AZH DOLL
💝 Doll Wig & Doll Clothing
07/01/2026
Long Time No See 🫣
မင်မင်ပျောက်နေတာကြာပြီ ခုတော့မင်မင်ခလေးအသစ်လေးနဲ့ ပြန်ပေါ်လာပါပြီ🫢
မင့်ကိုသတိရကြသေးလား🥹
04/12/2024
💗 Customer Oder
💗Side _ (1/3)60cm doll
💗Colour _ ( Black 🖤 )
_Thanks You For Chose Me 🤗
_
14/11/2024
💗 60cm doll (1/3)အတွက်အကျီလေးတွေ In Stockရပါမယ်
💗ပုံအောက်မှာစျေးလေးတွေရေးပေးထားပါတယ်နော်
💗In Stock မို့စောင့်စရာမလိုပါဘူးနော်
💗ကိုလိုချင်တဲ့(side)နဲ့ ဒီဇိုင်းလေးတွေမင်မင်စီမှာအပ်လို့ရပါတယ်နော်.....
13/11/2024
💗 My Baby
💗 ပုံထဲက Wig လေး In Stock ပါနော်
Wait time မစောင့်ချင်တဲ့Cusလေးတို့ယူထားကျ😑
💗Side - (1/4)-(1/6) နှစ်ဆိုဒ်လုံးနဲ့ တန်ပါတယ်Wigလေးက
💗 Price - 15000💵
Hello 🖐
မင်မင်ခုတလောနေမကောင်းဖြစ်နေတာမို့ Deliအပ်တာနောက်ကျပါမယ်နော်
Wig အပ်ထားတဲ့ Customer လေးတို့လည်းမင်မင်ကိုစောင့်ပေးကြပါအူးနော်
မင်မင်နေပြန်ကောင်းတာနဲ့ Deli အမြန်အပ်ပေးပါမယ်
Wig လေးတွေလည်း တတ်နိုင်သမျှမြန်မြန်ချုပ်ပေးပါမယ်နော်...
13/10/2024
💗 နှစ်ဖက်ခွဲဒီဇိုင်းလေး 😍
💗 Side - (1/4)bjd doll
💗 Colour - (💛🖤)
12/10/2024
💗 Bjd 1/4 Side အတွက် Wig လေးချုပ်ပေးဖြစ်တာလေး.....
💗 Colour / Black (🖤)
29/09/2024
💗 မင်မင်စီမှာ Doll dress လေးလာအပ်လို့ရပါပြီနော် ...
💗 ရနိုင်မဲ့ ဆိုဒ်လေးတွေကတော့👇
_ Doris Doll (60cm)
_ Bjd 1/4
_ (1/6) 30Fatty
_ 30cm barbie
_ 16cm
_Licca Doll
(1.10.2024) မှ (10.10.2024)အထိသာမင်မင်လက်ခံပေးပါမယ်နော်😍
14/09/2024
မူရင်း Post မှာ Like & Share လေးပေးပီး ကူညီပေးကြပါအူးနော်
❌ ငွေအလှူခံခြင်း လုံးဝမဟုတ်ပါ ❌
ကျွန်တော် ဒီပို့စ်တင်ဖို့ အတော်လေးစဥ်းစားခဲ့ရပါတယ်။ ဒီအချိန်မှာ နာမည်ကြီးချင်လို့ထလုပ်တယ်၊ ရေဘေးအကြောင်းပြပြီးလုပ်နေတာ ဘာညာဆိုတာမျိုးတွေ ကျွန်တော်မလိုချင်ပါဘူး။
သို့ပေမယ့်လည်း နေ့စဥ်နဲ့အမျှ ဒုက္ခဆင်းရဲခံစားနေကြရတဲ့ မြန်မာပြည်သူတွေအတွက် ကျွန်တော်တစ်နည်းနည်းနဲ့တော့ ကူညီချင်ပါတယ်။ အရှင်းဆုံးပြောရရင် ဒီလိုကူညီဖို့အတွက် ငွေကလည်း အရေးအပါဆုံးအရာတစ်ခုပါ။
ကျွန်တော်မချမ်းသာပါဘူး။ ဟိုတလောက ကျွန်တော့်ကို လောင်းကစားကြော်ငြာတစ်ခုလာအပ်ပါတယ်၊ ကျွန်တော်လက်မခံခဲ့ပါဘူး။ ဘယ်တုန်းကမှလည်း ကျွန်တော်ဒါမျိုးအလှူခံတာတွေ မလုပ်ခဲ့ဖူးပါဘူး။
Anyway, လက်ရှိကျွန်တော့်မှာ အလုပ်မရှိတဲ့အတွက် ဝင်ငွေမရှိပေမယ့် ခင်ဗျားတို့ရဲ့အကူအညီနဲ့ဆိုရင်တော့ ကျွန်တော်တို့ ရေဘေးဒုက္ခသည်တွေအတွက် တစ်နည်းနည်းနဲ့တော့ ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဘာလုပ်ပေးရမလည်းဆိုရင်တော့ ကျွန်တော့်ရဲ့ ဒီပို့စ်လေးကို Like ပေးတာတို့ Share ပေးတာတို့ လုပ်ပေးရုံပါပဲ။ ဒီအချိန်မှာ အားလုံးကခက်ခဲနေတာမို့ ပိုက်ဆံကောက်ခံတာမျိုးတွေလည်း ကျွန်တော်မလုပ်ချင်ပါ။ ပိုက်ဆံကောက်ခံဖို့အတွက်ဆိုရင်လည်း ကျွန်တော်ဒီပို့စ်မတင်ပါဘူး။ လက်ရှိ အလှူငွေကောက်ခံပြီး ပြန်လည်ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအများကြီးမှ သူတို့ကိုသွားလှူဖို့သာ အားပေးပါတယ်။
စိတ်မကောင်းစရာကတော့ ကျွန်တော့်ကို Facebook က Bonus ပေးတာက ဒီလ (၂၀) ရက်နေ့ဆိုကုန်ပါပြီ။ ဆိုတော့ ကျွန်တော်တို့မှာ အချိန် (၅) ရက်နီးနီးသာကျန်ပါတယ်။
လက်ရှိ ကျွန်တော့်မှာရထားတာက $30 လောက်ရှိတာမို့ $100 ရမှသာထုတ်လို့ရမှာဖြစ်တဲ့အတွက် $70 လောက်လိုနေပါတယ်။ ကျွန်တော်ကတော့ ရသမျှအကုန် ရေဘေးအတွက်လှူမယ်ဆုံးဖြတ်ထားတာမို့ ပိုရလေ ပိုကောင်းလေပါ။
အနည်းဆုံး $70 ထပ်ရဖို့ ဒါတွေလိုပါမယ် 👇
🔥 React >>> 20K -> 50K -> 100K -> 200K -> 350K
🔥 Comment >>> 1K -> 10K -> 30K
🔥 Share >>> 5K -> 10K -> 30K
[ Edit: လောလောဆယ်တော့ $100 ကျော်လို့ $300 ပြည့်ခါနီးနေပါပြီခင်ဗျာ၊ အပေါ်က Target လေးတွေကိုတော့ အစကတည်းကတင်ထားတာလေးမို့ မပြောင်းချင်တာနဲ့ ဒီအတိုင်းလေးပဲထားထားတာပါ၊ ကောမန့်မှာလည်း ဝင်လာတဲ့ $ ကို အမြဲ Update တင်ပေးနေပေမယ့် တစ်ချို့လူတွေရဲ့ ပြစ်တင်ပြောဆိုတာတွေမခံနိုင်လို့ ဒါလေးရေးလိုက်ရပါတယ်ခင်ဗျာ ]
အဆုံးသတ်ရရင် ဒီအလှူက ကျွန်တော်တို့ ကားချစ်သူ ညီအကိုတွေရဲ့ အလှူလို့ပြောရင်လည်း မမှားပါဘူး။ အချိန် (၅) ရက်သာ ကျန်တော့တာမို့ ဒါလေးတော့ ကူညီကြနော်။
{ 𝙍𝙚𝙨𝙩𝙧𝙞𝙘𝙩𝙚𝙙 𝙪𝙨𝙖𝙜𝙚 : 𝙄 𝙠𝙞𝙣𝙙𝙡𝙮 𝙧𝙚𝙦𝙪𝙚𝙨𝙩 𝙩𝙝𝙖𝙩 𝙮𝙤𝙪 𝙧𝙚𝙛𝙧𝙖𝙞𝙣 𝙛𝙧𝙤𝙢 𝙪𝙨𝙞𝙣𝙜 𝙩𝙝𝙞𝙨 𝙥𝙤𝙨𝙩 𝙞𝙣𝙙𝙚𝙥𝙚𝙣𝙙𝙚𝙣𝙩𝙡𝙮, 𝙗𝙪𝙩 𝙛𝙚𝙚𝙡 𝙛𝙧𝙚𝙚 𝙩𝙤 𝙨𝙝𝙖𝙧𝙚 𝙞𝙩 }
𝙁𝙪𝙚𝙡 𝙮𝙤𝙪𝙧 𝙥𝙖𝙨𝙨𝙞𝙤𝙣 𝙛𝙤𝙧 𝙖𝙪𝙩𝙤𝙢𝙤𝙗𝙞𝙡𝙚𝙨 𝙬𝙞𝙩𝙝
▀▄▀▄▀▄ 𝙆𝙖𝙧𝙨 - 𝘽𝙪𝙧𝙢𝙖 ▄▀▄▀▄▀
အခု ကင်းတားဆည်ရေ ထပ်မံ လွတ်လိုက်ပြီမို့ ပို၍ဆိုးနိုင်တာမို့ ကူညီပါအုံး အကိုရယ်တဲ့ 😥😢
အခု အခြေအနေအရမ်းဆိုးရွာနေလိုပါတဲ့....
10:53 PM
မြစ်သားမြို့နယ် စမုံနံဘေး စမာနံဘေးရှိ
ဒါးရဲကောင်း
ရန်အေး
ပုဏ္ဏားရွာ
ဒါန်းတိုင်
လက်ပံ
ရွာအတော်များများ
အိမ်မြုပ်နေ၍ ခေါင်မိုးပေါ်ရောက်နေပြီး လူတော်လဲ ရေထဲ မြောပါနေကြပါပြီ 😭😭😭
ကယ်ဆယ်ရေး ရုံးဖုန်းများလဲ ဆက်သွယ်မရဖြစ်နေလို့ ကူညီနိုင်သူများ တက်နိုင်သလောက်လေး ကူညီပေးဖို့ မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျားးး
ဒါးရဲကောင်းကျောင်းဆရာတော်
09784497277
Click here to claim your Sponsored Listing.
Category
Website
Address
Magway