Free Dam VLOG
မဂ်လာ
#ကိုးကွယ်မှုသာ_မှန်ကန်ပါစေ
============
ဗုဒ္ဓဘာသာလို့အမည်ခံထားပြီး ဘုရားကို
ကိုးကွယ်နေကြသော်လည်း ဘုရားရဲ့
ဉာဏ်တော်ကိုမယုံကြည်၊
ဘုရားအဆုံးအမ
အတိုင်းမလိုက်နာလျှင် ကိုးကွယ်တယ်လို့
ခေါ်လို့မရပါဘူး။
"ဘယ လာဘ ကုလ ကြည်ဝေး၊
သံသရာဘေးမှ လွတ်ရေးရည်မျှော်"
လို့ဆိုသည့်အတိုင်း ဘုရားကိုကိုးကွယ်တဲ့အခါ
-ကြောက်လို့ကိုးကွယ်တာမဖြစ်ရဘူး။
-လာဘ်လာဘလိုချင်လို့ကိုးကွယ်တာမဖြစ်ရဘူး။
-မျိုးရိုးစဉ်ဆက်ကိုးကွယ်လို့ကိုးကွယ်တာမဖြစ်ရ
ဘူး။
သံသရာဝဋ်ဆင်းရဲကလွတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ပဲ ကိုးကွယ်ရပေမည်။
(လုပ်သင့်၊မလုပ်သင့်ဆိုတဲ့ ဟိတနဲ့အဟိတ ခွဲခြား
သိဖို့ပဲ)
ခုခေတ်တော့ လူတော်တော်များများက လမ်းလွဲနေကြတယ်။လာဘ်လာဘလမ်းကိုလိုက်တာကများနေကြတယ်။
အခုတလော...
နဂါးသိုက်ကိုးကွယ်သူတွေပိုများတာတွေ့နေရ
တယ်။အထူးသဖြင့်တော့ ထိုင်းနိုင်ငံဘက်မှာပေါ့။
လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက
မင်းဘူး သွား တော့ " နဂါးပွက်အိုင် "
ကိုရောက်ခဲ့တယ်။
တစ်ကယ်တော့ နဂါးပွက်အိုင်ဆိုတာ
ရွံ့မီးတောင်(မီးတောင်သေ)ကြီးပါ။
သို့သော်...
လူတွေက နဂါးရှိပါတယ်၊ဆုတောင်းပြည့်ပါတယ်
ဆိုပြီး ပန်းတွေ ကပ်ကြ၊နွားနို့တွေဝယ်ပြီးလှူကြနဲ့
အနောက်နိုင်ငံက လူတွေမြင်ရင် ဟာသတစ်ခုအနေ
နဲ့မြင်မှာ သေချာလှပါတယ်။
အခုလည်းဂျပန်နိုင်ငံက လိင်ဖျော်ဖြေရေး
S*x Doll ကို
ကိုးကွယ်စရာနတ်အနေနဲ့ ပူဇော်ကိုးကွယ်နေတာ
တွေ့ရတယ်။မှန်ကန်မှုရှိလား မရှိဘူးလားဆိုတာ
ဘယ်သူမှမစဉ်းစားကြတော့ဘူး။
စီးပွားဖြစ်မယ်၊ဆုတောင်းပြည့်မယ်ဆိုရင်
မျက်စိစုံမှိတ်ကိုးကွယ်ကြတော့တာပဲ။
ဒီလိုမျက်ကန်းယုံကြည်မှုမျိုးဟာ အလွန်အန္တရာယ်
ကြီးပါတယ်။
ဘုရားကိုကိုးကွယ်တယ်ဆိုတာ
စီးပွားတက်ဖို့မဟုတ်သလို မကိုးကွယ်ဘဲ
စီးပွားတက်နေကြတာတွေအများကြီးကို မြင်နေ
တွေ့နေရတော့
လမ်းလွဲကုန်ကြတာလည်းပါတာပေါ့။
တစ်ကယ်တော့…
"အညာဟိ လာဘူပနိသာ၊အညာ နိဗ္ဗာနဂါမိနီ"
တဲ့
အငြိမ်းလမ်းနဲ့ လာဘ်လာဘလမ်းက
ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။
မြတ်စွာဘုရားက အငြိမ်းလမ်းကို ညွှန်ပြပေးရုံပဲ
တတ်နိုင်တာ။
ဘယ်ဘာသာဝင်ပဲလျှောက်လျှောက် လျှောက်တဲ့သူ
ငြိမ်းချမ်းမှုကိုရမှာပဲ။
မြတ်စွာဘုရားက
"မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊
ဖြူအောင်စိတ်ကိုထား" လို့ ဟောကြားထားတာကို
လိုက်နာမယ်ဆိုရင် ဆုတောင်းတာလည်းပြည့်နိုင်
သလို၊အန္တရာယ်လည်းကင်းစေပါတယ်။
နောက်ပြီး…
ကိုယ့်သန္တာန်မှာ သာသနာတည်အောင် ကြိုးစားသင့်
ပါတယ်။
သာသနာတည်တယ်ဆိုတာ ဗောဓိပက္ခိယ
တရား(၃၇)ပါး၊အကျဉ်းချုပ်ရင် မဂ္ဂင်(၈)ပါး၊
ထပ်ချုံ့ရင် နိဗ္ဗာန်ကိုဦးတည်တဲ့
သီလ၊သမာဓိ၊ပညာ သိကခြာ(၃)ပါး၊
ဒီသူတော်ကောင်းတရားတွေကိုယ့်သန္တာန်မှာတည်ရှိ
တာကို ခေါ်ဆိုတာပါ။
သဒ္ဓါတရားရှိပြီးပညာမရှိရင် လမ်းလွဲနေဦးမှာပါပဲ။
ယုံကြည်မှုသက်သက်က အလုပ်မဖြစ်ပါဘူး။
မှန်မှန်ကန်ကန်သိဖို့ လိုအပ်ပါတယ်။
မြတ်စွာဘုရားက...
မဂ္ဂင်ရှစ်ပါးရဲ့ အစမှာ သမ္မာဒိဌိ
(ကောင်းစွာသိမြင်ခြင်း)ကိုထည့်ဟောခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ အရေးအကြီးဆုံးဖြစ်လို့။
အဝိဇ္ဇာ(မသိမှု)ဟာ သံသရာဒုက္ခရဲ့အစမို့လို့။
သံဃာ့ဂုဏ်တော်ထဲမှာ သန္ဒိဌိကော ဆိုတာပါတယ်။
"သန္ဒိဌိကော"
-ဆိုတာကိုယ်တိုင်သိနိုင်တာကိုပြောတာ။
တခြားအယူဝါဒတွေက ကိုယ်တိုင်သိခွင့်မရှိဘူး။
ယုံကြည်မှုနဲ့တင်လမ်းဆုံးတယ်။
ဗုဒ္ဓဘာသာမှာတော့ ကိုယ်တိုင်သိမှုကို ဦးစားပေး
တယ်။
ကိုးကွယ်တဲ့အခါမှာလည်း...
ရတနာ(၃)ပါးမှလွဲ၍ မကိုးကွယ်ထိုက်ပါဘူး။
ကိုးကွယ်တဲ့အခါရည်ရွယ်ချက်လေးမှန်ဖို့တော့လို
တာပေါ့။
(၁) မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်
ဆည်းကပ်တာဟာဘုရားအဆုံးအမကို
လိုက်နာပါ့မယ်ဆိုတဲ့အဓိပ္ပာယ်။
(၂) တရားကို ဆည်းကပ် ကိုးကွယ်တယ်ဆိုတာ
တရားအတိုင်း လိုက်တာကျင့်သုံးပါ့မယ်ဆိုတဲ့
အဓိပ္ပာယ်။
(၃)သံဃာကို ဆည်းကပ် ကိုးကွယ်တယ်ဆိုတာ
ဘုရားတရားတော်တွေကို မူရင်းမပျက်အောင်
သယ်ဆောင်လာကြတဲ့အတွက်ကျေးဇူးတင်
တယ်။
သူတို့ကြောင့် ဘုရားတရားတော်တွေကို နာကြား
ခွင့်ရတယ်ဆိုတဲ့ အဓိပ္ပာယ်။
ဒီလိုရည်ရွယ်ချက်မျိုးတွေနဲ့သာ ကိုးကွယ်
ဆည်းကပ်ရပေမည်။
ဒီလိုရည်ရွယ်ချက်မျိုးနဲ့ဆည်းကပ်ကိုးကွယ်သူကိုမှ
ဥပါသကာ၊ဥပါသိကာလို့ ခေါ်ရမည်ဖြစ်သည်။
ဗုဒ္ဓဘာသာ သူတော်ကောင်းများအားလုံး
ဘုရားအဆုံးအမတွေကို ကိုယ်တိုင်လည်း
သင်ယူနိုင်ကြပါစေ။
ကိုယ်တိုင်းလည်း ကျင့်သုံးနိုင်ကြပါစေ။
သူတစ်ပါးကိုလည်းနားလည်အောင် ပြောပြနိုင်ကြ
ပါစေ။
ဘာသာ၊သာသနာပြန့်ပွားအောင် တရားသောနည်းနဲ့
ဖြန့်ချိနိုင်ကြပါစေ။
#ကျေးဇူးတော်ရှင်
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
၏
ဆုံးမဩဝါဒတရားတော်များမှ နာယူ
ရေးသားမျှဝေသည်။
Credit...
Listen to this if you feel angry from time to time
.com
✳️" အစွဲအလမ်း ရှိနေသေး သမျှ "✳️
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴
✳️အစွဲအလမ်း ရှိနေသေးသမျှ
ဘဝကို ဖြစ်စေတဲ့ ကံတရားကို
ဖန်တီး နေကြဦးမှာပဲ …
လုပ်နေကြဦးမှာပဲ …
ကံတရားတွေကလည်း မိမိသန္တာန်မှာ
စုမိဆောင်းမိ ဖြစ်နေဦးမှာပဲ …
ထို ကံတရားတွေ
စုမိဆောင်းမိဖြစ်နေ သမျှ
ကံတရားရဲ့အကျိုးလို့ ခေါ်တဲ့
ဘဝခန္ဓာတွေဟာ ပေါ်နေဦးမှာပဲ …
✳️ဥပါဒါန်ကို မဖြစ်အောင် လုပ်ဖို့လိုတယ်
တဏှာဆိုတာ မဖြစ်အောင် လုပ်ဖို့လိုတယ် …
#ဥပါဒါန်
ဘာကြောင့် ဖြစ်လာသလဲ ?
#တဏှာ
ဘာကြောင့် ဖြစ်လာသလဲ ?
✳️ဝေဒနာပစ္စယာ - တဏှာလို့ ဆိုတဲ့ အတိုင်း
အာရုံခံစားမှု ဖြစ်တဲ့အတွက်ကြောင့်
#တဏှာ ဖြစ်လာတယ် …
ဝေဒနာဟာ တဏှာဖြစ်လာဖို့ အတွက်
လမ်းခင်းပေးတယ် …
✳️ဒီ ဝေဒနာဟာ
ဘာကြောင့် ဖြစ်လာသလဲ ဆိုရင် -
အာရုံနဲ့စိတ် ဆုံမိတဲ့
ဖဿကြောင့် ဝေဒနာ ဖြစ်လာရတာ …
✳️ဒါဖြင့်
ဖဿက ဘာဖြစ်လို့ ဖြစ်လာရသလဲ ဆိုရင် -
လူတွေမှာ
မျက်စိ , နား , နှာခေါင်း , လျှာ , ကိုယ် , စိတ် ဆိုတဲ့
အာရုံနဲ့ ဆက်သွယ်တဲ့ အရာတွေ ပါလာတယ် …
ဆက်သွယ်မိတယ်
ဆက်သွယ်မိလို့
#ဖဿ ဆိုတာ ဖြစ်လာတယ် …
✳️ဒါဖြင့်
ဒီလိုဆက်သွယ်မိတာ ဘာကြောင့်လဲ ဆိုရင် -
ရုပ်တွေ , နာမ်တွေ ဖြစ်လာတဲ့ အတွက်ကြောင့်ပဲ …
✳️ရုပ်တွေ , နာမ်တွေ
ဘာကြောင့် ဖြစ်လာသလဲ ဆိုရင် -
သန္ဓေစိတ်ကလေးကြောင့်ပဲ …
✳️ဒီ သန္ဓေစိတ်ကလေး
ဘာကြောင့် ဖြစ်လာသလဲ ဆိုရင် -
ဟိုဘဝက ပြုပြင်ဖန်တီးပေးနိုင်တဲ့
သင်္ခါရဆိုတဲ့ စေတနာကြောင့် ဖြစ်လာရတာ …
✳️အဲဒီ စေတနာလေးဟာ
ဘာကြောင့် ဖြစ်လာသလဲ ဆိုရင် -
အဝိဇ္ဇာ ကြောင့်တဲ့ …
✳️အမှန်ကို မသိမှုကြောင့် ဖြစ်လာရတယ်
ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောထားတယ် …
✳️" ဥပါဒါန် ပျောက်လိုလျှင် "
ဒါဖြင့်
ဥပါဒါန်ပျောက်ချင်ရင် ဘယ်လိုလုပ်ရမလဲ ?
အမှန်မသိတဲ့ အဝိဇ္ဇာကို ဖယ်ရှားရမယ် …
✳️အမှန်မသိတဲ့ အဝိဇ္ဇာချုပ်သွားရင်
သင်္ခါရဆိုတာ မလာတော့ဘူး …
✳️သင်္ခါရ ချုပ်ရင်
ဝိညာဉ်ဆိုတာ မလာတော့ဘူး …
✳️ဝိညာဉ် ချုပ်သွားရင်
နာမ်ရုပ် ဆိုတာ ဆင့်ပွားပြီး မလာတော့ဘူး …
✳️နာမ်ရုပ်ချုပ်ရင် သဠာယတန ဆိုတဲ့
မျက်စိ , နား , နှာ , လျှာ , ကိုယ် , စိတ်တွေ
မလာတော့ဘူး …
✳️အဲဒါတွေ ချုပ်သွားရင်
အာရုံနဲ့ဆက်သွယ်တဲ့ ဖဿ ဆိုတာ
မလာတော့ဘူး …
✳️ဖဿ မလာတော့ရင်
အာရုံနဲ့ အတွေ့အကြုံရှိတဲ့
ဝေဒနာ မလာတော့ဘူး …
✳️ဝေဒနာမလာရင်
တဏှာ ဆိုတာ မလာတော့ဘူး …
✳️တဏှာ မလာရင် ဥပါဒါန် ဆိုတာ
လာစရာ မရှိတော့ဘူး …
✳️ဥပါဒါန် မလာရင်
ဘဝကို ဖြစ်စေတတ်တဲ့
ကံတရားတွေ မလုပ်တော့ဘူး …
✳️ကံတရားတွေ မလုပ်တော့ရင်
ဘဝတွေ မဖြစ်လာတော့ဘူးလို့
မြတ်စွာဘုရားက -
ကြောင်းကျိုးဆက်ပြီးတော့ ပြထားတယ် …
✳️အဲဒီလို
ကြောင်းကျိုးတွေ ဆက်ပြီးတော့
မလာအောင် … လုပ်ရမယ့်
နည်းလမ်း ရှိသလား ဆိုတော့
နည်းလမ်းက " မဂ္ဂင်ရှစ်ပါးပဲ " …
✳️မဂ္ဂင်ရှစ်ပါး တရားဟာ
သမၼာဒိ႒ိလို့ ဆိုတဲ့
အမှန်မြင်မှုကို ဦးဆောင်ပြီးတော့ -
✳️မှန်ကန်စွာ မြင်လို့
မှန်ကန်စွာ တွေးတောပြီး
မှန်ကန်စွာ လုပ်ဆောင်မယ်
မှန်ကန်စွာ အမှတ်ထားပြီးတော့
မှန်ကန်စွာ စိတ်တည်ငြိမ်အောင်ထားမယ် ဆိုရင် …
✳️ထိုမှန်ကန်မှုပေါ်မှာ အခြေခံထားတဲ့
မဂ္ဂင်တရားဟာ
ခုနကပြောတဲ့ အဝိဇ္ဇာချုပ်မှုကို
ဦးဆောင်ပြီး သွားလိမ့်မယ် …
✳️အဝိဇ္ဇာ ချုပ်တာနဲ့
နောက်က ဆက်တိုက် ဆက်တိုက်
အဝိဇ္ဇာ မရှိတော့ရင်
သင်္ခါရတွေ မရှိတော့ဘူး ဆိုပြီး
နောက်ဆုံးမှာ ဥပါဒါန်တွေ
ပျောက်သွားလိမ့်မယ် …
✳️အဲဒါ
#ဘဝနိရောဓ ဆိုတာ #နိဗ္ဗာန်ပဲ …
✳️" ဥပါဒါနပစ္စယော ဘဝေါ "
ဥပါဒါန်တွေ ရှိနေသေးသမျှ
ဘဝဆိုတာ လာနေဦးမှာပဲ …
✳️" ဥပါဒါနနိရောဓာ ဘဝနိရောဓော "
ဥပါဒါန်တွေ ချုပ်သွားပြီ ဆိုရင်
ဘဝလည်း ချုပ်သွားပါပြီတဲ့ …
🙏🙏🙏 #ပါချုပ်_ဆရာတော်_ဘုရား🙏🙏🙏
တရားချစ်ခင်သူ မျှဝေပူဇော်ပါသည်
Credit , Original Uploader
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
Metta Vasi
06/11/2023
ဘုရားမကယ်ဘူးတဲ့၊
ဘာလို့ဘုရားမကယ်ရမှာလည်း၊
ဘုရားဟာသတ္တဝါအလုံးကိုကယ်ခဲ့ပြီးသား၊
ဘုရားက သူမရှိတော့ပေမယ့်လည်းတောင်၊
သူ့တရားလမ်းစဉ်တွေချပြသွားခဲ့သည်က၊
စကြ၀ဠာကမ္ဘာမြေကြီးတည်နေသ၍ ၊
လိုက်နာကျင့်သုံးကြတဲ့သတ္တဝါအားလုံးကို၊
မကောင်းမှု့ရှောင် ကောင်းမှု့ဆောင် ဖြူသောစိတ်ထားပြီး၊
လောကီ လောကုတ္တရာနှစ်ဖြာသော အကျိုးတို့းဖြစ်၊
အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းသွားကြလေဖို့ ၊
အကြီးမားဆုံးသော ကယ်တင်သွားခဲ့တာပါ။
လူတိုင်းမကြိုက်တဲ့အမှန်တရား
ဘယ်သူနဲ့မှ မသိဘဲ
ဒီအိမ်ထဲ ရောက်လာခဲ့ကြတယ်။
ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ
တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရတယ်။
မိသားစုဝင်တွေဟာ ဒီအိမ်ကို
တိုင်ပင်ပြီးရောက်လာကြတာလား?
ကိုယ့်ဟာကိုယ်ရောက်လာကြတာလား?
ပြန်ထွက်သွားတော့လည်း
မင်းကအရင်သွားနှင့်,
ငါကနောက်မှလိုက်မယ်လို့
တိုင်ပင်ပြီးထွက်သွားကြတာလား?
အိုနေတာကို ဝိုင်းပြီးတော့
အိုပေးကြလို့ ရရဲ့လား?
မရပါဘူး၊
ရောဂါဖြစ်နေတယ်
နည်နည်းစီမျှခံရအောင်ဆိုပြီး
မျှခံလို့ရမလား?
အားကိုးလို့မရဘူးဆိုတာ
မထင်ရှားပေဘူးလား?
ထင်ရှားတယ်...။
အားကိုးလို့ရတာ ကိုယ့်ကိုယ်ကိုပဲ၊
ကိုယ်ကျင့်သုံးတဲ့ ဓမ္မကို
အားကိုးခိုင်းတာ၊
အဲဒါကြောင့်
ကိုယ်နဲ့အတူသွားတာဆိုရင်
'ဓမ္မ' သာဖြစ်တယ်...။
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)🙏🙏🙏
Credit & Copy
23/10/2023
အမုန်းတွေရှိလည်းဒီဘဝနဲ့
ကြေပါစေ
အငြိုးတွေရှိလည်းဒီဘဝနဲ့
ကြေပါစေ
ဒီဘဝမှာဆပ်ခွင့်ရတဲ့အကြွေးတွေကို
ဒီဘဝမှာပဲဆပ်လိုက်ပါ
နောက်ဘဝထိယူမသွားပါနဲ့
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏
🌹အောင် အရဟံ လာဘံ သိဒ္ဓိ🌹🌹အောင် အရဟံ ပီယံ သိဒ္ဓိ🌹
🌹အောင် အရဟံ ဓနံ သိဒ္ဓိ🌹
🙏ငွေတွေ အဖက်ဖက်မှဝင်ကြပါစေ ရှိနေဆဲ ပစ္စည်းဥစ္စာများတည်မြဲကြပါစေ🙏
23/10/2023
“လှူပါ”လို့ ပြောလိုက်တာနဲ့
ဘုန်းကြီးကျောင်းပဲ ပြေးမမြင်နဲ့
မင်္ဂလသုတ်မှာ လာတာက ”သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်း ဝေမျှ လှူနိုင်စေ”တဲ့
ကိုယ့်အောက် နိမ့်ကျတဲ့သူတွေကို ပေးကမ်းရမယ်၊
ကိုယ့်နဲ့ တန်းတူ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေကို ဝေမျှရမယ်၊
ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာ သာလွန်တဲ့ ရတနာသုံးပါး၊ ကျေးဇူးကြီးမားတဲ့ မိဘ ဆရာသမား ကျေးဇူးရှိသူတွေကို လှူဒါန်းရပါမယ်။
လူတော်တော်များများက
ဘုန်းကြီးကိုလှူမှ အလှူထင်ကြတယ်။ ဘုရားတည်၊ ကျောင်းဆောက်တာကိုပဲ အလှူ ထင်ကြတယ်။
ဘုရားတည်၊ ကျောင်းဆောက်တာကို လှူတာလည်း ဒါန ဖြစ်သလို စာသင်ကျောင်းကို လှူရင်လည်း ဒါန ဖြစ်ပါတယ်။
နယ်ဘက် ရွာဘက်တွေ ကြည့်လိုက်ရင် ဘုန်းကြီးကျောင်းတွေက
နတ်ဘုံ နတ်နန်းတမျှ ကြီးမားပြီး သံဃာက မရှိဘူး။
နယ်ဘက် ရွာဘက်တွေက
စာသင်ကျောင်းတွေ ကြည့်လိုက်ရင် အမိုးမလုံ၊ မျက်နှာကျက် မရှိ၊ ပန်ကာ မရှိ၊ လျှပ်စစ်မီး မရှိ၊ ရေ မရှိနဲ့ အနာဂတ်ရဲ့ ကလေးငယ် ကျောင်းသူ ကျောင်းသားတွေ
ဒုက္ခရောက်ကြပါတယ်။
ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေကြတယ်။
ဒါကြောင့် လှူချင်သပဆို
ဘုရားကျောင်းကန်တွေလည်း လှူပါ။ လူငယ်တွေအတွက် တိုင်းပြည် အနာဂတ်အတွက် အရေးကြီးတဲ့ စာသင်ကျောင်းတွေ
ကောင်းအောင်လည်း လှူပေးပါ။
ကိုယ့်ရပ်ရွာ ဖွံ့ဖြိုးတိုးတက်အောင်လည်း စောင့်ရှောက် လှူဒါန်းပါ။
စားနိုင် သောက်နိုင်တဲ့သူတွေကိုလည်း လှူသလို မစားနိုင် မသောက်နိုင်တဲ့သူတွေကိုလည်း လှူပေးပါ။
နောက်တစ်ခု ရှိတာက
လုပ်ငန်းရှင်တွေ တော်တော်များများက ဘုရားဒကာ၊ ကျောင်းဒကာ ခံယူချင်တော့ ဘုရားတွေ ကျောင်းတွေမှာ ပုံအောပြီး လှူကြတယ်။
ကိုယ့် အလုပ်သမားတွေကျတော့ လုပ်ခလစာ တန်အောင် မပေး
မတရား စေခိုင်းကြတယ်။
ဒါမျိုးတွေ မဖြစ်ပါစေနဲ့ ။
လှူသင့်လှူထိုက်တာလည်း လှူပါ၊ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်အားခနဲ့ အခွင့်အရေးလည်း မျှတအောင် ပေးကမ်းပါ။
ကိုယ့်အောက်နိမ့်ကျတဲ့သူတွေကို ပေးကမ်းချီးမြှင့်ပါ။ ဒါဟာ စာဂဖြစ်သလို မေတ္တာ၊ ကရုဏာတရားကို လက်တွေ့ကျင့်သုံးခြင်းဖြစ်လို့ တရားအားထုတ်ခြင်းလည်း ဖြစ်ပါတယ်။
အဆင်ပြေရင် ပြေသလို
ကိုယ့်သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း၊
ဆွေမျိုးတွေကိုလည်း ဝေမျှပေးပါ။
ဆွေမျိုးတွေကို ချီးမြှောက်စောင့်ရှောက် ထောက်ပံ့တာကလည်း မင်္ဂလာတရားတော်နဲ့ အညီ တရားအားထုတ်နေတယ်လို့ မှတ်ပါ။
သက်ရှိဘုရား မိဘ နှစ်ပါးကိုလည်း စောင့်ရှောက်လှူဒါန်းရမှာ ဖြစ်ပါတယ်။
မိဘနှစ်ပါးကို လှူဒါန်းတာဟာ သက်ရှိဘုရားကို လှူဒါန်းတာနဲ့ တူပါတယ်။ မိဘနှစ်ပါးကို လိုအပ်တာတွေကို စောင့်ရှောက်လှူဒါန်းနေတာကလည်း မင်္ဂလသုတ္တန်နည်းအရ တရားအားထုတ် နေတာပါပဲ။
တစ်ဖက်မှာတော့ ဘုရားဒကာ၊ ကျောင်းဒကာ အမည်ခံ သူဌေးကြီးလုပ်ပြီး မိဘနှစ်ပါးကို ပစ်ထားမယ်ဆိုရင် သဘာဝ မကျပါဘူး။
ဘုရားကျောင်းကန်တွေမှာ လှူသင့်တာလည်း လှူပါ။
လူ့ကျင့်ဝတ်တွေကိုလည်း တတ်နိုင်သမျှ ကျေပွန်အောင် ကြိုးစားပါ။
ဒါကြောင့် ကိုယ့်အောက်နိမ့်ကျ
ကိုယ့်လောက်မှ မချမ်းသာတဲ့သူတွေကို ပေးကမ်းပါ။ ကိုယ့်မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း ဆွေမျိုးတွေကို ဝေမျှပါ။ ကိုယ့်ထက် မြင့်မြတ်တဲ့ ရတနာသုံးပါး၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်တွေကိုလည်း လှူဒါန်းပါ။ ဒါတွေအားလုံးဟာ ဒါနတွေချည်းပါပဲ။
လှူတဲ့နေရာမှာလည်း
(၁) ကံနဲ့ ကံရဲ့အကျိုးကို
ယုံကြည်စွာ လှူပါ။
(၂) အယုတ် အလတ် အမြတ်
မရွေး ရိုရိုသေသေ
လေးလေးစားစားနဲ့ လှူပါ။
(၃) အချိန်ကာလ အလိုက်
လိုအပ်တာကို လှူပေးပါ။
(၄) အစစအရာရာ
အဆင်ပြေပါစေဆိုတဲ့
စိတ်လေးထားပြီး
ချီးမြှောက်လိုစိတ်နဲ့ လှူပါ။
(၅) သန့်ရှင်းစင်ကြယ်တဲ့
လှူဖွယ်ပစ္စည်းနဲ့
မိမိ သူတစ်ပါး ပတ်ဝန်းကျင်
ကိုပါ မထိခိုက်ရအောင်
ငါးပါးသီလလုံစွာ လှူပါ။
လှူတဲ့အခါမှာလည်း မလှူခင် လှူဆဲ နဲ့ လှူပြီးတဲ့အခါမှာပါ စေတနာ မပျက်စေရဘဲ စေတနာ သုံးတန် ပြည့်ဝစွာ လှူဒါန်းရပါမယ်။
ကိုယ်ရလာတဲ့ အကျိုး အမြတ်တွေထဲက အယုတ်အလတ်အမြတ် မရွေး တတ်နိုင်သမျှ ပေးကမ်း၊ ဝေမျှ၊ လှူဒါန်းရပါမယ်။
ဘာပဲ လုပ်လုပ် နေ့စဉ် ၅ ပါးသီလကို လုံအောင် ထိန်းနိုင်ရပါမယ်။ စွမ်းနိုင်ရင် စွမ်းနိုင်သလို အခါကြီး ရက်ကြီးတွေမှာ၊ ဝါတွင်းကာလတွေမှာ ဥပုသ်သီလတွေကို စောင့်ထိန်းရပါမယ်။
အလုပ်လုပ်တဲ့အချိန်မှာလည်း အချင်းချင်း မထိခိုက်စေရဘဲ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတွေ ထားလို့၊ အားရင် အားသလို ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတွေ စီးဖြန်းလို့၊ အချိန်ရရင် ရသလို ဝိပဿနာဘာဝနာတွေ ပွါးများလို့ နေထိုင် လုပ်ကိုင်ကြရင် အခုဘဝလည်း ချမ်းသာ၊ နောင်ဘဝလည်း ချမ်းသာလို့ သံသရာမှာလည်း ချမ်းသာပါလိမ့်မယ်။
အားလုံး ....
ကျန်းမာ ချမ်းသာကြပါစေ ••••
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
Credit Original Uploader
22/10/2023
Why should I control my mind?
#လူဆိုတာ
#လူဆိုတာ တန်ဖိုးရှိလေလေ တိတ်ဆိတ်လေလေပဲ။
#တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။
#လူဆိုတာ မြင့်မြတ်လာလေ တည်ငြိမ်လာလေပဲ။
#ယုတ်ညံ့လာလေ ဗရုတ်ကျလေပဲ။
#လူဆိုတာ သီလရှိလေလေ စကားနည်းလေပဲ။
#သီလမဲ့လာလေ စကားများလေပဲ။
#လူဆိုတာ အမှားများလာလေ ဖုံးဖိနေရလေပဲ။
#အမှားနည်းလာလေ တည်ငြိမ်အေးချမ်းလာလေပဲ။
#လူဆိုတာအလိုကြီးလေ ရန်သူပေါလေပဲ။
#အလိုနည်းလေ မိတ်ဆွေပေါလေပဲ။
#လူဆိုတာ အတ္တကြီးလေ ခက်ထန်လာလေပဲ။
#အတ္တနည်းလေ မျက်နှာချိုအေးလာလေပဲ။
#ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
#တစ်ဘဝစာ၊တစ်ခဏတာ အကျိုးကြည့်ပြီး မကောင်းတာ၊ မမှန်တာ၊ မမျှတတာတွေ မလုပ်ကြနဲ့။မလုပ်မိကြစေနဲ့။
#ခရီးရောက်လမ်းလျှောက်နေတဲ့ ခြေထောက်ကနိမ့်ကျပြီး ဦးခေါင်းက မြတ်တယ်လို့လည်း မထင်နဲ့။
#ဦးခေါင်းရှိပြီး အမှား အမှန် အကောင်း အဆိုးမှ မခွဲခြားတတ် တဲ့ ဦးခေါင်းဟာ ခြေထောက်ထက် ပိုပြီးမမြတ်ဘူး။
#နိမ့်တောင် နိမ့်ကျနေသေးတယ်လို့ ပြောရမယ်။ဦးနှောက်ကို တန်ဖိုးရှိအောင် စဥ်းစားဝေဖန် သုံးသပ်ကြစမ်းပါ။
#ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ🙏🙏🙏
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
“မေတ္တာပို့”
သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ
မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
Click here to claim your Sponsored Listing.
Category
Website
Address
Kyaukse
Mandalay
5143