DEEP Feel
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DEEP Feel, Professional Gamer, Mandalay.
16/02/2024
တိုင်းပြည်ကလည်း တဖြည်းဖြည်း ယိုယွင်းစုတ်ပြတ်နိမ့်ကျလာပြီးတဲ့
နောက် စိတ်တွေကလည်း စုတ်ပြတ်သတ်ပြီးဖရိုဖရဲ အလဲအကွဲပြိုလဲပြီးရင်း ပြိုလဲပါပဲ။ နေ့ဆို လဖက်ရည်ဆိုင်များ တဆိုင်ပြီးတဆိုင်ထိုင်၊ ပလက်ဖေါင်းတွေတခုပြီးတခုဆီ ကူးလူးလျှောက်ရင်း အကောင်းဆုံးအရွယ်တခုမှာ ကိုယ်ဝါသနာပါတာတွေ ဘာတခုမှမလုပ်ရပဲ။ ပြိုပျက်သွားတဲ့ ကိုယ့်အိမ်မက်တွေအကုန်လုံးကို စိတ်ထဲမှာကြိတ်ပြီးစမြုံပြန်ရင်း မသေအောင်နေရမယ်။ ရှင်ကျန်အောင်နေရစ်ရမယ်ဆိုတဲ့ အသိကို ငယ်ထိပ်မှာ သံမှိုစွဲထားသလို ရိုက်နှက်ထားရင်း အတော့်လေးကို တနေ့ တနေ့ ပင်ပန်းဆင်းရဲကြီးစွာကျော်ဖြတ်နေရတယ်။
တနေ့တာ ကုန်သွားလို့ ညဘက်ရောက်သွားပြန်တော့လည်း ရှိခဲ့ဖူးတဲ့ အတိတ်တချို့၊ ပျော်ရွှင်ခဲ့ဖူးတဲ့ ညတချို့၊အလင်းဆိုင်တချို့ဆီ တယော
က်ထဲ လျှောက်သွားရင်း၊ မီးရောင်တွေရှိရာလိုက်ငေးရင်း ကိုယ့်ကိုကိုယ် မကျေနပ်ရ၊ သူရဲဘောကြောင်ရ၊ အလိုမကျရ၊ စိတ်ပျက်အားငယ်ရ၊မသတီ ရွံရှာရ၊ မုန်းတီးရ၊ အထီးကျန်ရ စတာတွေက တသီတသန်းကြီး ကိုယ့်အနောက်ကနေ အမြဲကပ်ပါလာတယ်။ နေ့မှာလည်း ငေါင်တောင်တောင်၊ ညရောက်ပြန်တော့လည်း လူတွေက ကြောင်တောင်တောင်ရယ်။ တယောက်ထဲအော်ငိုလိုက်၊ အော်ရယ်လိုက်ထိုင်နေလိုက်၊ ထနေလိုက်၊ စ
ကားပြောလိုက်၊ တိတ်ဆိတ်စွာ အမှောင်ထဲကိုငေးနေလိုက်၊ ဂနာမငြိမ်ဖြစ်နေတာကိုသိလျက်နဲ့ ကိုယ့်ကိုကိုယ် ဘာမှမဖြစ်သလို တည်ငြိမ်သူ
တယောက်လို ဟန်ဆောင်ရင်း ကိုယ့်ကိုကိုယ် တစုံတခုခု ဖြစ်တဲ့အထိမလုပ်မိအောင်ကိုပဲ အတော်လေးသတိထား ဆင်ခြင်နေရပြန်တယ်။
တခါတလေလည်း ကိုယ့်ဘာသာမှန်ကြည့်ပြီး လီးပဲ လီးပဲ လီးပဲကို
သမ္မုဒ္ဓေဂါထာ ရေရွတ်သလိုမျိုး အလုံးစုံမကျေနပ်မှုအပေါင်းကို အဆဲ
အဖြစ်ပြောင်းပြစ်ရပြန်တယ်။ လီးပဲက ရိုးသွားရင် တခါ ငါလိုးမတိုင်း
ပြည် ငါလိုးမ တိုင်းပြည်ဆိုပြီး ပြန်ပြောင်းဆဲရပြန်တယ်။ အဲ့နှစ်ခုကရိုးတယ်လို့စိတ်ထဲထင်ယောင်ခံစားရပြန်ရင်လည်း ငါလိုးမနိူင်ငံဆိုပြီး တခါ
ထပ်ဆဲရပြန်တယ်။ ငါစဉ်းစားကြည့်မိတယ်။ တလရ အောင်ပြီးရင်တော
င် ငါတို့စိတ်ရဲ့မူလအစစ်အမှန်က ပြန်မရနိုင်တော့ဘူး။ တလရ အောင်ပြီးရင်တောင် လက်ကျန်ဘဝ စိတ်မူမှန်ပြန်ရဖို့ အတော့်ကို ပြန်လည်တည်
ဆောက်ယူရအုံးမယ်။ ဘယ်လိုပဲပြန်တည်ဆောက်ပါစေ ငါတို့ကို ငါတို့
ဆုံးရှုံးလက်လွှတ်လိုက်ရပြီပဲဖြစ်တယ်။
ပထမ တိုင်းပြည်ကိုဆုံးရှုံးတယ်။ ဒုတိယ အပေါင်းအသင်းတွေမိတ်ဆွေတွေ ၊ချစ်ခင်ရတဲ့သူ တွေကို ဆုံးရှုံးတယ်။ တတိယ ရုပ်ဝတ္တု ပိုင်
ဆိုင်မှုတွေကို ဆုံးရှုံးတယ်။ စတုတ္ထ လွပ်လပ်ခွင့်တွေ၊ ခံစားမှုတွေဆုံးရှူံးတယ်။ ပဉ္စမကိုယ့်ကိုကိုယ် ပြန်မရတော့တဲ့အထိ အပြီးတိုင် ဆုံးရှုံးတယ်။
ကြာလေ ကြာလေ ရှင်သန်မှုက ပျောက်ဆုံးလာလေပဲ။ အသက်သာရှိနေတာ ရှင်သန်မှုက ပျောက်သွားတာကြာခဲ့ပြီ။ သွားတယ်။လာတယ်။စားတယ်။သောက်တယ်။ အိပ်တယ်။ အားလုံးက သက်မဲ့တွေလို ပြုမှုနေရတယ်။ မပျော်တာကို ပျော်ပျော်ကြီးနေပြနေရတယ်။ ဒါက ဘဝပါလား
လို့ ဆင်ခြင်ကြည့်မိချိန်ရောက်ပြန်ရင်လည်း ဝမ်းနည်းကာ ယူကျုံးမရမှုတွေက တထွေးကြီး အာရုံခံစားမှုထဲကို ဝင်ရောက်လာပြန်တယ်။
မိတ်ဆွေတယောက်ပြောသလို င့ါတို့က ရှေးဘဝက မနည်းမနော အကုသိုလ်တွေလုပ်ခဲ့မိလို့ ဒီဘဝ မြန်မာပြည်မှာ လူလာဖြစ်နေတာ
ဆိုသလိုပဲ။ နောက်ဆုံးတော့လည်း စောက်ရူးနားကန်းနဲ့သူလိုကိုယ်လိုချီး
ဒုတ်တွေရယ်ပဲ ပြည်တွင်းမှာ ဘက်ပေါင်းစုံရဲ့ ထိုးနှက်မှုကိုခံရင်း ကျန်ခဲ့ရတယ်။ သေချာပြန်တွေးကြည့်ရင် ပြည်တွင်းမှာ ဘယ်လိုအခြေအနေပဲ
ဖြစ်ဖြစ် တခြားရေခြားမြေခြားကိုထွက်မသွားပဲ ကျန်နေရစ်ခဲ့တဲ့ ငါတို့က
မသာအိမ်ရောက်နေတဲ့ ဝယ်ပြီးစဖိနပ်အသစ်လေးလိုပဲ။ဝယ်ပြီးစ အသစ်
လေးဆိုတော့ လူတကာက မျက်စိကျပြီးဟိုလူကစွပ်လိုက် ပြန်ချွတ်ထား
လိုက်၊ ဒီလူက စွပ်လိုက် ပြန်ချွတ်ထားလိုက်နဲ့။ နောက်ဆုံး လူတကာရဲ့ စွ
ပ်ယူစီးနင်းခြင်းခံလို့ဝတဲ့အချိန်ရောက်တော့လည်းစွန့်ပစ်ခံရပြန်တယ်။ အခုလည်း ဒီလိုပဲ ပြည်ပက လူတွေက လှမ်းဆူလိုက်၊ တောထဲက လူတွေက လှမ်းဆူလိုက်၊ အစိုးမရသေးတဲ့ အစိုးရကလှမ်းဆူလိုက် နဲ့ပဲ။ ပြည်
တွင်းမှာ၊ မြို့ပေါ်မှာ၊ မြေပြင်မှာ ဒီခွေးတွေနဲ့ ငါတို့ ဘယ်လိုနေနေရတယ်ဆိုတာကျ သူတို့ကမသိဘူး။ အခုအိမ်ထဲဝင်လာပြီး ဆွဲသွားလည်း ဘာမှပြန်လုပ်မရဘူး။ မျှဝေခံစားတွေး ခေါ်မှု၊ သမာသမတ်ကျမှု၊ဆိုတာမရှိရင်တလရ အောင်လည်း အာဏာရှင်ကို အာဏာရှင်ဆက်ခံတာပဲဖြစ်လာလိ
မ့်မှာ အမှန်ပါပဲ။
အခုချိန်မှာတော့ ကိုယ့် ဘဝရဲ့ အကောင်းဆုံးအရွယ်တခုဖြစ်တဲ့ ၂၀ ကနေ ၃၅ အတွင်းမှာ ကိုယ်ဝါသနာပါရာမှန်သမျှကို ဘာတခုမှ မလုပ်ရပဲ စောက်ရေးမပါတာတွေကို လိုက်လုပ်နေရတယ်။ လုပ်ဖို့ပုံသွင်းခံရဖို့လည်း ကျုံးသွင်းခံနေရပြန်တယ်။ သေချာတွေးကြည့်လေစောက်သည်းက တဆစ်ဆစ်နာ လေပဲ။ ဒီဘဝကိုတော့ စောက်သည်း တဆစ်ဆစ် မြည်တဲ့ နာကျင်မှုကို ပိုးမွေးသလို မွေးရင်းနဲ့ပဲ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ ။
အရွယ်မတိုင်မီ
လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့
ငါ့ဘဝအတွက်
လက်ကျန် ဘဝ တလျှောက်လုံး
ငါ
ကြေကွဲလို့မဆုံးပဲ ...။
တနေ့ တနေ့ အသိမိတ်ဆွေထဲကဖြစ်စေ၊ မသိမိတ်ဆွေထဲကဖြစ်စေ၊ ပျောက်ဆုံးကွယ်လွန်သွားတဲ့ လူတွေရဲ့ နာရေးသ
တင်းကို နားစွင့်ရင်းနဲ့ပဲ သူတို့ရဲ့ သေဆုံးမှုကို အားကျစိတ်အခံနဲ့နား
ထောင်နေမိတယ်။
သေသူတွေကို
အားကျစိတ်အခံနဲ့ကြိတ်ပြီး
ငေးမောနေမိတာ
ကမ္ဘာပေါ်မှာ
ဒီစောက်တိုင်းပြည်တခုပဲ ရှိမယ်...။
နောက်ဆုံးတော့လည်း တိုင်းပြည်ရော ငါတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအသွင်
သဏ္ဍန်ရော က The Machinist ရုပ်ရှင်ထဲက Trevor Reznik လိုပဲ အရိုး
ပေါ်အရေတင် မသေရုံတမယ် ဖုတ်လှိုက်ဖုတ်လှိုက်ပေါ့..။
ငါတို့ ရဲ့ စောက် ဘဝတွေကတော့
နေမယ်ဆိုလည်း နေမပျော်
သေမယ်ဆိုလည်း သေမပျော်
သေဖို့လည်း သတ္တိမဲ့ခဲ့
နေတော့လည်း အသက်ကမဲ့လျက် ....။
-Koi
🖤
လွယ်တယ်..
Crd #
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay