Jet Electrical Engineering Group
Inspection & Testing
03/03/2026
Today Inspection & Testing
ဒီနေ့ (၅၀)ကျော် သူငယ်ချင်း ဦးလေးကြီး နှစ်ယောက် (ဦးမြင့်ထွန်း(RSE)နှင့် ကျွန်တော် ဦးဇော်ဝင်းမော်(P.E)တို့သည် လေးထပ်အဆောက်အဦ တစ်ခုကို လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သွားရောက် စစ်ဆေးခဲ့ပါတယ်။
Testings are following;
1, Earth resistance test
2, Insulation resistance test
3, Continuity test
4, Prospective fault current test
5, loop impedance test
6, RCD test
7,Socket test
Inspection & Testing result- - -
1, Visual inspection is good.
2, Earth resistance - 0.63 Ohm, LA- 4.5 Ohms
3 , RCCB ,30mA
Trip- 24mA, 9ms,0'
-24mA,12ms,180'
-×1/2, ×1 ,×5 time are satisfied.
4, MCB,C type 40A
PFC(prospective fault current)-514A.
13 times of MCB rated current.
It can trip within 0.1s.
(BS7671- 230V,0.2s)in TT system.
All results are satisfied.
But---,
L.A down conductor size is 10mm2.
I suggested it to change ---- mm2.
ဘယ်ကြိုးအရွယ်အစားကို ပြောင်းသင့်ပါသလဲဗျ။
*** Inspection& Testing (HT,LT)နှင့် ပတ်သတ်၍ သိလိုသည်များကို အခမဲ့ ဆွေးနွေးနိုင်ပါတယ်။
သင်၏ အဆောက်အဦအား လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးလိုပါက ဆက်သွယ်လိုက်ပါဗျ။
စံသတ်မှတ်ချက်များနှင့်အညီ စိတ်ချမ်းသာစွာ စစ်ဆေးပေးပါမယ်ဗျ။
092037107,09442037107
အားလုံးစိတ်ချမ်းသာကြပါစေ။
25/02/2026
မိုးကြိုးလျှပ်စီး(lightning strike)ပစ်လို့ အနီးနားမှာ လူရှိရင်သေနိုင်လားလို့ '' ဖုန်းဆက်မေးလာလို့ အားလုံးသိအောင် sharing လုပ်ပေးခြင်းဖြစ်ပါတယ်။
လူကိုတိုက်ရိုက် အပစ်မခံရသော်လည်း Step Voltage ကြောင့် သေနိုင်ပါတယ်လို့ ဖြေခဲ့ပါတယ်။
** Step Voltage ဆိုတာ ဘာလဲ?
Step voltage (Step potential) ဆိုတာက
မြေပြင်ပေါ်မှာ လူတစ်ယောက်ရဲ့ ခြေလှမ်းအကွာအဝေး (ပုံမှန် ~1 meter) အတွင်းမှာ ဖြစ်ပေါ်တဲ့ Voltage difference (ဗို့အားကွာခြားချက်) ကို ဆိုလိုပါတယ်။
မိုးကြိုးလျှပ်စီး( lightning strike)ဟာ air terminal မှတဆင့် down conductor, Down conductor မှတဆင့် မြေကြီးထဲသို့ High current စီးဆင်းသွားပါတယ် (သို့မဟုတ်) မြေပြင်ကို တိုက်ရိုက် ပစ်တဲ့အချိန်မှာလည်း High current က မြေကြီးထဲသို့ စီးဆင်းသွားနိုင်ပါတယ်။
ငှင်း High current က မြေထဲသို့ စီးဆင်းသွားတဲ့အခါ မြေပြင်မှာ Potential gradient (ဗို့အားအဆင့်အတန်းပြောင်းလဲမှု) ဖြစ်ပေါ်လာပါတယ်။
** မြေပြင်မှာ ဗို့အားခြားနားချက်ကြောင့် လူ၊တိရိစ္ဆာန်တို့ကို အန္တရာယ် ဖြစ်ပေါ်နိုင်ပါတယ်။
ဥပမာ- မိုးကြိုးပစ်တဲ့ အနီးနားမှာလူတစ်ယောက်ရှိနေတယ်ဆိုရင်---
လူတစ်ယောက်ရဲ့
ခြေတစ်ဖက်မှာ 3000V
အခြားခြေတစ်ဖက်မှာ 2500V ရှိရင် Voltage difference(ဗို့အားခြားနားချက်) က 500V ဖြစ်ပါတယ်။
ဒီ 500V က လူ့ခန္ဓာကိုယ်ရဲ့
ခြေတစ်ဖက် မှ ကိုယ်ထည် ၊ကိုယ်ထည်မှ တဆင့် အခြားခြေတစ်ဖက် သို့ Current စီးစေနိုင်ပါတယ်။
လူတစ်ယောက်ဟာ 1000 ohms ဆိုပါစို့--
I= V/R
= 500/ 1000 = 0.5A
0.5A( 500mA) စီးဆင်းနိုင်ပါတယ်။
လူတစ်ယောက်ဟာ 30mAဖြတ်စီးခံရရင် 0.5 s အတွင်း သေစေနိုင်ပါတယ်။
ဒါကိုပဲ Step voltage shock လို့ ခေါ်ပါတယ်။
မိုးကြိုးပစ်ချတဲ့နေရာနှင့် ကင်းလွတ်အကွာအဝေးက အကြမ်းအားဖြင့် meter(20), ပေ ၆၀ လောက် ရှိနိုင်ပါတယ်။
အသေးစိတ်သိလိုပါက calculation ဖြင့် တွက်ပြပေးပါမယ်။commentမှာ yesလို့ရေးပေးပါဗျ။
Edit;
step voltageကို သိချင်ရင်
Vr= ρ If / 2×3.14×r
ρ= soil resistivity
If = fault current
r= earth rodမှ အကွာအဝေး
ဥပမာ
ρ= 100 Ohm -meter(မြေအနေအထားကြည့်ပြီးယူရတယ်)
မိုးကြိုးမှာ Lightning protection Level(LPL)လေးခုရှိတယ်
LPL 1 - 200KA
LPL2 - 150KA
LPL3- 100KA
LPL4- 100KA
LPL 2 ဟုယူဆမယ်ဆိုရင် 150KA
လူတစ်ယောက်သည် lightningအတွက်မြေဓါတ်ချထားသော earth rod နှင့် 10Meter အကွာမှာ ရပ်နေတယ်ဆိုပါစို့
E10= 100×150×1000/ 2×3.14×10
= 238.85KV
လူတစ်ယောက်သည် level 2 အဆင့် မိုးကြိုးပစ်တဲ့အချိန်တွင် Earth Rod နှင့် 10meter အကွာ မြေကြီးမှာ ရှိနေမည့် voltage 238.85KV
လူတစ်ယောက် ခြေလှမ်းသည် 1 meterဟုယူဆပါက, Earth rodနှင့် 11 meter ကွာဝေးမည်ဖြစ်ပါတယ်။
E11= 100×150×1000/ 2×3.14×11
= 217.13KV
ထို့ကြောင့် ခြေလှမ်းတစ်ခုနှင့် တစ်ခုကြား voltage= 238.85- 217.13 = 21.72KV
လူတစ်ယောက်သည် 50V ခြားနားချက်ရှိရင်တောင် သေနိုင်ပါတယ်။
မိုးကြိုးLevel အဆင့်(၂)ဖြင့် ပစ်တဲ့အချိန်မှာ 10 meterအကွာတွင် ရှိနေတာတောင်မှ stèp voltageသည် 21.72KV ရှိနေပါတယ်ဗျ။
အန္တရာယ်ရှိပါတယ်။သေစေနိုင်ပါတယ်
ဒီလိုမဖြစ်အောင် ကာကွယ်တဲ့နည်းတွေရှိပါတယ်။
စိတ်ဝင်စားရင် ထပ်ပြောပေးပါမယ်ဗျ။
အာလုံးစိတ်ချမ်းသာကြပါစေ။
Engr, U Zaw Win Maw
14/02/2026
မန္တလေးဘုရားကြီး အတွက် lightning Protection
- Air terminal
- Solid bonding
- Equipotential bonding
- Down conductor metal, size, route
- Nos of down conductor
-Test link boxs
- Earth resistance ( tested with earth resistance tester and loop impedance tester)
- ------
- ------
ဒါလေးတွေကို Discuss လုပ်ခဲ့ပါတယ်၊၊
အားလုံးစိတ်ချမ်းသာကြပါစေ။
14- 2-2026
29/01/2026
မိုးအုံတဲ့အချိန်မှာ Deye က charge လုပ်ပြီး Growattက ဘာလို့ charge မလုပ်တာလဲ?
ဟိုတစ်နေ့က လက်ဖက်ရည်ဆိုင်မှာ အထက်ပါ topic အကြောင်းအရာကို ပြောခဲ့ကြတယ်၊၊
ကျွန်တော်ကတော့ irradiationကြောင့်ဖြစ်မယ်ထင်တယ်လို့ ပြောခဲ့တယ်။
Solar တွေမှာ -
Voltage သည် temperatureနှင့် ပြောင်းပြန်သက်ဆိုင်တယ်
Ampere သည် irradiationတိုက်ရိုက်သက်ဆိုင်တယ်
Temperatureများလွန်ရင် voltage နည်းလာမယ်။
Irradiationများရင် Ampere အထွက်များမယ်။
မိုးအုံနေရင် irradiationအလွန်နည်းပြီး Current မထွက်ဘဲဖြစ်နေပါတယ်။
Solar panelတွေရဲ့ data sheetမှာ STC( standard test condition)အတိုင်းထုတ်လုပ်ထားတယ်လို့ ရေးထားတယ်။
ဆိုလိုတာက irradiationက 1000 w/ m2, temperatureက 25'C, Air mass(AM) 1.5 ဖြစ်ပါတယ်။
Power ဆိုတာက Vနှင့် A မြှောက်ထားတာဆိုတော့ မိုးအုံတဲ့အချိန်မှာ Voltရှိသော်လည်း Ampere အထွက်နည်းတဲ့အတွက်ကြောင့် watt ထွက်တာ နည်းနေခြင်းဖြစ်ပါတယ်။
ထူးခြားချက်က -
Deyeက 50-120Wရှိရင်တောင် charge လုပ်တယ်၊
Growattက 300-500Wattရှိမှသာလျင် charge လုပ်တယ်လို့ လေ့လာသိရှိရပါတယ်။
(ဆရာတို့ရဲ့ ယူဆချက်တွေကတော့ ဘယ်လိုလဲဗျ)
အားလုံးစိတ်ချမ်းသာကြပါစေ။
24/01/2026
Circuit Tracing လိုက်ခြင်းအနုပညာ
အိမ်တစ်အိမ်မှာ ---
- 1 phase မီတာ( ၂)လုံး
- မီးစက် (၁)လုံး
- Inventer( 1)လုံး
- 2 phase step down transformer (1)လုံး
- Selector changeover (4)လုံး
-ATS တစ်လုံး
- Single phase sourceများက step down Transformer သို့ တစ်လိုင်းနှင့် loadသို့ တိုက်ရိုက်တစ်လိုင်း
Electrical installationကို အလွန်တော်သော မီးဆရာတစ်ယောက် တပ်ဆင်ထားတယ်လို့ ထင်ပါတယ်ဗျ။
(လျှပ်စစ်အတွေ့အကြုံ ( ၂၈)နှစ်ရှိတဲ့ ကျွန်တော်တောင်မှ (၄၅)မိနစ်လောက် circuit tracing စစ်လိုက်ရတယ်ဗျ)
Inspection and testing for Electrical safety. Not to be Electric shock and electric fire.
အားလုံးစိတ်ချမ်းသာကြပါစေ။
Today meeting
Owner
Client
Vendor
Developer company
Contractor
Sub- contractor
ဘယ်သူက ဘာလဲပေါ့။
အဲဒီထဲမှာ ကျွန်တော်က consultant ပေါ့
အားလုံးစိတ်ချမ်းသာကြပါစေ။
11/01/2026
Electrical piping % ဘယ်လောက်လဲ?
မနေ့က ငလျင်လှုပ်ပြီးနောက် အဆောက်အဦ ပြန်လည်ပြုပြင်ခြင်းနှင့်ပတ်သတ်သော သင်တန်းတစ်ခုကို ရောက်သွားခဲ့တယ်။
ကျွန်တော်သိချင်သော မေးခွန်းတစ်ခု မေးခဲ့တယ်၊ " Electrical pipe တွေကို conceal သွယ်တန်းတဲ့အခါ Beam (သို့) column ထဲကို pipe % (အရေအတွက်)ဘယ်လောက်ထည့်၍ သွယ်တန်း နိုင်ပါသလဲလို့"မေးခဲ့ပါတယ်။
သင်တန်းဆရာက (8 -12)% ထည့်လို့ ရပါတယ်လို့ဖြေပါတယ်။
* လျှပ်စစ်ဆရာများကလည်း မိမိလုပ်နေသောလုပ်ငန်းတွင် pipe % ဘယ်လောက်ထည့်၍ သွယ်တန်းပါသလဲ?
* အထက်ပါ အဖြေ (% )က မှန်ပါသလား?
* အဖြေကို ဘယ် standard မှာ ကြည့်သင့်ပါသလဲ?
(လျှပ်စစ်ကို စနစ်တကျ သွယ်တန်းစေလိုခြင်း ဆန္ဒဖြင့်)
အားလုံးစိတ်ချမ်းသာကြပါစေ။
Jet electrical engineering group
သူကလည်း Circuit Breakerလိုဘဲလားတဲ.?
ညီငယ်အင်ယာတစ်ယောက် မေးတဲ့ မေးခွန်း၊
Circuit breakerမှာ
- In
- Icu
- Ics
-Icw
ပါသလိုမျိုး
Inventer မှာလည်း
-Rated output current
- Max, rated output current
- Max, unbalanced output current
- Max, output passthrough current တို့က တူသလားတဲ့
ဖြေကြည့်ကြပါအုံးဗျ၊၊
အားလုံးစိတ်ချမ်းသာကြပါစေ။
21.12.2025
Jet Zaw Gyi
AC လား?, DCလား?
ညီငယ် အင်ယာတစ်ယောက်က မေးလို.ပါ၊၊
** Solar inventerရဲ.body က ထွက်လာတဲ့ leakage voltage က AC လား? ၊ DCလား?
** အန္တရာယ်ရှိနိုင်သော voltage က ဘယ်လောက်လဲ? တဲ့ဗျ။
ဖြေကြည့်ကြပါအုံးဗျ။
အာလုံးစိတ်ချမ်းသာကြပါစေ။
Jet Electrical engineering group
09/12/2025
** Circuit Breaker က micro second အတွင်း trip ဖြစ်နိုင်သလားတဲ့ **
သင်တန်းတစ်ခုမှာ SPD( Surge protective Device)အကြောင်း ဆွေးနွေးနေရင်း သင်တန်းသား တစ်ယောက်က ထပြီးမေးပါတယ် ** 10A, Circuit Breaker ကို 1500A လောက် ဖြတ်စီးသွားရင် 10us(0.00001)s အတွင်း Circuit Breakerက trip ဖြစ်နိုင်သလားတဲ့ဗျ **
လျှပ်စစ်ဆရာတို့ရဲ့ အဖြေက (Yes or No) ဘာဖြစ်မလဲဗျ
ကျွန်တော်ရဲ့အဖြေကတော့(---).
အားလုံးစိတ်ချမ်းသာကြပါစေ။
Engr, U Zaw Win Maw
B.E(EP), P.E(BS)
21/10/2025
STC နှင့် NOCT ကို ဘာလို့SOLAR PANEL မှာ ရေးထားတာလဲ?
1** STC (Standard test condition)
- 1000W/ m2 ( irradiance)
- cell temperature 25'C
- AM 1.5( air mass)
2*** NOCT( Nominal Operating Cell Temperature)
- Irradiance=800W/ m2
- wind speed 1m/s
- ambient temperature 20'C
- Cell temperature 45'C
ထိုနှစ်ခုကို ဘာကြောင့်ပေးထားတာလဲ။
Calculation တွက်မည်ဆိုပါက ဘယ်လို အသုံးချရမယ်လဲ။
( ချစ်ညီအစ်ကိုတို့ commentမှာ ဆုံကြမယ်)
အားလုံးစိတ်ချမ်းသာကြပါစေ။
Edit;
ဥပမာ
Solar panelက 585W ဆိုပါစို့
မန္တလေးအပူချိန်ကို 42C' လို့ယူဆမယ်ဆိုရင်,
STC = 25°C →
အခု NOCT condition မှာ ambient 42°C ဆိုတာနဲ့,
cell temperature ကို ခဏ မှန်းကြည့်ရအောင်။
Normally cell temperature ≈ ambient + (NOCT – 20) × (irradiance / 800)
ဒါပေမဲ့ သာမာန် NOCT = 45°C( ယူဆမယ်)
NOCT မှာ ambient 20°C → cell 45°C → ΔT = +25°C
အခု ambient 42°C ဆိုတော့
cell ≈ 42 + 25 = 67°C
➡ temperature rise = 67 − 25 = 42°C
Temperature cofficientကို 0.35%/ C' လို့ ယူဆမယ်
🔻 Power reduction
Power drop = 42°C × 0.35\% = 14.7\%
P_{NOCT} ≈ 585 × (1 − 0.147) = 585 × 0.853 ≈ 499 W
ပတ်ဝန်းကျင်အပူချိန် 42°C မှာ NOCT အခြေအနေအပေါ်မူတည်ပြီး
585 W panel သည် အနည်းဆုံး ≈ 500 W သာ ထုတ်ပေးနိုင်တယ်။
(ဆိုလိုတာက ထို 42C' မှာ အပူချိန်ကြောင့် 85W လောက် power lossessဖြစ်သွားပါတယ်ဗျ
Engr, U Zaw Win Maw
21-10-2025
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay