KHIN's Collection
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KHIN's Collection, Fashion Designer, Magway, Myanmar (Burma), Magway.
02/12/2025
✍အင်္ကျီတစ်ထည်က ဘယ်လောက်တော်တဲ့ ဒီဇိုင်နာဖြစ်ဖြစ် ချုပ်ပြီးရင် Fitting ပြန်ချရတာပါပဲ။
✍ Fitting ပြန်ချရတာ ဘာလို့လဲဆိုတော့
Fit မဖြစ်လို့ပေါ့ Fit ဘာလို့မဖြစ်လဲဆိုတော့ •••
✍.1 ~ လူက ပိန်လိုက်/ဝလိုက်ဖြစ်နေလို့ပါဘဲ့ ။
အတိုင်းယူတုန်းက ပိန်တယ် ။ အင်္ကျီရတော့ဝလာတယ် ။
✍ Fitting ပြန်လုပ်ရတယ်။ ( ပြန်ပြင်ရပါတယ် )
✍.2 ~ အင်္ကျီ ပိတ်စကြောင့်
တချို့အစတွေက မီးကြွေကိုင်ရင် ကျုံ့သွားတာတို့ဖြစ်တတ်တယ် ။ မီးပူမကြိုက်တဲ့ အစတွေ ရှိတယ် ။
✍အဲ့လိုအခါမျိုးမှာလည်း အတိုင်းအတိအကျ မရဘူး ။ ( ပြန်ပြင်ရပါတယ် )
✍.3 ~ ကိုယ်တိုင်းယူတဲ့သူ မှားရင်လည်း မှားတယ် Pattern ဆွဲတဲ့သူမှားရင်လည်း မှားတယ်။ နောက်ဆုံးတစ်ခုကတော့ ချုပ်တဲ့သူ မှားရင်လည်း မှားတယ်။
✍Fitting ပြန်လုပ်ရတာပဲ။ Fitting ပြန်လုပ်ရတာဟာ ချုပ်တဲ့သူ အသုံးမကျလို့မဟုတ်ပါဘူး ။
✍အဲ့တာကို တစ်ချို့က အင်္ကျီကွတ်တိမရရင်ကို အသုံးမကျတော့ဘူးလို့ ထင်ကြပြီး ကွက်တိရရင်တော့ သိပ်တော်တယ်လို့ ထင်တတ်ကြတယ် ။
✍ကမ္ဘာကျော် ဒီဇိုင်နာများလည်း ချုပ်ပြီးရင် Fitting ပြန်ချရပါတယ် ။
အရေးကြီးပွဲတတ်ပွဲထိုင် Dressတွေကို အဝေးကြီးမှလှမ်းအပ်တာမဟုတ်ရင်တော့ အနီးအနားတွေဆို မဖြစ်မနေ fittin ယူသင့်ပါတယ်။
TharThar
01/12/2025
ကျော့ကော့နေတာလေး တစ်ခု 🩷🌸
#ခါးထောင်
31/10/2025
ဒီလို design မျိုး ရိုးရိုး ချုပ်မယ်ဆို အနည်းဆုံး ချုပ်ခ ၁သိန်း အထက်မှ အဆင်ပြေတာပါ nobra ဆို ၁သိန်းခွဲ အောက်ထစ်ပါ။
ဘာကြောင့် ချုပ်ခ စျေး ပြောရတာလဲဆိုရင်
ချုပ်ခစျေးနှုန်း ဗဟုသုတ ရအောင်ပါ
နမည်ကြီး Designer တော်တော်များများက ချုပ်ခစျေးတွေ ပြောလေ့ မရှိကြပါဘူး ကျနော်လဲ ချုပ်ခစျေးတော်ယုံ မပြောတဲ့အထဲပါ ပါတယ်။
ဘာကြောင့်မပြောရသလဲဆိုရင် ချုပ်တဲ့design
ကြာချိန် ထည့်ရတဲ့ ပါဝင်ပစ္စည်း အမျိုးအစားပေါ် မူတည်ပြီး အထည်ချုပ်ခ စျေးနှုန်းတွေက ကွာသွားလို့ပါ။
ခုပြထားတဲ့အထည်ဆိုရင် nobra မဟုတ်ပေမဲ့ ၂ထပ်ချုပ်ထားတာပါ ကော်ပိတ်လဲ ကပ်ရပါတယ်။
ဒီ design က ပါဝင်ပစ္စည်း အများကြီး မထည့်ရပေမဲ့
အရှေ့က အတွန့်လေးတွေကနုတ်လေးတွေပေါ်အောင်ချုပ်ရတာ အရမ်းအချိန်ပေးရပါတယ် pattern တော်တော်လေး ကစားရပါတယ် ချုပ်ချိန် အရမ်းကြာပါတယ်
ပုံမှန် ရိုးရိုး oneset ၃ စုံစာ အချိန်လောက်သုံးရပါတယ်။ အဲ့အတွက် ချုပ်ခမှာ စျေးပြန်ယူရပါတယ်ါအထည်ကောင်းထွက်ဖို့အတွက် ချုပ်ခတွေ မနှေမျောသင့်ပါဘူး
ကျနော် customers ရ ကံကောင်းတဲ့အထဲ ပါ ပါတယ်။ ကျနော် customers တွေ ကျနော်တောင်းသလောက် ပေးကြပါတယ်။
အဓိကသိစေချင်တာက လိုင်းပေါ်က နမည်ကြီး Designer တွေရဲ့ ချုပ်ပုံတွေ ပြ ပြီး ချုပ်ခိုင်းမယ်ဆိုရင် အဲ့ချုပ်ပုံရဲ့ ချုပ်ခ စျေးလေးပါ တစ်ခါတည်း သိအောင်ကြိုးစားစေချင်ပါတယ်။ ကြိုးစားအားထုတ်မှု့နဲ့ ထပ်တူခံစားရတဲ့ ချုပ်ခ စျေးလေးတွေရစေချင်တာပါ။
Click here to claim your Sponsored Listing.
Contact the public figure
Telephone
Website
Address
Magway, Myanmar (Burma)
Magway
04011
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |