Mr. WOW

Mr. WOW

Share

ကားမီးအထူးကု,Car Polish,Coating & Detailing

30/05/2026

Crown လေးကို မီးလင်းအားမြှင့်မယ်





#𝐌𝐚𝐠𝐰𝐚𝐲

27/05/2026

မိုးရာသီအတွက်အလိုအပ်ဆုံးအရာ


#ကားမီးအထူးကု

26/05/2026

အခုလိုမိုးရာသီမှာ…
မီးလင်းအားမြှင့်တင်သင့်လား?🚨💡
ဘာကြောင့်မြှင့်တင်သင့်တာလဲ?✅🚨

မိုးရာသီမှာ ကားမောင်းတဲ့အခါ
“မြန်မြန်သွားနိုင်ဖို့” ထက်
“ရှင်းရှင်းမြင်နိုင်ဖို့” က ပိုအရေးကြီးပါတယ်။

မိုးရွာတဲ့အချိန်မှာ လမ်းမျက်နှာပြင်ကစိုနေတဲ့အတွက် အလင်းပြန်မှုတွေများလာတာကြောင့် မီးလင်းအားနည်းနေတဲ့ကားတွေက ရှေ့မြင်ကွင်းကိုရှင်းလင်းစွာမမြင်ရတော့ပါဘူး။

ဒါကြောင့် မိုးရာသီမတိုင်ခင်
မီးလင်းအားမြှင့်တင်ထားခြင်းက
လှဖို့တင်မဟုတ်ဘဲ
ပိုလုံခြုံဖို့အတွက်ပဲဖြစ်ပါတယ်။

လင်းအားကောင်းတဲ့ Headlight ကြောင့်
✔ လမ်းကိုရှင်းလင်းပြတ်သားစွာမြင်ရတယ်
✔ လမ်းပေါ်ကချိုင့်ခွက်တွေကို ကြိုမြင်ရတယ်
✔ တခြားကားတွေ ကိုယ့်ကားရှိနေတာကို သတိထားမိတယ်
✔ မိုးထဲမှာ အရမ်းအာရုံမစိုက်ရတဲ့အတွက် မျက်စိပင်ပန်းမှုကိုလျော့စေတယ်

မိုးရာသီမတိုင်ခင် —
Headlight, Fog Light, Wiring နဲ့ Battery Condition တွေကို စစ်ဆေးထားတာက
Safe Driving အတွက် အများကြီးအထောက်အကူဖြစ်တဲ့အပြင် အလှဆင်တာထက် ပိုတန်တဲ့ Upgrade တစ်ခုလည်းဖြစ်ပါတယ် 🌧️🚘

မီး Upgrade လုပ်တဲ့နေရာမှာ သတိထားရမယ့်အချက်(၁)ချက်ကတော့—
✔️အခြားကားကို မီးမစူးစေဖို့အတွက် မီး Pattern မှန်စွာ မီးချိန်ထားဖို့ပဲ ဖြစ်ပါတယ်။

မီးPattern မှန်ဖို့အတွက်လည်း ဆိုင်မှာ
“အခမဲ့”မီးချိန်လို့ရပါပြီနော်။

မီးလင်းအားနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ်၊
မီးခွက်တွေဝါနေလို့ ကြည်သွားအောင်လုပ်ချင်တာပဲဖြစ်ဖြစ်၊
မီးလုံးရေဝင်လို့ ဖြုတ်/ခွါသန့်ရှင်းချင်တာပဲဖြစ်ဖြစ်
Mr.WOW(ကားမီးအထူးကု)ရှိနေပါပြီ။

🚗✨ “ပိုလင်း – ပိုလုံခြုံ – ပိုစတိုင်ကျ”

📍အမှတ်(၄၉၄)၊ သဇင်လမ်း(အထက(၁)လမ်းနှင့်ပြည်တော်သာလမ်းကြား)၊ ရန်မျိုးအောင်ရပ်၊ မကွေးမြို့။

☎️ 09-967197763
☎️ 09-955966664

18/05/2026

Honda ADV
7 Colors DRL မီးအလှဆင်

🚗✨ “ပိုလင်း – ပိုလုံခြုံ – ပိုစတိုင်ကျ”

မီးလင်းအားနဲ့ပတ်သက်ရင် မကွေးမြို့ရဲ့ ပထမဦးဆုံးကားမီးအထူးကု

Mr. WOW(ကားမီးအထူးကု & William’s Detailing Studio)

📍အမှတ်(၄၉၄)၊ သဇင်လမ်း(အထက(၁)လမ်းနှင့်ပြည်တော်သာလမ်းကြား)၊ ရန်မျိုးအောင်ရပ်၊ မကွေးမြို့။

☎️ 09-967197763
☎️ 09-955966664

05/05/2026

💡🚗LED မီးဆံ နဲ့ BiLED Projector တွေက တကယ်ပဲတစ်ဖက်ကား(သို့မဟုတ်)လူတွေကို မီးစူးစေလား?

_________

“LED မီးဆံ (သို့မဟုတ်) Bi-LED Projector ကို
တပ်ဆင်လိုက်ရင် တဖက်ကားကိုမီးစူးမှာစိုးလို့”
ဆိုတဲ့ စိုးရိမ်မှုတွေ မကြာခဏကြားရပါတယ်။

အမှန်တကယ်တော့ ကိုယ့်ရဲ့ကားမီးကြောင့်
တဖက်ကား(သို့)လူတွေကို မီးစူးစေခြင်းဟာ
မီးဆံအမျိုးအစားပေါ်မူတည်တာမဟုတ်ဘဲ
တပ်ဆင်ပုံနဲ့ မီးချိန်ညှိမှု (alignment) မှန်ကန်ခြင်းအပေါ်မှာသာ အဓိကမူတည်ပါတယ်။

LED မီးဆံ (သို့မဟုတ်) Bi-LED Projector ကို သတ်မှတ်ထားတဲ့ housing အတွင်းမှာ တိတိကျကျ တပ်ဆင်ပြီး beam pattern ကို စနစ်တကျ ချိန်ညှိထားရင် အလင်းကို လမ်းမဘက်သို့သာ တိကျစွာ ထုတ်ပေးပါတယ်။
ဒါကြောင့် မျက်နှာချင်းဆိုင်ကားများကို မီးစူးစေခြင်းမရှိဘဲ မိမိကိုယ်တိုင်ရှင်းလင်းပြတ်သားစွာမြင်ရမှုကိုသာ တိုးတက်စေပါတယ်။

အထူးသဖြင့် Bi-LED Projector စနစ်တွေမှာ low beam / high beam ကို projector lens နဲ့ ထိန်းချုပ်ပေးထားတဲ့အတွက် အလင်းထွက်ပုံဟာ cut-off line ညီညာပြီး မီးစူးစေခြင်းကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် color temperature ကို 4300K မှ 6000K အတွင်း ရွေးချယ်အသုံးပြုပါက မိမိရဲ့မျက်လုံးအဆင်ပြေပြီး လမ်းမြင်သာမှုကိုလည်း တိုးတက်စေပါသည်။

ထို့ကြောင့် LED မီးဆံ နှင့် BiLED Projector များကို ကျွမ်းကျင်သူများနှင့် စနစ်တကျ တပ်ဆင်ခြင်း၊မှန်ကန်စွာ မီးချိန်ညှိခြင်းတို့ကို ပြုလုပ်ထားပါက LED မီးဆံများနှင့် Bi-LED Projector များသည် မီးစူးစေမှုမရှိဘဲ မိမိ၏အသက်အန္တရာယ်လုံခြုံရေးနှင့် လမ်းမြင်သာမှုကို ပိုမိုမြှင့်တင်ပေးနိုင်သော အဆင့်မြင့်ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

🚗✨ “ပိုလင်း – ပိုလုံခြုံ – ပိုစတိုင်ကျ”

📍အမှတ်(၄၉၄)၊ သဇင်လမ်း(အထက(၁)လမ်းနှင့်ပြည်တော်သာလမ်းကြား)၊ ရန်မျိုးအောင်ရပ်၊ မကွေးမြို့။

☎️ 09-967197763
☎️ 09-955966664

30/04/2026

Honda Civic မီးလင်းအားနည်း

ညဘက်မောင်းရတာအဆင်မပြေ

မလိုအပ်ပဲမီးကြီးထိုးမောင်းရတော့ဆန့်ကျင်ဘက်ယာဉ်ကြောကအဆင်မပြေ

ဒါကြောင့် မလိုအပ်ပဲမီးကြီးထိုးမောင်းစရာမလိုအောင်မီးလင်းအားမြှင့်ပေးလိုက်မယ်

Mr. WOW(ကားမီးအထူးကု & William’s Detailing Studio)
Address - အမှတ်(၄၉၄)၊ သဇင်လမ်း
(အထက(၁)လမ်းနှင့် ပြည်တော်သာလမ်းကြား)၊
ရန်မျိုးအောင်ရပ်၊ မ​ကွေးမြို့။

Phone 09-967197763/ 09-955966664

28/04/2026

Honda Civic AndroidTv ပြောင်းလဲတပ်ဆင်ပေးခြင်း

Mr. WOW(ကားမီးအထူးကု & William’s Detailing Studio)

Address - အမှတ်(၄၉၄)၊ သဇင်လမ်း
(အထက(၁)လမ်းနှင့် ပြည်တော်သာလမ်းကြား)၊
ရန်မျိုးအောင်ရပ်၊ မ​ကွေးမြို့။

Phone 09-967197763/ 09-955966664

Want your business to be the top-listed Autos & Automotive Service in Magway?
Click here to claim your Sponsored Listing.

Website

Address


Tha Zin St. ( Between Ah Hta Ka (1) Road & Pyi Taw Thar Rd. ), Yan Myo Aung Qtr
Magway
04011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00