Thrive Number-teller
ကောင်းမွန်သောအရာများကိုအမြဲပေးနေသော...
07/05/2024
Lucky Phone Number
လက်ဆောင်ယူမည့်သူများ
လိုက်နာရမည့်အချက်များ
1...နံပါတ်တွေရဲ့စွမ်းအားများကိုယုံကြည်သူဖြစ်ရမည်
2...စီစဥ်ပေးသူကိုလည်းယုံကြည်မှုရှိသူဖြစ်ရမည်
3...မိမိကိုယ်ကိုလည်းယုံကြည်မှုရှိသူဖြစ်ရမည်
ဤ (၃)ချက်ကိုယုံကြည်သူသာပါ၀င်ပါ
အစီစဥ်ပါ၀င်သူသည် Page Message Boxတွင်
အမည်ရင်း...
မိမိကိုင်ဆောင်သောဖုန်းနံပါတ်...
အလုပ်အကိုင်...
မွေးခုနှစ်အမှန်...
ပို့ပေးပါရန်...
07/05/2024
ဗုဒ္ဓဘာသာ၀င်၁ယောက်ဆိုလျှင်
ဘုရားရဲ့ဟောပြောချက်နဲ့ညီအောင်နေ
တနေ့သင်ကံကောင်းလာမယ်
အဆင်ပြေလာမယ်
#မေတ္တာမွန်ဖြင့်
့်တယ်ထိုက်
07/05/2024
သင်ရော
ဘယ်နေ့တွေမှာ
ခေါင်းဆေးမင်္ဂလာပြုပါသလဲ
#မေတ္တာမွန်ဖြင့်
့်တယ်ထိုက်
05/03/2024
#စနေ နေ့မှာ လုပ်ဆောင်ပါ။
ပြီးတဲ့ နှစ်လ က လုပ်ခဲ့ဘူးတယ်။ တခြား မိတ်ဆွေများလည်း လုပ်ကြည့်တယ်။ အဆင်ပြေတယ် ဆိုလို့ ပြန်လည် မျှဝေပေးလိုက်တာပါ။
- အဆင်ပြေတယ်ဆိုတာက ကျွန်မအတွက်တော့ ခက်ခဲမယ်ထင်တဲ့ အကြောင်းအရာများမှာ လွယ်ကူ ချောမွေ့သွားတာပါ။
- စမ်းသပ်ကြည့်သော အခြားမိတ်ဆွေများရဲ့ အပြောအရ တော့ ကျန်းမာရေး ပြသာနာ များမှာ အဓိက ပြေလည်စေတယ် လို့ဆိုပါတယ်။
- နောက်တခုက ခက်ခဲ ကြန့်ကြာနေသာ အရာများ ကို ပြေလည် မြန်ဆန် စေပါတယ်တဲ့။
* လုပ်ရမှာက ဒီနေ့လိုမျိုး လ တလရဲ့ ပထမဆုံးစနေနေ့မှာပါ။
ဒီနေ့စနေနေ့ မတ်လ ၂ ရက်နေ့ က မတ်လအတွက်တော့ ပထမဆုံး စနေနေ့ ဖြစ်ပါတယ်။
ဒီနှစ်က ၂၀၂၄ က စနေဂြိုဟ်ရဲ့ အထောက်အပံ့ကောင်းများ ရဖို့လိုတယ် လို့ ဆိုပါတယ်။
ဒါကြောင့် လ တလ ရဲ့ ပထမ ဆုံး စနေနေ့မှာ ဖိနပ်တရဲ့ကို ယူပါ သင့်ရဲ့ ဖိနပ်ဟောင်း သို့မဟုတ် အသစ် တရံ ၀ယ်လည်း ရပါတယ်။ ဘာအရောင်ရောင် ဖြစ်ဖြစ်ရပါတယ်။
ဖိနပ် က ရှုးဖိနပ်ဆိုရင်တော့ နောက်ပိတ်နေရာလေး မှာ မှင်အမဲ နဲ့ ကြက်ခြေခတ် လေး ရေးလိုက်ပါ။ ညှပ်ဖိနပ် ဖြစ်နေရင်တော့ ခြေနင်းတဲ့ နေရာ နောက်ဆုံးပိုင်းမှာဘဲ ရေးလိုက်ပါ။ နမူနာလေး ပြပေးလိုက်ပါတယ်။
ပြီးရင် လှုလိုက်ပါ။ စနေ နေ့ မှာ လှု ရတာမို့ ဒီနေ့မှာ ရေးထားပြီး မလှုနိုင်သေးလည်း နောက်လာမယ့် စနေ မှာ လှုလိုက်ပါ။
လစဉ်လုပ်ဖို့ မတတ်နိုင်ရင် တကြိမ်သာ လုပ်ကြည့်ပါ။
ကြက်ခတ်ရေး တာရော လှုတာရော အချိန် သတ်မှတ်ချက်မရှိပါ။
မှင်အရောင်တော့ အမဲ ဘဲသုံးရပါတယ်။ ကြက်ခြေခတ်ကလည်း ကြီးတာ သေးတာ အရေးမကြီးပါ။
လှုတာက အ၀တ်တွေ ဖိနပ် တွေ အလှုခံတဲ့ နေရာများမှာ သွားထည့်လိုက်ပါ။
မြန်မာပြည်မှာ ပံ့သကူပစ် ခြင်းဖြင့်လည်း လှုရာရောက်ပါတယ်။
ချစ်ခြင်းမေတ္တာဖြင့်။
Myat H.K,Munthe မြတ်မွန်သာ။
Credit
20/02/2024
သူများလျှောက်မေးနေမယ်အစား
ကံနိမ့်နေတယ်ထင်ရင်
ကိုယ့်ဘာသာတွက်ပြီးချေနိုင်အောင်ပါ
ကံမြင့်၊ ကံဆင့်၊ လာဘ်ပွင့် ယတြာများ(သက်ရောက် ယတြာများ)
============================
မိမိရောက်ဆဲ အသက်မှန်ကိုတည် (၇) ဖြင့်စားပါ။ ဥပမာ မိမိအသက် ၃၀နှစ် ဆိုပါဆို့။
၃၀ ÷ ၇ = ၂ ကြွင်း ဖြစ်ပါတယ်။ ၂ကြွင်း ယတြာကို ချေလိုက်ယုံပါပဲ။
(၁)ကြွင်းခဲ့ပါက လူသွားလမ်းကို အုတ်ခဲ
(၆)ခဲ ခင်းပါ။ ဝက်များကို အစာကျွေးပါ
ရှောက်ယို၊ ဆီမီး/ဖယောင်းတိုင်၊ ရေ၊ ယပ်တောင် တို့ကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၂)ကြွင်းခဲ့ပါက ဘုရားရင်ပြင်ပေါ် သန့်ရှင်းရေးလုပ်ပါ။ မျောက်များကို အစာကျွေးပါ။
ပဲဆွမ်း၊ ရေ၊ ယပ်တောင်၊ ဆီမီး/ဖယောင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၃)ကြွင်းခဲ့ပါက ဘုန်းကြီးကုဋီ သန့်ရှင်းရေးလုပ်ပါ။ ကျန်းမာရေး မကောင်းသောသောကြာသားသမီးများကို သစ်သီးလှူပါ။
သီးစုံဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၄)ကြွင်းခဲ့ပါက ကိုယ်လတ်အင်္ဂါ ချို့ယွင်းသူကို ဒါနပြုပါ။ နွားများကို အစာကျွေးပါ။
နို့ထမင်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မိမ်ိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၅)ကြွင်းခဲ့ပါက မိမိမိတ်ဆွေ၏ ကံမ ကောင်းသော အိမ်တွင်းရေး ရင်ဖွင့်သံများကို နားထောင်ပေးလိုက်ပါ။ မိမိအိမ်တွင်းကို သန့်ရှင်းရေးလုပ်ပါ။ အုန်းဆွမ်း၊ ရေ၊ ယပ်တောင်။အလင်းတိုင်များကို
မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၆)ကြွင်းခဲ့ပါက မိမိ၏ ကြီးဒေါ် ကြီးအား ငွေကြေး ၆၀၀ကျပ် ဒါနပြုပါ။ ခွေးများကိုအစာကျွေးပါ။ ကြံသကာဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင် များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၀)ကြွင်းခဲ့ပါက စိတ်မကျန်းမာသူကို ဒါနပြုပါ။ ဆရာသမားတစ်ဦးဦးကို ထီးလက်ဆောင်ပေးလိုက်ပါ။ ဆီထမင်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
ထိုယတြာ ချေပေးခြင်းဖြင့် မိမိမှာ ကျရောက်မည့် ဂြိုဟ်ဆိုး ဂြိုဟ်ညံ့များနှင့်
ဘေးဒုက္ခ အပေါင်းတို့မှ ကင်းလွတ်ကြပါစေ။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေသော်
အားလုံးပဲအစင်ပြေကြပါစေရှင့်
09/02/2024
စီးပွားတက် လာဘ်ပွင့်ချင်ရင်
အိမ်နံပါတ်ကို
၁လုံးတည်းရအောင်ပေါင်းရပါမယ်..
ကိုယ်အိမ် No(403).
7 lucky ဂဏန်းလို့ပြေကြပေမယ့်..
အိမ်မှာ လူမမြဲဘူး
နယ်လှည့်ခရီးသည်တွေလိုပဲ..
အဲဒီတော့
ဆည်းလည်းလေးတော့ ချိတ်အူးမှဘာ
*****
၁ ဂဏန်းရတဲ့ အိမ်မှာ
ကျားရုပ်,ဆင်ရုပ် သို့မဟုတ်
ရုပ်ပုံထား
၂ ဂဏန်းရတဲ့ အိမ်မှာ
ရေတံခွန်ပုံ,တောင်တန်းပုံ
သူရသဌိ မယ်တော် ရုပ် (သို့) ပုံထား
၃ ဂဏန်းရတဲ့ အိမ်မှာ လိပ်ပုံထား
၄ ဂဏန်းရတဲ့ အိမ်တွေဆို
ရွေးချယ်လို့ရရင်မနေနဲ့
မရရင်တော့
အနီရောင်အပြားပေါ်
အိမ်နံပါတ်ကို
ရွှေရောင်နဲ့ရေးပြီးကပ်ထား
ခိုက္တတ္လို့
ပြီးရင် မျက်နှာစာမှာမှန်ချိတ်ထား
၅ ဂဏန်းရတဲ့အိမ်ဆို
စာအိတ်အနီမှာ
ငွေထည့်ပြီး
ဆန်အိုးထဲပစ်ထည့်ထားလိုက်
၆ ဂဏန်းရတဲ့ အိမ်ဆို
ရှေးဟောင်းပန်ချီကားချိတ်
ဂီတသံလေးဖွင့်ဖွင့်ပေး
၇ ဂဏန်း ရတဲ့အိမ်ဆို
အိမ်အ၀င်၀မှာ ဆည်းလဲချိတ်ထား
၈ ဂဏန်းရတဲ့ အိမ်ဆို
အိမ်ထဲမှာ
မှန်ကြီးကြီးတချပ်ဆောင်ထား
အိမ်မျက်နှာစာမှာ
မီးလုံးကြီးကြီးထားပေး ထွန်းပေး
၉ ဂဏန်းရတဲ့ အိမ်ဆို
ဘုရားခန်း မွှေးကြိုင်
သပ်ရပ်အောင်ထားပေး
တရားသံများများဖွင့်ပေး
အိမ်ရဲ့ မြင်သာတဲ့နေရာမှာ
ကြေးစည်ကြီးကြီး သို့
မောင်း ချိတ်ထားပေးပါ
Credit
09/02/2024
#အတင်းအဖျင်း ပြောတဲ့သူ။
သင့် အကြောင်း မကောင်းပြောသူ၊ မမှန်ကန်တဲ့ သတင်းတွေ ပြောတဲ့သူ ရှိရင် အဲဒီလူဟာ သင့်ကို မနာလိုလို့ပါ။
မနာလို တယ် ဆိုတာက သူလိုချင်တာ သူ့မှာ မရှိ၊ မရနိုင် သင့်မှာတော့ ရှိနေလို့ပါ။ ဒါကြောင့် သည်းခံ နိုင်သလောက်သည်းခံပါ။ သည်းမခံ နိုင်ရင်တော့ အောက်ဖော်ပြပါ နည်းလေး သုံးကြည့်ပါ။
မည်သည့် နေ့ ရက် အချိန်မဆို ပြုလုပ်နိုင်ပါတယ်။
လိုအပ်တာက တစ်သျှူးစက္ကူ (စာရေးတဲ့ စက္ကူ မဟုတ်ပါ) လက်သုတ် အိမ်သာသုံး စတဲ့ စက္ကူကို သုံးရပါတယ်။ ပုံမှာပြထားပါတယ်။
စက္ကူပေါ်မှာ အတင်းပြောသူရဲ့နာမည်ရေးပါ။မှင်အနက် နဲ့ရေးပါ။
နာမည်ကို စက်ဝိုင်း ဝိုင်းပါ။ အပေါ်က ဆားပုံလိုက်ပါ။
စက္ကူ ကို လက်နဲ့ ဆုပ်ကိုင် လိုက်ပါ။
ငါ့အကြောင်းအတငိးအဖျင်း ပြောတာ ချက်ခြင်းရပ် လို့— သုံးကြိမ်ပြောပါ။
ပြီးရင် စက္ကူကို အိမ်သာထဲ ရေဆွဲချ သို့မဟုတ် အမှိုက်ပုံးထဲ ပစ်လိုက်ပါ။
တကြိမ်ဘဲ လုပ်ပါ။ နောက်နောင် သင့်အကြောင်း အတင်းအဖျင်း ထပ်မပြောတော့ပါ။
ချစ်ခြင်းမေတ္တာဖြင့်။
Myat H.K. Munthe မြတ်မွန်သာ။
Credit
08/02/2024
🐉ပြဿနာမျိုးစုံရင်ဆိုင်
ကြုံနေရသောချစ်မိတ်ဆွေတို့အတွက်🐉
1...ဘုရားကျောင်းကန်စေတီပုထိုး
2...ဘုန်းကြီးကျောင်း
3...ဘုရားရင်ပြင်နှင့်လူအများ သွားလာရာ နေရာများတွင်
၁... တံမြက်စည်းလှည်းခြင်း
၂...အမှိုက်ကောက်ခြင်း
၃...တံမြက်စည်းလှူခြင်း
၄...အမှိုက်ပုံးလှူခြင်း
၅...အမှိုက်သိမ်းဂေါ်ပြား လှူခြင်းများ
ပြုလုပ်ဆောင်ရွက်ကြည့်ကြပါနော်
စိတ်အေးချမ်းလာပြီးအဆင်ပြေမည့်လမ်းကြောင်းတွေပေါ်ပေါက်လာပါလိမ့်မယ်ရှင်
#မေတ္တာမွန်ဖြင့်
ဆရာမ ့်တယ်ထိုက်
09789415323
09964635232
28/01/2024
ကျားကလေးတို့ရေ.....
ကံမြင့်ကံတက်စေဖို့ ၁ပတ်၁ခါကုသိုလ်ပြု့ပါရှင့်
1...အကြော်(၃)မျိုး
2....အသီး(၃)မျိုး
3....ပန်း(၃)မျိုး နှင်းဆီမထိုးရ
4...ရေ(၃)..ရေ/ဖျော်ရည်/Coffee
5....အိမ်ဘုရား(သို့)စေတီတွင်လှူ
မိမိအတွက် တခြားသူအတွက်လုပ်ပေးလို့ရ
တနင်္လာနေ့တွင်...
အရောင်နု/အပွင့်အဖတ်ပါတာ၀တ်ပါ
❌အစုတ်အပြဲပါအ၀တ်စားများအ၀တ်ရ ဒူးပေါ်ပေါင်ပေါ်မ၀တ်ရ❌
နမောဿပုတီး(၁)ပတ်စိပ်ပေးပါ
သမ္မာသမ္ဗုဒ္ဓေါ(၁၀)ပတ်စိပ်
မေတ္တာသုတ်ရွတ်
ခင်ပွန်းကြီး(၁၀)ပါးကန်တော့
ငါအောင်မြင်ရမယ်/ငါကံကောင်းရမယ်လို့တွေးပါ
ကောင်းမွန်သောသီချင်းဆိုပါ မကောင်းသောအတွေးတွေကိုစွန့်ပါ
စနေနေ့ရောက်တိုင်း ခွေးစာ/ခိုစာကျွေးပေးပါ
#မေတ္တာမွန်ဖြင့်
#ပေးသောလက်ဖြစ်ပါရစေ
#သင်ဆရာမြင်ဆရာကြားဆရာများလေးစားလျှက်
့်တယ်ထိုက်
သင်ကိုင်နေတဲ့ဖုန်းနံပါတ်ထဲ
ဒါမျိုးအတွဲပါနေလား
စစ်ဆေးကြည့်ပါ... #မေတ္တာမွန်ဖြင့်
#ပေးသောလက်ဖြစ်ပါရစေ
့်တယ်ထိုက်
21/01/2024
ငွေ၀င်လာဘ်ရွှင်အိတ်လေးလက်ဆောင်ယူ.....
အစီစဥ်ပါ၀င်မည့်သူများလုပ်ဆောင်ရမည့်အချက်များ
1..pageလေးကိုLike&Followလုပ်ထားသူဖြစ်ရပါမယ်
2...နမူနာပြထားသောမူရင်းပိုစ့်အားpublicဖြင့်မိမိအကောင့်တွင်Shareပါ
3...Share ပိုစ့်အား Screenshootရိုက်ခါ
ယခုကြော်ငြာအောက်တွင်မိမိမွေးနံနှင့်အတူလာမန့်ပေးပါရှင့်
ကံထူးရှင် ၃ဦးရွေးချယ်ပေးပါမယ်ရှင့်
#အားလုံးပဲကံထူးကြပါစေရှင့်....
#ပေးသောလက်ဖြစ်ပါရစေ
့်တယ်ထိုက်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
10streets
Mandalay
1111
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |