Traveller Pyae Phyo
အညာဓလေ့နဲ့ဂျပန်နိုင်ငံတွင် ခရီးသွားအတွေ့အကြုံ၊ ရောက်ခဲ့ဖူးသောနေရာများ ဗဟုသုတများအဖြစ် တင်ပေးနေပါတယ်ခင်ဗျ။
24/06/2026
Osaka to Tokushima ( Express)
အနည်းဆုံး 2500〜 5000円 အထိရှိတယ်။
コンビニ、Pay Pay စတာတွေနဲ့ ငွေချေလို့ရတယ်။
ဈေးနှုန်းနဲ့ အဆင်ပြေမဲ့အချိန် ရွေးနိုင်ပါတယ်။
高速バス.com
23/06/2026
Kansai Airport မှာ IC Card ၀ယ်နည်း။
အနည်းဆုံး 1000 ကနေ စ၀ယ်လို့ရတယ်။
JR , Nankai ဘယ်ရထားပဲစီးစီး OK
Deposit ¥500
#関空
23/06/2026
Fukui to Tokyo
高速バス.com မှာ အနည်းဆုံး ¥4500 ကနေ ရတယ်။
သွားမဲ့ရက်အပေါ်တော့ မူတည်တယ်။
コンビニ ငွေချေ × ပြထားရင်တော့ မရဘူး။
ဒီတစ်ခေါက်တော့ 徳島(沖洲) ကနေ 東京(有明) အထိ オーシャン東九フェリー の「どうご」で သွားဖြစ်ခဲ့ပါတယ်။
#အပိုင်း ၂
#အပိုင်း ၁ ကောမန့်တွင်ကြည့်ပါ
ထွက်ချိန်Tokushima 徳島(沖洲)
2026/06/13 (土) 11:20
ဆိုက်ရောက်ချိန် Tokyo 東京(有明)
2026/06/14 (日) 06:00
11:00 လောက်မှ Ferry ပေါ် စတက်ရတယ်။
ဒီ Ferry က Fukuoka ( Shin Moji ) ကနေ မနေ့က 19:00 နာရီမှာ စထွက်တယ်။
စုစုပေါင်း 18 နာရီ 40 မိနစ် ခန့် ကြာပါတယ်။
လက်မှတ်ကိုတော့ အွန်လိုင်းကနေ ကြိုတင်ဖျက်ထားပြီး ပိုက်ဆံ ချေထားပါတယ်
Ferry Terminal ရောက်မှ mail ထဲမှ QR နဲ့ လက်မှတ်။ထုတ်ရပါတယ်။
Ferry ပေါ် အတက် ၊ အဆင်းမှာ Scan ဖတ်ပါတယ်။
「どうご」 ဆိုတဲ့ နာမည်က 愛媛県 ရဲ့ နာမည်ကြီး 道後温泉 (Dogo Onsen) ကနေ ယူထားတာ ဖြစ်ပါတယ်။
အခြား သင်္ဘောနာမည်တွေကတော့
🔹 びざん → 徳島県 の 眉山
🔹 りつりん → 香川県 の 栗林公園
🔹 しまんと → 高知県 の 四万十川
🔹 どうご → 愛媛県 の 道後温泉
ဖြစ်ပါတယ်။
━━━━━━━━━━━━━━
💰 ခရီးစရိတ်
━━━━━━━━━━━━━━
ကျွန်တော် စီးခဲ့တဲ့ လက်မှတ်က
B-21-56 (အပေါ်ထပ်) 13,310 円 ဖြစ်ပါတယ်။
Bus နဲ့ သွားရင် 8,500 ~ 12,000 10 နာရီခန့်
新幹線 နဲ့ သွားရင် 20,000 円 ဝန်းကျင် 5 နာရီခွဲ
フェリー ကတော့ အချိန်ပိုကြာပေမယ့် ဟိုတယ်တစ်ည အိပ်ရသလို ခံစားရပါတယ်။
ကုန်ကား၊နဲ့ ကားသမားတွေ စီးတာများပြီး
လူသီးသန့် ခရီးသယ် သိပ်မရှိ ၊စီးသူနည်းတယ်။
အစောကြီး လက်မှတ်မဖြတ်လည်း ရနိုင်တယ်။
Osaka to Fukuoka ( Shin Moji ) Ferry ဆိုရင်တော့ လူကြိုက်များလို့ စောစော ဖြတ်ရတယ်။
Comment မှာ ထည့်ပေးထားမယ်၊ စိတ်၀င်စယးတဲ့သူ ကြည့်လို့ရပါတယ်။
━━━━━━━━━━━━━━
🛏️ အခန်းအမျိုးအစားများ
━━━━━━━━━━━━━━
🚪 2名個室
လူ 1 ယောက်တည်း စီးရင်တောင် တခြားသူနဲ့ အခန်းမျှဝေစရာ မလိုပါဘူး။
✅ Ocean View
✅ TV
✅ 冷蔵庫
✅ コンセント
✅ タオル
✅ 歯ブラシ
✅ ドライヤー
━━━━━━━━━━━━━━
🚪 4名個室
မိသားစု၊ သူငယ်ချင်းတွေနဲ့ သွားရင် အဆင်ပြေပါတယ်။
✅ Ocean View
✅ TV
✅ 冷蔵庫
✅ コンセント
✅ タオル
✅ ドライヤー
━━━━━━━━━━━━━━
🛏️ 相部屋 (Dormitory)
ကျွန်တော်စီးခဲ့တဲ့ အမျိုးအစားက ဒီလိုမျိုးပါ။
2 ထပ်အိပ်ယာပုံစံ
✅ ကိုယ်ပိုင် မီး
✅ ကိုယ်ပိုင် Plug
✅ ကန့်ထားတဲ့ Privacy Space
⚠️ ပြတင်းပေါက် မရှိပါ
⚠️ ပင်လယ်မြင်ကွင်း မမြင်ရပါ
ဒါပေမယ့် စျေးအသက်သာဆုံး ဖြစ်ပါတယ်။
━━━━━━━━━━━━━━
🛁 お風呂 (ရေချိုးခန်း)
━━━━━━━━━━━━━━
ဒီသင်္ဘောရဲ့ အကြိုက်ဆုံးနေရာက ရေချိုးခန်းပါ။
🌊 ပင်လယ်ကို ကြည့်ရင်း ရေချိုးနိုင်ပါတယ်။
✅ 大浴場 (ရေချိုးကန်ကြီး)
✅ シャワールーム
✅ シャンプー
✅ ボディソープ
✅ ドライヤー
✅ သောက်ရေ တွေ အခမဲ့ ရှိပါတယ်။
━━━━━━━━━━━━━━
🥤 オーシャンプラザ
━━━━━━━━━━━━━━
ဒီသင်္ဘောမှာ Restaurant မရှိပါဘူး။
ဒါပေမယ့်
✅ 冷凍食品
✅ レトルト食品
✅ カップラーメン
✅ 飲み物
တွေကို 自動販売機 ကနေ 24 နာရီ ဝယ်နိုင်ပါတယ်။
ထို့အပြင်
✅ 電子レンジ
✅ お湯 လည်း ရှိပါတယ်။
━━━━━━━━━━━━━━
🌅 展望デッキ
━━━━━━━━━━━━━━
သင်္ဘောစီးရတဲ့ အကောင်းဆုံး အပိုင်းက ဒီနေရာပါ။
🌊 အဆုံးမရှိတဲ့ ပင်လယ်ကြီး
🌅 နေဝင်ချိန် ( ညဘက် တက်လို့မရ)
🌉 東京ゲートブリッジ
🏙️ 東京湾 Night View
✈️ 羽田空港 အနီးက လေယာဉ်များ
━━━━━━━━━━━━━━
🔐 Locker
━━━━━━━━━━━━━━
ပစ္စည်းသိမ်းဖို့ Locker တွေလည်း ရှိပါတယ်။
🔹 အသေး → အခမဲ့ (100円 အာမခံ)
🔹 အလတ် → 100円
🔹 အကြီး → 200円
━━━━━━━━━━━━━━
👕 Coin Laundry
━━━━━━━━━━━━━━
🚿 洗濯乾燥機 2 လုံး ရှိပါတယ်။
✅ လျှော်ဆပ်ပြာ
✅ 柔軟剤
ကို အလိုအလျောက် ထည့်ပေးပါတယ်။
Bus ထက် ပိုသက်တောင့်သက်သာရှိတယ်။
新幹線 ထက် စျေးသက်သာတယ်။ အချိန်တော့ ပိုကြာပေမယ့်
🌊 ပင်လယ်ကြည့်ရင်း
🌅 နေဝင်ချိန်ကြည့်ရင်း
🌙 ညဘက် လေခံရင်း
ခရီးသွားရတာ အရမ်း Relax ဖြစ်ပါတယ်။
Tokyo ကို အလျင်မလိုဘဲ သက်တောင့်သက်သာ သွားချင်သူတွေအတွက် フェリー「どうご」 ကို အကြံပြုပါတယ် 🚢
#徳島
#東京
#フェリーどうご
#オーシャン東九フェリー
22/06/2026
ゆうちょ အကောင့်မှာလိပ်စာပြောင်းနည်း။
#ゆうちょ住所変更
ゆうちょ通帳 App ဖွင့်ထားဖို့တော့လိုပါတယ်။
Zairyu Card လောက်မဖြစ်မနေ ပြောင်းဖို့မလိုပေမယ့် ပြောင်းထားတာ အကောင်းဆုံးပါ။
အရမ်းလွယ်ပါတယ်။
တစ်ခုခုအသိပေးစာရှိတဲ့အခါမှာ ပြောင်းထားမှ လိပ်စာအသစ်ကိုစာတွေရောက်မှာဖြစ်ပါတယ်။
မပြောင်းထားရင် လိပ်စာအဟောင်းကိုပဲ
ရောက်နိုင်ပါတယ်။
ゆうちょダイレクト → メニュー → ご登録内容 確認。変更 → 住所。連絡用電話番号 → 変更 → မှာ စစ်လို့ရတယ်။
#ゆうちょ住所変更
#ゆうちょ
မြကျိုင်းတောင် အာရုံခံဘုရား။
21/06/2026
#မုန်းချောင်းအနီး ဘယ်ရွာတွေက ရှိကြလဲ?
#မုန်းချောင်းရှု့ခင်းပုံရှိရင်မန့်ခဲ့လို့ရပါတယ်
ကောမန့်ရေးခဲ့ပါဦး။
မုန်းချောင်းသည် ချင်းပြည်နယ်ရှိ
ခေါနုစုမ် (ခ)ဝိတိုရိယတောင် ( ခ ) နတ်မတောင်ထိပ်၏ အနောက်ဖက်နှင့် မြောက်ဖက်ရှိ တောင်များမှမြစ်ဖျားခံသည်။
တောင်ဖက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဖက်မှ စီးဝင်သည်။
မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။
👉မုန်းချောင်းတစ်လျှောက်ရှိဆည်တမံများမှာ
1. အထက်ဗူးဆည် (စေတုတ္တရာမြို့နယ်၊ သူကောင်းကျင်းကျေးရွာအနီး၊ စီမံကိန်းကာလ)
2. ဗူးဆည် (စေတုတ္တရာမြို့နယ်၊ ဗူးကျေးရွာအနီး၊စီမံကိန်းကာလ)
3. မုန်းချောင်းတမံ (စေတုတ္တရာမြို့နယ်၊ အောက်ပုံကျေးရွာအနီး၊ ဖွင့်လှစ်ပြီး (2004) လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်)
4. ကြီးအုံကြီးဝဆည် (ပွင့်ဖြုမြို့နယ်၊ လယ်မကျေးရွာအနီး၊ ဖွင့်လှစ်ပြီး (2012) လျှပ်စစ်ဓာတ်အား ၇၄ မဂ္ဂါဝပ်)
5. မဲဇလီဆည် (ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနီး၊ ကိုလိုနီခေတ် (1903) လျှပ်စစ်ဓာတ်အားမထုတ်လုပ်ပါ။) တို့ဖြစ်ကြသည်။
မဲဇလီရေလွှဲဆည်သည် မဲဇလီရွာအနောက်ဘက် မုန်းချောင်းပေါ်တွင် တည်ဆောက်ထားပါသည်။ မဲဇလီရေလွှဲဆည်ကို အင်္ဂလိပ်ခေတ်လက်ထက် ၁၉၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်ဟု သိရပါသည်။ မုန်းချောင်းအောက်ဖက်ရှိ လယ်ဧကများစွာ အကျိုးပြုလျက်ရှိပါသည်။
မဲဇလီဆည်မှ တောင်မုန်းမြောင်းမကြီးနှင့်မြောက်မုန်းမြောင်းမကြီးဟူ၍ တူးမြောင်းနှစ်ခုရှိပါသည်။ တူးမြောင်းနှစ်ခု မြောင်း လက်တံခွဲ အများအပြား ရှိပါသည်။၂၉ မိုင်ခန့်ရှည်လျားပါသည်။ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်ပါသည်။ ပွင့်ဖြူ ၊ စလင်း ၊ မြို့နယ်များအတွက် အလွန်အထောက်အကူ ပြုလှပါသည်။
မုန်းချောင်းကူးတံတားကြီး ၃ စင်း ရှိသည်။
1.စေတုတ္တရာမြို့နှင့် ညောင်အိုင်ရွာကြား စလင်း - စေတုတ္တရာ ကားလမ်းပေါ်ရှိ
(ညောင်အိုင်တံတား)
အရှည် ၁၄၀၀ ပေ
2. မဲဇလီရွာနှင့် ဆည်တော်ရွာကြား
ပုသိမ် - မုံရွာကားလမ်းမပေါ်ရှိ (မဲဇလီ တံတား)
2008 , Jan 2 ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ယခင်ကြိုးတံတားမှ သံကူကွန်ကရစ်အမျိုးအစားကို 2019 , Oct 28 ရက်နေ့တွင်အဆင့်မြှင့်တင်ပြီးစီးခဲ့ပါသည်။
3. ပွင့်ဖြူမြို့နှင့် ရှောက်တောရွာကြား
မင်းဘူး- စလင်း ကားလမ်းပေါ်ရှိ (မုန်းချောင်းတံတား)
မုန်းချောင်းတံတားသစ် (ပွင့်ဖြူ) ကို 2020 , Jun 19 တွင်ဖွင့်လှစ်ခဲ့ပါသည်။
အရှည် ၁၃၀၀ ပေ
#မုန်းချောင်းMone
#မဲဇလီ
#စေတုတ္တရာ_ညောင်အိုင်တံတား
#မဲဇလီတံတား
Nankai Namba 〜 Wakayama ( Train )
Wakayama 〜Tokushima ( Ferry ) かつらぎ
Visa Card နဲ့ စီးလို့ရတယ်။
Tokushima အရောက်ထိ ¥2500
2028/3 လပိုင်းဆိုရင် အခု Ferry က အနားယူတော့မယ်။
အရင်တစ်ခေါက်က 好ききっぷ နဲ့ သွားခဲ့တယ်။
ကောမန့်မှာ link ချပေးထားပါတယ်။
.
かつらぎ
ပွင့်ဖြူမြို့နယ်သူ / သားများ ဘယ်သူတွေ ရှိလဲ ?
ကောမန့်တစ်ကြောင်းစီလောက် ရေးခဲ့ပါဦး။
မုန်းချောင်းနားက ရွာကြီးသူ။
#ပွင့်ဖြူမြို့နယ်
စလင်း ဌေးကြည်
ပွင့်ဖြူသူ၊ ပွင့်ဖြူသားမှန်ရင်တော့
ဒီနေရာ ရောက်ဖူးကြတယ်။
#မြကျိုင်းတောင်
#သစ်တစ်ပင်တောင်ထိပ်
#မဲဇလီ
Click here to claim your Sponsored Listing.
Category
Website
Address
Magway
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 08:00 - 22:00 |
| Wednesday | 08:00 - 22:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 08:00 - 22:00 |
| Sunday | 08:00 - 22:00 |