Daniel's English Home

Daniel's English Home

Share

I'm gladly here to help you guys to improve your English abilities. What are you waiting for. Join me for new updatesďż˝

Photos from Daniel's English Home's post 08/07/2025

🫰🫰စနေနေ့တုန်းကအတန်းသားလေးတွေနဲ့ free Speaking classဆိုတဲ့ social club လေးစတင်ခဲ့ပါပြီ။🫰🫰
Level ကတော့ pre intermediate အတန်းလေးဖြစ်ပါတယ်။ Speaking ဆိုတဲ့အတိုင်း Vocabulary ကြွယ်ဝဖို့အလို့ငှာ Topicအလိုက် Vocabulary တွေ Reading နဲ့မပါမဖြစ် Grammar patterns လေးကိုအရင်းပြုထားပါတယ်ဗျ။ သင်တန်းသား သင်တန်းသူတွေ အားတတ်သရောပါဝင်ကြတာ ချစ်ဖို့ကောင်းချက်ပဲ။
💃💃🕺🕺Social club ကိုစိတ်ဝင်စားတယ်ဆိုရင် နောက်မကျသေးဘူးနော် စာရင်းတွေလာပေးလို့ရသေးတယ်နော်။
📢📢📢 #အင်္ဂလိပ်သင်တန်း

02/07/2025

📣📣📣📣📣📣Social Club အတန်းစရန် ၂ရက်ပဲလိုတော့တယ်နော် ပေါ့ပေါ့ပါးပါးနဲ့ အင်္ဂလိပ်လိုပြောတတ်နိုင်ရမယ် စကားလည်းရဲလာမယ် ဝေါဟာရတွေလည်းကြွယ်ဝလာမယ်ဆိုတော့ ဘာလုပ်နေတာလဲ အမြန်စာရင်းလာပေးလိုက်တော့ 👀👀👀
#အင်္ဂလိပ်သင်တန်း

# # # 🎊 **Daniel’s English Home – စနေနေ့ည English Social Club** 🎊

**အင်္ဂလိပ်စကားပြောကြစို့။ အတွေးအမြင်များမျှဝေစို့။ မိတ်ဆွေသစ်များရကြစို့။**

သင်ခန်းစာအပြင်မှာလည်း အင်္ဂလိပ်စာကို ပျော်ရွှင်စွာ ပြောချင်ပါသလား?
**Daniel’s English Home – Social Club** မှာ ပျော်စရာအင်္ဂလိပ် ဆွေးနွေးပွဲတွေနဲ့ မိတ်ဆွေသစ်တွေကို တွေ့ဆုံနိုင်ပါတယ်။

---

# # # 🗓 **အချိန်စာရင်း**

📍 **စနေနေ့ ညတိုင်း**
📌 Online (Zoom သို့မဟုတ် Google Meet)

---

# # # 👥 **အသက်အလိုက်အုပ်စုခွဲခြားထားသော စနစ်**

* 🧒 **အသက် ၁၀ – ၁၅ နှစ်**
* 🧑‍🎓 **အသက် ၁၅ – ၁၈ နှစ်**
* 🧑 **အသက် ၁၈ နှစ်နှင့်အထက်**

အသက်အလိုက် အုပ်စုခွဲခြားထားတာကြောင့် ယုံကြည်မှုရှိစွာ စကားပြောနိုင်ပါတယ်။

---

# # # 💬 **Social Club မှာ ဘာတွေဖြစ်လဲ?**

အပတ်စဉ် ချစ်စရာကောင်းတဲ့ အသစ်စက်စက် ခေါင်းစဉ်တွေပါဝင်မှာပါ။
တချို့သော ခေါင်းစဉ်များမှာ –

* 🌍 ခရီးသွားအိပ်မက် – ဘယ်မြို့ကို သွားချင်သလဲ?
* 🍿 ရုပ်ရှင်နှင့် သီချင်းည
* 🧠 အထင်ကြီးစရာ ဆွေးနွေးပွဲများ
* 🧋 ဝါသနာများအကြောင်း ပြောကြစို့
* 🎮 အင်္ဂလိပ်ဖြင့် ဂိမ်းကစားခြင်း
* 🎯 အဖြစ်အပျက်မူပျက်များ (Roleplays)
* 💡 အသက်ရှင်နည်းအကြံဉာဏ်များ
* 🎤 မိမိစကားပြောပြခြင်း / ပုံပြင်မျှဝေခြင်း

သင်ရရှိမယ့် အကျိုးကျေးဇူးများ –
✅ စိတ်လွတ်လပ်စွာ အင်္ဂလိပ်ပြောနိုင်သောနေရာ
✅ လူအနည်းစုသာ (ကျောင်းသား ၃ ယောက်မှ ၆ ယောက်အတွင်း)
✅ ဂိမ်းများ၊ အလှည့်ကျစကားပြောများ၊ စိတ်ဝင်စားဖွယ်လုပ်ဆောင်ချက်များ
✅ ကျွမ်းကျင်သော English Coach များ၏ လမ်းညွှန်မှု

---

# # # 📝 **ဘယ်သူတွေ တက်လို့ရမလဲ?**

Daniel’s English Home သင်တန်းသားများသော်လည်းကောင်း၊
အင်္ဂလိပ်စာကို စကားပြောပိုင်းကောင်းကောင်း ပြောချင်သူတိုင်း **တက်ရောက်ခွင့်ရှိပါတယ်။**

---

# # # 💡 **Social Club ကိုဘာကြောင့် တက်သင့်လဲ?**

* 🗣 အပြင်သုံးအင်္ဂလိပ် စကားပြောစွမ်းရည် တိုးတက်စေမယ်
* 🌟 ယုံကြည်မှု တိုးတက်လာမယ်
* 🤝 မိတ်ဆွေသစ်တွေတွေ့နိုင်မယ်
* 😄 စိတ်ဖိစီးမှုမရှိဘဲ ပျော်ရွှင်စွာ သင်ယူနိုင်မယ်

---

# # # 📩 **တက်ချင်ပါသလား?**
Messenger or email or phone ဖြင့်helloလုပ်လိုက်နော်။
တစ်ပတ်စီ အချိန်မှန်အတန်းတက်ပေးရန် မမေ့နဲ့နော်။**

---

💜 **Daniel’s English Home – အင်္ဂလိပ်စာက သင်ခန်းစာမကပဲ ဘဝအတွက် အရေးပါပါတယ်။**

# # # 🎊 **Daniel’s English Home – Saturday Night English Social Club** 🎊

**Speak English. Share Ideas. Make Friends.**

Want to practice speaking English in a fun, relaxed environment?
Join our **Saturday Night Social Club** — where real conversations and exciting topics help you grow in confidence and fluency!

---

# # # 🗓 **Schedule**

📍 **Every Saturday Night**
📌 Online via Zoom or Google Meet

---

# # # 👥 **Age Groups (Held Separately)**

* 🧒 Ages **10–15**
* 🧑‍🎓 Ages **15–18**
* 🧑 Ages **18 and above**

You’ll be grouped by age for comfort and better interaction.

---

# # # 💬 **What Happens in the Social Club?**

Each week we bring a new, interesting theme to discuss and explore through English. Topics include:

* 🌍 Travel Talk – “Where would you go and why?”
* 🍿 Movie & Music Night
* 🧠 Fun Debates & Brain Games
* 🧋 Let’s Talk About Hobbies
* 🎮 English Game Night
* 🎯 Roleplay Real-Life Situations
* 💡 Life Tips & Teen Talk
* 🎤 Story Sharing & Show & Tell

What to expect:
✅ A friendly and safe place to speak English
✅ Small groups (3–6 participants)
✅ Fun games, breakout rooms, polls, and challenges
✅ Led by an experienced English teacher

---

# # # 📝 **Who Can Join?**

* Any **Daniel’s English Home student**
* Or **anyone** who wants to improve their speaking confidence in English!

---

# # # 💡 **Why Should You Join?**

* 🗣 Boost your English fluency naturally
* 🌟 Build speaking confidence
* 🤝 Meet friendly people and make new friends
* 😄 Enjoy learning in a fun and social setting

---

# # # 📩 **How to Join?**
Call , email or massage us. Everyone is welcome.
Don't forget to attend class every Saturday.

---

💜 **Daniel’s English Home – Where English Becomes Part of Life**

27/06/2025

🙀🙀🙀🙀လကုန်တော့မယ်နော် နောက်ဆိုသင်တန်းစတော့မှာမို့ မြန်မြန်လာအပ်ထားကြ 😺😺😺လူပြည့်ဖို့3ယောက်ပဲကျန်တော့တယ် hurry up.....
+ အသေးစိတ်အချက်ကျကျလေ့လာချင်သလား
+ 4skillအပြင်critical thinkingတွေကောပါမှာနော်
+ 1 on 1 မို့ မထိရောက်မှာမပူနဲ့နော်
+ စနေ့နေ့တိုင်းမှာ free speaking class ဖြစ်တဲ့ social clubလေးရှိသေးတယ်နော်
+ Level တစ်ခုစီကို 5-6 လကြာပါတယ် အဲ့levelနဲ့ကိုက်ညီတဲ့ certificate တွေ knowledge တွေထိုက်ထိုက်တန်တန်ရရှိဦးမှာနော်
ဘာတွေမျှော်နေသေးလဲ helloသာ လုပ်ခဲ့လိုက်တော့...

#အင်္ဂလိပ်သင်တန်း

22/06/2025

🌟 “used to,” “still,” နဲ့ “anymore” ဆိုတဲ့ စကားလုံး ၃ လုံး ဘာကြောင့် အရေးကြီးသလဲ၊ ဘာလို့ ဒီသုံးလုံးနဲ့ စကားပြောရင် native တို့လို ပြောနိုင်တယ်ဆိုတာ
🔹 ၁။ “Used to” – အတိတ်က အမှတ်တရတွေကို ပြောတဲ့စကားအနေနဲ့သုံးတယ်။
➤ ဘာကြောင့် အရေးကြီးလဲ?
မင်းရဲ့ ယခင်အကျင့်စရိုက်တွေကို အတိုချုပ်ပြောနိုင်တယ်။

✅ Native တို့လိုပြောတာရရင်
“I used to live in Yangon.” (ငါရန်ကုန်မှာနေခဲ့ဖူးတယ်ကွ)
“She used to play football.” (သူမ ဘောလုံးကန်ဖူးတယ်)

🔹 ၂။ “Still” – အခုအချိန်အထိ ဆက်လုပ်နေသေးတာကို ပြောတဲ့အခါမှာသုံးတယ်။
➤ ဘာကြောင့် အရေးကြီးလဲ?
မင်းလုပ်နေတဲ့ အရာတွေကို မပြောင်းလဲသေးတဲ့ အခြေအနေတစ်ခုအဖြစ်နဲ့ ဖော်ပြတယ်။

native တို့ဟာ “still” ကို သုံးပြီး စကားကို ပိုပြီး ခံစားချက်ပါပါပြည့်စုံအောင် ပြောတတ်ကြတယ်။

✅ Native တို့လိုပြောရရင်
“I still love music.” (ငါ အခုထိ ဂီတကိုသ‌ဘောကျတုန်းပဲ)
“Do you still live here?” (မင်းဒီမှာ ဆက်နေသေးတာလား?)

🔹 ၃။ “Anymore” – အခုတော့ မလုပ်တော့တဲ့ အကြောင်းပြောတဲ့စကား
➤ ဘာကြောင့် အရေးကြီးလဲ?
ယခင်က လုပ်ခဲ့တာ၊ သောက်ခဲ့တာ၊ သဘောကျခဲ့တာတွေကို အခုတော့ မလုပ်တော့တာမှန်း ပြောနိုင်တယ်။

native တို့ဟာ “anymore” ကို ရိုးရှင်းပြီး ပိုလွယ်ကူအောင် သုံးပြီးပြောတတ်ကြတယ်။

✅ Native တို့လိုပြောရရင်
“I don’t smoke anymore.” (အခုတော့ ဆေးလိပ် မသောက်တော့ဘူး)
“She doesn’t call me anymore.” (သူငါ့ကိုလုံးဝ မခေါ်တော့ဘူး)

💬 ဒီ ၃ လုံးနဲ့ ဘာတွေပြောနိုင်လဲ?
Native တို့ဘာကြောင့်သုံးသလဲ။
အရှုပ်အထွေးမရှိဘဲ တိုတောင်းလွယ်ကူတယ်။
အနက်အဓိပ္ပါယ်ရှိပြီး ရိုးရိုးစကားမဟုတ်ဘဲ ခံစားချက်ပြည့်စုံတဲ့စကားအ‌နေနဲ့ပြောကြတယ်။

မင်းရဲ့‌ ပြောချင်တဲ့ဆိုလိုရင်းအကြောင်းအရာ ကို ပိုပြီး နားလည်ရလွယ်ကူစေတယ်

🔚 နောက်ဆုံး မှာတော့
ဒီသုံးလုံးရဲ့ အသုံးပြုပုံကအနည်းငယ်ရှိပေမယ့် သင့်စကားပြောခြင်းကို native တို့လို အသက်သွင်းပေးနိုင်တယ်။

“I used to wait. I still hope. But I don’t wait anymore.”
ဒါက grammar မဟုတ်ပါဘူး။
သင့်ရဲ့ခံစားချက်နဲ့ စကားပြောပုံ ဖြစ်ပါတယ်။
#အင်္ဂလိပ်သင်တန်း

21/06/2025

တစ်ချို့ကလေးတွေမှားနေတာလေးတွေတွေ့တော့မနေနိုင်မထိုင်နိုင်တဲ့ ဒီဆရာကပြောပြဦးမယ်။
🧐 ဘာလို့ “I Prefer Tea to Coffee” လို့ပြောပြီး “Than” မသုံးတာလဲ?
အင်္ဂလိပ်ဘာသာစကားမှာ
➡️ “prefer” ဆိုတဲ့ကြိယာနဲ့တွဲသုံးတဲ့ comparison အတွက် "to" ကိုသုံးတာပါ။ "than" မဟုတ်ပါဘူး။
များသောအားဖြင့် Degree Comparison ဆိုပြီးကျောင်းစာမှာပါတဲ့ Adj-er than နဲ့ more Adj than လို့သိကြတာများပါတယ်။ နိူင်းယှဉ်တာကြီးတူပေမယ့် အသုံးအနှုန်းတွေကတော့ကွာပါတယ်။
✅ မှန်ကန်တဲ့ပုံစံ
I prefer tea to coffee.

She prefers books to movies.

❌ မှားနေတဲ့ပုံစံ
I prefer tea than coffee.

She prefers books than movies.

🤔 ဘာကြောင့် “to” ဆိုတာမှန်တာလဲ?
“Prefer” ဟာ နာမ်နှစ်ခု (သို့) -ing ပါတဲ့ကြိယာများကို နှိုင်းယှဉ်တဲ့အခါမှာ
parallel structure ကိုလိုအပ်တယ်။
ဒီမှာ သုံးသင့်တာက “to” ဖြစ်ပြီး
“than” ဆိုတာကတော့ adjective comparison အတွက်သာ သုံးတာပါ။

📌 ဥပမာများ:
I prefer walking to driving.

They prefer working at home to going to the office.

ဒါက တူညီတဲ့အမျိုးအစား (verb+ing / noun) နှစ်ခုကို နှိုင်းယှဉ်တာပါ။

📍 “Than” ကိုတော့ “taller than,” “more beautiful than” တို့လို
နှိုင်းယှဉ်ခြင်းပြနာမဝိသေသန (comparative adjectives) မှာ သုံးပါတယ်။
#အင်္ဂလိပ်သင်တန်း

Photos from Daniel's English Home's post 16/06/2025

📢📢📢Units of Vegetables and Fruits📣📣📣
This outline presents common ways we measure or refer to vegetables and fruits in groups or units.
ဒီဟာလေးတွေက အသီးအနှံတွေရဲ့ တစ်ခုတစ်စုတစ်လုံးတစ်ထုပ်ဆိုပြီး သူ့အသုံးအနူန်းလေးတစ်ချို့ကိုစု‌ည်းပေးထားတာလေးပါ။

1. An Ear of Corn 🌽🌽🌽🌽
Definition: A single cob of corn covered in husks.
ပြောင်းဖူးရဲ့ အဖူးလိုက်တစ်ဖူးကိုပြောတာဖြစ်ပါတယ်။
Example: I bought three ears of corn for dinner.

2. A Cluster of Cherries🍒🍒🍒🍒
Definition: A small group of cherries attached together by their stems.
အသီးရဲ့အညာနဲ့အဆွဲလိုက်ဖြစ်နေတဲ့ ချယ်ရီသီးတွဲလေးတွေကိုဆိုလိုတာပါ။
Example: She picked a fresh cluster of cherries from the tree.

3. A Bunch of Bananas🍌🍌🍌🍌
Definition: A group of bananas connected at the top.
ငှက်ပျောသီးအဖီးလိုက်ကိုပြောတာဖြစ်ပါတယ်။
Example: He grabbed a bunch of bananas from the fruit stand.

4. A Green Onion Stem🎋🎋🎋🎋
Definition: A single stalk or stem of a green onion (also called a spring onion).
ကြက်သွန်မြိတ်အပင်လိုက်ကိုပြောတာဖြစ်ပါတယ်။ a spring onion လို့လည်းပြောလို့ရပါတယ်။
Example: Chop one green onion stem for the salad.

5. The Crown of Broccoli🥦🥦🥦🥦
Definition: The top part of a broccoli, made up of florets.
ပန်းဂေါ်ဖီစိမ်းအပွင့်လိုက်တစ်ခုလုံးကိုဆိုလိုတာဖြစ်ပါတယ်။
Example: I only used the crown of broccoli for the soup, not the stalk.

6. A Bulb of Garlic 🧄🧄🧄🧄
Definition: The whole head of garlic made up of smaller cloves.
ကြက်သွန်ဖြူတစ်ဥလုံးကိုပြောတာဖြစ်ပါတယ်။
Example: She roasted a whole bulb of garlic with the chicken.

7. A Head of Lettuce 🥬🥬🥬🥬
Definition: A round or oval unit of lettuce with all the leaves attached at the base.
ဆလပ်ရွက်အုံလိုက်ကြီးဖြစ်နေတဲ့ တစ်ထုပ်လုံးကိုဆိုတာဖြစ်ပါတယ်။
Example: I bought a head of lettuce to make a salad.

#အင်္ဂလိပ်သင်တန်း

Photos from Daniel's English Home's post 15/06/2025

လောလောလတ်လတ်ကနေမှ English Basic Foundation ပြီးသွားတဲ့ သင်တန်းသူသင်တန်းသားကနေမှ feedback လေးတစ်ချို့❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥
💃စကားပြောမရဲဘူးတို့
🕺နားတော့လည်တယ် ပြန်မပြောတတ်ဘူးတို့
🧑‍🦳စာကြောင်းတည်ဆောက်ပုံတွေကိုနားမလည်တာတို့ဆိုရင် Daniel's English Home ရှိတယ်နော်
ပိုမိုကောင်းမွန်တဲ့ သင်ကြားရေးစနစ်နဲ့အတူ တတ်မြောက်စေချင်တဲ့စေတနာများနဲ့ အပြည့်အဝသင်ကြားပေးနေပါတယ်။ နောက်လ ၂ရက်နေ့ကျရင် စာရင်းတွေပိတ်မှာမို့ သင်တန်းကိုကြိုစာရင်းပေးထားဖို့အကြံပြုပါရစေ။ Daniel's English Home မှကြိုဆိုနေပါတယ်။
#အင်္ဂလိပ်သင်တန်း

10/06/2025

သင်သိပါသလား 👀👀👀👀
Good - ကောင်းသော ကို
Supercalifragilisticexpialidocious လို့ထပ်ပြောလို့ရတယ်ဆိုတာ.....🫰🫰🫰🫰

#အင်္ဂလိပ်သင်တန်း

Photos from Daniel's English Home's post 08/06/2025

🟡ပျော်ရွှင်ခြင်းနှင့်သက်ဆိုင်သော idiom ၁၀ခု🟡
Happy -ပျော်ရွှင်သော / ဒါကိုပဲပြောနေတော့မှာလား။
ဒီလိုလေးတွေလည်းပြောင်းပြောကြည့်ပါဦး။
🟡
1. in seventh heaven: /ɪn ˈsevənθ ˈhevn/
Meaning: extremely happy or joyful
အလွန်အမင်းပျော်ရွှင်နေခြင်း
Example: She was in seventh heaven after finding out she was pregnant.
သူမဟာကိုယ်ဝန်ရှိမှန်းသိပြီးတဲ့နောက်မှာအလွန်အမင်းပျော်ရွှင်သွားခဲ့တယ်။
🟡
2. to paint the town red: /peɪnt ðə taʊn red/ Meaning: to go out and enjoy oneself by engaging in lively activities
အပြင်နေထွက်လှည့်ပြီး ကိုယ်ကိုယ်တိုင်အတွက်ပျော်ရွှင်မှုကိုဖန်တီးခြင်း။
Example: After their exams, Oliver and his mates decided to paint the town red by hitting as many pubs as they could.
စာမေးပွဲပြီးတာနဲ့ Olivia နဲ့ သူမမိတ်ဆွေတွေဟာ အဖျော်ယာမကာဆိုင်တွေကို သူတို့သွားနိုင်သလောက်သွားကဲဖို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်။
🟡
3. over the moon: /ˈəʊvə ðə muːn/
Meaning: extremely delighted or thrilled
မယုံနိုင်လောက်အောင်ကိုဝမ်းသာလွန်းနေခြင်း။
Example: When he received his dream job offer, he was over the moon with excitement.
သူရည်မှန်းထားတဲ့အလုပ်ကိုရသွားတဲ့အခါမှာ စိတ်လှုပ်ရှားမှုအပြည့်နဲ့အလွန်အမင်းဝမ်းသာသွားခဲ့တယ်။
🟡
4. on cloud nine: /ɒn klaʊd naɪn/
Meaning: a state of complete happiness or euphoria
ပျော်ရွှင်မှုအထွတ်အထိပ်ရောက်ရှိခြင်း
Example: Tabitha was on cloud nine when she found out her mum was coming for a visit.
Tabitha ဟာ သူမအမေပြန်လာမယ်မှန်းသိပြီးတဲ့နောက်လုံးဝကိုပျော်ရွှင်သွားခဲ့တယ်။
🟡
5. on top of the world: /ɒn tɒp əv ðə wɜːld/ Meaning: feeling extremely successful, confident and happy
အောင်မြင်မှုနဲ့ဝမ်းသာမှုအပြည့်ရှိခြင်း။
Example: I just landed the lead part in the play; I’m on top of the world!
ဇာတ်လမ်းထဲမှာငါအဓိကဇာတ်ကောင်အနေနဲ့ပါဝင်ရတော့မယ်ကွ။ ပျော်လိုက်တာဟေ့။
🟡
6. to have a whale of a time: /hæv ə weɪl əv ə taɪm/
Meaning: to have an extremely enjoyable and exciting time
ပျော်ရွှင်စရာကောင်းသောစိတ်လှုပ်ရှားစရာတစ်ခုခုကိုပြုလုပ်နေခြင်း
Example: During their vacation, they had a whale of a time exploring the beautiful beaches.
ဒီတော့ခရီးထွက်နေတဲ့အချိန်တုန်းကဆိုရင် ပင်လယ်ကမ်းခြေတွေကိုလိုက်ပတ်နေရင်းနဲ့ပျော်ရွှင်စရာအချိန်တွေကိုကုန်ဆုံးခဲ့တယ်။
🟡
7. to have the time of one’s life : /hæv ðə taɪm əv wʌnz laɪf/
Meaning: to have an exceptionally enjoyable or memorable experience
ဘဝမှာမေ့မရာတဲ့ပျော်ရွှင်မှုကိုရရှိခြင်း။
Example: With the wind in their hair and the ocean beneath their boards, they surfed, having the time of their lives.
ဆံနွယ်များနှင့်အတူ တိုက်ခတ်နေတဲ့လေပြေလေးများနဲ့ သမုဒ္ဒရာရေပြင်ကြီးပေါ်မှာ လှေတွေနဲ့လှော်ခတ်နေခဲ့တာဟာ သူတို့ရဲ့ ဘဝမှာ‌ မေ့မရတဲ့ပျော်ရွှင်မှုတစ်ခုပေါ့။
🟡
8. full of the joys of spring: /fʊl əv ðə dʒɔɪz əv sprɪŋ/
Meaning: to be extremely happy, cheerful or full of enthusiasm
စိတ်စွမ်းအားပျော်ရွှင်မှုအပြည့်ရှိခြင်း။
Example: Even though the rain showed no signs of letting up, she sat in her cosy chair with her book, full of the joys of spring.
လုံးဝတိတ်မယ့်ပုံမပေါ်တဲ့ မိုးတွေရွာနေတာတောင် ဇိမ်ရှိတဲ့ခုံလေးပေါ်မှာ သူမရဲ့စာအုပ်ကိုထိုင်ဖတ်နေရင်း သာယာနေခဲ့တယ်။
🟡
9. to make one's day: /meɪk wʌnz deɪ/
Meaning: to greatly please or delight someone
တစ်နေ့လုံးအမှတ်တရဖြစ်သွားအောင်စိတ်ပျော်ရွှင်မှုတစ်ခုကိုရရှိခြင်း။
Example: Receiving a handwritten letter from her favourite author made her day.
သူမအကြိုက်ဆုံးစာရေးဆရာရဲ့ လက်ရေးနဲ့ရေးထားတဲ့စာကိုရလိုက်တာဟာ သူမရဲ့တစ်နေ့သာလုံးကိုပျော်ရွှင်မှုတစ်ခုဖြစ်သွားစေခဲ့တယ်။
🟡
10. in raptures (about/over): /ɪn ˈræptʃəz əˈbaʊt/ˈəʊvə/
Meaning: a state of extreme delight or excitement.
စိတ်လှုပ်ရှားခြင်း။အလွန်အမင်းဝမ်းသာအားရမှုဖြစ်ခြင်း။
Example: The audience was in raptures over the hilarious performance by the improv comedy act.
လူရွှင်တော်အဖွဲ့ရဲ့ဟာသပွဲကြီး‌ကြောင့် ပုရိသတ်တွေဟာ အလွန်းအမင်း‌‌ ပျော်ရွှင်ကာကျေနပ်အားရမှုတွေဖြစ်ခဲ့တယ်။

သင်တန်းအကြောင်းလေးစုံစမ်းချင်ရင် pageမှာသော်လည်းကောင်း ဖုန်းဆက်၍သော်လည်းကောင်း မေးမြန်းနိုင်ပါတယ်။👌👌👌👌👌

#အင်္ဂလိပ်သင်တန်း

08/06/2025

လာပြီ လာပြီ လာပြီဟေ့.....❤️‍🔥❤️‍🔥❤️‍🔥
Daniel's English Home မှာ ရှေ့လျှောက် Idioms တွေနဲ့အတူ slang များ၊ phrasal verbs များနှင့် Word of the day တို့ကို တွင်တွင်ကျယ်ကျယ်တင်ပေးသွားမှာဖြစ်ပါတယ်။
ဆိုတော့ကား.......
Idiom ဆိုတာဘာလဲ။ Slang ဆိုတာဘာလဲ။
Idiom ဆိုတာ တိုက်ရိုက်ဘာသာပြန်လို့မရတဲ့ စကားစုကိုခေါ်ပါတယ်။ စကားလုံးတစ်လုံးချင်းစီအလိုက်တိုက်ရိုက်ဘာသာပြန်တာမျိုးမဟုတ်ဘဲ စကားလုံးများစုပေါင်းလိုက်ရင်အဓိပ္ပာယ်နောက်တစ်မျိုးပြောင်းသွားတာမျိုးကိုဆိုလိုတာပါ။
ဥပမာ- break the ice - ရေခဲကိုဖျက်စီးလိုက်သည် ×
- စကားဖွင့်သည်/စကားဝိုင်းထဲဝင်သည် ✓
∆To break the ice, she told a funny story.
သူမဟာ ဟာသလေးတွေပြောပြီး စကားဝိုင်းစလိုက်တယ်။
Slang ဆိုတာက သာမန်အရပ်သုံးစကားပုံစံမျိုးကိုပြောတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူငယ်အုပ်စုများ အသုံးများတဲ့ informal စကားလုံးကိုဆိုလိုတာပါ။ သာမာန်အင်္ဂလိပ်စာထက် ပေါ့ပါးပြီး သီးသန့်အဓိပ္ပာယ်နဲ့အတူ အရပ်သုံးသောစကားလုံးတွေဖြစ်ပါတယ်။
ဥပမာ- Cool - မိုက်လိုက်တာ/သိပ်ကောင်းတယ်
That movie was so cool.
အဲ့ဒီရုပ်ရှင်ကတအားမိုက်တာ။

Idiom နဲ့ slang တို့ရဲ့ကွာဟချက်က Idiom ဟာများသောအားဖြင့် စကားလုံးအစုလိုက်‌ရှိတယ် မူလစကားလုံးနဲ့မတူတဲ့အနက်အဓိပ္ပာယ်နဲ့နေတယ် ရိုးရိုးအင်္ဂလိပ်စာအသုံးအနှုန်းတွေမှာသုံးတယ်။
ဥပမာ-You hit the nail on the head with your answer.
မင်းရဲ့အဖြေက လုံးဝကိုမှန်နေလိုက်တာ။

Slang ကျကတော့ စကားလုံးနည်းတယ် (အလွန်ဆုံး၂လုံး)။ အရပ်သုံးစကားဖြစ်တယ်။ ပေါ့ပေါ့ပါးပါးအပျော်သုံးစကားအရပဲသုံးတယ်။
ဥပမာ - Let's hang out after school.
ကျောင်းဆင်းရင်သွားလည်ကြရအောင်။

Idiom နဲ့ slang စကားလုံးအသစ်အသစ်တွေသိရဖို့ Page လေးကိုဝင်ကြည့်ဖို့နဲ့ like‌ and share လုပ်ဖို့မမေ့နဲ့နော်။ ဒါ့အပြင်-
အပတ်စဉ် စနေနေ့တိုင်းမှာ free social club ရှိ‌သေးတယ်နော်။ သာယာတဲ့နေ့ရက်လေးတွေပိုင်ဆုင်ရပါစေ။
#အင်္ဂလိပ်သင်တန်း

Photos from Daniel's English Home's post 02/06/2025

🎙️ Speakout Series – တကယ်ကျင်လည်တဲ့ အင်္ဂလိပ်စကား ပြောနိုင်ဖို့ မျှော်မှန်းထားလား? 🌍
ဒီအခါမှာ Pearson နှင့် BBC တို့ပူးပေါင်းဖန်တီးထားတဲ့ နိုင်ငံတကာအတန်းတူ Speakout Series ကို သင်ကြားပေးတော့မှာဖြစ်ပါတယ်။ သင်ခန်းစာတိုင်းမှာ တကယ်အသုံးဝင်တဲ့ စကားလုံးတွေနဲ့ အခြေအနေတွေဖြင့် ကျွမ်းကျင်မှု တိုးတက်အောင် ဖန်တီးထားပါတယ်။

💡 Speakout Series သင်ကြားသင့်တဲ့အကြောင်းအရင်းများ –
🔹 BBC မှ ရယူထားတဲ့ ဗီဒီယိုများဖြင့် တကယ်ကြည့်နေရသလိုသင်ကြားမှုစနစ်
🔹 စကားပြော၊ နားထောင်၊ ဖတ်၊ ရေး စတဲ့စွမ်းရည်လေးခုလုံး တပြိုင်နက်တည်းဖွံ့ဖြိုးစေခြင်း
🔹 သဘောပေါက်စေတဲ့ သဒ္ဒါ၊ ဝေါဟာရ သင်ခန်းစာများ
🔹 ဆွေးနွေးမှု၊ အမျိုးမျိုးသောအလုပ်အကိုင်၊ ခရီးသွားခြင်း၊ နည်းပညာစတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများ

📚 သင်တန်းပုံစံ –
🗓️ တစ်ပတ်ကို သုံးကြိမ်သင်ကြား (အချိန်စာရင်းပြင်ဆင်နိုင်)
📘 Student Book + Workbook + Audio + BBC Video Resources များပါဝင်ခြင်း
🧑‍🤝‍🧑 Speaking practice, Roleplay, Listening tasks, Pronunciation Workshops များပါဝင်ခြင်း

📈 Speakout Series အဆင့်များ –

📘 အဆင့် CEFR အဆင့် သင်ယူရန်သင့်လျော်သောသူများ
Starter A1
အခြေခံပညာမရှိသေးသော စတင်သူများ
Elementary A2
အနည်းငယ်နားလည်ပေမဲ့ ပြောဆိုခြင်းအတွက် တိုးချင်သူများ
Pre-Intermediate B1-
ရိုးရိုးအခြေအနေများကို ပြောနိုင်ပေမဲ့ ပိုမိုတိုးချင်သူများ
Intermediate B1+
နေ့စဉ်ဘဝအတွက် ပြောနိုင်သူများအတွက် Grammar/Accuracy တိုးချင်သူများ
Upper-Intermediate B2
ပရော်ဖက်ရှင်နယ်၊ အများရှေ့မှာ ယုံကြည်စွာပြောချင်သူများ
Advanced C1
ပညာရေး၊ အလုပ်သုံးအင်္ဂလိပ်မှာ ကျွမ်းကျင်ချင်သူများ

🧠 တစ်ယူနစ်အတွင်း ပါဝင်မယ့်အကြောင်းအရာများ –

🎬 BBC Video များဖြင့် Listening & Speaking

📖 သဒ္ဒါနှင့် ဝေါဟာရ သင်ခန်းစာများ

🗣️ အသံထွက် (Pronunciation) လေ့ကျင့်မှု

✍️ မူရင်းတန်ဖိုးရှိတဲ့ ဖတ်စာ၊ ရေးစာ

👥 Pair Work, Group Discussion

📩 စာရင်းပေးသွင်းရန် & Placement Test အတွက် messenger, phone နဲ့ email မှာဆက်သွယ်မေးမြန်းလိုက်ပါ။
သင်တို့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ ခရီးသွားရေး လမ်းကြောင်းမှာ တကယ်ကျက်သရေရှိအောင် Speakout Series နဲ့အတူ တကယ်ပြောတတ်တဲ့ လူတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။

✨ Let’s Speak Out together! ✨

🎙️ Unlock Real-Life English Communication with the Speakout Series! 🌍
I’m thrilled to begin teaching the Speakout Series – a comprehensive English course developed by Pearson in collaboration with the BBC, designed to build real-world communication skills from beginner to advanced levels.

💡 Why Choose Speakout?

🔹 Real-life BBC video content for authentic language learning

🔹 Balanced focus on speaking, listening, reading, and writing

🔹 Strong grammar and vocabulary development in context

🔹 Engaging topics and communicative tasks to build fluency

📚 Course Format:

🗓️ 3 classes per week (flexible scheduling available)

📘 Includes Student Book, Workbook, Audio, and BBC Video Resources

🗣️ Activities include: group discussions, roleplays, pronunciation practice, listening tasks, and real-world scenarios

📈 Speakout Level Overview:

Level CEFR Level Ideal For
Starter ( A1 ).
True beginners who are starting from scratch
Elementary (A2)
Learners with basic understanding
Pre-Intermediate (B1- )
Learners who can express simple ideas but want to grow fluency and accuracy
Intermediate (B1+)
Those who can handle everyday communication but want to go deeper and polish grammar
Upper-Intermediate (B2)
Learners aiming for confident communication in social and professional settings
Advanced ( C1 )
High-level users who want to refine fluency and use nuanced English in academic or work contexts

🧠 Each unit includes:

🎬 BBC video clips and listening activities

📖 Grammar and vocabulary in context

🗣️ Pronunciation workshops

✍️ Reading and writing with real-life application

🧑‍🤝‍🧑 Pair and group speaking tasks

📥 Join Now!
Whether you're preparing for work, study, or travel, the Speakout Series will help you communicate clearly and confidently in real life.

📩 Contact me for placement testing, class schedules, or registration info.

Let’s Speak Out and build your English future together! 🌐✨


#အင်္ဂလိပ်သင်တန်း

Want your school to be the top-listed School/college in Lashio?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Lashio