AGM Farm - Lewe Farm

AGM Farm - Lewe Farm

Share

AGM

19/08/2023

ရှာ​ပေးလိုက်ပါပြီးသိမ်းထားပါရှယ်ထားပါခင်ဗျာ
'' ပေါင်းအိုးနဲ့ချက်တဲ့ ဒန်ပေါက် ''

လိုအပ်တဲ့ပစ္စည်းတွေကတော့..
ဒန်ပေါက်ဆန်...
နို့စိမ်း
ထောပတ်(အပူပေးထားပါ)
ပဲစိမ်း
စပျစ်စေ့ခြောက်
သီဟိုစေ့
သကြား
ဆား
ကြက်သားမှုန့်
ဆီ
ကြက်သွန်ကြော်
ဒန်ပေါက်အရောင်ဆေးရည်
ဒန်ပေါက်မဆလာ
(ဖာလာစေ့.နာနတ်ပွင့်.သစ်ဂျပိုးခေါက်..ကရဝေးရွက်.)...
ဒန်ပေါက်ဆန်ကို ရေဆေးပီး နာရီဝက်ခန့်ရေစိမ်ထားပါ

ရေနွေးအိုးကို အိုးကြီးကြီးနဲ့ကိုယ်ချက်မယ့်အချိုးအစားပေါ်မူတည်ပီး ရေများများနဲ့ဆူအောင်တည်ပါ..

(ရေထဲကို သစ်ဂျပိုးခေါက် ဖာလာ နာနတ် ကရဝေး အနည်းငယ်နဲ့ဆါးနည်းနည်းထည့်ပြုတ်ပေးပါ)

ရေဆူလာရင် စိမ်ထားတဲ့ဆန်ကိုထည့်ပီး မွှေပေးပါ

ဆန်ကရှည်ထွက်လာပီး မာတင်းတင်းလေးဆိုရင် ရေစစ်ပီး ပေါင်းမယ့်အိုးထဲကိုထည့်ပါ......

ပီးရင်
ထောပတ်အပူပေးထားတာကိုလောင်းထည့်ပါ နို့စိမ်း
သီဟိုစေ့ စပျစ်သီး ပဲစိမ်းတွေကိုထည့်ပါ
ဆား သကြား ကြက်သားမှုန့်ကိုလည်း ချက်တဲ့ဆန်ပေါ်မူတည်ပီးထည့်ပေးပါ..
ပီးရင် အပေါ်ကနေ ဒန်ပေါက်အရောင်ကို ကွက်ကြားလောင်းထည့်ပေးပါ.
အရောင်ထည့်ပီးရင် ကြက်သွန်ကြော်နဲ့ဒန်ပေါက်မဆလာကို အပေါ်ဆုံးကနေတင်ပီး ဆီအနည်းငယ်လောင်းထည့်လိုက်ပါ...
ပီးရင် မီးခလုတ်နှိပ်ပီ ၄၅မိနစ်ဆိုကျက်ပါပီ...

#့ကြက်သားကိုတော့ ညတည်းက ဒိန်ချဉ်ရယ်မဆလာရယ်အချိုအငံနဲ့နယ်ပီးရေခဲသေတ္တာထဲနှပ်ပါ
မနက်ကျရင် ကြက်သွန်ဖြူနီဆီသတ်ပီး အရောင်မှုန့်ထည့်ပီး ကြက်သားချက်ပါ...ကြက်းသားကျက်ပီဆိုရင် ကြက်သွန်ကြော်တွေကိုများများထည့်ပီး မဆလာထည့်လိုက်ရင် ရှယ်ကြက်သားဟင်းနဲ့ဒန်ပေါက်ရပါပီ........

(ဆန်ကိုဆယ်ပီးပြုတ်ထားတဲ့အပူငွေ့မသေခင် အိုးထဲကိုထည့်တါတွေ အမြန်ဆုံးလုပ်ပါ).
မူရင်းရေးသားသူအား Credit ပေပါသည်..
#စိုက်ပျိုးချစ်သူ

Want your business to be the top-listed Pet Store/pet Service in Lewe?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Nay Pyi Taw Lewe
Lewe
15031