Khualpeek Blog

Khualpeek Blog

Share

I love poem!

13/01/2023

အထာပေးပြီးချစ်ခဲ့သော်
သူပျော်ရင်ဖြင့်
သဝန်တိုလိုက်ရမြဲ

06/10/2022

နာကျင်မယ်မှန်းသိလျက်နဲ့
ပေးဆပ်လိုက်တဲ့အရာတွေက
တန်ဖိုးရှိတယ်ဆိုတာ
မင်းနားလည်းတတ်ခဲ့ရင်လေ

06/10/2022

လက်တွေ့နဲ့မှ ဘဝက
အထာကျတာမျိုး

02/10/2022

Hoih kei leh ki puah se sa
Hoih leh lah ki phasak teu tau
Na ve ve sam

01/10/2022

******
မွေး တစ်နေ့
သေ တစ်နေ့
ဆိုတာကြိုသိရင်
၎င်းစပ်ကြားက တန်ဖိုးကို
နားလည်တတ်မှာပါ
မင်း ပေးဆပ်ခဲ့ရင်ပေါ့
******

01/10/2022

💌💌💌
ချစ်တတ်ရင်
နာကျင်ရမယ် ခံစားရမယ်
ပျော်တစ်လှည့် ရီတစ်လှည့်ပေါ့
အရွှေးမမှားဖို့ဘဲ
ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားပါ

01/10/2022

တစ်ဖက်သတ် ဆိုတာ
နာကျင်ရစမြဲသာ
ချစ်တာထက်
ခံစားမှု ပိုသာတယ်

01/10/2022

‼မင်း
ဘာမှမကြိုးစားသရွှေ့တော့
လောကကြီးက မင်းအတွက်
သူစိမ်းဆန်နေလိမ့်မယ်‼

01/10/2022

🖋ဘဝဆိုတာ🖋

30/09/2022

💗 မေတ္တာစစ်💗
၉လလွယ် သည်သန္ဓသေား
၁၀လဖြားကာ လူ့လောက
ထွေးပွေးထားသည့် မိဘမေတ္တာ
ခံစားကာလေကြည်ဖြူစွာ
သက်ရင့်ကြီးလာ သိမြင်ကာ
ရှာခဲ့ပါသော် တစ်ခြားမေတ္တာ
မယှဉ်နိုင်ခဲ့ သည်မိဘမေတ္တာ
ခြေဖျားကစ ခေါင်းအဆုံး
သိခဲ့သူသာ မိဘများ
ကို့ဖြစ်စဉ်ကို သံသရာလည် နေတဲ့ မင်းလေးကို
နားလည်စေချင်မိ ဒီစကား
မပြည့်စုံနိုင်သေးသည့် ကို့ဘဝ။ ။

29/09/2022

ပိုင်ရှင်မဲ့နှလုံးသား

နူးညံ့လှတဲ့နှလုံးသား
တမ်းတတိုင်းလည်းမရနိုင်ရာ
ကာရံမဲ့တဲ့ နှလုံးသားလေး
လေပြေများက တိုးဝှေ့သွား
နွေးထွေးလှတဲ့ ရင်ခွင်လေး
ရှာဖွေသော်လည်း ဒဏ်ရာများ
မခံနိုင်သာ ကြိတ်မိတ်ထား
ဒဏ်ချက်များနဲ့ နှလုံးသား
မာယာလေပွေ တိုက်စားသွား
မခံရပ်နိုင်တော့ပါဘူးလေ
စာနာစိတ်ထား ချစ်မေတ္တာ
မျော်နေရင်းနဲ့ နှလုံးသားလေး
အထီကျန်နေဆဲ။ ။

29/09/2022

မင်းကြောင့်
ကြေမွသွားတဲ့အရာတွေက
မင်းအတွက်အသုံးမဝင်တော့ရင်တောင်
သူရဲ့မေတ္တာကို တန်ဖိုးထားတတ်ပါစေ

Want your establishment to be the top-listed Arts & Entertainment in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Address


Magway