Kapable English
17/02/2025
Phonics နဲ့ Cambridge YLE အတန်းတွေကို ဝိုင်းပုံစံလေး သင်ပေးနေပါတယ်။ 😀
သာမန် သမာရိုးကျ စာသင်ခန်းပုံစံ မျိုးထက် ပိုပြီးနွေးထွေးမှုပေးနိုင်တဲ့ စာသင်ကြားစနစ်ကို ကြိုက်နှစ်သက်တဲ့ မိဘတွေအတွက် အဆင်ပြေပါလိမ့်မယ်။
Level တူညီတဲ့ ကျောင်းသား ၄ ၊ ၅ ယောက်ကို ဆရာမ၁ယောက် နှုန်းနဲ့ ဝိုင်းဖွဲ့ သင်တဲ့အတွက်
✅၁ဦးချင်းစီကို သေချာဂရုစိုက်နိုင်သလို
✅ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ဖွံ့ဖြိုးမှု၊
✅အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုအပြင်
✅ဖန်တီးနိုင်စွမ်းနဲ့ EQ ကိုပါ ဂရုစိုက်ပေးနိုင်ပါတယ်။
အိမ်မှာ Guide ခေါ်သင်တဲ့အတိုင်း ထိရောက်မှုမျိုးကို ပိုပြီးသက်သာတဲ့ သင်တန်းကြေးနဲ့ သင်ခွင့်ရမှာပါ။
International Schools အလုပ်ဝင်နေတဲ့ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ Teachers တွေ သင်မှာပါ။
✅ကိုယ့်သားသမီးရဲ့ တစ်နေ့စာ work လေးတွေကို မိဘတွေသိခွင့်ရအောင်၊ ဆရာဆရာမတွေနဲ့ တိုင်ပင်လို့ရအောင် စနစ်လေး၁ခုလည်း လုပ်ပေးထားပါတယ်။
ကိုယ့်သားသမီးကို လူမနည်းမများ ဝိုင်းပုံစံလေး သင်ချင်ရင်တော့ Kapable English မှာ လာအပ်ကြည့်ပါ။
အသက် ၅ နှစ်က စလို့ လက်ခံနေပါပြီ။
သင်တန်းရက် Sat & Sun
အချိန်. 3:30 pm to 5:30 pm
ရာသီပူလာရင် အချိန်အပြောင်းအလဲ ရှိပါမယ်ခင်ဗျ။
63A, 105× 106 , ချမ်းမြသာစည်၊ မန္တလေးမြို့။
ဆရာအပြင်ရောက်နေတတ်လို့ သင်တန်းကို လူကိုယ်တိုင်မလာခင် Viber သို့မဟုတ် Phone နဲ့ တဆင့် ဆက်သွယ်ပေးပါခင်ဗျ။
09962250117
16/02/2025
16 ရက်နေ့ အတန်းတွေပါ။
28/12/2024
Tr ၂ယောက်ခွင့်ယူထားလို့ အတန်းပေါင်းသင်လိုက်ရပါတယ်၊ မနက်ဖြန် ပိတ်ပါတယ်ခင်ဗျ။
25/12/2024
Christmas Gift Exchange ပွဲလေး 😀
01/09/2024
Sep 1 classes
IELTS Reading Book 17 က Test 1 ကို လေ့လာကြည့်ရအောင်
ကွက်လပ်ဖြည့် Q 1 to 2 ကို အရင်ကြည့်ကြပါမယ်။
ONE WORD ONLY ဆိုပြီး Instruction ပေးထားပါတယ်။
The problem
Q1. The ____ of London increased rapidly between 1800 and 1850.
Step 1 . မေးခွန်းမှာ Keywords ရှာပါ။ ၁ကြောင်းလုံးပါပဲ။
Step 2. Passage ထဲမှာ အဖြေရှာ
ပထမအကြောင်းမှာတင် တွေ့ပါတယ်။ ဒဲ့တော့ မပေးထားပါခင်ဗျ၊ အပေါ်က keywords တွေက်ု paraphrase ထားတဲ့ ပုံပြောင်းအနက်တူ Phrases တွေကို ရှာရမှာ ဖြစ်ပါတယ်။
In the first half of the 1800s, London's population grew at an astonishing rate,...
အဖြေကို လွယ်လွယ်နဲ့ တွေ့နိုင်ပါတယ်။
The population of London = London's population
grew at an astonishing rate = increased rapidly
bet. 1800 & 1850 = In the first half of the 1800s
astonishing ကို မသိရင်တောင် အဖြေက ပေါ်နေပါပြီ။
_
The proposed solution
Q.2. Building the railway would make it possible to move people to better housing in the _.
ထုံးစံအတိုင်း Q မှာ Keywords ရှာ Passage နဲ့ သွားတိုက် ၊ ဒဲ့တော့ မပေးထားပါ။
"The proposed solution" နဲ့တူတဲ့ advocates for a solution ဆိုတဲ့ keywords ကို 2nd paragrapgh ရဲ့ 1st line မှာ တွေ့ပါတယ်။
advocate ဆိုတာ propose ပါ ပဲ။
ဒါကို မသိလည်း ကိစ္စတော့မရှိဘူး။
Solution ကိုတွေ့ရင် အဖြေက ဒီအပိုဒ်မှာပဲ ဆိုတာ လွယ်လွယ်ကူကူ ခန့်မှန်းလို့ရပြီ။
"Building the railway" နဲ့ အဓိပ္ပါယ်တူတာကို ဆက်ရှာကြည့်တော့ 2nd paragraph ရဲ့ 2nd line မှာ တန်းတွေ့ပါတယ်၊ သိပ်အပင်ပန်းခံစရာတောင် မလိုပါဘူး။
Building an underground railway ဆိုပြီး တိုက်ရိုက်ပေးထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ လိုချင်တဲ့အဖြေက နီးလာပါပြီ၊ ဆက်ရှာလိုက်တဲ့အခါ ကပ်ရပ်က 3rd line မှာပဲ
Relocate the poor workers who lived in the inner-city slums to newly constructed suburbs,
Relocate the poor... to ဆိုတာ move people to ပါပဲ
Newly constructed ဆိုတာ better housing နဲ့ တိုက်ရိုက်မဟုတ်တောင် သဘောသဘာဝတူပါတယ် ။
အဖြေက suburbs ဖြစ်ပါတယ်။ ဒီနေရာမှာ suburbs ဘာလဲမသိလဲ ခန့်မှန်းဖြေလို့ရပါတယ်။
Relocate ဆိုတာ တော့ သိရပါမယ်။
IELTS ဖြေနည်းတွေက အကုန် ဒီအတိုင်းပါပဲ၊ Passage 1 ဖြစ်တဲ့အတွက် လွယ်ပါတယ်။ Vocab သိတဲ့လူက အဖြေကိုလွယ်လွယ်ရှာနိုင်ပါတယ်၊ Skimming, Scanning ဆိုတာ အထွေအထူး သင်စရာတောင် မလိုပါဘူး။
May လမှာဖွင့်မယ့် Academic Reading Booster အတန်းကို လာတက်ရင် Vocab တွေ အများကြီး သိလာပါလိမ့်မယ်။
https://t.me/CapableEnglish/983
__
လူဦးရေ ၅ ယောက် ပဲ လက်ခံတဲ့ English 4 skills Online အတန်းတွေကို သင်တန်းကြေး သက်သက်သာသာနဲ့ May 13 မှာ ဖွင့်ပါတော့မယ်။ 😀
✨အတန်းထဲမှာ စကားပြောချိန်များများလိုချင် သူတွေအတွက်ပါ ။ မှန်မှန်ကြိုးစားသူတွေအတွက် ရလာဒ်ကိုလည်း အာမခံ ပါတယ်။ ✨
___
Kapable English ရဲ့ Unique ဖြစ်တဲ့ Service တွေကို အသိပေးပါရစေ။
🎇 English Novels တွေဖတ်ပြီး Reviews/Analysis ပြန်ရေးရပါမယ်
🎇 သင့်ရဲ့အားထုတ်မှုတိုင်းအတွက် Report Card ထားရှိပြီး Feedback နဲ့တကွ သေချာမှတ်တမ်းတင်ထားပါတယ်
🎇Academic Career ရဲ့ အသက်ဖြစ်တဲ့ Reading Speed ကို Train ပေးပါတယ်
🎇AI ကို စနစ်တကျသုံးတတ်ဖို့ သင်ပေးပါမယ်
🎇 Audio assignment တွေပေးတာမို့လို့ အတန်းချိန်ပြင်ပမှာလည်း English လိုပြောထားတဲ့ Recording ကို အိမ်စာထပ်ရပါမယ်
🎇Speaking ကို Face to face စာမေးပွဲစစ်ပြီး ကျန်တဲ့ Skills တွေကို Software နဲ့ စစ်ပါမယ်
🎇Translation နဲ့ Presentation များလည်း လူတိုင်းမဖြစ်မနေလုပ်ရပါတယ်
🎇သင့် မှတ်တမ်းတွေအကုန်လုံး Software နဲ့ သိမ်းထားပေးမှာဖြစ်တဲ့အတွက် ကျောင်းသားတစ်ဦးချင်းစီအပေါ် အလေးထားဂရုစိုက်မှုကို သိနိုင်ပါတယ်
__
(May 13 ) မှာ ဖွင့်မယ့် Online အတန်းတွေကတော့
1. Pre-inter Part 1 ( 4 Skills)
8 to 9 pm
2. Pre-inter Part 2 (4 Skills)
9 to 10 pm
3. Inter Part 1 (4 Skills)
9 to 10 pm
4. Inter Part 2 ( 4 Skills)
8 to 9 pm
5. Academic Reading (Booster Course)
8 to 9 pm
6. Academic Reading (University Preparatory Course)
8 to 9 pm
__
🎆Monday to Friday ဖြစ်ပြီး နာရီ ၅၀ ( ၂လခွဲ ) ကြာမှာဖြစ်ပါတယ်။
🎆July 23 မှာ Course ပြီးပါမယ်။
🎆Speakout 2nd Edition ကို Core Textbook အနေနဲ့ သုံးပါတယ်။
🎆Level Test စစ်ပေးမှာပါ။
🎆သင်တန်းကြေး 160,000 kyats ထဲပါ။
🎆အသေးစိတ် ဆွဲထား တဲ့ Course Overviews တွေကို အောက်ပါ link မှာ Down ပြီးကြည့်နိုင်ပါတယ်။
https://t.me/CapableEnglish/985?single
🎆ကျောင်းသားဟောင်းတွေရဲ့ Writing လက်ရာတွေလည်း တောင်းယူနိုင်ပါတယ်။
🎆Messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
___
သင်ရိုးရေးဆွဲသူနဲ့ 4 skills Assessment လုပ်ပေးမယ့် ဆရာ
Dr. Kaung Pyae Sone
B.D.S (Mdy)
D.Phil (MU)
D.A.Psy (MU)
P.G.D.E (MUFL)
D.E.L.T (MU)
1st Yr, M.Sc, Nutrition & Dietetics (UOB, UK)
IELTS Reading Score - Band 9 (Self-study)
___
Pre-inter ဦးစီးသင်ကြားမယ့် ဆရာမ
Tr. Hnin Lei Wai
🎇Bachelor of arts in Tourism Management (Mandalar University)
🎇Certificate in TEFL/TESOL (World TESOL Academy)
🎇Participated in the JENESYS 2.0 Cultural Exchange Program 2015 (Japan)
🎇Dip in English Language Teaching (Candidate)
___
Intermediate အတန်းတွေကို ဦးစီးသင်ကြားမယ့် ဆရာ
Sayar Aung Thura Phyo
🎆Diploma in Teacher Education.
🎆Certificate in TESOL, Ariozona State University.
🎆Cambridge TKT, core modules.
___
🎏May 13 မတိုင်ခင် Bridge Lessons တွေပါ အချိန်ပို သင်ပေးမှာမို့လို့ စောစော အပ်ထားရင် အဆင်ပြေမှာပါ။
🎏အချို့အတန်းတွေကတော့ နေရာသိပ်မကျန်တော့ပါဘူးခင်ဗျ။
🎏 University သွားမယ့် (တက်ဆဲ) ကျောင်းသားတွေအတွက်လည်း Level အလိုက် လူဦးရေ ကန့်သတ်ထားတဲ့ Online Academic Reading အတန်းတွေအကြောင်းလည်း အသေးစိတ်ထပ်မံ စုံစမ်းနိုင်ပါတယ်ခင်ဗျ
😀
27/04/2024
Today Classess 😀
25/04/2024
17ရာစု က စာပေလက်ရာ၁ခုကို လေ့လာကြည့်ရအောင်
Of Studies
by Francis Bacon (1625)
Studies serve for delight, for ornament, and for ability.
လေ့လာသင်ယူခြင်း က ကြည်နူးစိတ်၊ အသိပညာအဆင်တန်ဆာ နဲ့ တတ်ကျွမ်းမှုစွမ်းရည်တွေကို ဆောင်ကျဥ်းပေးတယ်။
Their chief use for delight is in privateness and retiring;
သင်ယူမှုကရလာတဲ့ ကြည်နူးစိတ်ဟာ တစ်ကိုယ်ထဲရှိနေစဥ် နဲ့ အလုပ်မှအနားယူချိန်တွေမှာ အဓိက သိသာတယ်။ (တစ်ကိုယ်ထဲ စာဖတ်တွေးတောတာမျိုး)
for ornament, is in discourse;
သင်ယူမှုကြောင့် ရရှိတဲ့ ပညာအဆင်တန်ဆာ က အခြားလူတွေနဲ့ စကားပြောတဲ့အခါမှာ ပေါ်လွင်တယ်။ (စကားကြွယ်မယ်၊ ပါးနပ်မယ်)
and for ability, is in the judgment and disposition of business.
တတ်ကျွမ်းမှုစွမ်းရည်ကတော့ ဆုံးဖြတ်ချက်ချတဲ့အခါ နဲ့ စီးပွားရှာတဲ့နေရာတွေမှာ အရေးပါတယ်။
For expert men can execute, and perhaps judge of particulars, one by one;
ကျွမ်းကျင်သူတွေက လုပ်ငန်းတွေကို ပြီးမြောက်အောင် စီရင်နိုင်တယ်၊ တစ်ခုပြီးတစ်ခု အသေးစိတ်လိုက်ပြီး အောက်ခြေကနေ လုပ်နိုင်ကောင်း လုပ်နိုင်မယ်။
but the general counsels, and the plots
and marshalling of affairs, come best from those that are learned.
ဒါပေမယ့် ကျယ်ပြန့်တဲ့ အကြံပေးမှုတွေ၊ အစီစဥ်ရေးဆွဲမှုတွေနဲ့ ကိစ္စတွေကို မဟာဗျူဟာမြောက် ကိုင်တွယ်နိုင်မှုတွေကိုတော့ ပညာလေ့လာလိုက်စားသူတွေကပဲ အကောင်းဆုံး လုပ်နိုင်ပါတယ်။
To spend too much time in studies is sloth;
လေ့လာသင်မှုမှာပဲ အချိန်တွေကုန်ဆုံးနေမယ်ဆိုရင်တော့ လူတွေက ထိုင်းမှိုင်းသွားမယ် (အမြဲတမ်းစာအုပ်ပဲ ထိုင်ဖတ်နေရင် ပျင်းသွားမယ်)၊
to use them too much for ornament, is affectation;
အဆင်တန်ဆာအနေနဲ့ အလွန်အကျွံသုံးတာက သမားဂုဏ်ပြခြင်းပဲဖြစ်တယ်၊ (စာတွေဖတ်ပြီး စကားကြီး စကားကျယ်ပြောရင် ကြွားဝါတာဖြစ်သွားပြီ)
to make judgment wholly by their rules, is the humor of a scholar.
ကိစ္စတိုင်းကို စည်းမျဥ်းဥပဒေသတွေနဲ့ပဲ ဖြေရှင်းတာက သုတေသီဆန်လွန်းတယ် ( စာအုပ်ကြီးဆန်တယ်)။
They perfect nature, and are perfected by experience:
သင်ယူခြင်းဟာ ပင်ကိုယ်ဗီဇကို ပိုမိုကောင်းမွန်စေတယ်၊ သင်ယူခြင်းကိုတော့ အတွေ့အကြုံက ပိုမိုပြီးပြည့်စုံအောင် လုပ်ပေးတယ်။
for natural abilities are like natural plants, that need pruning, by study;
သဘာဝသစ်ပင်တွေ အပင်သန်လှပအောင် ကိုင်းဖြတ်ပုံဖော်မှုလိုသလိုပဲ ပင်ကိုယ်စွမ်းရည်များကို ပိုမိုထက်မြတ်လာအောင် သင်ယူလေ့လာဖို့လိုတယ်။
and studies themselves do give forth directions too much at large, except they be bounded in by experience.
အတွေ့အကြုံနဲ့ အထိန်းအကွပ် မလုပ်ရင် သင်ယူလေ့လာခြင်းမှာ ဦးတည်ချက်တွေ ပြန့်ကျဲလွန်းနေတယ်။ (ဤနေရာမှာ Studies ဆိုတာ စာဖတ်ခြင်းကို အဓိကပြောတာဖြစ်နိုင်)
Crafty men condemn studies, simple men admire them, and wise men use them;
လူလည်တွေက ပညာရှာမှီးခြင်းကို အပြစ်တင်ကြတယ်၊ သာမန်လူတွေက ချီးမွမ်းတယ်၊ ပညာရှိတွေက ပညာကို ဘဝတိုးတက်ရေးအတွက် ပြန်အသုံးပြုတယ်။
for they teach not their own use;
ဘာလို့လဲဆိုတော့ စာပေတွေမှ သင်ယူလေ့လာခြင်းသပ်သပ်ကတော့ လူတွေကို လက်တွေ့ပြန်လည် အသုံးပြုဖို့ ပြောမထားဘူး။ ( စာဖတ်ခြင်းသပ်သပ်ကတော့ စာဖတ်နေတာပဲဖြစ်တယ်၊ ပြန်လည်အသုံးချမှုက ကိုယ်နဲ့ပဲဆိုင်)
but that is a wisdom without them, and above them, won by observation.
အဲ့ဒီစာပေတွေက လေ့လာတာထက် ပိုသာလွန်တဲ့ ဥာဏ်ပညာ ရှိသေးတယ်၊ အဲဒါကတော့ ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံကနေ လေ့လာဆည်းပူးခြင်းပါ။
Read not to contradict and confute;
အများနဲ့ငြင်းခုံဖို့ သူများအမှားရှာဖို့လောက် နဲ့တော့ စာမဖတ်နဲ့။
nor to believe and take for granted;
မျက်စိမှိတ်ပြီး စာအုပ်တွေပြောသမျှလည်း လက်မခံနဲ့။
nor to find talk and discourse;
စကားကြီးစကားကျယ်ပြောဖို့ အတွက်လည်း မဖြစ်စေနဲ့။
but to weigh and consider.
စာကို ချင့်ချိန် စဥ်းစားနိုင်စွမ်းအတွက်ပဲ ဖတ်ပါ။
__
ဆက်ရန်
Telegram 👇😃
1597 က ရေးထားတဲ့ Francis Bacon ရဲ့ Of Studies ဆိုတဲ့ essay ကို ပြီးခဲ့တဲ့ 4 skills အတန်းမှာ ဖတ်ခဲ့တဲ့ မှတ်တမ်းလေးပါ၊ ပထမပိုင်းဖြစ်ပါတယ်။
ရှေးဟောင်းစာပေ ဖတ်ဖူးအောင် စိတ်ဝင်စားလာအောင် ထိတွေ့ခွင့်ပေးတာပါ၊ သင်ရိုးနဲ့တော့မဆိုင်ပါဘူး။
___
စာရင်းပေးထားတဲ့အချို့ လာမအပ်တဲ့အတွက်
4 skills အတန်းတွေ နေရာအချို့ လွတ်ပါသေးတယ်၊ လာအပ်လို့ရပါသေးတယ်ခင်ဗျ။
Reading Booster အတန်းကတော့ ၂ နေရာပဲ ကျန်ပါတော့တယ်၊
နေရာမချန်ပေးတော့ပါဘူး၊ ဦးရာလူစနစ်ပါခင်ဗျ။
သင်တန်းအကြောင်းကို Telegram မှာ အသေးစိတ်ဖော်ပြထားပါတယ်ခင်ဗျ
https://t.me/CapableEnglish
13/04/2024
Last Week 😀
09/03/2024
နွေပိတ်ရက်မှာ ကျောင်းသားသစ်တွေတိုးလာသလို Teacher အင်အားလည်း ဖြည့်ထားပါတယ်ခင်ဗျ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
၆၃ A လမ်း၊ ၁၀၅ × ၁၀၆ကြား၊ သူနာပြုတက္ကသိုလ်အနောက်ဘက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
Mandalay