Middle Manner Legal Services

Middle Manner Legal Services

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Middle Manner Legal Services, Legal Service, D/157 , 67 Street, between 104 & 105 st, Myothit(1)Qtr: Chanmyathazi Township, Mandalay.

16/05/2023

မူပိုင်ခွင့်ဦးစီးဌာန၏ (၁၆.၅.၂၀၂၃) နေ့စွဲပါ
အသိပေးကြေညာချက်အရ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်သွင်းလျှောက်ထားရာ၌ ပထမဦးစားပေးကာလတွင် တင်သွင်းလျှောက်ထားခဲ့ပြီးသော
ကုန်အမှတ်တံဆိပ်များအား ယခင်က(၃၁.၅.၂၀၂၃)နေ့
နောက်ဆုံးထား၍ ငွေသွင်းရန် သတ်မှတ်ထားခဲ့ရာမှ
ယခုအခါ (၃၀.၆.၂၀၂၃) နေ့ နောက်ဆုံးထား၍
ငွေသွင်းရန် ပြောင်းလဲတိုးမြှင့်သတ်မှတ်ထားပါကြောင်း မိတ်ဆွေများအား အသိပေးအပ်ပါသည်...

Photos from IP Myanmar's post 17/12/2020
Photos from Middle Manner Legal Services's post 07/11/2020
Photos from Middle Manner Legal Services's post 02/11/2020

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများတိုးတက်စေရန် အလို့ငှာ မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို ပြဌာန်းပြီး ဖြစ်ပါသည်။

မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ ဖြစ်ကြသည့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရိီလ၊ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ( ၂/၂၀၁၉ )အရ လည်းကောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကို၂၀၁၉ခုနှစ်၊ ဇန်နဝါရိီလ၊ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ( ၃/၂၀၁၉ )အရ လည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ၊ ၁၁ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ( ၇/၂၀၁၉ )အရ လည်းကောင်း ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကို ၂၀၁၉ခုနှစ်၊ မေလ၊ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ( ၁၅/၂၀၁၉ )အရ လည်းကောင်း အသီးသီး ပြဌာန်းပြီး ဖြစ်ပါသည်။
မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ၏ သက်ဆိုင်ရာ နည်းဥပဒေများ မထွက်ရှိသေးသော်လည်း ၎င်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ၏ ပုဒ်မ (၄) ၊ ပုဒ်မခွဲ (က) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ် ( ၁၈/၂၀၂၀ ) အရ အလုပ်အမှုဆောင် (၃၀)ဦး ဖြင့် တရားဝင် ဖွဲ့စည်းပြီးကြောင်းကို ဗဟုသုတရစေရန် အလို့ငှာ မျှဝေပေးလိုက်ရပါသည်။

#၂-၁၁-၂၀၂၀

Photos from Middle Manner Legal Services's post 31/10/2020

ကုန်အမှတ်တံဆိပ်များပြန်လည်မှတ်ပုံတင်ရာတွင်အောက်ဖော်ပြပါမည်သည့်အချက်အလက်များကိုမဆိုအထောက်အထားအဖြစ်လျှောက်လွှာနှင့်တကွပူးတွဲတင်ပြနိုင်ပါသည်။

Photos from Middle Manner Legal Services's post 29/10/2020

မိတ်ဆွေများခင်ဗျာ.........

ကုန်အမှတ်တံဆိပ်ပြန်လည်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီးစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏၂၀၂၀ခုနှစ်၊ဩဂုတ်လ(၂၈)ရက်နေ့ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၆၃/၂၀၂၀)အရအမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားမှုများအား၂၀၂၀ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့ကတည်းကပင်စတင်လက်ခံနေပြီဖြစ်ပါတယ်။ယခင်(First to Use)(အသုံးပြုသူဦးစားပေး)စနစ်မှယခု(First to File)(မှတ်ပုံတင်လျှောက်ထားသူဦးစားပေး)စနစ်သို့ပြောင်းလဲလာပြီဖြစ်သည့်အတွက်မိတ်ဆွေတို့၏အမှတ်တံဆိပ်များကိုပြန်လည်မှတ်ပုံတင်ရန်လိုအပ်လာပါပြီ။
ယခင်ကမြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများ(နေပြည်တော်၊ရန်ကုန်၊မန္တလေး)နှင့်မြေစာရင်းရုံးများ(နယ်မြို့များ)မှာကုန်အမှတ်တံဆိပ်မြွက်ဟကြေညာစာတမ်းအဖြစ်မှတ်ပုံတင်ထားမှုတွေကိုယခုကုန်အမှတ်တံဆိပ်ဥပဒေ(၂၀၁၉)အရမူပိုင်ခွင့်ဌာနမှာပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ယခင်ကမှတ်ပုံတင်ထားမှုဟာအလဟဿဖြစ်မသွားပါဘူး။ကနဦးလက်ခံမှုမှာဦးစားပေးအခွင့်အရေးအနေနဲ့မူပိုင်ခွင့်ဌာနကနေမှတ်ပုံတင်ဖို့စတင်လက်ခံပေးနေပါပြီ။ယခင်ကစာချုပ်စာတမ်းရုံးများမှာမှတ်ပုံတင်ထားခြင်းမရှိပေမဲ့လည်းဈေးကွက်မှာအမှန်တကယ်လက်ရှိအသုံးပြုနေတဲ့အမှတ်တံဆိပ်ပိုင်ရှင်များဟာလည်းယခုဦးစားပေးအခွင့်အရေးမှာအကျုံးဝင်နေတဲ့အတွက်မှတ်ပုံတင်ရန်လျှောက်ထားလို့ရပါပြီ။
မူပိုင်ခွင့်ဌာနဘက်ကမှတ်ပုံတင်လျှောက်ထားမှုတွေကိုယခုကနဦးကာလမှာတော့အဆင့်(၂)ဆင့်ခွဲပြီးလက်ခံပေးသွားမယ်လို့သိရပါတယ်။ပထမအဆင့်မှာတော့အမှတ်တံဆိပ်ပိုင်ရှင်ကိုယ်တိုင်လျှောက်လို့မရသေးပါဘူးခင်ဗျာ။အမှတ်တံဆိပ်မှတ်ပုံတင်ဆောင်ရွက်မှုတွေကိုဝန်ဆောင်မှုပေးလျက်ရှိတဲ့လုပ်ငန်း၊ကုမ္ပဏီ၊ဥပဒေအကျိုးဆောင်အဖွဲ့တွေကနေတစ်ဆင့်အပ်ပြီးOnlineကနေမှတ်ပုံတင်လျှောက်ထားနိုင်ပါတယ်။နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့အမှတ်တံဆိပ်ပိုင်ရှင်များစုပြုံလျှောက်ထားမှုတွေကိုစနစ်တကျဖြစ်စေချင်တဲ့သဘောလို့ပဲယူဆပါတယ်။မူပိုင်ခွင့်ဌာနဘက်ကနေလည်းအထက်ဖော်ပြပါအဖွဲ့အစည်းတွေကို (၁.၁၀.၂၀၂၀)နေ့ရက်မတိုင်ခင်အထိ အမှတ်တံဆိပ်လျှောက်ထားပုံအဆင့်ဆင့်နှင့်ပက်သက်ပြီး Online ကနေတစ်ဆင့်Training များပေးခဲ့ပြီး WIPO File Account များလည်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ဒီနေရာမှာ WIPO File Account ဆိုတာကိုရှင်းပြချင်ပါတယ်။အဲ့တာကတော့Online ကနေတစ်ဆင့်မှတ်ပုံတင်လျှောက်ထားမှုတွေဆောင်ရွက်ဖို့ရာအတွက်မူပိုင်ခွင့်ဌာန၊စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်း၊ကုမ္ပဏီ၊Law Firmများကို ပေးအပ်ထားသည့် Online Filing Account (Onlineမှတစ်ဆင့်မှတ်ပုံတင်လျှောက်ထားနိုင်သည့် Account) တစ်ခုပဲဖြစ်ပါတယ်။ဒုတိယအဆင့်မှာတော့အမှတ်တံဆိပ်ပိုင်ရှင်တွေကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားလှယ်ဖြင့်ဖြစ်စေမူပိုင်ခွင့်ဌာန(နေပြည်တော်)ကိုလူကိုယ်တိုင်သွားရောက်​ပြီးမှတ်ပုံတင်လျှောက်ထားနိုင်ပါတယ်။
မှတ်ပုံတင်လျှောက်ထားမှုအားသတ်မှတ်ချက်များနှင့်ပြည့်စုံမှုရှိ/မရှိစစ်ဆေးပြီးပြည့်စုံမှသာအခကြေးငွေပေးသွင်းလို့ရမှာပါ။ယနေ့အချိန်ထိတော့မှတ်ပုံတင်လျှောက်ထားမှုများနှင့်သက်ဆိုင်တဲ့အခကြေးငွေနှုန်းထားများ၊ကုန်အမှတ်တံဆိပ်နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများကစာဖြင့်တရားဝင်မထွက်လာသေးပါဘူး။ကုန်အမှတ်တံဆိပ်ဥပဒေရဲ့ပုဒ်မ(၁)ပုဒ်မခွဲ(ခ)အရဤဥပဒေသည်နိုင်ငံတော်သမ္မတကအမိန့်ကြေညာစာဖြင့်သတ်မှတ်သည့်နေ့ရက်တွင်စတင်အာဏာတည်စေရမည် လို့ပြဌာန်းထားပါတယ်။ယခုအခြေအနေရ နိုင်ငံတော်သမ္မတကနေအမိန့်ကြေညာစာဖြင့်မသတ်မှတ်ရသေးသည့်အတွက်ကုန်အမှတ်တံဆိပ်ဥပဒေ(၂၀၁၉)ကအာဏာမတည်သေးတဲ့သဘောသက်ရောက်နေပါသေးတယ်။ကုန်အမှတ်တံဆိပ်ဥပဒေနှင့်ပက်သက်သည့်ဗဟုသုတရဖွယ်ရာများနှင့်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍သိမှတ်ဖွယ်ရာအဖြာဖြာကိုအလျဉ်းသင့်သလိုဆက်လက်ဖော်ပြပေးသွားပါ့မယ်။
မိတ်ဆွေများအားလုံးသီတင်းကျွတ်အခါသမယမှာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

(၂၉.၁၀.၂၀၂၀)

ကုန်အမှတ်တံဆိပ်ပြန်လည်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍အသေးစိပ်သိလိုသည်များကိုအောက်ပါဖုန်းနံပါတ်များအားဆက်သွယ်မေးမြန်နိုင်ပါသည်။
Middle Manner Legal Services Co.,Ltd
09-798476302,09-797249662

Photo Credit goes to IP Myanmar Page.

29/10/2020
Want your practice to be the top-listed Law Practice in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


D/157 , 67 Street, Between 104 & 105 St, Myothit(1)Qtr: Chanmyathazi Township
Mandalay

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00