Terry
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Terry, Writer, Mandalay.
အေးမလား
နွေးမလား
မသိတဲ့လောကကြီးထဲ
နီးစပ်ဖို့အရေး
ရွေပြည်ကြီးကို
ရောက်ချင်ပြီ
မမခင်...။
#စိုးကြည်
ကျုပ်ကို
မေးပါ
မြန်းပါ
ပူပန်ပါ
ခင့်ကိုချစ်သည်
ခင့်မျက်ရည်
မြေမခစေလိုပါ..။
#စိုးကြည်
ဝေးစမ်းပါစေကွာ
ငါတို့ဘယ်လောက်ထိ
ဝေးဦးမှာလဲ
အနန္တထိလား
အစွန်းစွန်ဆုံးသော
ယူဇနာတွေထိလား...။
#စိုးကြည်
❛ လူအများ အလကားနီးနီးရသော
အရာကိုမျှ
ငါတိုက်ယူခဲ့ရပါတယ်။ ။
•အောင်ချိမ့်
#အောင်ချိမ့်
❛ မင်းတစ်ယောက်ကလွဲလို့
လောကကြီးက ငါ့ကို
အမြင်မကြည်ခဲ့ဘူး...။
#စိုးကြည်
ပန်းကလေးတွေပေးမယ်
အလှမ်းဝေးတာတွေ
လွမ်းဆွေးတာတွေ
ကျုပ်မသိဘူး
ကျုပ်ပြည်ထောင်စုမှာ
ခင်ဟာ ငြိမ်းချမ်းခြင်းကို
ဖော်ကျူးနေလိမ့်မယ်..။
#စိုးကြည်
တန်ဖိုး
---------
အမျိုးသမီးတွေဆိုတာ
ကစားစရာ အရုပ်လားဗျ..။
#စိုးကြည်
မင်းဘဝထဲ
သူ့ကိုခေါ်ထားမယ်တဲ့လား
အဲ့အမျိုးသမီးက
ထမင်းကြမ်းခဲ စားနိုင်တယ်ပေါ့....။
#စိုးကြည်
မေတ္တာပန်းတွေ
လောကဥယျာဉ်မှာ
မည်သို့မည်ပုံပွင့်ကြောင်း
ပြသလိုသောကြောင့်
ကျုပ်ချစ်တာကို
အသိအမှတ်ပြုပေးစေချင်တယ်
"မမခင်".....။
#စိုးကြည်
လောလောလတ်လတ်
အိမ်မှာ အိပ်လိုက်စားလိုက်
နေတဲ့ ကျုပ်က
ခင့်ကို အိမ်မှု့ကိစ္စအတွက်
မစိုးရိမ်ဖို့ပြောနေလေရဲ့...။
#စိုးကြည်
လောကကြီး ဘယ်လောက်ပင်ပန်းကြောင်း
သိချင်ရင် မင်းအမေနေရာကို
ခေတ္တ ခဏလေးဘဲ ဝင်စားကြည့်လိုက်ပါ
#စိုးကြည်
30/03/2024
လိုချင်တာ
သိန်းဆုထီတွေမဟုတ်ဘူး
ခင့်ဆီက မေတ္တာ တစ်သက်တာဆု။
#စိုးကြည်
အသက်တမျှ
-------------------
အကယ်၍လက်တွဲဖြစ်ခဲ့ရင်
ကလျာပြောသလိုပေါ့
ကိုယ်ဟာ အိမ်မှုကိစ္စတွေကို
ကလျာနဲ့အတူလုပ်ရမယ်
ကိုယ်သေရည်တွေသောက်ပြီး
မူးရစ်နေတဲ့ညတွေဆို
အိမ်ပြင်မှာ အိပ်ဖို့
ကလျာက အပြစ်ပေးမယ်
ရန်တွေဖြစ်ခဲ့ရင်
စိတ်ကသီးကအောက်ဖြစ်ခဲ့ရင်
"ချစ်မဝလေးဆိုပြီး ချစ်ဝရင်
ချန်ခဲ့မယ်ထင်ပါရဲ့"ဆိုတဲ့ စကားလေးနဲ့
ကိုယ့်အပေါ် ဆိုးခွင့်ရတဲ့အချိန်တွေ
မျှော်လင့်ချက်မဲ့စွာ
ကွေးကွေးကောက်ကောက်
လျှောက်ခဲ့ရတဲ့ ခြေလှမ်းတွေဟာ
ကလျာ ဒီလူ့ဘဝထဲ ဝင်လာကတည်းက
ရောင်နီ သန်းလာပြီမို့
အောင်စည်ရွှမ်းရအောင်
ကိုယ်ရွှေဘိုကိုမရောက်ခဲ့ပေမယ့်
မြနန်းစံကျော်ရွှေနန်းတော်ဆီ သွားခဲ့မိသေးတယ်
နှင်းတွေကြားမှာ နွေးထွေးနေတဲ့ နှလုံးသားက
မမြဲခြင်းဆိုသည်တွေကို ပျက်ပြယ်အောင်
ကိုယ့်အိမ်မှာ ယတြာအနေနဲ့ သပြေပင်တွေစိုက်ခဲ့တာ
အခုဆို အညွန့်လေးတွေထွက်နေပြီ ကလျာ
မှောင်မိုက်နေတဲ့အရိပ်မှာ ကလျာမလှမပဖြစ်မှာဆိုးလို့
အနာဂတ်အိမ်လေးကို ကလျာကြိုက်တဲ့အရောင်ခြယ်ဖို့
အိမ်နားမှာရှိတဲ့မိတ်ဆွေ ဆေးသုတ်ဆရာအစ်ကိုနဲ့တိုင်ပင်ခဲ့သေးတယ်
ပင်ပန်းမယ်ထင်နေမှာဆိုးလို့ရယ်
အပန်းဖြေရအောင် ဥယျာဉ်လေးစိုက်ဖို့
နုလုံးသားမြေနေရာလေးကို ပုံအပ်ခဲ့မိတယ်
အသက်တမျှ ချစ်ရသူမို့
တစ်စက္ကန့်မျှ မကုန်ခမ်းအောင်
ကလျာနဲ့အတူ အချိန်တွေကို ကုန်ဆုံးချင်တယ်...။
#စိုးကြည်
၂၂/၁/၂၀၂၄
#နောက်ကျခဲ့သော
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay