Hsu

Hsu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu, Digital creator, Lashio.

01/07/2023

*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်

*အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှုနဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား

*အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်

*မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

* ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ

* ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ

* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

*အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ် (ခဏ ခဏ ခံရပါများလာလို့ )

*အရင်လိုလည်း သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်

*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အရေးကြီးတာက
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား...

#လေးစားစွာဖြင့်မူရင်းရေးသားသူအားcreditပေးပါတယ်ဗျ

28/06/2023

လူဆိုတာ ကိုယ်ဘာဖြစ်ချင်လဲ။ ကိုယ့်ဘာသာ ဖန်တီးလုပ်ယူလို့ရတယ်။ အသက်အရွယ်နဲ့လည်း မဆိုင်ဘူး။ ငွေကြေးချမ်းသာမှုနဲ့လည်း မဆိုင်ဘူး။ အချိန်ယူပြီး မိမိလိုချင်တဲ့ဘဝကို ပုံဖော်လို့ရတယ်။

Body လှလှပပ လိုချင်ရင် အစားအသောက်ကို ကယ်လိုရီနဲ့ တွက်ချက်စားပြီး Gym ပုံမှန်သွားပါ။ သုံးလလောက်ဆို သိသာတဲ့အခြေအနေတစ်ခုရောက်နေပြီ။ အင်္ဂလိပ်စာကျွမ်းချင်ရင် နေ့စဉ်လေ့ကျင့်၊ နားထောင်၊ စာအုပ်တွေဖတ်ပါ။ လအနည်းငယ်ဆို တော်တော်ပြောနိုင်လာလိမ့်မယ်။

Beauty Blogger ဖြစ်ချင်ရင် နေ့တိုင်း မိတ်ကပ်လိမ်းလေ့ကျင့်ရင် လပိုင်းဆို ကျွမ်းကျင်သူအဆင့်ဖြစ်လာပြီ။ Chef ဖြစ်ချင်ရင် ဟင်းချက်နည်းတွေ လေ့လာ ချက်ကြည့်ရင်း တဖြည်းဖြည်း ကျွမ်းလာလိမ့်မယ်။

ဘဝမှာ မွေးလာကတည်းက ဘယ်သူမှ ဘာမှ မတတ်ကြဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကို အချိန်ယူပြီး သေချာလေ့လာရင် မကြာခင် ကျွမ်းကျင်သူအဆင့်ရောက်လာလိမ့်မယ်။ လုပ်နိုင်သူတွေကို အားကျနေပြီး မိမိကိုယ်ကို အသုံးမကျသူလို့ မမြင်ဘဲ ကိုယ်ကြိုးစားရင် ဖြစ်နိုင်တယ်လို့ မှတ်ယူထားပါ။ မိမိဘဝအတွက်အကောင်းဆုံး The Best Version of You ကို ဖန်တီးနိုင်မယ့်သူက မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။

Dr. Moe ရဲ့ အမှောင်ထုရဲ့အဆုံးမှာ အလင်းရောင်ရှိတယ် စာအုပ်ကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ Self-improvement နဲ့ Happy Mind, Happy Life ဆိုပြီး တိုးတက်အောင်မြင်ရေးနဲ့ စိတ်ခွန်အားဖြည့်စာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မြင်အောင် ဘယ်လိုတည်ဆောက်မလဲ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင်မလဲ၊ ပြည်ပမှာအလုပ်လုပ်မယ့်သူတွေ လေ့လာမှတ်သားသင့်တာတွေ၊ နေ့စဉ် အကြည်ဓာတ်ရရှိစေမယ့် ဘ၀နေထိုင်မှုပုံစံ စ တာတွေနဲ့ပတ်သက်ပြီး စာရေးသူက သူလေ့လာထားတဲ့ အသိပညာတွေ၊ သူ အမေရိကန်နိုင်ငံမှာ နေထိုင်လုပ်ကိုင်တဲ့အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဝေမျှထားပါတယ်။

#အမှောင်ထုရဲ့အဆုံးမှာအလင်းရောင်ရှိတယ်

(မူရင်း Crd)

Want your business to be the top-listed Media Company in Lashio?
Click here to claim your Sponsored Listing.

Category

Website

Address


Lashio