WIN WIN

WIN WIN

Share

ကားစက်ပေါလစ်၊အတွင်းခန်း
လျှော်ခြင်

Photos from WIN WIN's post 25/03/2021

ကပ်ကြီးသုံးပါးကျော်လွှားနိုင်ဖို့
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ကြီးက
*အဋ္ဌာနမေတံ ဂါထာ*ကို
တနေ့သုံးခေါက် ရွတ်ကြပါတဲ့

အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊
ယံ ပရူပက်ကမနေ တထာဂတံ
ဇိဝိတာ ဝေါရောပေယျ။
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ၊
ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
🙏🙏🙏🙏🙏

Credit;to
လရိပ်ချို

18/02/2021

❤️ Despacito တီးလုံးလေးနဲ့ပါ☺️။
🚖ကားရေဆေး making Videoလေးပါ။
🌅ရေဆေး(အမြန်)- 2000ks only.
🙏(ကြွရောက်အားပေးဖို့ ဖိတ်ခေါ်ပါရစေ)

04/02/2021

12•2•2021 နေ့ဆိုင်စဖွင့်မည်။
57B×107×108ကြား။မန္တလေးမြို့။
📲09409002109 ▶️book now

Photos from WIN WIN's post 04/02/2021

အင်တာနက်/Fbမပိတ်သွားခင်လေး📸
SS ယူထားပြီး📲ဖုန်းဆက်ပေးကြပါ☺️
(12.2.2021 ဖွင့်ပါပြီ)

Photos from WIN WIN's post 01/02/2021

အင်တာနက်တွေမပိတ်သွားခင်
SS ယူထားပေးပါနော်။အထူးနှုန်း
ရှိတုန်း လိုအပ်တာရှိရင် ကြွရောက်
အားပေးကြပါဦးလို့ ☺️

28/01/2021

Be safe

လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ။🚦🚧🚖

၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင်း။🚔

ရပ်ထားသောယာဉ်ကိုအခြားယာဉ်တစ်စီးမှ
ဝင်ရောက်မိတဲ့အခါမှာတိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ဒါပေမယ့်ညအချိန်အမှောင်ထဲမှာဘေးမီးဖွင့်
မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။အန္တရာယ်
မဖြစ်နိုင်အောင်သတိပေးမယ့်သူရှိမနေခဲ့ရင်တော့
ရပ်ထားတဲ့ယာဉ်မှာလည်းတာဝန်ရှိနိုင်ပါတယ်။

၂။ရှေ့ယာဉ်အားနောက်ယာဉ်မှဝင်ရောက်တိုက်မိခြင်း။

နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ဒီနေရာမှာ
တချို့ကပြောကြပါတယ်။ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့တိုက်ရတာပါလို့ပြောကြပါတယ်။
ဒါပေမယ့်ယာဉ်သွားလာမှုစည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅မှာရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်နောက်မှ
ယာဉ်သည်ထိခိုက်မှုမဖြစ်စေရန်သင့်လျော်သော
အကွာအဝေးမှလိုက်ရမည်လို့ဖော်ပြထားပါတယ်။
သင့်လျော်သောအကွာအဝေးဆိုတာကတော့ပုံသေ
မရှိနိုင်ပါဘူး။ရှေ့ယာဉ်အရှိန်များရင်များသလို
အရှိန်နည်းရင်နည်းသလိုထိခိုက်မှုမရှိပဲရပ်တန့်နိုင်မယ့်အကွာအဝေးကိုချိန်ဆမောင်းနှင်ရမှာပါ။
အဲ့ဒီအတွက်ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်
လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်အကြောင်းတစုံရာကြောင့်
ရပ်တန့်ချိန်မှာနောက်ယာဉ်သည်လည်းထိခိုက်မှုမရှိအောင်ရပ်တန့်နိုင်ရပါမယ်။ဖရီးကြောလို့ခေါ်တဲ့
ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာတိုက်ရင်တော့
ရှေ့ယာဉ်အမှားဖြစ်ပါတယ်။လမ်းညွှန်အမှတ်အသား
ကိုလိုက်နာခြင်းမရှိတဲ့အတွက်ပါ။

၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။🚔

မိန်းလမ်းမကြီးနဲ့လမ်းသွယ်ဆိုရင်တော့လမ်းသွယ်
ယာဉ်ရဲ့တာဝန်ပဲဖြစ်ပါတယ်။နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရလမ်းမကြီးမှ ယာဉ်သည်ဦးစားပေးရတဲ့အတွက်ပါ။တကယ်လို့တူညီလမ်းဆုံမှာဆိုရင်တော့
နည်းဥပဒေပုဒ်မ ၁၄၉(က)အရလက်ယာဘက်
ယာဉ်သည်ဦးစားပေးရပါတယ်။တူညီလမ်းဆုံသို့
ယာဉ်(၂)စီးတပြိုင်တည်းရောက်ရှိလျှင်ဦးစွာရောက်ရှိသောယာဉ်ကိုဦးစားပေးရမည်ဖြစ်ပြီးတချိန်တည်းရောက်ရှိလျှင်လက်ယာဘက်ယာဉ်ကိုဦးစား
ပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။

၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း။🚔🚧

ဒါကတော့ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်
မည်သည့်ယာဉ်မဆိုလက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။နည်းဥပဒေပုဒ်မ ၁၄၁မှာလည်းဖော်ပြ
ထားပါတယ်။အမြန်လမ်းတွေလိုယာဉ်ကြော(၃)
ကြောရှိတဲ့လမ်းဆိုလက်ဝဲဘက်အစွန်းကြောသည်
ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်မှာသာ
အသုံးပြုရမှာဖြစ်ပါတယ်။

၅။T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။🚔

Tလမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့
ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။

၆။တည့်ယာဉ်နှင့်ဝဲဘက်သို့'ဂ'ကွေ့ကွေ့သော
ယာဉ်တိုက်မိခြင်း။🚔🛑

နည်းဥပဒေပုဒ်မ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့
ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။
"လွတ်မယ်ထင်လို့ကွေ့တာပါ" တို့"ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ" တို့ပြောတက်ကြပါတယ်။
ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။

၇။လမ်းပြောင်းပြန်ကျော်တက်၍မျက်နှာချင်း
ဆိုင်ယာဉ်နှင့်တိုက်မိခြင်း။🚔🚖

နည်းဥပဒေပုဒ်မ ၁၄၆အရရှေ့မှမျက်နှာခြင်း
ဆိုင်လာသောယာဉ်မရှင်းဘဲလမ်းပြောင်းပြန်ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။

၈။ဘေးချင်းယှဉ်ကျော်တက်၍ပွတ်တိုက်ခြင်း။🚖

လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်
ယာဉ်သာအမှားဖြစ်ပါတယ်။

၉။အဝိုင်းတွင်ယာဉ်(၂)စီးတိုက်မိခြင်း။🚘🚘

နည်းဥပဒေပုဒ်မ၁၄၉အရအဝိုင်းပတ်နေတဲ့ယာဉ်သာအမှန်ဖြစ်ပါတယ်။အဝိုင်းပတ်ယာဉ်ဦးစားပေးရမှာ
ဖြစ်ပေမယ့်မြို့တော်တော်များများမှာအဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲရပ်ပေးနေတာကိုမြင်နေရပါတယ်။

၁၀။ယာဉ်မှလူကိုတိုက်ခြင်း။🚘

စက်တပ်ယာဉ်နဲ့လူတိုက်မိပြီဆိုရင်တော့
စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။
ပြန်လည်မျှဝေပေးခြင်းသာ

by legal Information 🚔🚥

Photos from WIN WIN's post 28/01/2021

💟စက်ပေါလစ်တိုက်သင့်သလား?
#ကားဆေးတွေဟာ သက်တမ်းတခု
ရောက်လာရင်တော့ မိုးဒဏ်၊နေဒဏ်
နဲ့ လူတို့ကြောင့် ဂျီးတွေ၊အပွန်းအစင်း
တွေရှိလာပါပြီ။အဲ့အချိန်ကျရင် အရင်
လိုမျိုး ပြန်ပြီးGlow ဖြစ်ချင်ရင်တော့
စက်ပေါလစ်တိုက်ခြင်းက အလွယ်ကူ
ဆုံးသော နည်းလမ်းတခုဖြစ်ပါတယ်။
💟ကားအတွင်းခန်းလျှော်သင့်သလား?
#ကားအတွင်းခန်းကခုံတွေ၊အောက်ခင်း၊
လက်တင်၊အမိုး၊တံခါးနဲ့ ဒက်ရှဘုတ်တွေ
ဟာအကြောင်းမျိုးစုံကြောင့် ဖုန်တွေ၊ဂျီး
တွေနဲ့ညစ်ပတ်ပြီး အနံ့ထွက် နေတတ်ပါ
တယ်။Brand New မဟုတ်တဲ့ကားတွေ
ဝယ်ပြီးတဲ့အခါကျရင်လဲ ကားအတွင်းပိုင်း
တွေကို စိတ်ထဲကနေ မသိုးမသန့်ဖြစ်တတ်
ပါတယ်။အဲ့လိုအခြေအနေမျိုး ကြုံခဲ့ရင်
ကားအတွင်းခန်းလျှော်ခြင်း ဆိုတာကို
မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။
💟အင်ဂျင်ခန်းဂျီးချွတ်လုပ်သင့်သလား?
#အကြောင်းမျိုးစုံကြောင့် ညစ်ပတ်ပေရေ
နေတဲ့ လူကြီးမင်းတို့ရဲ့ ကားအင်ဂျင်ခန်း
ကို သန့်ရှင်းနေစေဖို့ဆိုရင် တကြိမ်လောက်
တော့ လုပ်သင့်ပါတယ်။
💟ကားအတွင်းခန်းအနံ့နှင့်ပိုးသတ်ခြင်း၊
#အကြောင်းမျိုးစုံကြောင့်ကားအတွင်း
ခန်းနဲ့ Airconလိုင်းမှာအနံ့ဆိုးရနေမယ်
ဆိုရင် smoke type cleaner နဲ့
2 လတကြိမ်လောက် လုပ်ပေးသင့်ပါတယ်။
💟Eco Wash ဆိုတာဘာလဲ?
#ကားအပြင်ပိုင်းရေအမြန်ဆေးခြင်း
ဖြစ်ပါတယ်။မြန်မယ်၊သန့်မယ်၊သက်
သာမယ်လေ☺️။(အောက်ပိုင်းနဲ့ကား
အတွင်းခန်းတွေဘာမှမလုပ်ပါဘူး။)

#စက်ပေါလစ်တိုက်-
(Hatchback Cars, Mini DV-20000ks).
(Van,Saloons-23000ks).
(MPV, SUV,Wagon-26000ks).
(Custom, Alphard, Land-30000ks).
(660cc pick up-15000ks).
#ကားအတွင်းခန်းလျှော်-
(Hatchback Cars, Mini DV-20000ks).
(Van,Saloons-23000ks).
(MPV, SUV,Wagon-26000ks).
(Custom, Alphard, Land-30000ks).
(660cc pick up-10000ks).

အထက်ပါဝန်ဆောင်မှုတမျိုး ရယူပါက
#အင်ဂျင်ခန်းဆေး(10000)နှင့် #ကားအတွင်းပိုးသတ်(5000/3000)အထူးနှုန်းဖြင့် ရယူနိုင်သည်။

ိုင်ကယ် စက်ပေါလစ်+ဂျီးဆေး-7000ks
(ကားရေဆေးအမြန်)-2000ks

🛤️ Win Win car care
57B×107×108ကြား၊မန္တလေးမြို့။
☎️09 409002109. 09 899681979
(12•2•2021 ဖွင့်ပါမည်။အထူးနှုန်း(၂လ)ရှိမည်။

25/01/2021

31.1.2021 နေ့အထိအထူးနှုန်း
18000/- ကျပ်။
မန္တလေးမြို့တွင်း ပို့ခ အခမဲ့ပါ။
09 427118882

25/01/2021

🙏🙏🙏 မင်္ဂလာပါ 🙏🙏🙏
🔴Win Win ကားစက်ပေါလစ်တိုက်၊
ကားအတွင်းခန်းလျှော်ခြင်းနှင့် ကားဆေး
မှုတ်လုပ်ငန်း ကို 57B×107×108ကြား၊
မန္တလေးမြို့တွင် မကြာမီဖွင့်ပါမယ်။
🔴စက်ပေါလစ်နှင့် အတွင်းခန်းလျှော်ဝန်
ဆောင်မှုများအတွက် အထူးနှုန်း(50%
ထက်မနည်း)လျော့ဈေးဖြင့်လာရောက်
အားပေး နိုင်မည့်အကြောင်း
ကြိုတင် အသိပေးအပ်ပါသည်။
🔴လုပ်ငန်းစတင်မည့်ရက်ကို
ထပ်မံ အသိ ပေးပါမယ်ဗျ။☺️

Want your business to be the top-listed Cleaning Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address


57B×107× 108
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00