Channel Y Recap

Channel Y Recap

Share

For Your Entertainment, Channel Y is Here!

09/06/2026

‎Mortal Kombat II (2026)

‎"ဒီတစ်ခေါက်တော့ Tournament တကယ်စပြီ!"

‎2021 က ထွက်ခဲ့တဲ့ Mortal Kombat ရဲ့ အဆက်ကားမှာ ပရိသတ်တွေ အတောင့်တဆုံး Johnny Cage ကို Karl Urban က သရုပ်ဆောင်ထားပြီး Earthrealm နဲ့ Outworld တို့ရဲ့ သွေးထွက်သံယို တိုက်ပွဲကြီးကို အပြည့်အဝ မြင်တွေ့ရမှာပါ။

‎Scorpion, Kitana, Shao Kahn, Noob Saibot နဲ့ Fan Favorite Character တွေ အများကြီး ပြန်လာသလို Fight Scene တွေ၊ Fatality တွေကလည်း ဂိမ်းထဲကအတိုင်း ကြမ်းကြမ်းရမ်းရမ်း မြင်ရမှာဖြစ်ပါတယ်။

‎Mortal Kombat Fan တွေအတွက်တော့ ဒီကားက Fan Service အပြည့်နဲ့ ကြည့်ရတန်တဲ့ Sequel ကောင်းတစ်ကားပါပဲ။ 🔥

‎ဇတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/69

‎Channel လေးအရင် Join ပေးပါဗျ 👇
https://t.me/+55tZoCguACExNjU9

09/06/2026

Michael (2026)
============

Pop ဘုရင်ကြီး Michael Jackson ရဲ့ ဘဝဇာတ်ကြောင်းကို အကြီးကျယ်ဆုံး ပုံဖော်ထားတဲ့ Biography Drama ရုပ်ရှင်ကြီး "Michael" ကို တင်ပေးထားပါပြီ။

ဒီကားမှာ Michael Jackson အဖြစ် သရုပ်ဆောင်ထားသူကတော့ သူ့ရဲ့ တူအရင်း Jaafar Jackson ဖြစ်ပြီး Michael ရဲ့ အမူအရာ၊ ကကွက်တွေနဲ့ စတိုင်လ်တွေကို အံ့မခန်း ပြန်လည်အသက်သွင်းထားပါတယ်။

ကလေးဘဝ Michael အဖြစ် Juliano Valdi ပါဝင်ထားပြီး ဖခင် Joe Jackson အဖြစ် Colman Domingo၊ မိခင် Katherine Jackson အဖြစ် Nia Long နဲ့ ရှေ့နေ John Branca အဖြစ် Miles Teller တို့က အားဖြည့် သရုပ်ဆောင်ထားကြပါတယ်။

Michael Jackson ရဲ့ ဂီတအောင်မြင်မှုတွေ၊ ဘဝနောက်ကွယ်က အခက်အခဲတွေ၊ ကမ္ဘာကျော် အနုပညာရှင်တစ်ယောက် ဖြစ်လာပုံကို ခမ်းနားစွာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။

🎬 Genre - Biography / Drama / Music

ဇာတ်ကားကြည့်ရန်Link👇
https://t.me/c/3794272641/67

ရုပ်ရှင်အသစ်တွေ အမြန်ဆုံးကြည့်ရှုနိုင်ဖို့ Channel ကို Join ထားဖို့ မမေ့နဲ့နော် 👇👇👇
https://t.me/+55tZoCguACExNjU9

08/06/2026

‎"ကမ္ဘာ့အကျော်အမော်တွေကို ကျော်ဖြတ်ပြီး ပါရီမြို့ရဲ့ ဧရာမပရောဂျက်ကြီးကို အမည်မသိ ကျောင်းဆရာတစ်ယောက်က အနိုင်ရသွားတဲ့အခါ..." 🤯

‎The Great Arch (2025) 🎬

‎၁၉၈၂ ခုနှစ် ပြင်သစ်မှာ ပါရီမြို့ရဲ့ သမိုင်းဝင် "The Great Arch" မုခ်ဦးကြီးဆောက်ဖို့ နိုင်ငံတကာလျှို့ဝှက်ပြိုင်ပွဲလုပ်ရာမှာ တစ်သက်လုံး ဘုရားကျောင်းငယ်လေးတွေပဲ ဆောက်ဖူးတဲ့ ဒိန်းမတ်ဗိသုကာကထိက 'ဂျိုဟန်' က မထင်မှတ်ဘဲ အနိုင်ရသွားပါတယ်။

‎သူ့ရဲ့ ဆန်းသစ်တဲ့ဒီဇိုင်းကြောင့် ဒီဧရာမပရောဂျက်ကြီးကို ဦးဆောင်ခွင့်ရခဲ့ပေမဲ့ ပြဿနာက အဲ့ဒီမှာ စတာပါပဲ။

‎အနုပညာကိုပဲ တန်ဖိုးထားတဲ့ သူ့ရဲ့အိပ်မက်တွေက လက်တွေ့ဆောက်လုပ်ရေးလောကရဲ့ ငွေကြေးကန့်သတ်ချက်တွေ၊ နိုင်ငံရေးသမားတွေရဲ့ အတ္တတွေ၊ ဗျူရိုကရေစီယန္တရားတွေနဲ့ ထိပ်တိုက်တိုးမိတဲ့အခါ ဘယ်လိုတွေ ဆက်လက်ရုန်းကန်ရမလဲ?

‎အနုပညာဖန်တီးမှု နောက်ကွယ်က နိုင်ငံရေး အားပြိုင်မှုတွေကို အချိုးကျကျ ပေါင်းစပ်တင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် (True-story based) ဒရာမာကားကောင်းလေးမို့ လုံးဝ လက်မလွှတ်သင့်ပါဘူး။

‎ဇာတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/65

‎Channel အရင် Join ရန်👇
https://t.me/+55tZoCguACExNjU9

07/06/2026

‎Sniper 7 ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရမယ်ဆိုရင် အသက်ရှင်နိုင်ပါ့မလား?

‎S_e_v_e_n S_n_i_p_e_r_s (2026)

‎Action / Thriller ပရိသတ်တွေ လက်မလွတ်သင့်တဲ့ အကြမ်းစား Survival Action Movie အသစ်လာပါပြီ။

‎အငြိမ်းစား စနိုက်ပါသမားဟောင်း Kris ဟာ သူ့သမီး Anja နဲ့အတူ လူသူကင်းမဲ့တဲ့ သြစတြေးလျတောအုပ်ကြီးထဲမှာ ပုန်းအောင်းနေထိုင်နေခဲ့ပါတယ်။

‎ဒါပေမယ့် သူမရဲ့ သွေးစွန်းခဲ့တဲ့ အတိတ်က "The Dragon" ဆိုတဲ့ ကြောက်မက်ဖွယ် စစ်ဘုရင်ကြီး ပြန်ပေါ်လာချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်...

‎မိသားစုကို ကာကွယ်ဖို့ Kris ဟာ တစ်ချိန်က အတူတိုက်ပွဲဝင်ခဲ့ဖူးတဲ့ ထိပ်တန်း စနိုက်ပါသမားတွေကို ပြန်လည်စုစည်းရင်း...


‎တောနက်ကြီးထဲမှာ သေမင်းတမန် စနိုက်ပါသမားတွေအချင်းချင်း ချောင်းမြောင်းပစ်ခတ်ကြတဲ့ ရင်တမမ အက်ရှင်တိုက်ပွဲတွေကို အားရပါးရ မြင်တွေ့ရမှာပါ

‎သေနတ်သံတစ်ချက်ကြားတိုင်း အသက်ရှုမှားစေမယ့် Sniper Action Movie ကောင်းကောင်းရှာနေသူတွေအတွက်တော့ Seven Snipers (2026) က ကြည့်သင့်တဲ့စာရင်းထဲ မဖြစ်မနေ ထည့်ထားသင့်တဲ့ကားပါ

‎ဇာတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/63

‎Channel အရင်Joinရန်👇
https://t.me/+55tZoCguACExNjU9

06/06/2026

‎Teach You a Lesson (2026) - အပိုင်းစုံရပါပြီ!

‎Taxi Driver Vibe မျိုးနဲ့ ကျောင်းတွင်းအနိုင်ကျင့်တဲ့သူတွေကို အပီအပြင် ပညာပေးမယ့် Netflix ရဲ့ Webtoon-based Action Drama အသစ်စက်စက်ကြီး လာပါပြီ!

‎ပညာရေးစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့ ဖွဲ့စည်းလိုက်တဲ့ အထူးဌာနကနေ နစ်နာသူတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ကျူးလွန်သူတွေကို ဘယ်လိုတွေ သွားရောက်ရှင်းလင်းမလဲ?

‎(Kim Moo-Yul, Lee Sung-Min, Jin Ki-Joo နဲ့ Pyo Ji-Hoon တို့ အဓိက ပါဝင်အားဖြည့်ထားပါတယ်)

‎ကျောင်းစည်းကမ်းကို တည့်မတ်ဖို့ အကြမ်းပတမ်း ဖြေရှင်းမယ့် အက်ရှင်ခန်းတွေနဲ့မို့ ကြည့်ရတာ လုံးဝ အားရကျေနပ်စေရပါမယ်။

‎🎬 Channel Y ကနေ ဒီကနေ့ အပိုင်းအားလုံးကို တစ်ခါတည်း စုစည်းတင်ဆက်ပေးထားလို့ အခုပဲ ဒေါင်းလုဒ်ဆွဲပြီး Binge-watch လုပ်လိုက်ကြရအောင်! 👇

‎ဇာတ်ကားကြည့်ရန် 👇
https://t.me/c/3664948921/71

‎Channel လေးအရင်Joinပေးပါဗျ👇
https://t.me/+55tZoCguACExNjU9

06/06/2026

‎Chum (2026)
‎==========

‎အခုမှအသစ်စက်စက်ထွက်ရှိထားတဲ့ ငါးမန်းကားကြီးလာပါပြီဗျာ

‎Malta ကျွန်းစု (Mediterranean ပင်လယ်) မှာ မင်္ဂလာဆောင်ဖို့ ရောက်နေတဲ့ စုံတွဲအသစ်နဲ့

‎သူတို့ရဲ့သူငယ်ချင်းတွေဟာ ပျော်ပျော်ပါးပါး အပျော်စီးသင်္ဘောထွက်ခဲ့ကြပါတယ်။

‎ဒါပေမဲ့ သွေးဆာနေတဲ့ ငါးမန်းကြီးရဲ့ ရုတ်တရက်တိုက်ခိုက်မှုကို ခံရပြီးတဲ့နောက် သူတို့ရဲ့ အိပ်မက်ဆန်တဲ့ မင်္ဂလာပွဲဟာ

‎ငရဲခန်းတစ်ခုလို ပြောင်းလဲသွားခဲ့ပါတယ်။

‎ပိုဆိုးတာက ပင်လယ်ပြင်ထဲမှာ လမ်းပျောက်နေတဲ့သူတို့ကို ကယ်တင်ဖို့ ရောက်လာတဲ့ တံငါသည်ကလည်း မရိုးသားတဲ့

‎လျှို့ဝှက်အစီအစဉ်တွေရှိနေတဲ့သူ ဖြစ်နေတဲ့အခါမှာတော့...

‎အသက်လုပွဲနွှဲနေရတဲ့ကြားထဲကပဲ သူတို့ကြားက လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပြီး သစ္စာရှိမှုတွေ

‎ဘယ်လိုပျက်ပြားကုန်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားမျိုးပါ။

‎ဇာတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/60

‎Channel အရင် Join ပေးပါဗျ 👇
https://t.me/+55tZoCguACExNjU9

05/06/2026

‎အကြွေးအစား ကလေးကို အပေါင်သိမ်းရာကနေ မျက်ရည်တွေနဲ့ အဆုံးသတ်ရမယ့် သံယောဇဉ်ဇာတ်လမ်းလေး

‎​🎬 Pawn (2020) မြန်မာစာတန်းထိုး

‎⭐️ IMDb Rating - 7.6/10

‎​Channel Y ပရိသတ်တွေအတွက် ဒီတစ်ခါ ရင်ထဲကို တိုက်ရိုက်ထိမှန်ပြီး မျက်ရည်ကျစေမယ့် မိသားစု Drama ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

‎​📖 ဇာတ်လမ်းအကျဉ်း

‎တရုတ်နိုင်ငံကနေ တရားမဝင် လာရောက်အလုပ်လုပ်ကိုင်တဲ့ မိသားစုလေးမှာ ခင်ပွန်းဖြစ်သူက ဖောက်ပြန်ပြီး မိန်းမနဲ့ ကလေးငယ်လေးကို အကြွေးတွေနဲ့အတူ ပစ်ထားခဲ့ပါတယ်။

‎​အကြွေးရှင် လူမိုက်ကြီးက ငွေပြန်ရလိုဇောနဲ့ ကလေးလေးကို အပေါင်သဘောမျိုး ဖမ်းထားခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ မိခင်ဖြစ်သူကပါ ရဲဖမ်းခံလိုက်ရပါတယ်။

ဒီလိုနဲ့ မိဘမဲ့လိုဖြစ်သွားတဲ့ ကလေးငယ်လေးဟာ ကြမ်းတမ်းတဲ့ လူမိုက်ကြီးဆီမှာ အကူအညီမဲ့စွာ သောင်တင်သွားခဲ့ပါတော့တယ်။

‎​အစပိုင်းမှာ ငွေကြောင့်သာ ကလေးကို ခေါ်ထားခဲ့ပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ ကြမ်းတမ်းတဲ့ လူမိုက်ကြီးရဲ့ နှလုံးသားမှာ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်တွေ ဘယ်လို အမြစ်တွယ်လာမလဲ...

သွေးမတော် သားမစပ်ပေမယ့် သားအဖတွေလို ဖြစ်လာတဲ့ သူတို့နှစ်ယောက်ရဲ့ ရှေ့ဆက်ခရီးမှာ ဘယ်လို ရင်နင့်စရာ အချိုးအကွေ့တွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင် ဆက်လက်ကြည့်ရှုလိုက်ပါဗျို့။

‎ဇာတ်ကားကြည့်ရန် Channel Link 👇
https://t.me/+55tZoCguACExNjU9

05/06/2026

‎In the Grey (2026) 🎬 - အက်ရှင်ကြမ်းကြမ်းနဲ့ လှည့်ကွက်များတဲ့ ဇာတ်ကားကောင်းတစ်ခု

🔥 ခေါင်းသိပ်စားစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်အလန်းစားတွေချည်းပဲ ကြည့်ချင်နေတာလား? ဒါဆိုရင်တော့ နာမည်ကြီး ဒါရိုက်တာ Guy Ritchie ရဲ့ ၂၀၂၆ ထွက် အက်ရှင်/သည်းထိတ်ရင်ဖို ဇာတ်ကားသစ်လေးဖြစ်တဲ့ "In the Grey" ကို လုံးဝ လက်မလွတ်သင့်ပါဘူး။

🌟 ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့...
‎ပရိသတ်အချစ်တော် မင်းသားကြီးတွေဖြစ်တဲ့ Henry Cavill, Jake Gyllenhaal နဲ့ မင်းသမီးချော Eiza González, Rosamund Pike တို့ပဲ ဖြစ်ပါတယ်။

📜 ဇာတ်လမ်းအကျဉ်းချုပ်
‎ရှေ့နေမလေး ရေချယ် (Eiza González) ဟာ ရိုးရိုးရှေ့နေမဟုတ်ဘဲ နာမည်ပျက်ရှိတဲ့ ဘီလီယံနာသူဌေးဆိုးတွေဆီက ပိုင်ဆိုင်မှုတွေကို ဥပဒေဘောင်တွင်းရော ဘောင်ပြင်ကပါ နည်းလမ်းစုံသုံးပြီး ပြန်လုယူပေးတဲ့ "Grey Area" က အလုပ်ကို လုပ်သူပါ။

‎ဒီလိုအလုပ်တွေလုပ်ဖို့ သူမမှာ ထောင်ဖောက်ပြီး ခေါ်လာခဲ့တဲ့ Sid (Henry Cavill) နဲ့ Bronco (Jake Gyllenhaal) တို့လို အမိုက်စား လျှို့ဝှက်အဖွဲ့သားတွေ ရှိပါတယ်။ တစ်နေ့မှာတော့ ရက်စက်တဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီးဆီကနေ ဒေါ်လာ ၁ ဘီလီယံကို ပြန်လုယူဖို့ စစ်ဆင်ရေးစတင်ရတဲ့အခါ... ဗျူဟာတွေ၊ လှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေနဲ့အတူ အသက်လုရတဲ့ အခြေအနေတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာပါ။

💥 ဒီဇာတ်ကားကိုဘာလို့ ကြည့်သင့်လဲ?

✔️ Guy Ritchie ရဲ့ ထုံးစံအတိုင်း အမိုက်စား တည်းဖြတ်မှု (snappy editing) တွေနဲ့ ရိုက်ချက်တွေ

✔️ အချိန်ကုန်မှန်းမသိအောင် ဆွဲဆောင်နိုင်တဲ့ လှည့်ကွက်တွေနဲ့ ဇာတ်အိမ်

✔️ Henry Cavill နဲ့ Jake Gyllenhaal တို့ရဲ့ အားရစရာ အက်ရှင်ပြကွက်တွေ၊ ပစ်ခတ်မှုနဲ့ လွတ်မြောက်အောင် ပြေးရတဲ့ အခန်းတွေကို သေချာအချိန်ပေးပြီး သေသပ်စွာ ရိုက်ကူးထားတာဖြစ်လို့

အက်ရှင်ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ဗျာ။

ဇာတ်ကားကြည့်ရန် Link 👇
https://t.me/c/3794272641/56

ဒီ Channel ကို အရင် Join ခဲ့ပါဗျ👇
https://t.me/+55tZoCguACExNjU9

02/06/2026

‎🔥 Train to Busan ဒါရိုက်တာရဲ့ နောက်ထပ်ဇွန်ဘီကားအသစ် "The Colony" 🔥

‎ကိုရီးယားထိပ်တန်းမင်းသမီး Jun Ji-hyun နဲ့ Ji Chang-wook တို့ ဦးဆောင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို Sci-Fi ကပ်ဘေးရုပ်ရှင် "The Colony"မေလ ၂၁ရက်နေ့ကထွက်ရှိလာပြီ ဖြစ်ပါတယ်။

‎🧬 ဇီဝနည်းပညာညီလာခံတစ်ခုအတွင်း မထင်မှတ်ထားတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့သွားပြီး လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပေါင်းစည်းသွားတဲ့ "Colony" လို့ခေါ်တဲ့ ကြောက်မက်ဖွယ် အစုအဝေးကြီးအဖြစ် ပြောင်းလဲသွားကြပါတယ်။

‎🏢 အပြင်လောကနဲ့ ဖြတ်တောက်ခံထားရတဲ့ အဆောက်အဦကြီးထဲမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကတော့ အဲဒီအန္တရာယ်ကြီးကို ရင်ဆိုင်ရင်း ရှင်သန်ဖို့ တိုက်ပွဲဝင်ကြရမှာပါ။

‎🎬 Train to Busan ဒါရိုက်တာရဲ့ လက်ရာဖြစ်တာကြောင့် Horror နဲ့ Thriller ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ကားတစ်ကားလို့ ပြောရမှာပါ။


‎ဇာတ်ကားကြည့်ရန်link
https://t.me/c/3794272641/54

‎ဒီlinkကိုအရင်joinပါ
https://t.me/MOVI3_SPIT

30/05/2026

‎Salmokji: Whispering Water (2026)

‎************************************

‎IMDb Rating (6.5)


‎2003 ခုနှစ်ထွက် A Tale of Two Sisters ရဲ့ ၂၃ နှစ်ကြာ record ကို ကျော်ပြီး ကိုးရီးယားရုပ်ရှင် သမိုင်းတစ်လျှောက်မှာ

‎လူကြည့်အများဆုံး Horror ရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့ ရုံတင်သရဲကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

‎နာမည်ကြီး Midnight Horror Story အစီအစဉ်မှာလည်း ထည့်သွင်းဖော်ပြခံရဖူးသလို သရဲခြောက်တဲ့နေရာအဖြစ်

‎နာမည်ကြီးတဲ့ "ဆားလ်မို့ဂျီ ရေလှောင်ကန်"အကြောင်းကို နောက်ခံထား ရိုက်ကူးထားပြီး Lovely Runner ထဲက

‎မင်းသမီး Kim Hye-Yoon, Knight Flower ထဲက မင်းသား Lee Jong-Won, Good Partner ထဲက မင်းသား Kim Jun-Han,

‎Pyramid Game ထဲက မင်းသမီး Jang Da-A တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

‎- ဇာတ်လမ်းအကျဉ်း -

‎ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့

‎လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု...

‎ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ (Kim Jun-Han) ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက်

‎အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည်

‎ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့် On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း (Kim Hye-Yoon)

‎ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာ

‎မှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့....

‎လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့က

‎တကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို

‎အခုပဲ ကြည့်ရှုလိုက်ကြပါဦး။


‎ဇာတ်ကားကြည့်ရန် Link ကို
Comment Box မှာချထားပေးပါတယ်ဗျ👇

Want your business to be the top-listed Clothing Store in Lashio?
Click here to claim your Sponsored Listing.

Website

Address


Lashio

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00