Matrix Design & Construction
Construction
02/12/2025
❌❌❌ပုံများကူးယူသုံးစွဲခွင့်မပြုပါခင်ဗျာ❌❌❌
ဆောင်းရဲ့ အငွေ့အသက်လေးနဲ့ နှစ်ထပ်အိမ်လေး
အိမ် design လေး ကြိုက်လို့အသေးစိတ်သိချင်ရင်လည်း Cb မှာ မေးမြန်းနိုင်ပါတယ်
အဆောက်အဦ Design ရေးဆွဲလိုပါက
ဆက်သွယ်နိုင်ပါတယ်ဗျ
09964997950
နောက်ကျမှ ကိုယ့်ဘာသာဆောက်ပစ်အုံးမယ်
အဆောက်အဦ Design များ ရေးဆွဲလိုပါက
Page Cb or 09964997950 သို့ ဆက်သွယ်နိုင်ပါတယ်
Sketchup ကို Mobile App နဲ့
အထာကျကျသုံးမယ်
Sketchup Modelling Free Course လေး
Tiktok မှာတင်ပေးပါမယ်
Account Link လေး
Comment မှာ ချပေးထားပါတယ်
31/10/2025
အိမ် ဒီဇိုင်းလေးတွေ ယူသုံးမယ်ဆိုလည်း
လာခွင့်တောင်းပေးပါ ကျွန်မတို့က မရိုင်းပါဘူး
တစ်ချို့အိမ် ဒီဇိုင်းလေးတွေက မြေပြင်မှာဆောက်ထားပြီးသားပါ Client ကိုယ်တိုင် လိုချင်တဲ့ပုံစံကို
ချဥ်းကပ်ပြီး ဒီဇိုင်းထုတ်ပေးထားတာပါ
မြေပြင်မှာလည်း တည်ဆောက်ပြီးသားလေးတွေလည်းရှိပါတယ် ပိုင်ရှင်ရှိပြီးသားပုံလေးတွေဆို client က
အသုံးပြုခွင့်မပေးထားပါဘူး
တစ်ချို့အိမ်လေးတွေကျ
စိတ်ကူးနဲ့ကိုယ်နေချင်တဲ့ပုံကို ပုံဖော်ပြီးဒီဇိုင်း
ဆွဲထားတာလေးတွေလည်းရှိပါတယ်
အဲ့လိုပုံလေးတွေဆိုလာပြောပေးပါ ပိုင်ရှင်မရှိသေးဘူးဆို စဥ်းစားပေးပါ့မယ်
ခုကသူတို့တင်မှ သိရပြီး သွားပြောရတဲ့
အခြေအနေတွေကြည့်ပဲ
ဒီ Construction လောက က ကျဥ်းကျဥ်းလေးပါ ဒီလောကထဲ နေမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး Respect
ထားပေးပါ
Respect ဆိုတာ အပြန်အလှန်လေးစားမှုပါ
Matrix Design & Construction
31/10/2025
ပွင့်လင်းရာသီမှာအိမ်ဆောက်ဖို့စဉ်းစားနေတဲ့ အိမ်ရှင်တွေအတွက် Engineer တွေလုပ်နေကျ Step တွေကို တိုတိုနဲ့လိုရင်းကို ပြောပြပေးပါမယ်
✅ပထမဆုံးတစ်ချက်လည်းဖြစ်သလိုအရေးကြီးဆုံးအချက်က ကိုယ်ဆောက်မယ့်အိမ်ပုံ (Archi Design) ရှိ/မရှိ
- Archi Design မရှိပဲအိမ်ဆောက်တဲ့အခါ နေထိုင်သူအတွက် အသုံးမဝင်မှု၊ အလှအပ ချို့ယွင်းမှု နဲ့ ကျန်းမာရေးပြသနာများကို များစွာကြုံတွေ့ရနိုင်ပါတယ်
ဒါ့ကြောင့် ဒီဇိုင်းမပါဘဲ ဆောက်မယ့်အစား ဗိသုကာပညာရှင် ဒါမှမဟုတ် ဒီဇိုင်နာ တစ်ဦးဦးနဲ့ တိုင်ပင်ပြီး သင့်ရဲ့ လိုအပ်ချက်၊ ဘတ်ဂျက်၊ မြေနေရာနဲ့ ကိုက်ညီတဲ့ အိမ်ပုံစံကို သေချာရေးဆွဲပြီးမှ စတင်ဖို့ အကြံပြုလိုပါတယ်။
✅ဒုတိယအချက်အနေနဲ့ကြံ့ခိုင်မှုအတွက် Structural Design ရှိ/မရှိ
- Structural Design မရှိပဲအိမ်ဆောက်တဲ့အခါ အင်ဂျင်နီယာ တွက်ချက်ထားခြင်း မရှိတာကြောင့် အဆောက်အအုံရဲ့ အုတ်မြစ် (Foundation)၊ တိုင်၊ တန်း၊ ခေါင်မိုး စတဲ့ အဓိကအစိတ်အပိုင်းတွေဟာ လိုအပ်တဲ့ ဝန်ကို ခံနိုင်ရည်မရှိဘဲ ပြိုကျခြင်း၊ အက်ကွဲခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်သလို မြေငလျင်၊ လေပြင်း ဒါမှမဟုတ် သဘာဝဘေးအန္တရာယ် တစ်ခုခု ကြုံလာတဲ့အခါ အဆောက်အအုံက လုံလောက်တဲ့ ခုခံအားမရှိတာကြောင့် ပိုမိုပျက်စီးနိုင်ပါတယ်။
✅တတိယအချက်အနေနဲ့ M & E Design ရှိ/မရှိ
- M & E Design မရှိပဲ အိမ်ဆောက်တဲ့အခါ လျှပ်စစ်ဝန် (Electrical Load) တွက်ချက်မှု မရှိဘဲ ဝါယာကြိုး အရွယ်အစား (Wire Gauge) တွေကို မှားယွင်းစွာ အသုံးပြုခြင်း၊ အရည်အသွေးမမီသော ပစ္စည်းများ သုံးခြင်းတို့ကြောင့် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားနိုင်ပြီး
ဝါယာကြိုးတွေကို ဘယ်လိုသွယ်တန်းထားလဲဆိုတဲ့ ပုံစံ (As-built Drawing) မရှိတဲ့အခါ နောက်ပိုင်းမှာ ပြဿနာပေါ်လို့ ပြင်ဆင်ဖို့လိုအပ်ရင် နံရံတွေအများကြီး ဖျက်ရတာမျိုး၊ ဘယ်ကစရှာရမှန်း မသိတာမျိုးတွေ ဖြစ်တတ်ပါတယ်။
✅ကျွမ်းကျင်တဲ့ Contractor ရှိ/မရှိ
-ကျွမ်းကျင်တဲ့ ကန်ထရိုက်တာကို ရွေးချယ်တာဟာ အချိန်ကုန်၊ ငွေကုန် သက်သာစေပြီး၊ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချရတဲ့ အိမ်တစ်လုံးကို ပိုင်ဆိုင်စေနိုင်တဲ့ အရေးအကြီးဆုံးသော အဆင့်ဖြစ်ပါတယ်။
✅ကြီးကြပ်အင်ဂျင်နီယာရှိ/မရှိ
-ကြီးကြပ်အင်ဂျင်နီယာဟာ ဒီဇိုင်းစာရွက်ပေါ်က အစီအစဉ်ကို လက်တွေ့ ကောင်းမွန်မှန်ကန်စွာ အကောင်အထည်ဖော်ရန် နဲ့ သူဟာ အိမ်ပိုင်ရှင်ကိုယ်စား ဆောက်လုပ်ရေး အရည်အသွေးကို နေ့စဉ် စစ်ဆေးနေရသူဖြစ်ပြီး ကြီးကြပ်အင်ဂျင်နီယာမရှိရင် ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး အရည်အသွေးအာမခံချက် လုံးဝမရှိဘဲ အိမ်တစ်လုံးကို မှန်းခြေနဲ့ ဆောက်လုပ်နေသလို ဖြစ်သွားပါလိမ့်မယ်။
ဒါကတော့ အိမ်တစ်လုံးဆောက်တော့မယ်ဆိုရင် လိုအပ်တဲ့အခြေခံအကျဆုံးအချက်တွေကို လိုရင်းတိုရှင်းပြောပြပေးထားတာပါ
အိမ်ဆောက်ဖို့အတွက် သိချင်တာများရှိရင်လည်းအားမနာတမ်းမေးမြန်းနိုင်ပါတယ်
25/10/2025
အဆောက်အဦတစ်ခု ဆောက်လုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အရေးအကြီးဆုံးအချက်တွေထဲက တစ်ချက်ဖြစ်တဲ့ Design ရေးဆွဲခြင်းက Main Important Thing ပါပဲ။
Design ဖြတ်ပြီးမှ အဆောက်အဦ ဆောက်တဲ့အခါ လက်တန်းဆောက်လုပ်ခြင်းထက် အားသာချက်များစွာရှိပါတယ်
(၁) Design ဖြတ်ပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဆောက်လုပ်တဲ့အခါမှာ လွယ်ကူချောမွေ့စေမယ်။အမှားအယွင်းလျော့နည်းစေမယ်။
(၂) ပုံမဆွဲပဲ လက်တန်းဆောက်လုပ်တဲ့အခါမှာ
ဒီဇိုင်းအမှား ဒါမှမဟုတ် ပြသနာတွေပေါ်လာခဲ့မယ်ဆိုရင် ပြန်ပြင်ဆင်ဖို့ ငွေကြေးအပြင် အချိန်များစွာ ကုန်ကျနိုင်မယ်။Design ဖြတ်ပြီးမှဆောက်တဲ့အခါမှာတော့ Design ပြင်ဆင်နေတဲ့ ကနဦးအစမှာထဲက ဖြစ်လာနိုင်မဲ့ ပြသနာတွေကို ကြိုတင်စစ်ဆေးပြင်ဆင်နိုင်လို့ လက်တွေ့တည်ဆောက်ချိန်မှာ ပြန်လည်ဖြိုဖျက်ပြင်ဆင်ရခြင်း(Rework)ကနေ ကာကွယ်နိုင်တဲ့အတွက် ကုန်ကျစရိတ်တွေ အများကြီး သက်သာစေပါတယ်။
(၃) Design ဖြတ်ပြီးသားမို့ Design ပေါ် မူတည်ပြီး အဆောက်အဦကြံ့ခိုင်ရေးအတွက် Structural Design တွက်ချက်ပြီး လိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကို တိကျစွာ ခန့်မှန်းနိုင်တဲ့အတွက် ပစ္စည်းပိုလျှံတာ ဒါမှမဟုတ် လိုအပ်မယ်ဆို နောက်မှ ထပ်ဝယ်ရမယ် စတဲ့ အပိုကုန်ကျစရိတ်တွေကို ကြိုတင်ရှောင်ရှားစေနိုင်ပါတယ်။
(၄) အခန်းဖွဲ့စည်းပုံတွေ လေဝင်လေထွက်ကောင်းမွန်အောင်၊ Comfort ဖြစ်အောင် ထည့်သွင်းစဥ်းစားခြင်းနဲ့ Engineering Standard တွေနဲ့အညီ အတိုင်းအတာတွေ အရည်အသွေးစံနှုန်းတွေကိုပါ Design သတ်မှတ်ပြီးသားဖြစ်တဲ့အတွက် သတ်မှတ်ချက်အတိုင်း ဆောက်လုပ်နိုင်ပြီး အရည်အသွေးမြင့်တဲ့ အဆောက်အဦကို ရတဲ့အတွက် နောင်တစ်ချိန် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်တွေကိုလဲ နည်းစေမှာဖြစ်တယ်။
(၅) Design ရေးဆွဲနေချိန်မှာ မိမိအသုံးပြုမဲ့ Budget နဲ့ကိုက်အောင် Materials အသုံးပြုမှုတွေကိုပါ ချိန်ညှိနိုင်တဲ့အတွက် သတ်မှတ်ထားတဲ့ Budget ထက်မကျော်လွန်အောင် ကြိုတင်ပြင်ဆင်နိုင်တယ်။
(၆) Design ထုတ်ပြီးတာနဲ့ ဆောက်လုပ်မဲ့ လုပ်ငန်းစဥ်အဆင့်ဆင့်ကို အချိန်ဇယားနဲ့တကွ စီမံခန့်ခွဲနိုင်တာကြောင့် လုပ်ငန်းပြီးစီးမှုကို ခန့်မှန်းနိုင်ပြီး အချိန်မီပြီးစီးနိုင်တယ်။
ဒါကြောင့် ဘယ်အဆောက်အဦမဆို Design ထုတ်ပြီးမှ ဆောက်လုပ်ခြင်းဟာ ဆောက်လုပ်ရေးလုပ်ငန်းစဥ်တွေကို လွယ်ကူအဆင်ပြေစေမယ်၊ကုန်ကျစရိတ်တွေသက်သာမယ် ချွေတာနိုင်မယ်၊ဒါ့အပြင် ခိုင်မာပြီး စံချိန်စံညွှန်းပြည့်ဝတဲ့ အဆောက်အဦကို ရရှိပိုင်ဆိုင်စေနိုင်မှာဖြစ်ပါတယ်။
25/10/2025
တစ်ထပ်အိမ်လေး
21/10/2025
❤❤❤
19/10/2025
ဝါကျွတ်ပြီဆိုတော့ အိမ်ဆောက်ချင်သူများ
အိမ် design လေးများဆွဲပေးပါတယ်
လိုအပ်ပါက ဆက်သွယ်နိုင်ပါတယ်ရှင့်
17/10/2025
ဝါကျွတ်ပြီဆိုတော့ အိမ်ဆောက်ချင်သူများ
အိမ် design လေးများဆွဲပေးပါတယ်
လိုအပ်ပါက ဆက်သွယ်နိုင်ပါတယ်ရှင့်
Click here to claim your Sponsored Listing.
Category
Address
Nawarrat Road
Lewe