UG VPN

UG VPN

Share

Social Media အသုံးပြုချိန်တွေမှာ UG VPNကို အသုံးပြုရင်း တော်လှန်ရေးမှာ အကောင်းဆုံးပါဝင်လိုက်ကြရအောင်✊

Photos from UG VPN's post 07/04/2025

ဒီသင်္ကြန် ဘာအစီအစဉ်ရှိလဲ... 🤔🍀

ဒီအချိန်ကြီး ဘာအစီအစဉ်ရှိရမှာလဲကွာ ဆိုရင် မှန်ပါတယ်... တို့တွေ သင်္ကြန်မကျတာ ဒီနှစ်ဆို ၅နှစ်မြောက်လေနော်...

အခုလို ငမ်းငမ်းတက် အုပ်ချုပ်ချင်ပြီး ဘာမှ မပြင်မဆင်တတ်တဲ့ အကြမ်းဖက်အဖွဲ့ကြောင့် ပြည်သူအများကြီး သဘာဝဘေးကြုံရတဲ့ နှစ်ရယ်မှမဟုတ်.. တော်လှန်ရေးစကတည်းက သင်္ကြန်ဆိုတာ ဝေးခဲ့ကြရတဲ့ သူတွေပါပဲ...

ဒါပေမယ်လို့ အပြင်မှာ ပျော်ရွှင်ခုန်ပေါက် မကျင်းပကြပေမဲ့ အွန်လိုင်းမှာတော့ နှစ်သစ်အတွင်း အန္တရာယ်ကင်းစေကြောင်း မေတ္တာတွေပြလို့ ရပါသေးတယ်

သင်္ကြန်လက်ဆောင်လေးတွေကို

🍀 အသက်ရော အနာဂတ်ပါစွန့်ပြီး တော်လှန်နေကြတဲ့ ရဲဘော်တွေ
🍀 အကြမ်းဖက်တပ်အောင် ငုံ့မခံခဲ့တဲ့ စီဒီအမ်ဝန်ထမ်းတွေ
🍀 ကျရာနေရာက ထောက်ပို့မပျက်တဲ့ ထောက်ပို့ပြည်သူမောင်နှမတွေ
🍀 အရင်က ခပ်တန်းတန်းနေခဲ့ပြီး တော်လှန်ရေးကာလကျမှ ရင်ဘတ်ချင်းဆက်နွှယ်ခဲ့ရသူတွေ
🍀 ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရတဲ့ ချစ်ရခင်ရသူတွေ
🍀 လူပီသစိတ် တစ်ခုတည်းနဲ့ အိမ်နဲ့ မိသားစုအဝေးကို ရောက်ပြီး ပြန်စရာအိမ် မရှိကြတော့တဲ့သူတွေ

အကုန်လုံးကို မေတ္တာပေးရင်း နွေးထွေးစေလို့ရပါတယ်

🍀 ထောက်ပို့ထီ ၂စောင် ၄,၀၀၀ ကျပ်နဲ့ ရေဖလား
🍀 ထောက်ပို့ထီ ၅စောင် ၁၀,၀၀၀ ကျပ်နဲ့ ရေပြွတ်
🍀 ထောက်ပို့ထီ ၁၀စောင် ၂၀,၀၀၀ ကျပ်နဲ့ အုန်းလက်မဏ္ဍပ်လေး လက်ဆောင်ပို့ပေးရင်း နှစ်ကူးဆုတောင်း ပေးကြမယ်လေနော်

မနက်ဖြန် ဧပြီ ၈ရက်ကနေ နှစ်ဆန်းတစ်ရက် ဧပြီ ၁၇အထိ ထီဝယ်ရင်း လက်ဆောင်ကတ်လေးတွေ ဝယ်လို့ရမှာပါရှင့်...

ဘယ်ကိုယ်စားလှယ်ဆီက ဝယ်ထားထား လက်ဆောင်ကတ်လေးတွေကို ထောက်ပို့ထီ ပေ့ချ်မှာ ထုတ်ပေးရမှာပါနော်

ကဲ... ဘယ်သူတွေကို ပေးမလဲ. . ပေးစရာလူမရှိရင် အက်မင်တို့ တစ်ဖွဲ့လုံးရှိတယ်နော် 🤭

#ထောက်ပို့ထီ
#သိန်း၁၀၀၀
#သင်္ကြန်ကမ်ပိန်း
#သင်္ကြန်လက်ဆောင်
https://www.facebook.com/share/p/1BxMhTV8bf/

Photos from ထောက်ပို့ထီ's post 03/04/2025

မတ် လ၊ ၂၀၂၅၊ (၁၅) ကြိမ်မြောက် အတွက် ပထမဆုံး တင်ခဲ့သည့် ထီပေါက်စဉ် တွင် ကျွန်တော်ရဲ့ ပေါ့ဆမှုကြောင့် ထီဆု တချို့ ထည့်သွင့်ဖို့ ကျန်ရစ်ခဲ့ပါတယ်ခင်ဗျာ။
အကြိမ်ကြိမ် စစ်ဆေးပြီး ထီပေါက်စဉ် ကို ပြင်ဆင်ပေးပြီး ဖြစ်ပါသည်။
ပေါ့ဆမှု အတွက် မေတ္တာရှေ့ထား နားလည်ပေးဖို့ တောင်းပန်အပ်တယ်ခင်ဗျာ။
※ [ ယခင် Post မှကူးယူပြီး တင်ထားသည့် သူများလည်း ပြန်လည် ပြင်ဆင်ပေးစေလိုပါတယ်ခင်ဗျာ။ ] ※
မူရင်း Post ကို ပြန်လည် ပြင်ဆင်ပြီးဖြစ်ပါသည်။

https://www.facebook.com/share/p/16PLicRVor/

02/04/2025

#ယခုလမှစတင်ပြီးထောက်ပို့ထီစတင်ရောင်းချခြင်းဖြစ်ပါတယ်

#ကံစမ်းရင်းလှူထောက်ပို့ကူ

ကျွန်တော်တို့ Seven People Defense Force - Manadalay တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ၊ ဖေဖော်လ အလယ်ပိုင်းအတွင်းမှ စတင်၍ မြို့ပြပြောက်ကြားလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြတဲ့ရဲဘော်များနှင့် ဖွဲ့စည်းထားခဲ့တဲ့တပ်ဖွဲ့တခုဖြစ်ပါတယ်။

UG တို့သဘောသဘာဝအရ ခြေသံလုံစွာလှုပ်ရှားဆောင်ရွက်ကြရပါတယ်။ စုဖွဲ့မှုနည်းနည်းနဲ့ မြို့ပေါ်မှာဟန်မပြတ် ရုပ်ဖြတ်လှုပ်ရှားကြရပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့မှာ လူမသိသူမသိ အသတ်ပေးခဲ့ရတဲ့ရဲဘော်တွေလည်းရှိခဲ့သလို၊ လက်ရှိထောင်တွင်းက နိုင်ကျဥ်းရဲဘော်များစွာလည်းရှိသလို၊ UGရဲ့ အဖြေရှာမတွေ့ပျောက်ဆုံးသွားတဲ့ရဲဘော်တွေလည်း ရှိခဲ့ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ရဲ့ ရဲဘော်တွေရဲ့အသက်ပေး၍ တိုင်းပြည်နဲ့ တပ်ဖွဲ့အပေါ်သစ္စာရှိမှုအပေါ် အစဥ်အမြဲလေးစားသောအားဖြင့် ဘယ်လိုဒုက္ခမျိုးပဲကြုံတွေ့ပါစေ ဘယ်တော့မှနောက်မဆုတ်သောဇွဲလုံလနဲ့အတူ ကျွန်တော်တို့တပ်ဖွဲ့ဟာ တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။

MFM ရဲ့ ဆေးဝါးအကူအညီထောက်အပံ့များနှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မှ စတင်ခဲ့တဲ့ ကျွန်တော်တို့ Seven People Defense Force - Mandalay တပ်ဖွဲ့ရဲ့ အခမဲ့ဆေးပေးခန်းလေးဟာဆိုရင်လည်း မည်သည့်တပ်ဖွဲ့က ရဲဘော်ကိုမဆိုအခမဲ့ဆေးကုသပေးခဲ့ပြီး၊ ရဲဘော်၊ စစ်ရှောင်မိဘပြည်သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၀၀၀) ဝန်းကျင်ခန့်အထိကို အခမဲ့ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ MFM အဖွဲ့သားများအား ကျေးဇူးအထူးတင်ရှိပါ​တယ်ခင်ဗျာ 🙏🙏🙏။

လက်ရှိမှာတော့ ကျွန်တော်တို့ Seven People Defense Force - Mandalay /မန္တလေးခရိုင် အမှတ် (၁၈၄၇) ဒရုန်းတပ်ဖွဲ့ အနေနဲ့ ရှေ့တန်းစစ်မြေပြင်ကို ပြန်လည်သွားဖို့အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြပါတယ်ခင်ဗျာ။ ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ Campaign များဆောင်ရွက်ခြင်းများ ယနေ့အချိန်ထိ မလုပ်ဆောင်ခဲ့ဖူးသေးပါဘူး။ ပြည်သူတွေအနေနဲ့ လှူရမည့် Campaign တွေများနေတဲ့အတွက်ကြောင့်လည်းပါသလို ကိုယ့်အဖွဲ့အနေနဲ့အဆင်ပြေသေးတယ်လို့ယူဆလို့ မလုပ်ဆောင်ဖြစ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ယခုလမှစတင်၍ လစဥ်ရန်ပုံငွေအတွက် ထောက်ပို့ထီကို စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ မိဘပြည်သူအပေါင်းတို့ခင်ဗျာ လစဥ်ထောက်ပို့ထီကံစမ်းရင်း ကျွန်တော်တို့တပ်ဖွဲ့ရဲ့ ရိတ္ခါနဲ့ လက်နက်ခဲယမ်းဖြည့်တင်းနိုင်ရေးအတွက် ပါဝင်အားဖြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ 🙏🙏🙏။

သို့သော် 😔၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နေ့လည် (၁၂:၅၀) အချိန်ဝန်းကျင် မှ စတင်လှုပ်ခတ်ခဲ့တဲ့ ပြင်းအားလွန်ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံအဝှမ်းတွင် အိုးအိမ်ပျက်ဆီးဆုံးရှုံးမှုပေါင်းများစွာ၊ သမိုင်းဝင်အဆောက်အဦးများ၊ စေတီပုထိုးများ၊ လမ်းတံတားပေါင်းများစွာပျက်ဆီးဆုံးရှုံးခဲ့ရပြီး မိသားစုပေါင်းများသေကြေဆုံးရှုံးခဲ့ရပြီးနောက် ဓာတ်ဒဏ်ရာပေါင်းများစွာ၊ ဒုက္ခပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့အပေါ် ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ မိဘပြည်သူတို့နှင့်အတူထပ်တူ ​စိတ်နှလုံးကြေကွဲခဲ့ကြရပါတယ်ခင်ဗျာ🥺🥺🥺။

သို့ဖြစ်ပါ၍ ယခုလရဲ့ ထောက်ပို့ထီးရောင်းအားမှ ရရှိသော Comission 80 % ၏ 100 % အား ငလျင်ဒဏ်သင့်ပြည်သူများထံသို့ ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။ FB page messenger နဲ့ Telegram Cahnnel တို့မှတဆင့် ဝယ်ယူအားပေးလှူဒါန်းပေးကြဖို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်ခင်ဗျာ 🥁🥁🥁🔊🔊🔊။

@ကျားခင်စိန်

#ထောက်ပို့ထီ

t.me/SevenPeopleDefenseForceMandalay

15/03/2025

မန္တလေးခရိုင် အမှတ် (၁၈၄၇) ဒရုန်းတပ်ဖွဲ့မှ တန်ပြန်ဝေဟင်စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ရဲဘော်သစ်များအား ခေါ်ယူစုဆောင်းနေပါပြီ။

လိုအပ်ချက်များ

၁။ အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်။

၂။ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။

၃။ တပ်ဖွဲ့မှ သတ်မှတ်သော နယ်မြေဒေသများတွင် လေ့ကျင် သင်ကြား၊ နေထိုင်စုဖွဲ့၍ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၄။ အခြေခံစစ်ပညာသင်တန်း၊ ဝေဟင်တန်ပြန်စစ်ဆင်ရေးများအတွက် အဆင့်မြင့်ဒရုန်းသင်တန်းများကို တက်ရောက်သင်ယူနိုင်သူဖြစ်ရမည်။

၅။ စစ်ဘက်ဆိုင်ရာပင်ပန်းဆင်းရဲမှု ဒဏ်ကိုခံနိုင်ရည်ရှိပြီး စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ရမည်။

၆။ နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိအောင်မြင်သည်အထိ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ထမ်းဆောင်လိုသူ ဖြစ်ရမည်။

၇။ တပ်ဖွဲ့၏ မူဝါဒနှင့် နည်းဥပဒေများကို လိုက်နာစောင့်ထိန်းနိုင်သူဖြစ်ရမည်။

အထက်ဖော်ပြပါအချက်များနှင့် ကိုယ်ညီပြီး လိုက်နာဆောင်ရွက်နိုင်သူမည်သူမဆို ကျွန်တော်တို့ Seven People Defense Force - Mandalay page မှတဆင့်ဆက်သွယ်၍ ဝင်ရောက်နိုင်ပါသည်။

Photos from UG VPN's post 17/02/2025

" တိုက်ပွဲသတင်းထုတ်ပြန်ချက် "
မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့နယ် ရှေ့တန်းစစ်မြေပြင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ပြင်ဦးလွင်ခရိုင် (ပ.က.ဖ) ၏ Droneတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ ပြင်ဦးလွင်ခရိုင်အမှတ် (၁) တပ်ရင်း ၊ မတ္တရာမြို့နယ် ပ.က.ဖ ၊ ဒေါင်းစစ်သည်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ်တိုက်နယ် / ကျေးရွာ (ပ.က.ဖ) တပ်ဖွဲ့များ ၊ Revolution Bird ၊ နှင့် မိမိတို့ Seven People Defense Force -Mandalay ၏ မန္တလေးခရိုင် အမှတ် (၁၈၄၇) ဒရုန်းတပ်ဖွဲ့ ၊ ဆေးတပ်ဖွဲ့နှင့် မန္တလေးခရိုင်ဗဟိုထုတ်လုပ်ရေးတို့သည် ဝေဟင်စစ်ဆင်ရေးတွင် သာမက မြေပြင်တိုက်ပွဲများတွင်ပါ အတူတကွ ပူးပေါင်းကာ နေ့ညမပျက် တိုက်ပွဲဝင်ဆင်နွှဲခဲ့ပါသော တိုက်ပွဲမှတ်တမ်းများအား တင်ပြအပ်ပါသည်။ အဆိုပါတိုက်ပွဲများအတွက် ဗုံးသီးများအား မန္တလေးခရိုင်ဗဟိုထုတ်လုပ်ရေးမှ ကူညီပံ့ပိုးပေးထားပါသည်။
တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ ကျဆုံး ထိခိုက်ဒဏ်ရာရရှိမှုများစွာရှိခဲ့ပြီး (အရေအတွက်အတိအကျ မသိရ) ၊ မိမိတို့ဘက်မှာ Fixed Wing Drone ( ၇ ) စီး ပျက်ဆီးဆုံးရှုံးခဲ့ပါသည်။

09/02/2025

ဆန်တစ်ဆုပ်...ကျဲချလိုက်
ငှက်တစ်အုပ်...ရောက်လာလိမ့်မယ်။
ဆန်စေ့ကုန်ရင်...ပျံသွားကြမယ်။

ငွေတစ်ထုပ် ။ပကာသနတစ်ပုဒ်နဲ့ ပေါင်းကြည့်လိုက်
လူတစ်အုပ်ရောက်လာလိမ့်မယ်။
ကျွေးစရာ ပေးစရာမရှိတော့ရင်...
ပြန်သွားကြလိမ့်မယ်။

စွန့်ခွာသွားပုံခြင်း တူကြပေမယ့်
ငှက်တစ်အုပ်က ဒုက္ခမပေးဘူး။

ဘုန်းမြတ်သွေး။

ဲ့တကွ PDF တပ်စခန်းများသည် ဒုက္ခသည်စခန်းများမဟုတ်ပါ။
ပြည်သူများရဲ့ သွေးချွေး၊မျက်ရည်စတွေနဲ့ ရင်းပြီးမှလှူဒါန်းလာတဲ့ ရိတ္ခါတွေဟာ အချောင်သမားတွေကို တပ်စခန်းက တင်ကျွေးထားဖို့မဟုတ်ပါဘူးဗျို့။

MODရဲ့ချမှတ်ထားတဲ့ စည်းမျဥ်းတွေအရ PDFတပ်ဖွဲ့ဝင်လာပြီးရင် သတ်မှတ်ကာလပြီးဆုံးအောင်ထိ တာဝန်ထမ်းဆောင်ရပါမယ်။

အဲ့လိုမှ တာဝန်မထမ်းဆောင်နိုင်ရင် ပြည်သူ့ဆန်အလကားလာမစားကြပါနဲ့ဗျို့။ နောက်လည်းမလာကြပါနဲ့။ လာလည်းမနောက်ကြပါနဲ့ဗျို့။

တပ်ဖွဲ့တခုထူထောင်နိုင်ဖို့ လည်ပတ်နိုင်ဖို့ တပ်ဖွဲ့တိုင်းက ခေါင်းဆောင်တွေဟာ သိန်းထောင်ချီတဲ့ အကြွေးတွေတင်နေကြပါတယ်။ နေရာရချင်ရုံသက်သက် ဗိုလ်လုပ်ချင်ရုံသက်သက်နဲ့တော့ PDFထဲ ဝင်မလာကြပါနဲ့ဗျို့။

@ကျားခင်စိန်

Photos from UG VPN's post 02/02/2025

ကျွန်တော်တို့ Seven People Defense Force - Mandalay ရဲ့ NUG Pay acc listပါဗျ။
ကျွန်တော်တို့တပ်ဖွဲ့ NUG Pay accတွေဟာ တကြိမ်တခါမှ မပျက်ခဲ့ဖူးပါဗျ။
NUG Pay acc နဲ့အတူ လစဥ်လုံခြုံစွာနဲ့ လှူဒါန်းနိုင်ပါတယ်ခင်ဗျာ 🙏🙏🙏

Want your organization to be the top-listed Non Profit Organization in Mandalay?
Click here to claim your Sponsored Listing.

Address


Mandalay
05024

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00