Basic English.com
Shine in Life.
16/12/2025
Daylight - Taylor Swift
အချစ်သည် ဘာကာလာမှမရှိတဲ့အရာ၊ ဒါမှမဟုတ် လောင်ကျွမ်းနေတဲ့ အနီရောင်မျဉ်းကြောင်းတစ်ခုလိုတွေးထင်ခဲ့ဖူးလား။
အရင်တုန်းက ကိုယ့်ရဲ့ အဆင်မပြေတဲ့ relationship တွေကြောင့် အမှားတွေလည်းအများကြီးလုပ်ခဲ့မိတယ်။ဒါကြောင့်အချစ်ဟာ ပူလောင်တဲ့ အနီရောင်လား ဒါမှမဟုတ် ဘာမှမဟုတ်တဲ့ အဖြူအမဲကာလာ လို့ထင်ခဲ့ဖူးလား။
ထင်ခဲ့ဖူးတယ်၊ အဲ့လိုပဲ ယုံကြည်သေးတယ် ဆိုရင် -
Taylor Swift ရဲ့ daylight song ကို နားဆင်ကြည့်ပါ။ Daylight song ကိုအလွယ်တကူနားလည်နိုင်စေဖို့ ဒီ English vocabulary 3 လုံးလေးတွေ လေ့လာသွားပါ။
- daylight
- Butt of Joke
- cloak and dagger 🗡️
- Daylight
သူ့ရဲ့ပုံမှန်အဓိပ္ပာယ်က - နေ့ဘက်ခင်းရဲ့နေရောင်ပေါ့။
ဒါပေမယ် သီချင်းထဲမှာ Daylight ကို အလင်းရောင်ပေးပြီး နွေးထွေးစေတယ်၊ အေးချမ်းစေတယ် ဤ ကဲ့သို့ အဓိပ္ပာယ်မျိုးပါ။
ဥပမာ စာကြောင်းအနေနဲ့ -
He brought daylight into my life.
- Butt of Joke
ဒီစကားစုက Idiom ပါ။ အဓိပ္ပာယ်က - ရယ်စရာအဖြစ် ပြောခံကတဲ့သူ, လှောင်ပြောင်ခံရသူ လို့ဆိုလိုပါတယ်။
Butt ဆိုတာက ခန္ဓာကိုယ်အစိတ်ပိုင်းကိုပြောတာမဟုတ်ပဲ target (ပစ်မှတ်) လို့ပြောတာပါ။
ဒီဥပမာ စာကြောင်းကိုကြည့်ပါ။
She felt embarrassed being the butt of the joke.
- cloaks and dagger
Cloak ဆိုတာက ဝတ်ရုံအထူဖြစ်ပါတယ်။
dagger 🗡️ ကတော့ဓားမြောင်ဖြစ်ပါတယ်။
သီချင်းထဲမှာတော့ cloak ကို အပေါ်ယံဟန်ဆောင်မှုတွေအဖြစ်တင်စားထားပြီး dagger ကို မကောင်းတဲ့စိတ်၊ အတွေး၊ အမြင်တွေအဖြစ်တင်စားထားပါတယ်။
ဥပမာစာကြောင်းနဲ့လေ့လာကြည့်ပါ။
- I was surrounded by cloaks and daggers in my past love.
ကဲစကားလုံးတွေနားလည်သွားရင် သီချင်းလေးကို ခံစားနားဆင်ရင်ကြည့်လိုက်ပါဦးနော်။
အခုက ဆောင်းရာသီဖြစ်လို့ မနက်ခင်း နေရောင်အောက်မှာ နေပူဆာလှုံရင်းသီချင်းလေး နားထောင်ရတာ နှစ်သက်စရာကောင်းပါတယ်။
11/12/2025
Movie နဲ့ပက်သက်တဲ့ English Vocabulary 3 လုံး။
ပုံလေးတွေကြည့်ပြီးလေ့လာပါ
Upgrade Your Listening Skill From Intermediate Level to Upper Intermediate Level.
1.What this is about?
ကျွန်တော်တို့ရဲ့ listening skill ကို intermediate level ကနေ upper intermediate level ကိုတက်ကြမယ်။
အဲ့လိုတက်နိုင်တဲ့ လေ့ကျင့်နည်းကို မျှဝေပေးမယ်ဆို လွယ်လွယ်ကူကူတက်လို့ရပြီလေ။
2. The Problem
ကျွန်တော်တို့ က အခုလက်ရှိ listening level က intermediate level မှာ။ ဒီ level ကနေ upper လွယ်လွယ်ကူကူတက်ဖို့ လေ့လာနည်းတစ်ခုလိုတယ်လေ။
ဘယ်လိုလေ့လာကြမလဲ။
Listening လေ့ကျင့်ဖို့ podcast တွေနားထောင်တယ်။ Movie တွေကြည့်တယ်။ YouTube video တွေကြည့်တယ်။ cartoon ကားတွေကြည့်တယ်။ ဒီလို ကနေ listening လေ့ကျင့်ကြတယ်။ သတိမထားမိတာက အကုန်လုံးကို listening လုပ်ပြီး general meaning ကိုပဲနားလည်ကာတစ်ပုဒ်ပြီးတစ်ပုဒ်ပြီးတာပဲအဖတ်တင်သွားတာပါ။ advanced vocabulary တွေပါရင်ပိုဆိုးပါတယ်။ယေဘူယျပါနားလည်ဖို့ကိုခက်ပါရော။
3.How to practice listening effectively
ဆိုတော့ဘယ်လိုလေ့ကျင့်ရမလဲ။
1. ကိုယ်က podcast နားထောင်မယ်ဆိုပါတော့။
2. အဲ့အခါ speaker တွေက အကြောင်းအရာတစ်ခုကိုဆွေးနွေးကြတယ်။ အဲ့အခါ speakerက sentence တစ်ခုပြောလိုက်တဲ့အခါ podcast ကို pauseပြီး speaker ပြောတဲ့ sentence ကိုချရေးပါ။
3. နောက်ပြီးကိုယ်ချရေးတာ မှန်းလားဆိုတာ substitle ဖွင့်ပြီးစစ်ပါ။
- မှန်ရင်တော့ ကိုယ် listening ကကောင်းတယ်။
- မှားသွားရင် ကိုယ်က အသံထွက်ကို ရင်းနှီးသွားမယ်။
ဒီနည်းကို ကြားတဲ့အသံထွက်တွေရဲ့ စကားလုံးကို ချရေးခြင်းလို့နာမည်ပေးထားပါတယ်။
လွယ်လွယ်ပြောရရင် ဒီနည်းကို ကိုယ်က နားမလည်တဲ့အသံထွက်ကြားတိုင်း ကိုယ်ကြားတာက သူတို့ပြောတာနဲ့ တူညီရဲ့လားဆိုတာ ချရေးတာပါ။အဲ့အခါ သူတို့ပြောတာတွေကို နားလည်လာပြီး အသံထွက်ကို ရင်းနှီးပြီး စကားလုံးတိုင်းကိုနားလည်ပြီး ပြောသမျှအကုန်လုံးကို ယေဘူယျနားလည်တာမဟုတ်ပဲ အသေးစိတ်နားလည်သွားမယ်။အဓိကကတော့ အသံထွက်ကို နားမလည်တာတွေ၊ စကားပြောမြန်တာတွေကိုနားမလည်တာတွေ ရှိတော့မှာ မဟုတ်ပါဘူး။
ဘယ်လောက်ကောင်းလိုက်တဲ့နည်းလဲ။ နည်းနည်းအချိန်ယူလေ့ကျင့်ရတယ်ဆိုပေမယ့် အရမ်းကောင်းတဲ့ အသုံးတည့်စေမယ့်နည်းလမ်းမလို မျှဝေပေးလိုက်ပါတယ်နော်။
4. The Results
လေ့ကျင့်ပြီးတဲ့အခါ ဘာတွေများရလို့လဲ စဉ်းစားမိရင် -
- ကိုယ့်ရဲ့ နားကြားမှားတာတွေ တွေ့လာမယ်။
- အမြန်ပြောတဲ့အသံထွက်ကို ပိုမိုရင်းနှီးလာမယ်။
- စကားပြောမြန်တာတွေကို အေးဆေးနားလည်နိုင်သွားမယ်။
- စကားလုံးအသစ်တွေရဲ့ အသံထွက်တွေကိုရင်းနှီးကျွမ်းဝင်သွားမယ်။
ဆိုတော့ကိုယ့်ရဲ့ listening skill ကလည်း နောက် level တစ်ခုကိုရောက်သွားပြီလေ။
04/07/2025
ENGLISH စာလေ့လာဖို့ motivation ရအောင်ဘယ်လိုလုပ်ရမလဲ။
:👀
Crd
မိတ်ဆွေ ဘာကြောင့် English ဘာသာစကားကို အခုကနေစလေ့လာသင့်တာလဲ။
English ဘာာစကားတတ်ရင်ရော မိတ်ဆွေ တကယ်ဘာတွေရမှာလဲ။
" ဒီနေ့ဘာသီချင်း နားထောင်ကြမလဲ ? 🤔"
သီချင်း နားထောင်ရင်း English စာလေ့လာကြမယ်
Song name - Old Phone
Singer - Ed Sheeran
13/06/2025
_ ဘဝဆိုတာတစ်နေရာရာမှာပိတ်မိနေခြင်းမဟုတ်ပါဘူး _
📍No matter what kind of pain or problems we go through, we must keep growing.
Life is not about staying stuck.
It’s about learning, healing, and moving forward.
Keep going. Never give up.📍
📍"ဘယ်လို ပြဿနာတွေပဲရင်ဆိုင်ရပါစေ၊ ဘယ်လို နာကျင်မှု တွေပဲရင်ဆိုင်ရပါစေ ကျွန်တော်တိုတွေ လုပ်သင့်တာတွေကိုဆက်လုပ်နေရပါမယ်
ဘဝဆိုတာ တစ်နေရာရာမှာပိတ်မိနေခြင်းမဟုတ်ပါဘူး
သင်ယူလေ့လာပြီးရှေ့ဆက်သွားကြရပါမယ်
ဘယ်တော့မှအရှုံးမပေးပါနဲ့ အမြဲဆက်ရွေ့နေပါ "📍
10/06/2025
Burmese Accent Reduction Class
သင်က English လိုပြောတဲ့အခါမြန်မာအသံထွက်အမှားတွေကိုဖယ်ရှားကာ ချောချောမွေ့မွေ့နဲ့အသံထွက်ကောင်းစွာနဲ့ပြောနိုင်လိုသူတစ်ယောက်ဆိုရင် ဒီသင်တန်းကသင့်အတွက်ပါ။
- ဘယ်လိုလူတွေတက်သင့်တာလဲ ?
•English လို
အသံထွက်ကောင်းကောင်းနဲ့ပြောတတ်ချင်သူတွေ
•မြန်မာအသံထွက်မှားတွေကိုဖျောက်ချင်သူတွေ
•ကိုယ်အသံထွက်ကို ကောင်းအောင်မြှင့်တင်လိုသူတွေ
•လေယူလေသိမ်းမှန်မှန်နဲ့
ချောချောမွေ့မွေ့ပြောနိုင်ချင်သူတွေဖြစ်ပါတယ်။
- ဘာတွေသင်ပေးမှာလဲ ?
•အသံထွက်မှန်မှန်နဲ့ကောင်းစွာပြောနိုင်ဖို့
✓ Pronunciation
✓ Intonation
✓ Reduction
✓ Stress
✓ International Phonetic Alphabets
တွေကိုအသေးစိတ်လေ့ကျင့်သင်ကြားပေးမှာပါ။
One on One Class
*တစ်ယောက်ချင်းသင်ပေးသာအတန်းဖြစ်သည်။*
👩🏫 သင်ကြားမည့်သူ – Tr. Nandar
🕖 အချိန် – ညှိနှိုင်း
💻 သင်ကြားမည့် platform– Zoom
⏳ သင်တန်းကြာချိန် – 2 လ
သင်တန်းအကြောင်းကို Chat Box မှာမေးမြန်းနိုင်ပါတယ်။
ထပ်မံသိရှိလိုပါက - 09 6868 31 928
- 09 953 452 788
07/06/2025
အရင်က ပျော်ပျော်ရွှင်ရွှင် အတူပေါင်းခဲ့ကြပြီး အခုတော့ ဘယ်ရောက်နေကြပြီလဲမသိတော့ဘူးလား။🥺
ပုံထဲကတော့ Ed Sheeran သီဆိုထားတဲ့ Old Phone ဆိုတဲ့ သီချင်းထဲကစာသားလေးဖြစ်ပါတယ်။ ဒီစာသားလေးကိုဖတ်ရင်း လွမ်းစရာဆွေးစရာတွေပေါ်လာကြပါတယ်။ဒီသီချင်လေးနဲ့ English ဘာသာစကားလေ့လာကြမလား။🩷🤍
Click here to claim your Sponsored Listing.
Category
Website
Address
Madaya