SFDA - Sesame Farmer Development Association

SFDA - Sesame Farmer Development Association

Share

နည်းပညာလက်လှမ်းမှီ အသုံးချပြီး ဈေ?

နှမ်းစိုက်တောင်သူဖွံ့ဖြိုးတိုးတက်ရေးအသင်း အဖွဲ့ အနေဖြင့် အောက်ပါရည်ရွယ်ချက်များ ထားရှိကာ နှမ်းစိုက်တောင်သူများ အကျိုးအတွက် ဦးတည်ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပါသည်။
၁။ တောင်သူများ သက်သာသော သွင်းအားစုများဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်စေရန်
၂။ တောင်သူအချင်းချင်း ချိတ်ဆက်ပြီး ဈေးကွက်ဖော်ဆောင်နိုင်စေရန်
၃။ နိုင်ငံခြားတင်ပို့မှုအဆင့်မှီ ထုတ်လုပ်နိုင်စေရန်
၎။ စက်ပစ္စည်း၊ ချေးငွေများ နှင့် မြေသြဇာများ စသည့် သွ

29/06/2025

ဇွန်လ ပထမပတ်စိုက်ကြတဲ့ နှမ်းစိုက်ခင်းများအခြေနေပါ။

27/06/2025

၂၀၂၅ ခုနှစ် မိုးရာသီ နှမ်းစိုက်ပျိုးထုတ်လုပ်နေကြသည့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး အသီးသီး ထဲမှ မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ်အသီးသီး တိုက်နယ်အသီးသီး အုပ်စုအသီးသီး ကျေးရွားအသီးသီး အလိုက်ရှိရာမှ အောက်ခြေ ကျေးရွာအဆင့်မှာ ကွင်းအလိုက် ရာသီဥတုဟု ခေါင်းစဥ်ကြီးအောက်က မိုးပေး အခြေနေ နေရာခြင်း မိုးပေးမှု မျှမျှ သသ နည်းလွန်ခြင်း များလွန်းခြင်း မညီမမျှ မတူညီလှလို့ SFDA ဆိုသော တောင်သူအသင်းဖွဲ့ ရှိရာ ဒေသမှာ နှမ်းစိုက်ပျိုးခွင့်ရတဲ့၂၀၂၅မိုးမှာ ဧပြီးလ စတုတ္ထပတ် စိုက်နှမ်း မေလ. တတိယပတ်နှမ်း ဇွန်လပထပတ်နှမ်း ဟူ၍ ၃မျိုး ၃ချိန် တောင်သူများ မိုးပေးလို့ မိုးနှေးလို့ မိုးများလို့ မိုးနည်းလို့ မိုးဖျက်လို့ ဆိုသော အရာရာ ရာသီဥတုသခ်ါရကိုကျော်လွှားရင်း ကုနိူင်သလောက် လူနာနှမ်းကို ဆရာဝန့်တောင်သူများ ကုသနိူင်သလောက် ကုသရင်းဖြင့် SFDAအဖွဲ့ ရုံးအခြေစိုက်ထားရာဒေသ၏ ဒေသမယိုင်သေးဖူးမလဲသေးဖူးအ​ခြေနေမှာရပ်တည်နေပါတယ်။

Photos from SFDA - Sesame Farmer Development Association's post 24/06/2025

၂၀၂၅ရဲ့ မိုးမှာ MHA သဘာဝမြေသြဇာ နှင့် တောင်သူများမိတ်ဆက်ပေးနိုင်ဘို့ စမ်းသပ်ကွက်အဖြစ် ဇွန်လပထမပတ်တွင်နှမ်းဖြူစိုက်ပျိုးသည့် SFDAအဖွဲ့ဝင် တောင်သူတဦး ၏ ၁.၅၀ ဧကစိုက်ခင်းတွင် စမ်းသပ်ကွက်ဆောင်ရွက်ခဲ့သောစိုက်ခင်းအခြေနေပါ။

24/03/2025

၂၀၂၅ မိုးရာသီ မိုးမြေပဲ စိုက်ပျိုးရန်အတွက် မိုးမကျခင်အကြီု တောင်သူများ မြေပဲမျိုးခွဲရန် လိုအပ်ပါက မကွေး တောင်တွင်းကြီး ကားလမးမဘေး သစ်ရာကောက် တွင်ရှိသော SFDA မြေပဲခွဲစက် ဆီကြိတ်စက်ရုံသို့ စိတ်တိုင်းကျ ​မြေပဲအခွံခွာကြိတ်ခွဲခြင်း နှမ်း နှင့်​မြေပဲဆီကြိတ်ခြင်း အစီစဥ်ဝန်ဆောင်မှုရယူနိုင်ကြပါပြီခဗျ်ာ...
မြေပဲအခွံခွါကြိတ်ခွဲခြင်း အစီစဥ် ခွဲစက် ၂လုံးဖြင့် တောင်သူစိတ်တိုင်းကျ အဆံသန့်ထွက်စေပြီး အငှားကြိတိခွဲဝန်ဆောင်ခ. တောင်သူဆိုပါက ပြင်ပပေါက်စျေးအောက်လျော့ချပြီးကြိတ်ခွဲဝန်ဆောင်မှုပေးဆောင်ရွက်သွားပါမည်။

21/03/2025

နေ့လည်ပိုင်းလေးမှာ စိုက်ပျိုးရေးလုပ်တဲ့ ယာမြေများရဲအခြေနေများ ကွင်းထဲအထိအရောက် သွားရောက်လေ့လာခြင်း

21/03/2025

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်တောင်းမြို့နယ် အတွင်းရှိ ပင်းချောင်းဘေးမှာရှိတဲ့ လယ်..ယာ...ကိုင်း နဲ့ ထန်းမှထန်းလျှက် ထုတ်လုပ်ကြတဲ့ ကျေးရွာသို့လေ့လာရေးရောက်ရှိခြင်းးးး

Photos from SFDA - Sesame Farmer Development Association's post 12/10/2024

SFDAမှ AFDAရဲ့ ပူးပေါင်းပါဝင်ကူညီထောက်ပံ့မှုအစီစဥ်ဖြင့် ကျေးရွာပေါင်း ၃၀ ရွာ တောင်သူအဖွဲ့ဝင် ၅၈၅ နှင့် အကောင်ထည်ဆောင်ရွက်မည့် မြေပဲစီမံကိန်း အတွက် ကျေးရွား တရွာချင်း ဆောင်းမြေပဲစိုက်ဧက မြေပြင်အရှိစာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၁.၁၀.၂၀၂၄နေ့တွင် SFDAမှ ကျိုးစားအကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါပြီ ခဗျ်ာ...

Photos from SFDA - Sesame Farmer Development Association's post 03/10/2024

မြေပဲအခွံခွာကြိတ်ခွဲခြင်းနှင့် နှမ်းနှင့်မြေပဲဆီကြိတ်ခွဲထုတ်လုပ်ခြင်း အငှားကြိတ်ခွဲဝန်ဆောင်မှု အပြင်ပေါက်စျေးအောက် ၃၀%လျော့ချဝန်ဆောင်မှုပေးတော့မည့်အစီစဥ် မကွေး သစ်ရာကောက်မှာရှိတဲ့ SFDA စက်ရုံမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့မှာ စတင်ဝန်ဆောင်မှုပေးတော့မည်ဖြစ်ပါ၍ တောင်သူများလာရောက်၍ ဝန်ဆောင်မှုရယူနိုင်ကြပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

Photos from Aung Htet's post 15/09/2024
Photos from SFDA - Sesame Farmer Development Association's post 03/09/2024

၃.၉.၂၀၂၄ နေ့ မြင့်မြတ်တော်ဝင်ကုမ္ပဏီနှင့် RFDA. SFDAတို့ ပူးပေါင်းဖွင့်လှစ်ဝယ်ယူပေးသည့် မကွေးသင်ကြားရေးလမ်းပေါ်ရှိ နှမ်းစုပေါင်းရောင်းချစင်တာမှာ ဝယ်ယူပေးသည့် စျေးကွက်နှင့် တောင်သူများလာရောက်စုပေါင်းရောင်းချနေကြသည့် အခြေနေအားတင်ပြပေးလိုက်ပါတယ်။
ဝယ်ယူစနစ်မှာ ပွဲခ အလုပ်သမားခလွတ် ငွေလက်ငင်းပေးချေစနစ်ဖြင့် ဝယ်ယူပေးကြောင်း တောင်သူများသို့သတင်းကောင်းပါးလိုက်ပါတယ်။

02/09/2024

ယနေ့ ၂.၉.၂၀၂၄နေ့ နှမ်းစုပေါင်းရောင်းချစင်တာ မကွေး ဝယ်ယူပေးသည့် နှမ်းဖြူ စျေးကွက်လေးဖြစ်ပါတယ်ခဗျ်ာ...
နှမ်းနက် ဂရိတ် A ဆ စျေးကွက်မှာ ယနေ့ ၂၀၅၀၀၀ ဖြစ်ပြီး ဂရိတ်တမျိုးနှင့်တမျိုး ၂၀၀၀ စျေးခွာဝယ်ယူပြီး ပွဲခ အလုပ်သမားအလွတ် လက်ငင်းငွေပေးချေစနစ်ဖြင့် အပတ်စဥ် တနဂ်နွေနေ့ တနေ့ပိတ်ရက်ရှိပြီးကျန်ရက်များတွင် နံက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီ အထိ ဝယ်ယူပေးနေကြောင်း နှမ်းစိုက်တောင်သူများအား သတင်းကောင်းပါးအပ်ပါသည်။

Want your organization to be the top-listed Non Profit Organization in Magway?
Click here to claim your Sponsored Listing.

Website

Address


Magway