဟုတ်တယ်လေ ဟိုတစ်နေ့ကမှ
သူ ကိုယ့်ကိုဖွင့်ပြောတာ "'
"'အဲ့တော့ ရှင်က ဘာပြန်ပြောလိုက်သလဲ "'
ခတ် သိချင်လွန်းလို့ မေးလိုက်တော့ သူက
ခတ် ကိုကြည့်ပီး ရီလိုက်သည်
"' အဟမ်း ကိုယ့်ကဘာပြောရမှာလဲ
ကိုယ်က သူကိုကျောင်းတုန်းက လမ်းလျှောက်ရင်း
လဲကျမှာဆိုလို့ ကူလိုက်တာဘဲရှီတာ
အဒါကို အချစ်လို့ခေါ်ရင် သူဘဲမှားမှာပေါ့
သူက ကိုယ်ကို့သဘောကျတာပါ "'
ခတ် သူပြောတာ ဘာတစ်ခုမှ နားမလည်ပေ
ဒါပင်မဲ့ ခတ် လဲ တစ်ချိန်က ဆိုရှယ်မိဒိယာ play girls
ဘဲလေ ဒါကြောင့် ခတ် လဲ ခေသူမဟုတ်ဘူးမလား
"'သဘောကျရာကနေ သံယောစဉ်နဲ့ ချစ်သွားတဲ့
အတွဲတွေအများ ကြီးပါဘဲ "'
"'ကိုယ်တော့ မထင်ပါဘူး "'
"'ဒါကတော့ ခင်ဗျအပိုင်းပါ
ဒါဆို ခတ်နဲ့ Challenge တစ်ခုလုပ်မယ်
ဘယ်လိုလဲ "'
မိူင်း challenge တစ်ခုလုပ်မယ်ဆိုတော့
စိတ်ဝင်စားသွားသည်
"'ok လေ ပြောကြည့်ပေါ့ "'
"' သူသူ ကို အဖြေပြန်ပေးလိုက်ပါ
ပီးရင် သူနဲ့ ၄ လလောက် တွဲကြည့်လိုက်ပါ
အဲဒီ ၄လအတွင်းမှာ သူမ ကိုတကယ်ချစ်လာစေရမယ် "'
"' မချစ်ဘူးဆိုရင်ရော ဘယ်လိုလုပ်မှာလဲ "'
အဲ့ဒိ အမေးကြောင့် ခတ် မျက်နှာပျက်သွားသည်
"' သေချာပေါက် ချစ်လာစေရမယ် ဒါပင်မဲ့ ဒီကြားထဲ
ခင်ဗျ တစ်စုံတစ်ယောက်ကို ချစ်မယ်ဆိုရင်
သူကို စောစောစီးစီးပြောပါ "'
"'ဒါဆို ကိုယ်အခုကတည်းက ငြင်းပါရစေ "'
"' ဟမ် ဘာလို့ အခု ခင်ဗျ မှာချစ်သူရှီနေပီလား "'
ခတ် ထိပ်လန့်သွားသည် ဘာလိုဆို သူသူ ကို
အောင်သွယ်တော် လုပ်ရမှာက ကိုယ်လေ
တကယ်လို့ သူမှာ ချစ်သူရှီရင် လက်လွှတ်ရမှာမလား
ဒါက လူကျင့်ဝတ်ဘဲမလား
"'မရှီပါဘူး ဒါပင်မဲ့ စိတ်ဝင်စားတဲ့သူတော့ရှီတယ် "'
"'ဪ ခင်ဗျ ကစိတ်ဝင်စားတာလား "’
"' အွန်း ဒါကြောင့် ကိုယ်ငြင်းနေတာပေါ့ "'
တော်သေးတာပေါ့ သူစိတ်ဝင်စားတာ လေ
ချစ်သူရှီတာမှမဟုတ်တာ
ပန်း စိတ်ထဲကနေ ပြောလိုက်မိသည်
"' မငြင်းပါနဲ့ သူကရော ခင်ဗျကို စိတ်ဝင်စားရဲ့လား "'
မိူင်း ခေါင်းရမ်းပြလိုက်သည်
'" အဲ့ဒါတော့ ကိုယ်မသိဘူး သူဘက်က
ကိုယ့်ကို ဘယ်လိုသဘောထားလဲဆိုတာ "'
"' အဒါပြောတာလေ ခင်ဗျကသာ စိတ်ဝင်စားတာ
သူကစိတ်ဝင်စားမှာမဟုတ်ဘူး ရယ်
ခတ် နားလည်ပါတယ် ဒါပင်မဲ့
အခုဟာက ခင်ဗျလဲကြာရင် သူကို မေ့သွားမှာပါ "'
"'အွန်းပါ ကိုယ်ကြိုစားကြည့်ပါမယ်
ဒါပင်မဲ့ ပန်း ရူံးရင်ရော "'
"'ခင်ဗျ ကြိုက်တာခိုင်း"'
"' Ok ပန်း ပြောတာနော် "'
"'အွန်း ဒါဆို ခတ် ပြန်တော့မယ်နော် "'
"'နေဦး "'
"'ဟုတ် ပြောလေ "'
"'ကိုယ့်ကို မင်း အဲ့လိုကြီး မခေါ်လို့မရဘူးလား "'
မိူင်း သူလာကတည်းက အခုချိန်ထိ နာမည်မခေါ်ဘဲနဲ့ ရှင်
ခင်ဗျ လိုခေါ်နေတာ သူတစ်ယောက်သာလျှင် သိုပင်မဲ့
နားထဲ ကန့်လန်ကြီးပေ
"'ဟမ် ခတ် ကဘယ်လိုခေါ်လို့လဲ "'
"'ကိုယ်က မင်းအကိုထက် လတောင်ကြီးတယ်နော်
အဲဒါကြောင့် ကိုယ့်ကို ရှင် လိုခင်ဗျလို မခေါ်ပါနဲ့လား "'
ခဆ် သေချာပြန်စဉ်းစားကြည့်မှ ဟုတ်လဲဟုတ်ပါတယ်
ကိုယ့်ထက်အကြီးကို ဘယ်လိုတွေတောင်ခေါ်လိုက်မိပါလိမ့်
"'ဟီးဟီး ဟုတ် ခတ် ဆင်ခြင်ပါမယ်နော်"'
"'တီ တီ တီ "'
ထို့အချိန် ခတ် ဖုန်းလာတော့ ဖုန်းကိုင်လိုက်သည်
"'ဟလို မေမေ လာပီ '"
"' ဟုတ် ဟိုလေ ခတ် ပြန်တော့မယ်
မေမေ ခေါ်နေလို "'
"'အွန်းပါ ကိုယ်လိုက်ပို့မယ်လေ "'
"'ရတယ် ခတ် ဘာသာ ခတ် ပြန်လိုက်ပါမယ် "'
ခတ် ဘာသာ ခတ် အမြန်ပြန်လာလိုက်တော့သည်
နောက်မို့ဆို အိမ်က မာတာမိခင်က မလွယ်ပါ
တော်သေးတာပေါ့ မေမေ က ဆိုင်မှာမို့
ခတ် နောက်ဖေးပေါက်ကနေ ဝင်လိုက်တော့သည်
ခတ် သူပေးတဲ့ ပန်းစည်း လေးကို ခုတင်ပေါ်တင်ထားပီး
အချိန်တော်ကြာအောင် ကြည့်လိုက်မိသည်
စိတ်ထဲမှာတော့ အတိုင်းမသိအောင် သဘောကျကြည်နူးမိသည်
သိုသော် သူက ခတ် အပိုင်မှမဟုတ်တာ ......
အပိုင်း ၈
#ကြာပန်းရိပ်
အကယ်၍ယုံကြည်ခဲ့လျှင်
ကဲသဲတို့ရေ တင်ပေးလိုက်ပီနော် တိုသွားရင်လဲ တောင်းပန်ပါတယ
နော် နောက်အပိုင်းတွေကျရင် ရှည်ပေးပါမယ်နော် 😘
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay