Films Buzz MM

Films Buzz MM

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Films Buzz MM, Cinema, Magway.

Photos from Films Buzz MM's post 07/12/2025

No Limit (2022)

(ပြင်သစ်ကားတွေထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါ)

ဒီဇာတ်ကားမှာ Roxy ကလမ်းပျောက်နေပြီး ငယ်ငယ်တည်းက ရေငုပ်လာခဲ့ပေမဲ့ ကြီးလာတော့ သူ့ရဲ့ Passion တွေက ပျောက်ဆုံးပြီး ဘာလုပ်ရကိုင်ရမလဲဝေဝါးနေချိန် ကမ္ဘာ့ချန်ပီယံ Pascal Gautier ရဲ့သင်တန်းကိုတွေ့ သွားပြီး သွားတက်မိလိုက်တာကနေဖြစ်ပေါ်လာတဲ့အချစ်တွေ လူ့သဘာဝတွေ လက်တွဲဖော်ကိုယုံကြည်မှုတွေအပြင် အဓိကအနေနဲ့ သူကျင်လည်ရာ အလွတ်တန်းရေငုပ်အားကစားအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီအားကစားကို စိတ်ဝင်စားတဲ့လူမှ ကြည့်သင့်တဲ့ဇာတ်ကားမဟုတ်ပဲ ပင်လယ်ပြင်ကိုနှစ်သက်သဘောကျတဲ့လူတွေပါကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ ရင်သပ်ရှုမောဖို့ကောင်းတဲ့ရှုခင်းတွေနဲ့ ပါဝင်ထားတဲ့ဇာတ်လိုက် ဇာတ်ပို့တွေအကုန်လုံးကလည်း လိုလေသေးမရှိ သရုပ်ဆောင်ကောင်းမွန်ပြီး တစ်ကယ့်အဖြစ်အပျက်လား စိတ်ကူးယဥ်လားဆိုပြီး ဇာတ်လမ်းအဆုံးမှာ အတွေးတွေနဲ့ ချန်ခဲ့ပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အခြားဇာတ်လမ်းတွေလို အချစ်အကြောင်းချည်းသက်သက် ပြွတ်သိပ်ထည့် အိုဗာတင်းမလုပ်ထားပဲ ကွဲထွက်ပြီးလှပနေတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

#နိူင်ငံခြားဇာတ်ကားများ

04/12/2025

Sabrina

ဆင်းရဲသားနဲ့ သူဌေးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းတို့ဘာတို့ဆိုတာကို

ငယ်ငယ်တုန်းက ငှားကြည်ခဲ့ကြတဲ့အခွေတွေထဲမှာတော့ မကြာမကြာ ကြည့်ခဲ့ဖူးကြမှာပါ။

(၁၉၅၄)တုန်းက ထွက်ရှိခဲ့တဲ့အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့

“Sabrina”ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျိကျိတက်ချမ်းသာကြွယ်ဝလှတဲ့

သူဌေးသားညီအစ်ကိုတို့နဲ့ သူတို့အိမ်က ဒရိုင်ဘာသမီး“ဆာဘရီနာ”တို့ကြားက အချစ်ကို

အဓိပ္ပါယ်ဖွင့်ဆိုပုံတွေကို သဘောကျဖွယ် ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။

ဆာဘရီနာကတော့ ညီဖြစ်သူဒေးဗစ်လာရာဘီးကို ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းက

တစ်ဖက်သတ်ချစ်မြတ်နိုးနေမိခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းမလှလေးတွေ ဝိုင်းနေတဲ့

ဒေးဗစ်တစ်ယောက် သူ့အိမ်က ဒရိုင်ဘာသမီးကို ဘယ်မျက်စိကျပါ့မလဲ။

ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်တာမျိုးပေါ့။

အခုလိုမျိုး အဆင့်အတန်း အဘက်ဘက်က ကွာခြားလှတဲ့ အချစ်မျိုးကိုမမြင်ချင်တာကြောင့်

ဆာဘရီနာအဖေက ဆာဘရီနာကို ပဲရစ်က အချက်အပြုတ်ကျောင်းကိုပို့လိုက်ပါလေရော။

ခက်တာက ပြန်ရောက်လာတဲ့အချိန် အလှကြီးလှလာတဲ့ ဆာဘရီနာကိုလေးဆက်မြောက်အိမ်ထောင်အတွက်

စေ့စပ်ထားပြီဖြစ်တဲ့ ဒေးဗစ်တစ်ယောက်မျက်စိကျကာချစ်မိသလိုတွေ ဖြစ်ကုန်ပါတော့တယ်။

သံယောဇဥ်မပြတ်သေးတဲ့ ဆာဘရီနာကကော ဒီနွံကိုများဆက်တိုးမလား။

စီးပွားရေးကိုသာ ဇောက်ချလုပ်နေတဲ့ အစ်ကိုဖြစ်သူ လိုင်းနက်စ်ဟာလည်း ဒေးဗစ်လိုပဲဆာဘရီနာကို ရင်ခုန်မိသွားပါတော့တယ်။

နွံထဲပဲ ဆက်နစ်ကြမလား။ သုံးပွင့်ပဲ ဆိုင်မလား။ စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့

အဖြူအမည်းခေတ်က ရုပ်ရှင် “Sabrina”ကို ခံစားကြည့်ရှုရင်း အဖြေအတူတူ ရှာကြည့်လိုက်လို့ရပါပြီ။


#နိူင်ငံခြားဇာတ်ကားများ

Photos from Films Buzz MM's post 03/12/2025

Predator: Badlands (2025)
IMDb Rating (7.5) / Rotten Tomatoes (86%)

Predator ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးဖြစ်လာတဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါ။

Prey နဲ့ Killer of Killers တွေရဲ့ ဒါရိုက်တာ Dan Trachtenberg ပဲ ဖန်တီးထားပြီးမင်းသမီးအယ်လ်ဖန်းနင်း ပါဝင်ထားပါတယ်။

Predator ကို hero အဖြစ် တင်ရိုက်ထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

ထရေလာထွက်ကာစက အထင်သေးနေကြပေမဲ့ တကယ်ထွက်လာတဲ့အခါ ဇာတ်လမ်းရော အက်ရှင်ရော

ကောင်းနေတာမို့ အတော်အားပေးမှုတွေ ရထားပါတယ်။

ဇာတ်လမ်းအကျဉ်း
++++++++++

Predator တွေ ဖြစ်တဲ့ ယောက်ဂျားမျိုးနွယ်ဝင်တွေဟာ သူတို့မျိုးနွယ်ထဲက အကောင်သေးတဲ့သူ ပျော့တဲ့သူဆို

ရှင်းပစ်တာ များပါတယ်။ အဲဒီလို ရှင်းပစ်ခံရမဲ့ အကောင်သေး ဒက်ခ် ဟာ သူ့အစ်ကိုရဲ့ကျေးဇူးနဲ့ ထွက်ပြေးလွတ်မြောက်လာပြီး

predator တစ်ယောက်မှမသ-တ်နိုင်သေးတဲ့ ကာလစ်ဆိုတဲ့ အကောင်ကြီးကို အမဲလိုက်ဖို့ ကြိုးစားပါတော့တယ်။

အဲဒီမှာပဲ ကမ္ဘာပေါ်က လေ့လာရေးစက်ရုပ်လူသား သီရာနဲ့တွေ့ပြီး ဖုန်းဆိုးမြေဂြိုလ်ကြီးပေါ်မှာ စွန့်စားခန်းတွေ

အတူဖွင့်ရပါတော့တယ်။

28/11/2025

Tang Men Battle for Supremacy (2025)

ဒီဇာတ်ကားလေးကတော့ သိုင်းလောကရဲ့ထိပ်သီးဂိုဏ်းတွေထဲကတစ်ခုဖြစ်တဲ့ ထန်ဂိုဏ်းရဲ့ စွမ်းအား
အကြီးဆုံးလျှို့ဝှက်လက်နက်ကြောင့်ဖြစ်လာတဲ့ တိုက်ပွဲတစ်ခုအကြောင်းပဲဖြစ်ပါတယ်။
မငြိမ်မသက်တဲ့ကာလကို အဆုံးသတ်နိုင်ဖို့ သိုင်းလောကမှာတုနှိုင်းမဲ့တဲ့သိုင်းပညာကို တတ်မြောက်ဖို့ရာအတွက်
ထန်ဂိုဏ်းချုပ် ထန်ယွမ်ရှန်းက သူရဲ့တတိယတပည့်ဖြစ်တဲ့သူ ထန်ရှင်းကို လျှို့ဝှက်ရတနာ
"လင်လုံပုလဲ" ပြန်လည်ရယူရန် တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။

အမှားအယွင်းမရှိနိုင်ဟုထင်ခဲ့တဲ့ အစီအစဉ်မှာ မထင်မှတ်ပဲ ထျန်းနွီဂိုဏ်းရဲ့ မြင့်မြတ်တဲ့သူတော်စင်မ
ပေါ်ထွက်လာတာကြောင့် ပျက်စီးသွားခဲ့ပြီး ထန်ဂိုဏ်းတစ်ခုလုံး ရက်ရက်စက်စက် မျိုးတုံးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
ထန်ဂိုဏ်းရဲ့နောက်ဆုံး မျှော်လင့်ချက်ဖြစ်တဲ့ ထန်ယွမ်ဟာ အချစ်၊ အမုန်း၊ သံယောဇဉ်နဲ့
ကလဲ့စားချေခြင်းတို့ရဲ့ ဝဲဂယက်ထဲမှာ နစ်မွန်းနေပြီး ထန်ယွမ်တစ်ယောက် ဒီလေးလံတဲ့ခံစားချက်တွေနဲ့
ဂိုဏ်းရဲ့တာဝန်အတွက် ဘယ်လမ်းကို ဘယ်လိုဆက်လျှောက်သွားမလဲ......
Credit..

27/11/2025

Bugonia (2025)
++++++

IMDb Rating (7.7) / Rotten Tomatoes (87%)

2025 မှာ ဟိုးလေးတကျော် လူပြောများနေတဲ့ အမ်မာစတုန်းရဲ့ နှလုံးလှတဲ့ ကတုံးမ ဇာတ်ကားလာပါပြီ...

ဇာတ်လမ်းအကျဉ်း
+++++++++

တက်ဒီနဲ့ ဒွန်နီဟာ ဂြိုဟ်သားတွေကို ရူးသွပ်စွဲလန်းနေတဲ့သူတွေဖြစ်ပြီးတော့ ဂြိုဟ်သားတွေဟာ

ကမ္ဘာမြေပေါ်မှာ အသွင်ယူနေထိုင်ပြီး လူသားမျိုးနွယ်နဲ့ ကမ္ဘာမြေကို ဖျက်ဆီးဖို့ ကြံစည်နေကြတယ်လို့

အခိုင်အမာယုံကြည်ထားကြပါတယ်။

ဒါကြောင့် သူတို့ဟာ ဂြိုဟ်သားတစ်ကောင်ကို ရအောင်ဖမ်းပြီး သူတို့ရဲ့ မိခင်ယာဉ်ပျံနဲ့ ဆက်သွယ်နိုင်အောင်

လုပ်ပြီးတော့ ကမ္ဘာမြေက ထွက်သွားဖို့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်မယ်ဆိုပြီး လေထဲတိုက်အိမ်ဆောက် စိတ်ကူးတွေ

ယဉ်ပြီး အစီအစဉ်တွေ ဆွဲနေကြပါတယ်။ တစ်ဖက်မှာတော့ အသက် ၄၅ နှစ်အရွယ် မစ်ရှဲ ဖူလာ ဆိုတဲ့ အမျိုးသမီး

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်က လူကုံထံပီပီ အိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင် စားသောက်ပုံစနစ်တွေ

လေ့ကျင့်ခန်းတွေ စိတ်ဆွေးနွေးမှုတွေ စသဖြင့် သေချာလေး နေထိုင်ကျင့်သုံးနေတဲ့သူဖြစ်တဲ့အတွက်

အရွယ်နဲ့မလိုက်အောင် နုပျိုနေသူဖြစ်ပါတယ်။

ဒါကို ငပေါနှစ်ကောင်က ဂြိုဟ်သားပါလို့ ယုံကြည်ပြီး ပြန်ပေးဆွဲကြပါတော့တယ်။ ဒီတော့ မစ်ရှဲ ဖူလာက

သူတို့ထင်ထားသလို တကယ်ပဲ ဂြိုဟ်သားဖြစ်နေမလား.....

မဟုတ်ဘူးဆိုရင် ဒီငပေါနှစ်ကောင်ကို မစ်ရှဲဖူလာတစ်ယောက် ဘယ်လိုနားချမလဲ စသဖြင့် သို့လောသို့လော

မေးခွန်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

Photos from Films Buzz MM's post 24/11/2025

Roofman (2025)
IMDb Rating (7.2) / Rotten Tomatoes (86%)

ဒီရုပ်ရှင်ဟာ တကယ်ဖြစ်ခဲ့တဲ့ မယုံနိုင်စရာ ဇာတ်လမ်းကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တပ်ကအထုတ်ခံရပြီး မိသားစုကို ထောက်ပံ့နေရတဲ့ ဖခင်တစ်ယောက်ဖြစ်တဲ့ ဂျက်ဖရီ မန်ချက်စတာ (ချန်နင်း တေးတမ် သရုပ်ဆောင်) ရဲ့ ဘဝကို ရိုက်ကူးထားတယ်။

စစ်တပ်ကနေ ထွက်လာပြီးနောက် စီးပွားရေး ခက်ခဲနေတဲ့ ဂျက်ဖရီက မက်ဒိုနယ်ဒ်ဆိုင်တွေကို အမိုးကနေ အပေါက်ဖောက်ပြီး ဓားပြတိုက်ခဲ့တယ်။ နှစ်နှစ်အတွင်း ဆိုင် ၄၀ ကျော်ကို ဓားပြတိုက်ပြီး ရဲတွေနဲ့ မီဒီယာတွေရဲ့ အာရုံကို ဆွဲဆောင်ခဲ့ပြီး “အမိုးသမား” (Roofman) ဆိုတဲ့ နာမည်နဲ့ လူသိများလာခဲ့တယ်။

ထောင်ကထွက်ပြေးပြီးနောက် ဂျက်ဖရီက ကစားစရာဆိုင် (Toys "R" Us) ထဲက လျှို့ဝှက်နေရာမှာ လျှို့ဝှက်နေထိုင်ခဲ့ပြီး အဲဒီမှာ အသစ်အဆန်း အမည်တစ်ခု ယူပြီး ဆိုင်ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကွာရှင်းခဲ့တဲ့ မိခင်တစ်ယောက် လီ (ကစ်စတင်း ဒန့်စ် သရုပ်ဆောင်) နဲ့ ရင်းနှီးလာခဲ့တယ်။

သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်ကြောင့် လီက သူ့ကို စွဲလမ်းလာပြီး နှစ်ယောက်ကြား မမျှော်လင့်နိုင်တဲ့ ဆက်ဆံရေး စတင်ခဲ့ကြတယ်။ ဒါပေမယ့် ဂျက်ဖရီ နှစ်ဘဝနဲ့ ရင်ဆိုင်ရတဲ့ အခါ သူ့ရဲ့ ယခင်ဘဝ နဲ့ ရာဇဝတ်မှုတွေ ပြန်လည်ရောက်ရှိလာပြီး ရဲတွေဆီကနေ ပုန်းလိုက် ထွက်ပြေးလိုက်နဲ့ ဝရမ်းပြေးဘဝ ဖြစ်လာခဲ့ပါတယ်။

ဂျက်ဖရီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ မိသားစု ချစ်ခြင်း ဆက်ဆံရေးတွေကြားက တင်းမာမှုတွေ ကို ရုပ်ရှင်က ဟာသနဲ့ ဒရာမာ ရောစပ်ပြီး ပုံဖော်ထားပါတယ်။

16/11/2025

Early Man ( 2018 )

အခုတစ်ခါတော့ ၂၀၁၈ ခုနှစ်ထွက်ထားတဲ့ Early Man ဆိုတဲ့ ကျောက်ခေတ်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။

ဒီကားလေးကို ဒါရိုက်တာ Nick Park က ရိုက်ကူးခဲ့တာဖြစ်ပြီး Aardman Animation က နေထုတ်လုပ်ဖြန့်ချီထားတာဖြစ်ပါတယ်

ဒီကားလေးက ကျောက်ခေတ်ကာလကနေကြေးခေတ်ပြောင်းတဲ့ကာလမှာ
ကျောက်ခေတ်မှာ အေးဆေးနေခြင်တဲ့ ကျောက်ခေတ်လူသားလေး Dug က
သူ့အိမ်ကို အနှောက်အယှက်ပေး ဖျက်ဆီးမယ့် လူဆိုးကြီး Nooth ရဲ့ရန်ကနေကာကွယ်တာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်

Photos from Films Buzz MM's post 14/11/2025

Kantara ( 2025 )

အချိန်ပေးရကျိုးနပ်မဲ့ ကားလေးပြပါဆို
ဒီ Kantara ဇာတ်လမ်းက မဖြစ်မနေပြရမဲ့အထဲ
ပါပါတယ်

ဇာတ်လမ်းဇာတ်အိမ်ခိုင်ပြီး မင်းသားရဲ့
သရုပ်ဆောင်ပိုင်းကောင်မွန်းတာကြောင့်
လုံး၀မပျင်းရဘဲ ရှယ်ကြည့်လို့ကောင်းမဲ့ကားလေးဖြစ်တာမလို့ ခုပဲ ကြည့်ဖို့ down လိုက်တော့နော်

13/11/2025

Tron Legacy ( 2025 )

ဒီရုပ်ရှင်ကတော့ သူရဲ့ franchise (Tron) ရဲ့ ရှေ့ပြေးဇာတ်လမ်းတစ်ကားပါ။
Tron: Legacy (2010) ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး Legacy အပြီး ၁၅ နှစ်ကြာအချိန်မှာ ဇာတ်အိမ်တည်ဆောက်ထားပါတယ်။
အနည်းငယ်ပြန်လည်ဆန်းသစ်ပေးမယ့်ဆိုရင် ကျွန်တော်တို့ဟာ မဟာဗျူဟာပိုင်းဆိုင်ရာနဲ့ နောက်ကွယ်မှာ လူသားက ဘယ်လိုမျိုး The Grid ဆိုတဲ့ ကမ္ဘာမှာ တစ်စုံတစ်ရာလုပ်နေတယ်ဆိုတာပါ။
ဒီအထဲမှာ ဒီဂျစ်တယ်ဆိုင်ရာ လူသားတွေလိုမျိုး ရုပ်ပုံတွေဆွဲပြီး အဆင့်မြင့်တဲ့ ဖြစ်တည်မှုတစ်ခုရှိနေပါတယ်။
Tron: Ares ကတော့ အဲဒီ (Jared Leto) ဆိုတဲ့ AI လူသားရဲ့ အခြေအနေကြောင့်ပါ။
ဒီဇာတ်ကားကို Greta Lee နဲ့ Evan Peters တို့ဟာ ဇာတ်ကောင်ပီပီသသ ကူညီပေးထားကြတာတွေရှိပါတယ်။
ဒီဇာတ်ကားတွေဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာမှာ လက်တွေ့ကမ္ဘာကို ပိုင်းခြားပေးနိုင်မယ့် ပညာရပ်ကို အစပြုခဲ့ပေမယ့် ကြောက်ရမယ့်အကြောင်းတွေရှိတယ်။ သူတို့အတွက်က ပြင်ပက AI လူသားတစ်ဦးရဲ့ ရာဇဝတ်မှုပါ။

12/11/2025

The Woman in Cabin 10 (2025)

စိတ်ဝင်စားဖွယ်ကြည့်ရမဲ့အမိုက်စားဇာတ်ကားသစ်

ဒီဇာတ်ကားလေးကတော့ Netflix ကနေပူပူနွေးနွေးထွက်ရှိထားတဲ့ ဗြိတိန်စာရေးဆရာမ Ruth Ware ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ mystery thriller ဇာတ်လမ်းအမျိုးအစားလေးပဲဖြစ်ပါတယ်။

ဒါရိုက်တာ Simon Stone ရိုက်ကူးထားပြီးတော့ မင်းသမီး Kiera Knightly အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

နာမည်ကြီး သတင်းထောက်မလေး လော်ရာ ဟာ ခရီးသွားဆောင်းပါးရေးရန်အတွက် လူချမ်းသာများရဲ့ဖိတ်ခေါ်မှုနှင့်အတူ ဇိမ်ခံသင်္ဘောကြီးပေါ်ကို လိုက်သွားခဲ့ပါတယ်။ လော်ရာ ဟာ သူ့အတွက်လည်း အနားယူစရာပဲလို့ ယူဆပြီး လိုက်ပါသွားတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ညမှာ အခန်း၁၀မှ ခရီးသည်တစ်ဦး ရေထဲကျသွားတာကို သူမြင်တွေ့လိုက်ရပါတယ်။ သူမြင်တွေ့လိုက်ရတာကို ပိုင်ရှင်တွေ ဝန်ထမ်းတွေ ခရီးသည်ဧည့်သည်တွေကို အကုန်လိုက်ပြောပြပေမဲ့ လူစာရင်းကလည်း ပြည့်စုံနေတဲ့အတွက် သူပြောတာကို မယုံကြသလို သူ့ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလို့ပဲ အားလုံးက မြင်ခဲ့ကြပါတယ်။

လော်ရာဟာ သူပြောတာကို ဘယ်သူမှမယုံခဲ့ကြသော်လည်း အဖြေကိုဆက်လက်ရှာဖွေခဲ့တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပြီးတော့ အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။

လော်ရာ တစ်ယောက်နောက်ဆုံးမှာသူမြင်ခဲ့တာတွေကို သက်သေပြနိုင်သွားမလား ၊ အခန်း ၁၀ ထဲက အမျိုးသမီးက ဘယ်သူလဲ ၊ သူမြင်လိုက်ရတာက စိတ်ထင်ယောင်ထင်မှားဖြစ်တာ သပ်သပ်ပဲလားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Credit..

Want your establishment to be the top-listed Cinema in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Magway