B. Sc Physics

B. Sc Physics

Share

My B. Sc Physics is just a name of Bookstore.

12/07/2022

ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း အထောက်အထားဆိုလို့ ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။ငါတို့က တစ်သက်လုံးအတူရှိလို့ရပါတယ်။ဒါပေမယ့် အတူရှိနေရင်တောင် အတူဖြစ်နေတော့မှာမဟုတ်ဘူး။မီးရထားသံလမ်းတွေကို တွေ့တိုင်း ငါဒါကိုပိုပိုနားလည်လာခဲ့တယ်။ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင် ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို ငါတို့ရရှိခဲ့ကြပါတယ်။

နောက်တော့လည်း တွေ့ဆုံခြင်းဆိုတာဟာ အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့အခိုက်အတန့်တွေလိုမျိုးပဲလို့ ခံစားမိလာတယ်။ကမ္ဘာက အကျယ်ကြီး။ ငါတို့တွေ့ဖို့အတွက် အခွင့်အရေးက အများကြီးမရှိ။ဒါပေမယ့်ငါတို့တွေ့ခဲ့ကြတယ်။တစ်နည်းအားဖြင့် ငါတို့တိုက်မိခဲ့ကြတယ်။ပြီးတော့ အပွန်းအပဲ့ကိုယ်စီနဲ့ ကိုယ့်လမ်းကို ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။

မျက်လုံးမှိတ်လိုက်တိုင်း မိုးတွေရွာနေတယ်
ငါ့လက်နှစ်ဖက်မှာ နှင်းတွေခဲနေတယ်
ငါတို့ဘယ်တော့မှ စကားမပြောဖြစ်ကြတော့ဘူး* ။

(ဘူတာရုံဟောင်းတစ်ခုမှ)
#ဆပ်ရိပ်

Photos from B. Sc Physics's post 28/05/2022

"ဂျပန် ဓါတ်ပုံဆရာ Ochiai Kiyoshi ရိုက်ကူးထားတဲ့ 1990 - 1996 က မြန်မာပြည်" ဆိိုတဲ့ ပုံတွေထဲက ဘတ်စ်ကားကြီးတွေတွေ့တော့ "သွားစရာခရီးမှာ ကားပြာစီးပါ" ဆိုတဲ့ #ညီပုလေး ရဲ့ " #မြေးသူကြီး" ကို သွားသတိရမိတယ်။ အဲ့ဒီ့ခေတ် အဲ့ဒီ့အခါက မန္တလေး (အဓိက ရွှေကြက်ယက်တစ်ဝိုက်ပေါ့) ကို ကောင်းကောင်းမြင်တွေ့ရမဲ့ စာအုပ်။

တချို့က ပုဂံရောက်ရင် ဘာကိုလွှမ်းလို့ လွှမ်းမန်းမသိဘူးတို့ ရှေးဘဝကဘာညာတွေပြောကြသလိုမျိုးကို ကျွန်တော်ကတော့ အမရပူရရောက်တာနဲ့ ခံစားရတာမျိုး။ တောင်မြို့ကိုဝင်လိုက်တာနဲ့ ဟိုလူ့သတိရတာလိုလို ဒီလူ့သတိရတာလိုလို မို့လားတော့မသိဘူး ရွှေကြက်ယက်တစ်ဝိုက်ကို အခြေတည်ထားတဲ့စာအုပ်က ရင်ထဲဝင်တယ်။

လူတွေက ကိုရဖူး၊ ကြားဖူးတဲ့ အနံ့တို့ ဂီတတို့ကို ပြန်ခံစားရရင် အဲ့ဒီ့အချိန်က အတူရှိခဲ့တဲ့လူကို ပြန်သတိရသလိုပဲ ကျွန်တော့်ဒီစာအုပ်ကိုဖတ်ခဲ့တဲ့ကာလကို ပြန်စဥ်းစားရရင် နားထဲမှာ "Ed Sheeran" ရဲ့ "Perfect" က Repeat ဖြစ်နေခဲ့သလို ဘေးမှာလည်း မီးခိုးငွေ့တွေ ဝိုင်းနေခဲ့တာမျိုးပေါ့။

အဲ့ဒီ့ Album က ပထမပုံကိုတော့ယူသုံးထားတယ်။ ဘာရယ်မဟုတ်ဘူး #ရောက်တတ်ရာရာ 😁

24/05/2022

ကြုံတိုင်း Universe.....

၁၉၉၀ ဝန်းကျင်မွေးတဲ့လူတော်တော်များများဟာ
ပဲခူးရိုးမတောင်ခြေ၊ မြိုင်သာမြို့နား ရှိတဲ့ ကြုံတိုင်းရွာ
လေးကို ရောက်ဖူးပါလိမ့်မယ်။ နေ့တိုင်းကံမကောင်း
နေတဲ့ ဆရာတွတ်ကို ထိုင်ရယ်ရင်း
နေ့တနေ့အစပြုခဲ့ကြတယ်။

ဆရာတွတ်ကို ကြည့်ရင်း လေးစားရတယ်။ပျော်ရတယ်။
လူ့ သဘာဝအမှောင်ခြမ်းတွေကို မြင်ခဲ့ရတယ်။
သူကြီးဘစီကို ကြည့်ရင်း ဩဇာအာဏာရဲ့
သဘောတရားကို ဟာသစွက်ပြီး မြင်ခဲ့ရတယ်။
အာနိုးလှမိုးတို့လို လူတွေကို ကြည့်ရင်း အာဏာရဲ့
လက်ကိုင်တုတ် တွေကို မှန်းဆလို့ရခဲ့တယ်။
တရွာလုံးမွဲနေချိန် ရွှေဆွဲကြိုးတဝင်းဝင်းနဲ့
ကျန်းမာရေးမှူး ကိုနေမျိုးကိုကြည့်ရင်း၊ ဦးဧရာချမ်းရဲ့
ဆေးမြီးတိုတွေပဲ အဓိက အားထားနေရတဲ့ ဆင်းဆင်းရဲရဲ
ရွာသားတွေ ကို ကြည့်ရင်း ကျန်းမာရေးစနစ် ကို
တီးမိခေါက်မိကြတယ်။ ဆရာလေးကိုကြည်နိုင်ရဲ့
စကားတွေကနေတဆင့် ပညာရေးဟာ ဘယ်လောက်ထိ
အရေးပါလဲ နားလည်ကြရတယ်။ အသိမှား၊အယူမှားတွေ
ကို တော်လှန်ရတာ ဘယ်လောက်ခက်လဲ
သဘောပေါက်ခဲ့ရတယ်။ တရုတ်လေးအတီးကို
ကြည့်ရင်း ဓနဥစ္စာရဲ့ အင်အားကို နားလည်လာရတယ်။
လူပျိုကြီး ဗိုက်ကလေးနဲ့စောတင်မောင်ကိုကြည့်ရင်း
မိန်းမတွေရဲ့ တန်ခိုးကို အထင်မသေးရဲခဲ့ကြဘူး။
မသေးမျှင်ကြီးကိုကြည့်ရင်း တရိပ်ရိပ်တိုးနေတဲ့
ကုန်စျေးနှုန်းက လည်းပင်းညစ်လာတာ ခံစားခဲ့ရတယ်။
ပစိပစပ် နားပူနားဆာ သိပ်လုပ်တတ်တဲ့ မိန်းမတွေရဲ့
သဘောသဘာဝကို နားလည်လာကြတယ် :3 3 ။
သိပ်လှတဲ့ Civilization လေး တခုလိုပဲ။

တခြား mindset တွေလဲ ရှိသေးတယ်။
မုဆိုးတယောက်လုပ်ပေမယ့် မုဆိုးအလုပ်ရဲ့
ရက်စက်တဲ့ သဘာဝကို အားမကျအောင် သင်ပေးခဲ့
တယ်။ ဆန်အိုးထဲ ဆန်ရှိနေဖို့အတွက် မလွဲသာမရှောင်
သာ သားကောင်တွေရဲ့ အသက်နဲ့ ခရီးဆက်နေရတဲ့
ဆရာတွတ်ကို ကြည့်ရင်း ethics အကြောင်း သင်ယူရ
တယ်။ ဇီး(ကိုယ်ဝန်)ရှိတဲ့ သားကောင်ကို မပစ်ဖို့၊
သားပေါက်လေးရှိတဲ့ သားသည်အမေကို မပစ်ဖို့၊
ကျင့်ဝတ်စောင့်ထိန်းဖို့ ဒါတွေကို သင်ခဲ့ရတယ်။
လာဘ်ပေးလာဘ်ယူမှုတွေအကြောင်း၊
မြို့ပြနဲ့ကျေးလက်ရဲ့ လူနေမှု ဓလေ့စရိုက်တွေ
အကြောင်း၊ လောဘရဲ့ သဘောသဘာဝ၊ဓလေ့စရိုက်တွေ
အကြောင်း ၊ ချစ်ခြင်းမေတ္တာအကြောင်း စသဖြင့် အများ
ကြီး အများကြီး ရှိပါသေးတယ်။

ကပ္ပတိန်အမေရိကတို့၊ အိုင်းရွန်းမန်းတို့၊ ဘတ်မန်းတို့
ခေတ်မစားတဲ့ ကျနော်တို့ ငယ်ဘဝမှာ
ကြုံတိုင်း Universe ဟာ ဘယ် Universe တွေထက်မဆို
သဘာဝကျကျ လှလှပပပဲ နေရာယူခဲ့တယ်။
ဆရာတွတ်ရဲ့ ခြံထဲက ကွပ်ပျစ်စကားဝိုင်းလေးမှာ
လဖက်ရည်ကြမ်းနဲ့ ဆတ်သားခြောက်ဖုတ်လေး မြုံ့ရင်း
ကျနော်တို့ရဲ့ သိမှုနယ်ပယ်တွေ ချဲ့ထွင်ခဲ့ရတယ်။
သိပ်လှတဲ့ ငယ်ဘဝကို ရသမြောက်စေခဲ့တယ်။

ခုဆို ဆရာတွတ် မရှိတော့တာကြာပြီ။
ဒါပေမယ့် မရှောင်ရင်လွတ်တဲ့ ဆရာတွတ်ရဲ့
ကျည်ဆန်တွေဟာ ကျနော်တို့ ရင်ဘတ်ထဲ ကို
တည့်တည့်ကြီး ထိမှန်ခဲ့တယ်။ ။


#လွှမ်းရစ်တော့လေသင်္ကြန်နွေ #တွတ်ပီ

01/04/2022

တူနှစ်ကိုယ်ချခွင့်မရတော့တဲ့
ရေစက်ခွက်လေးအတွက် အမျှဝေပါတယ်
ကျနော့်ရဲ့ မျက်ကွယ်ရာ အရပ်မှာ
ခင်ဗျား အသက်ရာကျော်ရှည်ပါစေ.....

#ချမ်းမြ

17/03/2022

ကျွန်တော်က ပန်းချီဆရာတစ်ယောက်မဟုတ်ပေမယ့်
အရောင်တွေကိုချစ်တယ်
လောကကြီးတစ်ခုလုံးကို အရောင်တွေအဖြစ်နဲ့ပဲ
မြင်ခဲ့ရသလို
ဘဝထဲဖြတ်သန်းခဲ့ရသမျှကိုလည်း အစိမ်းရင့်ရင့်လူတွေ
ခရမ်းရင့်ရောင်အလွမ်းတွေ အဝါရောင်ကိုက်ခဲမှုတွေ
အနက်ရောင်စိတ်ဒဏ်ရာတွေနဲ့ မီးခိုးရောင်လူတွေကြား
အရောင်တွေနဲ့ပဲ ပိုင်းခြားတတ်ခဲ့ရတယ်
ဘဝကိုဖြတ်သန်းခဲ့ရတဲ့အခါ ကျွန်တော့်မှာလည်း
တခြားသူတွေလိုပါပဲ အရောင်တွေစွန်းထင်းပေကျံလိုပေါ့

#မေဇော်

11/03/2022

ဘဝတွေ နေရာတွေ အခြေနေတွေ ဘယ်လောက်ဝေးဝေး သူငယ်ချင်းချင်းတော့ မေတ္တာနယ်မှာ အစဉ်နီးကြရအောင်။

#တက္ကသိုလ်ဘုန်းနိုင်

07/03/2022

အမှောင်ထဲကတံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်တိုင်း
လက်ရှိဘဝကနေ လွတ်မြောက်သွားမယ်လို့ ငါတို့ထင်နေခဲ့တယ်။

#အောင်ခင်မြင့်

06/03/2022

လူ့အဖြစ်ကို
ပန်းပင်ကလေးတွေဟု တင်စားကြည့်ပါလျှင်
တယုတယ ပျိုးထောင်ခံကြရသည်တို့လည်း ရှိသလို၊
အလေ့ကျပေါက်ခဲ့ကြရသည့် ပန်းပင်ကလေးတွေလည်း
ရှိနေကြလိမ့်မည်။
ယုယခံရပါလျက် လှီသွားခဲ့ကြရသည့်
ပန်းပင်ကလေးတွေလည်း ရှိနေခဲ့သလို
အလေ့ကျပေါက်ရင်း
ရာသီအလိုက် ဖူးပွင့်မြဲ ပန်းကလေးတွေနှင့်
သန်စွမ်းနေသည်လည်း ရှိနေခဲ့ကြပါသည်။

မည်သို့သောအကြောင်းများကြောင့်
သေလျက်နှင့် ရှင်နေသည်ဖြစ်စေ
ရှင်လျက်နှင့်ပင် သေနေကြသည်​ဖြစ်စေ
ဤကမ္ဘာမြေတွင်
နှင်းဆီတို့ ဆက်၍မွှေးနေကြလိမ့်ဦးမည်သာ
ဖြစ်ပါသည်။ ။

#မေဇော်

03/03/2022

ဒါမျိုးစာရင်းကြ မီးပျက်လည်းလုပ်တယ် 🤣

Post မတင်ပေမဲ့ အခုလိုလာအားပေးလို့
ကျေးဇူးတင်ပါတယ်ဗျာ။ 😁 နောက်ပတ်ကစပြီး အရင်လို တစ်ပတ်တစ်အုပ်လောက်ဖြစ်ဖြစ်တော့ မရ ရအောင် post တင်ပါ့မယ် 🥺

Photos from B. Sc Physics's post 26/01/2022

မနှစ်ကပေးထားတဲ့ စာအုပ်တွေတောင် ဖတ်ရယ်လား မသိပေမဲ့ ဒီနှစ်လည်း "Happy Birthday" ပါ။ 😏 မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင် ဆန္ဒရှိသမျှ ဖြစ်နိုင်ပါစေ။ ❣

Sorry For Late 😁

Photos from B. Sc Physics's post 15/01/2022

စာအုပ်၊ စာပေ ချစ်သူအပေါင်း မင်္ဂလာပါဗျာ။ ❣
ပေါ်မလာတာကြာပြီဖြစ်ပေမယ့် အသစ်ရောက်တာလေးတွေတော့ ရှိပါတယ်ဗျ။ 😁

အသစ်ရောက်လေးတွေကတော့

#မအိမ်ကံ ရဲ့ #ခင်ခင်ထူး ၉၀၀၀ ကျပ် 🤣

#နုနုရည်အင်းဝ ရဲ့ #ဗိုလ်ကေတထောင်မှာတယောက်လောက်တော့စွဲကောင်းပါရဲ့ ၅၀၀၀ ကျပ် နဲ့

နာမည်ကြီးနေတဲ့ #ပုညခင် ရဲ့ #အိပ်မက်ဆက်ကြိုး ၁၂၀၀၀ ကျပ် တို့ပဲ ဖြစ်ပါတယ်။ 😁

01/01/2022

စာအုပ်၊ စာ​ပေ ချစ်သူအ​ပေါင်း မင်္ဂလာနံနက်ခင်းပါဗျာ။
အားလုံးပဲ ပျော်ရွှင်၊ ကျေနပ်စရာကောင်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေလို့ မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ❣

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00