TBM Entertainment

TBM Entertainment

Share

Entertainment & Knowledge sharing

05/03/2021

ကဲကဲ...မလုကြနဲ့ ညီတူညီမျှဖြစ်အောင် အဘပဲဝေပေးမယ်.....😄😀😀

photo crd

05/03/2021

အားယားနေလို့ဖုန်းဆက်တယ်တော့မထင်.... Final Call........

24/02/2021

နေဝင်တော့မယ်နော်...အဘ.....

crd photo

24/02/2021

အထူးခြားဆုံးသတင်းကတော့
အမေရိကန်သံရုံးကြေငြာချက်ပါ မြန်မာနိုင်ငံကသူ့နိုင်ငံသားတွေ၂၅ရက်နေ့ ရန်ကုန်အရောက် လာခိုင်း
ပြီး ၂၈ရက်နေ့ မြန်မာပြည်ကနေအပြီးထွက်ဖို့ စာ
ထုတ်တာပါပဲ ဒီလိုဆို ၂၈ ရက်နေ့ နောက်ပိုင်း ဘာ
တွေဖြစ်လာမလဲ ဆိုတာ.........
photo crd

23/02/2021

Coups have no place in our modern world. .............,. .........

Photos from TBM Entertainment's post 22/02/2021

MRTV နှင့် MRTV Live pageတို့ကို Facebook မှဖယ်ရှား.....
Facebook ချမှတ်ထားသော ဆူပူအကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း လူ့အခွင့်ရေဆိုင်ရာမူဝါဒများကို ဖောက်ဖျက် ချိုးဖောက်မှုတို့ကြောင့် MRTV နဲ့ MRTV Live စာမျက်နှာတွေကို Facebook ကနေ ၂၂.၂.၂၀၂၁ နေ့ကဖယ်ရှားလိုက်ပါတယ်

08/02/2021

144 ထုတ်လိုက်ပါပြီ။ လူ ၅ ယောက်အထိ စုဝေးခွင့်မရှိပါ။

ဒီတော့ မနက်ဖြန်အတွက် Strategy က လူ ၅ ယောက်ပဲ စု ပါ။

စုပြီးရင် လမ်းပေါ်တက်မလျှောက်ပါနဲ့။ ပလက်ဖောင်းပေါ်မှာပဲလျှောက်ပါ။ အမှိုက်မပစ်ပါနဲ့။ နောက်တစ်ခုက မနက်ဖြန်ဆိုလမ်းပေါ်က သင်တို့ကို မရှောင်ဘဲ ဝင်တိုက်တဲ့ကားတွေ ပေါ်လာနိုင်ပါတယ်။

လမ်းလျှောက်နေတုန်း ပါးစပ်ကို အားမနေပါနဲ့။ ၅ ယောက်လုံး အုပ်စုလိုက် သီချင်းဆိုပါ။ မဆိုချင်ရင် ဘုရားစာဆိုပါ။ တစ်ခုခုကို ညီညီညာညာဆိုနေပါ။ ဒီမိုကရေစီ၊ ဘာ ညာ ခဏ မအော်ပါနဲ့ဦး။ မနက်ဖြန်တစ်ရက်အတွက် ခဏအောင့်လိုက်ပါ။

ပြီးရင် ၅ ယောက်ထဲက တစ်ယောက်က ရိုက်ကူးရေး တာဝန်ယူပါ။ အလှည့်ကျရိုက်ပါ။ Live တင်ပါ။ Facebook ကြီးပေါက်ထွက်သွားပါစေ။ Live လွှင့်နေပါ။ ခရမ်းလက်ဝါးတွေ တွေ့ရင် ရှောင်ပါ။

မိမိတို့ထဲက ဘယ်သူကမှ သူတို့အနားကို မကပ်ပါစေနဲ့။ ကပ်ပြီး ရန်ဖြစ်တယ်။ သို့မဟုတ် ရန်ဖြစ်ချင်ယောင်ဆောင်တယ်ဆိုရင် ဟိုဘက်က အုပ်လိုက်ပြန်လုပ်မှာပါ။ အချင်းချင်းဆော်ကြလို့ ကိုယ့်ဘက်က ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ညသတင်းကျရင် အဲဒီလိုဖြစ်မနေပါဘူး။

Live တင်ခိုင်းတဲ့ရည်ရွယ်ချက်က တစ်ခုခုဖြစ်ရင် ဘာဆိုတာ သိရအောင်ပါ။ အလုပ်တွေလုပ်နေရလို့ဆိုတဲ့ သူများ မိမိဖုန်းကို လမ်းဘက်ကိုတည်ပြီးရိုက်ပါ။ Live လွှင့်ပေးထားပါ။ ကမ်ဘာကပါသိရအောင်လုပ်ပါ။

၅ ယောက်ရှိရင်
၁. အစားအသောက် တာဝန်ယူ။
၂. Live လွှင့်။
၃. သူများ Live တွေကိုကြည့်ပေးနေ။
၄ နဲ့ ၅ က အရှေ့ဆုံးနဲ့ အနောက်ဆုံးကနေလျှောက်။
၅ ယောက်ပြင်ပကို ဘယ်သူမှ လာပေါင်းဖို့ လက်မခံပါနဲ့။
၁၀ ယောက်တူတူသွားတယ်ဆိုရင်တောင် ၅ ယောက် ၂ စု ကွဲနေပါစေ။

ခေါင်းကို အဝတ်တစ်ခုခုနဲ့ ပေါင်းထားပါ။ ပြီးမှ အပေါ်က Cap ဆောင်းပါ။ အင်္ကျီ ၂ ထပ်ဝတ်ပါ။ ကျောပိုးအိတ်လွယ်ပါ။ အဝတ်တစ်စုံအပိုနဲ့ မျက်နှာသုတ်ပဝါ အလတ်စားထည့်ထားပါ။ ကျောကို တစ်ခုခုနဲ့ ရိုက်မိရင်ခံသာအောင် စာအုပ်ထူထူဖြစ်ဖြစ် တစ်ခုခုယူသွားပါ။ သို့မဟုတ် ပေါင်မုန့် ထောပတ်သုတ်ကို ထမင်းဘူးနဲ့ ထည့်သွားပါ။ မျက်မှန်တပ်ပါ။ Shoe စီးပါ။ ဂျင်းဘောင်းဘီဝတ်ပါ။

Updated 8:45 - မိမိနေထိုင်ရာ မိမိနှင့်သိသည့်သူများရှိ‌သော မိမိအကျွမ်းတဝင်ရှိသော နေရာများသာ သွားပါ။

နိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာမရှိပါဘူး။
Copy ကူးပြီး ပြန် share ပေးပါ။

08/02/2021

အားလုံးစည်းစည်းလုံးလုံးနဲ့ စည်းကမ်းရှိရှိ တော်လှန်မှလိုချင်သောပန်းတိုင်နဲ့မဝေးရမှာပါ.......

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားပေါ်ပေါက်နေချိန်မှာပဲ နိုင်ငံပိုင်ရုပ်သံဖြစ်တဲ့ MRTV ကနေပြီး ဥပဒေချိုးဖောက်တဲ့ ဆန္ဒပြသူတွေကို အရေးယူသွားမှာဖြစ်တယ်ဆိုပြီး တနင်္လာနေ့မှာ သတိပေးလာပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကစလို့ ပြည်သူထောင်ပေါင်းများစွာဟာ စုရုံးဆန္ဒပြကြပြီး တနင်္လာနေ့မှာ ဆန္ဒပြအင်အား ပိုကြီးထွားလာခဲ့ကာ ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့အတူ အထွေထွေသပိတ်တစ်ရပ် စတင်လာချိန်ပဲ ဖြစ်ပါတယ်။

အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး အာဏာသိမ်းထားတဲ့ စစ်အုပ်စုဟာ အခုထိတော့ ဆန္ဒပြသူတွေကို အင်အားသုံး ချေမှုန်းတာမျိုး မရှိသေးပေမယ့် နေပြည်တော်က ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်းဖို့ ရဲတပ်ဖွဲ့ကို ဖိအားပေးနေပါတယ်။

နိုင်ငံပိုင်ရုပ်သံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကြောင်းပြပြီး ဥပဒေချိုးဖောက်မှုတွေနဲ့ အုပ်စုလိုက် ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း၊ နိုင်ငံတော် တည်ငြိမ်ရေး၊ အများပြည်သူ ဘေးကင်းလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးတွေကို နှောင့်ယှက်တားဆီးဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ပြီး ထိရောက်စွာ ဥပဒေအရ အရေးယူသွားရလိမ့်မှာ ဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံကို ရာစုတစ်ဝက်နီးပါး အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ဟာ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ဖေဖော်ဝါရီ ၁ ရက်နေကစလို့ အာဏာသိမ်း ယူခဲ့တာပဲ ဖြစ်ပါတယ်။

04/02/2021

Hello...........

11/01/2021

ဒေါ်နယ်ထွန်းဆိုရှယ်မီဒီယာမတ်ကက်တင်းသင်တန်းအစောဆုံးဖွင့်နိုင်သူဆရာကြီးဖြစ်ပေအုံးတော့အံ့

Want your establishment to be the top-listed Arts & Entertainment in Lewe?
Click here to claim your Sponsored Listing.

Address


Lewe
15032