Yathar Yangon

Yathar Yangon

Share

ရန်ကုန်Style၊အရသာ အစားအသောက်မျိုးစုံကို နှလုံးသားဖြင့်ချက်ပြုတ်ပါသည်။ ကန်သာ-D ရပ်ကွက်၊ မန်ကျည်းပင်လမ်းနှင့် (13) လမ်းထောင့်

Photos from Yathar Yangon's post 06/10/2026

🍝🍝🍝ကျွန်မတို့ဆိုင်က ​မြိတ်ကတ်ကြေးကိုက်လေးရဲ့ Taste & Texture လေးကတော့ မကွေးမှာ ရှာမှရှားပါနော် 😇😇😇

06/10/2026

ငါးခူဆန်လှော်နဲ့ ချက်တဲ့ ဟသ်ာတ မုန့်ဟင်းခါးလေး ပါရှင်😋😋😋

30/09/2026

😋😋😋 YUMMY 😋😋😋 YUMMY 😋😋😋

17/09/2026

ဘယ်သူကစလိုက်တဲ့ဇာတ်လမ်းလဲမသိဘူး
တချို့ရွှေဆိုင်တွေအပါဝင်လုပ်ငန်းတော်တော်များများမှာ
ဝန်ထမ်းလေးတွေကို သူတို့ဆိုင်ရဲ့Uniform တွေဆင်ပြီး
လမ်းပေါ်မှာ နေရာတကာမှာ တင်ပါးလူပ်ပြီးကခိုင်းတာတွေ

လုပ်ငန်းရှင်ကလုပ်ခိုင်းတာလား ဝန်ထမ်းလေးတွေက
လုပ်ချင်တာလား အဲဒါတော့ကျနော်လည်းမသိပါဘူး

မိန်းကလေးတွေရဲ့တင်ပါးရင်သားတွေအသားပေးပြီး
လူကြည့်များအောင် လုပ်ကြတာမြင်ရတော့
ကျနော်လည်းအံဩမိတယ်

ဒီဖက်ခေတ်ရဲ့ Marketing strategy ကဘာကိုဦးတည်နေလဲ
မိန်းကလေးတွေဟိုပြဒီပြ ဟိုပေါ်ဒီပေါ် လိင်စိတ်ဖြစ်အောင်
အသားပေးကြော်ညာမှ ကိုယ့်Brand awareness ရရှိမှာလား

ဒီလိုပြောရင်ကျနော့်ကို မုန်းကြမလားမသိပါဘူး
Business တစ်ခုမှာ ဘာပဲလုပ်လုပ် မှန်လားမှားလားမရှိဘူး
လုပ်သင်လား မလုပ်သင့်လား အဲဒါပဲရှိတယ်

ကျနော်တို့ကတော့ အဲဒီလိုလည်းမလုပ်ရဲပါဘူး
လုပ်လည်းမလုပ်ဘူး ဘယ်တုနိးကမှလည်းမလုပ်ခဲ့ပါဘူး

ကိုယ့်ဆိုင်နာမည် Brand Name နာမည်ရဖို့ Viewတက်ဖို့
ဝန်ထမ်းကောင်မလေးတွေရဲ့ရင်သားတွေ
တင်ပါးတွေဆွဲဆောင်ရတဲ့အလုပ်မျိုး
ကျနော်တို့ Brand ကတော့တသက်လုံးမလုပ်ပါဘူး

ကိုယ်ကြိုက်တာသာလုပ်ကြပါ သမိုင်းနဲ့သိက္ခာတရားက
ရေရှည်မှာစကားပြောပါတယ် လုပ်ငန်းရှင်တွေရော
ဝန်ထမ်းလေးတွေရော သိက္ခာရှိရှိအောင်မြင်ကြပါစေ
Credit

Photos from Yathar Yangon's post 04/09/2026

🙏🙏🙏 Customer တွေရဲ့အသံ၊ တုန့်ပြန်မှု၊ အကြံပေးမှုနှင့် တောင်းဆိုမှုတွေကို Care. အကောင်အထည်ဖော်ပေးရမှာက ကျွန်မတို့ဆိုင်ရဲ့တာဝန်ပါ 😇😇😇
ခုလည်း ညနေဘက်ကျမှ ညနေဘက်၊ညနေခင်းလေးမှ အေးအေးဆေးဆေးလေး ဆိုင်ထိုင်သုံးဆောင်ချင်တဲ့ ချစ်ခင်လေးစားရတဲ့ Customer တွေ မိတ်ဆွေတွေအတွက် ညနေခင်းလေးတစ်ဖြတ် နေ့စဥ် ညနေ 4 နာရီမှ ည 7 နာရီအထိ ဆိုင်လေးဖွင့်ပေးထားပါတယ်ရှင် 🙏🙏🙏

30/08/2026

မကွေးမြို့က ချစ်ရတဲ့ Customer များရှင့်....🙏🙏🙏
မနက်ဖြန် 31.8.2026 ရက်နေ့ ဆိုင်လေး (1)ရက်လောက် ပိတ်ခွင့်ပြုပါရှင်။ ဆိုင်ထိုင်စားမရဘူးဆိုပေမယ့်
ပါဆယ် Take Away စနစ်နဲ့ဆိုရင်တော့ မနက် 9 နာရီနောက်ပိုင်းလောက်ကျ မှာယူလို့အားပေးလို့ ရပါတယ်ရှင်🤗🤗
သဘက်ခါ September လ လဆန်းတစ်ရက်နေ့ကျမှ
ဆိုင်လေးပြန်ဖွင့်ရင်း အပြီအပြင်ဝုန်းကြမယ်နော် အမျိုးတို့🥰🥰🥰

27/08/2026

I got over 50 reactions on my posts last week! Thanks everyone for your support! 🎉

25/08/2026

ခုဆိုရင် ကျွန်မတို့ရဲ့မနက်စာဆိုင်လေးဖွင့်ဖြစ်ခဲ့တာ 10 လကျော် 1 နှစ်နီးပါရှိလာခဲ့ပါပြီရှင်။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကိုယ့်မိတ်ဟောင်းမိတ်သစ် Customer ထမင်းရှင်၊ကျေးဇူးရှင်များကို သူတို့စားချင်စိတ်ဖြစ်ပေါ်တဲ့အချိန်တိုင်းမှာ အဆင်ပြေပြေလေး ကိုယ်တတ်နိုင်သမျှအကောင်းဆုံးအရသာကိုပေးစွမ်းလိုတဲ့စိတ်စေတနာနဲ့ ဆက်ကြိုးစားနေဦးမှာပါရှင်😇😇😇

🤯🤯🤯ဆိုင်လေးစဖွင့်ဖြစ်ကတည်းက ယနေ့ ၊ယခုအချိန်အထိ ကုန်စျေးနှုန်းတစ်ရိပ်ရိပ်တက်လာတာရယ် အတွေ့အကြုံအားနည်းမှုတွေရယ် အခြားသောအကြောင်းအရာမျိုးစုံရယ်ကြောင့် ကျွန်မတို့ဘက်က အားနည်းချက်လေးတွေ အမှားအယွင်းလေးတွေ ရှိခဲ့တာတွေအတွက်လည်း မိတ်ဟောင်းမိတ်သစ် Customer များကို ဝန်ခံတောင်းပန်ပါတယ်ရှင် 🙏🙏🙏 အခုကတော့ အစားအသောက်အရသာတွေကိုလည်း ပိုမိုကောင်းအောင် အရသာမှန်အောင်လည်းထိန်းသိမ်းကြိုးစားရင်း အောက်ဖော်ပြပါဆောင်းပါးထဲကအတိုင်း မေတ္တာစိတ်လေးနဲ့ပဲ အလုပ်တွေကိုဆက်လုပ်ဖြစ်နေပါတယ်ရှင်
အဲ့ဒါကြောင့် ခုလောလောဆယ်တော့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲကောင်းကောင်းကြိုက်သူ မိတ်သစ် Customer များနဲ့ရောင်းချ လည်ပတ်နေပေမယ့်လည်း မူလလက်ဟောင်းအရသာလေးအတိုင်းဆက်လက်သုံးဆောင်ချင်တဲ့ ဆိုင်စဖွင့်ကတည်းကအားပေးခဲ့တဲ့ Customer အဟောင်းများကိုလည်း ပြန်လည်ဖိတ်ခေါ်လိုက်ရပါတယ်ရှင် 🙏🙏🙏

👇👇👇

အလှူပေးလို့ သူဌေးဖြစ်တာမဟုတ်ဘူး။ မင်းနဲ့ မင်းရဲ့ဝန်ထမ်းတွေတော်လို့ သူဌေးဖြစ်တာပါ။ သူဌေးဖြစ်လို့ အလှူပေးနိုင်တာပါ။

ကုသိုလ်လိုချင်ရင် အဝေးကြီးမှာ သွားလှူနေစရာမလိုဘူး။
မင်းရဲ့အလုပ်ကို မှန်မှန်ကန်ကန်လုပ်ပါ။
မင်းရဲ့ဝန်ထမ်းတွေကို စားဝတ်နေရေး အဆင်ပြေအောင်သာ လုပ်ဆောင်ပေးလိုက်ပါ။

ပစ္စည်းမှန် စျေးမှန် အာမခံမှန်တဲ့ သစ္စာတရားနဲ့ အလုပ်လုပ်ပါ။
ဝယ်ယူသုံးစွဲသူတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို ရရှိကြပါစေဆိုတဲ့ မေတ္တာစိတ်နဲ့အလုပ်လုပ်ပါ။
မမှန်မကန်ဖြစ်တဲ့အခါ ငါလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်တတ်တယ်။ ဒါကြောင့် အခြားသူတွေလည်း စိတ်ဆင်းရဲကိုယ်ဆင်းရဲမဖြစ်ကြပါစေနဲ့ ကရုဏာစိတ်နဲ့အလုပ်လုပ်ပါ။

ငါအဆင်ပြေသလို ငါ့ဝန်ထမ်းတွေ အဆင်ပြေကြပါစေ။ ငါ့ကလေးတွေကို ငါပညာသင်ပေးနိုင်သလို ငါ့ဝန်ထမ်းတွေလည်း သူတို့ကလေးတွေကို ပညာသင်ပေးနိုင်ကြပါစေ။ ငါ့မိသားစုကို ငါစောင့်ရှောက်နိုင်သလို ငါ့ဝန်ထမ်းတွေလည်း သူတို့မိသားစုကို စောင့်ရှောက် နိုင်ကြပါစေဆိုတဲ့ ကောင်းမြတ်တဲ့စိတ်ထားနဲ့ ဝန်ထမ်းတွေကို ကြည့်ရှုစောင့်ရှောက်ပါ။ ရွာကျော်ပြီး ခဲမပစ်ပါနဲ့။

သစ္စာ မေတ္တာ ကရုဏာနဲ့ယှဉ်ပြီး အလုပ်လုပ်မယ်ဆိုရင် ကုသိုလ်လည်းရ ဘဝလည်းလှပါလိမ့်မယ်။

#မိုးသု_မန္တလေး

15/07/2026

ချစ်ရတဲ့ ကျေးဇူးရှင် Customerများရှင့် 🙏🙏🙏
ဆိုင်မှာ လာရောက်စားသုံးအားပေးကြသူများ၊
ပါဆယ်မှာယူအားပေးကြသူများအားလုံးကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်🙏🙏🙏

စားသုံးသူ/ဝယ်ယူအားပေးသူတစ်ယောက်ချင်းစီတိုင်းရဲ့ အားပေးမှုတွကြောင့်သာ ကျွန်မတို့ဆိုင်လေး ဒီနေ့အထိ ရပ်တည်နေနိုင်တာဖြစ်ပါတယ်ရှင် 🤗🤗🤨
ကျွန်မတို့ရဲ့ Regular Customer များ Client များအားလုံးပဲ ကျန်းမာချမ်းသာကြပါစေ၊
စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ၊
စိတ်ချမ်းသာပျော်ရွှင်မှုများ ပြည့်စုံကြပါစေလို့ ဒီနေရာကနေပဲ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏🙏🙏
ကျွန်မတို့ရဲ့ 🔺ရသာရန်ကုန် နံနက်စာနှင့်စားဖွယ်စုံဆိုင်🔺အနေနဲ့ကလည်းအမြဲတမ်း အရသာကောင်းမွန်စွာနဲ့ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်အောင် ကြိုးစားသွားပါမယ်လို့ ကတိပြုပါတယ်ရှင့်🤞🤞🤞

Photos from Yathar Yangon's post 13/07/2026

🍜🍜🍜 ကဲ....မကွေးမြို့က အစားအသောက်ကောင်းကြိုက်သူတို့ရေ ဒီတစ်ခေါက်မှာတော့ အရသာကောင်းကောင်း အစစ်အမှန်ကိုမှကြိုက်နှစ်သက်တဲ့ ကျွန်မတို့ 🔺ရသာရန်ကုန် နံနက်စာနှင့်စားဖွယ်စုံဆိုင်🔺 ရဲ့ အမာခံ အထူးဧည့်သည်တော်တွေအတွက် Special Menu အသစ်လေး
တစ်ခုဖြစ်တဲ့ မန္တလာမြေရဲ့နိုင်ငံကျော် အထင်ကရအစားအစာ🔺 မန္တလေးမြီးရှည် 🔺လေးပဲဖြစ်ပါတယ်ရှင့် 🍜🍜🍜
😋😋😋 ဒါကြောင့်မို့ မြီးရှည်အရှည်အရသာစစ်စစ် ကောင်းကောင်းလေးကိုမှကြိုက်ရင် လာရောက်မြည်းစမ်းအားပေးကြပါဦးလို့ သတင်းကောင်းပါးပါရ​ေစရှင့်.......ပုံမှန်အတိုင်း နေ့စဥ်ဆိုင်မှာရောင်းချနေကြဖြစ်တဲ့ Main Menu အစားအသောက်တွေလည်း နေ့စဥ် ရရှိနေပါတယ်ဆိုတာလေးလည်း ထပ်လောင်းပြောကြားပါရစေရှင်....🙏🙏🙏
💲💲💲
🍜 မန္တလေးမြီးရှည် 3000 ks (ကြက်သား/ဝက်သား)
🍜 အုန်းနို့ခေါက်ဆွဲ 3000 ks (အကြော်ပါ) [ငါးဖယ်+ပဲသွေး+ အိုးဘဲဥ] ထပ်ထည့်လို့ ရပါတယ်။
🥣 ဟသ်ာတ မုန့်ဟင်းခါး 2500 ks (အကြော်ပါ)
[ငါးဖယ်+ပဲသွေး+ အိုးဘဲဥ] ထပ်ထည့်လို့ ရပါတယ်။
🍝 ရန်ကုန်အသုပ်စုံ 2500 ks
[ငါးဖယ်+ပဲသွေး+ အိုးဘဲဥ] ထပ်ထည့်လို့ ရပါတယ်။
🍲 ကြက်သားပလာတာ 3000 ks (ပြည်ပလာတာသုပ်)
🍜 နံရိုးပေါင်းဆီချက်/အရည် 6000 ks
ကြက်ပေါင်းဆီချက်/အရည် 6000 ks
🍝`1980` ဖတ်ခေါက်ဆွဲကြော် 8500 ks(ဝက်သား)
8000 ks(ကြက်သား)
🍚 ထမင်းသုပ်/ရောသုပ် 2500 ks (တွဲဖက်စားစရာလေးတွေလည်းရှိပါတယ်)
🥘 မြိတ်ကတ်ကြေးကိုက် 6500 ks (ကြက်သား)
9000 ks (ပင်လယ်စာ)
🍹🍹 မန်ကျည်း/ဇီး/သကြားသံပုရာ ကျောက်ကျောဖျော်ရည် 1500 ks

🏡🏡🏡‼ရသာရန်ကုန် နံနက်စာနှင့်စားဖွယ်စုံဆိုင်‼ ရဲ့လိပ်စာလေးကတော့ 👉👉👉 ကန်သာ D ရပ်ကွက်၊ မန်ကျည်းပင်လမ်းနှင့် 13 လမ်းထောင့်၊ မကွေးမြို့။
‼‼‼ မန်ကျည်းပင်လမ်းဆိုတာ ကန်သာကန်ပေါင်မျက်နှာချင်းဆိုင် အေးစေတီဘုရားရဲ့ အနောက်ဘက်ကပ်လျက်လမ်းပါ။ ပထမဆုံးတွေ့တဲ့ လမ်းသွယ်လေးက (10) လမ်းပါ၊ မန်ကျည်းပင်လမ်းအတိုင်း (13) လမ်းထောင့်ရောက်သည်အထိ မြောက်ဘက်ကို ဆက်တက်လာဖို့လိုပါတယ်ရှင်။
⏰⏰⏰ ဆိုင်ဖွင့်ချိန် ။ မနက် ၆:၃၀ မှ နေ့လည် 2 နာရီ အထိ။ နေ့လည် 2 နာရီနောက်ပိုင်းဆို ပါဆယ် (Take Away) စနစ်နဲ့မှာယူအားပေးလို့ရပါတယ်ရှင်။ ကောင်းမွန်စိတ်ချရတဲ့ Delivery Services များနဲ့လည်း အပ်ပေးပါတယ်ရှင့် 🛵🛵🛵
👇👇👇အောက်မှာဖော်ပြထားတဲ့ Link ကလေးထဲလည်းဝင်ပြီး ကျမတို့ရဲ့ "ရသာရန်ကုန် နံနက်စာနှင့်စားဖွယ်စုံ" ဆိုင် Page လေးကိုလည်း Like & Follow လုပ်ပေးပါဦးရှင် 🤩🤩🤩
https://www.facebook.com/share/1HEDxzoAb6/
📱📲 0943041328
0943021087
09752249390

Category

Website

Address

No(137), (13)th Street, Kanthar-D Block
Magway

Alerts

Be the first to know and let us send you an email when Yathar Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Magway.