Evolution Acdmary
Life Coaching ချစ်ခြင်း ယုံကြည်မှုနဲ့ ဆက်ဆံရေးပြဿနာတွေကို ပြေလည်အောင်ကူညီပေးနေသူ
16/09/2026
✨ NLP Practitioners Batch-2 သင်တန်းကြီး အောင်မြင်စွာ ပြီးဆုံးလို့ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း... 🎉
ယခုလို တန်ဖိုးရှိတဲ့ အသိပညာ၊ အတတ်ပညာတွေကို
အပြည့်အဝ သင်ယူလက်ခံရယူသွားကြပြီး ကိုယ်တိုင်ရဲ့
အတွေးအခေါ်၊ စိတ်နေသဘောထားနဲ့ လုပ်ငန်းခွင် စွမ်း
ဆောင်ရည်တွေမှာပါ အပြုသဘောဆောင်တဲ့
အပြောင်းအလဲကြီးတွေ ဖန်တီးနိုင်ခဲ့ကြပါပြီ။
သင်တန်းကာလတစ်လျှောက် တက်ကြွစွာ ပါဝင်အားဖြည့်
ပေးခဲ့ကြတဲ့ Batch-2 သင်တန်းသူ/သားတစ်ဦးချင်းစီတိုင်း
ကို ကျေးဇူးအထူးတင်ရှိပြီး အနာဂတ်ခရီးလမ်းမှာ
ပိုမိုအောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးနိုင်ဖို့ ရိုးသားစွာ
ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
🚀 Batch-2ရဲ့ အောင်မြင်မှု ခွန်အားတွေနဲ့အတူ...
လူတိုင်းရဲ့ ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက်
လက်မလွှတ်သင့်တဲ့ NLP Practitioners Batch-3
သင်တန်းသစ်ကြီးကိုလည်း ဆက်လက်ဖွင့်လှစ်တော့မှာ
ဖြစ်ပါတယ်။
📅Date - (20.10.2026) မှ (23.10.2026)ထိ
📍 Place- Mandalay
✅မိမိကိုယ်ကို အကောင်းဆုံး ပြန်လည်ရှာဖွေချင်သူတွေ၊
✅ ကိုယ်ပိုင်စွမ်းရည်နဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို
မြှင့်တင်လိုသူတွေအတွက် လက်မလွှတ်သင့်တဲ့
အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
နေရာဦးရေ ကန့်သတ်ထားရှိတာဖြစ်လို့ အမြန်ဆုံး
စာရင်းပေးသွင်းလိုက်ပါနော်။
📲 အသေးစိတ်သိရှိလိုပါက
ဖုန်းနံပါတ် သို့မဟုတ် Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
07/09/2026
ဆရာနွေရဲ့ Rise Up Service သင်တန်းမှာ
Assistant Trainer အဖြစ် ပါဝင်ခွင့်ရခဲ့တာဟာ
ကိုယ်တိုင်အတွက်ရော၊ သင်တန်းသားတွေအတွက်ပါ
တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ အတွေ့အကြုံပါပဲ။
သင်တန်းတစ်လျှောက်လုံး စိတ်အားထက်သန်သူတွေနဲ့အတူ
လက်တွဲပြီး အသိပညာ ဗဟုသုတတွေကို မျှဝေပေးခဲ့ရသလို၊
တစ်ဦးချင်းစီရဲ့ တိုးတက် ပြောင်းလဲလာတဲ့ ခြေလှမ်းတွေကို
မြင်တွေ့ရတာက အကြီးမားဆုံး အောင်မြင်မှုတစ်ခုပါပဲ။
ဒီနေ့ခေတ်လို အပြိုင်အဆိုင်များပြီး အခွင့်အလမ်း ပေါများတဲ့
ကာလမှာ Service Mindset နဲ့ ကျွမ်းကျင်မှုဟာ
မည်သည့်လုပ်ငန်းခွင်အတွက်မဆို မရှိမဖြစ်
အသက်သွေးကြောတစ်ခု ဖြစ်လာပါပြီ။
ကိုယ်ပိုင် အရည်အသွေးကို မြှင့်တင်ချင်သူတွေ၊
ဝန်ဆောင်မှု မှာ ထူးချွန်ချင်သူတိုင်း
လက်လွတ်မခံသင့်တဲ့ သင်တန်းတစ်ခုအဖြစ် စိတ်ရင်းအမှန်နဲ့
ညွှန်းဆိုလိုက်ပါတယ်။
16/08/2026
NLP practitioner Training Batch -1
"၄ ရက်တာအတွင်း မိမိကိုယ်ကို ပိုမိုတောက်ပတဲ့ Version တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ကြပါပြီ…" ✨
Evolution Academy ရဲ့ Trainer Mary Soe Naing ကိုယ်တိုင် သင်ကြားပေးခဲ့တဲ့ NLP Batch-1 မန္တလေးသင်တန်းကြီး ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ 🥳🎉
ဇွဲထက်သန်စွာ သင်ယူခဲ့ကြတဲ့ သင်တန်းသား/သူများ၏ အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ 📸❤️
🔥 Batch-1 ရဲ့ အဟုန်နဲ့အတူ NLP Batch-2 အတွက် စာရင်းစတင်လက်ခံနေပါပြီ။
Batch-1 မှာ မမှီလိုက်သူများနဲ့ မိမိရဲ့ အတွေးအခေါ်၊ ဘဝနဲ့ လုပ်ငန်းခွင်ကို အဆင့်မြှင့်တင်ချင်သူများအတွက် Batch-2 စာရင်းများကို အခုပဲ စတင်ပေးသွင်းနိုင်ပါပြီ။ 💯✨
(လူဦးရေ အကန့်အသတ်ရှိ၍ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော်) 📥
19/03/2026
❇️ခိုင်မာတဲ့ Team Spirit နဲ့ ပြောင်းလဲလာတဲ့ Mindset❇️
✅စီးပွားရေးလောကမှာ ရှေ့ဆက်ဖို့ဆိုတာ တစ်ဦး
တစ်ယောက်တည်းရဲ့ အားနဲ့ မလုံလောက်ပါဘူး။
✅အောင်မြင်တဲ့ လုပ်ငန်းတိုင်းရဲ့ နောက်ကွယ်မှာ အပေးအယူ
မျှပြီး စည်းလုံးတဲ့ Team တစ်ခု အမြဲရှိနေတတ်ပါတယ်။
✅ဒီနေ့ ပြုလုပ်ခဲ့တဲ့ Team Training ဟာ ကျွန်မတို့အားလုံး
အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရတဲ့ မှန်တစ်ချပ် ဖြစ်ခဲ့
သလို၊ ရှေ့ဆက်ရမယ့် လမ်းကြောင်းကိုလည်း ပိုမို
တောက်ပစေခဲ့ပါတယ်။
✅Team တစ်ခုလုံးအတွက် အတူတူ အလုပ်လုပ်ရုံနဲ့
Teamwork မဟုတ်ပါဘူး။
✅တစ်ယောက်ရဲ့ လိုအပ်ချက်ကို
တစ်ယောက်က ဖြည့်ဆည်းပေးပြီး ဘုံရည်မှန်းချက်တစ်ခု
တည်းကို စုပေါင်းအင်အားနဲ့ သွားတာဟာ စစ်မှန်တဲ့
အသင်းအဖွဲ့စိတ်ဓာတ်ဆိုတာကို အားလုံး သိသွားကြပါပြီ။
•💪💪💪ကိုယ့်ရဲ့ အားသာချက်က ဘာလဲ၊ ဘယ်နေရာမှာ
ငါ့ရဲ့ အစွမ်းအစကို အကောင်းဆုံး ထုတ်သုံးနိုင်မလဲဆိုတာ
ကို သိမြင်လာပြီး အားနည်းချက်တွေကိုလည်း အားသာ
ချက်အဖြစ် ပြောင်းလဲဖို့ အသင့်ဖြစ်သွားကြပါတယ်။
✅ဦးဆောင်မှုအနုပညာ: ခေါင်းဆောင်ဆိုတာ ရာထူး
မဟုတ်ဘဲ တာဝန်ယူမှုဖြစ်ကြောင်းနဲ့ တစ်ဖက်လူကို
ဘယ်လို နားလည်မှုရှိရှိ လမ်းပြပေးရမလဲဆိုတဲ့ အသိတွေ
ဟာ အားလုံးရဲ့ ရင်ထဲမှာ ကိန်းအောင်းသွားပါတယ်။
✳️လုပ်ငန်းရှင်များအတွက် ✳️
✅လူမှန် နေရာမှန် (Right Man in the Right Place):
ကိုယ့်ရဲ့ အဖွဲ့သား တစ်ယောက်ချင်းစီရဲ့ ဦးဆောင်ပုံ၊
စဉ်းစားပုံနဲ့ Mindset တွေကို အနီးကပ် မြင်တွေ့လိုက်ရတဲ့
အတွက် ဘယ်သူ့ကို ဘယ်နေရာမှာ ထားရမလဲဆိုတာ ပိုမို
ရှင်းလင်းသွားပါတယ်။
•💪💪💪 (Active Energy): သင်တန်းပြီးနောက်မှာတော့
ငြိမ်သက်နေတဲ့ အင်အားစုတွေဟာ ပြန်လည်ရှင်သန်လာ
ပြီး၊ အလုပ်အပေါ် ထားရှိတဲ့ စိတ်အားထက်သန်မှု
(Passion) တွေက သိသိသာသာ မြင့်တက်လာပါတယ်။
✳️✳️✳️ Team Training ဆိုတာ ငွေကုန်ကြေးကျတစ်ခု
မဟုတ်ပါဘူး၊ အနာဂတ်အတွက် အသေချာဆုံး
ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ ✳️✳️✳️
07/03/2026
I Can do it
Mary ရဲ့ Coaching Program ကို စိတ်ကျေနပ်မှုရှိရှိနဲ့
နောက်ထပ် (၃) လ သက်တမ်းတိုးပေးတဲ့ Client ကို အထူး
ပဲ ကျေးဇူးတင်ပါတယ်။ 💪💪💪
ကိုယ့်ရဲ့ နည်းပြမှုအောက်မှာ တစ်ဖက်လူအတွက် အမှန်
တကယ် အကျိုးရှိသွားတာကို မြင်ရတဲ့ ခံစားချက်က
Mary အတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ ပီတိပါပဲ။🥰🥰🥰
လူတစ်ယောက်ကို ကူညီလမ်းပြပေးရတာဟာ အရမ်းကို
မွန်မြတ်တဲ့အလုပ်တစ်ခုဆိုတာ ဒီနေ့မှာ ပိုပြီးခံစားရပါတယ်။ ☺️☺️☺️
ဒီလိုမျိုး သူတစ်ပါးကို အကျိုးပြုနိုင်တဲ့ အရည်အချင်းတွေ
ရှိလာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာသမားများ
အားလုံးကိုလည်း Mary က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။🙏🙏🙏
သင်ပေးခဲ့သမျှ ပညာတွေကို အလဟဿမဖြစ်စေဘဲ ရှေ့ဆက်ပြီးတော့လည်း စေတနာအပြည့်နဲ့ အကောင်းဆုံး ကူညီဝေမျှပေးသွားပါဦးမယ်။☺️☺️☺️
29/01/2026
ဘဝ ကို ဂရုမစိုက်တာ မဟုတ်ဘဲ
မခံစား တတ်အောင် သင်ယူရမယ်
12/01/2026
လူတိုင်းက ကိုယ့်ကိုသဘောကျ ကြိုက်နှစ်သက်မှာမဟုတ်ဘူး……..
ကိုယ်ကလဲလူတိုင်းအတွက်မဟုတ်ပါဘူး …..
အဲဒါကြောင့် ကိုယ်ကိုလိုအပ်လူတစ်စုအတွက်
ကိုယ်ကူညီလိုက်လို့လွှတ်မြောက်သွားတဲ့လူတစ်စုအတွက်
မေရီ တစ်ယောက် ဆက်လက်အသက်ရှင်နေပါတယ်😊😊😊😊😊
17/12/2025
နက်နဲတဲ့သူက အမူရာကို မကြည့်ဘူး။
လူကိုပဲ ကြည့်တယ်။
အပေါ်ယံသူတွေက အမူရာကိုပဲ ကြည့်တယ်။
လူကို မမြင်နိုင်ဘူး။
ဘာလို့လဲဆိုတော့…
အမူရာက မျက်စိကို လှည့်စားနိုင်ပေမယ့်
လူ့စိတ်က အမှန်တရားကို ဖုံးကွယ်လ်ို့မရဘူး။
Category
Website
Address
Lewe
Alerts
Be the first to know and let us send you an email when Evolution Acdmary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.