Fourth Burma

Fourth Burma

Share

The fourth Empire of Burma.

18/05/2022

ရက်စက်လိုက်ကြတာကွာ...😰😰😰

12/11/2021

For myday...😔💔🥀

Photos from Fourth Burma's post 12/11/2021

Covid 19ကာလမှာXiaomi ရဲ့ပံ့ပိုးမှုနဲ့အတူ Xiaomiဖုန်းများကိုမြန်မာနိုင်ငံသားများအတွက် Fourth Burma ကတစ်ဆင့် မဲဖောက်ပေးသွားမှာပါ...

ပထမဆုံးမဲဖောက်ပေးမဲ့ဖုန်းကတော့ Redmi K30 5G (5) လုံးဖြစ်ပါတယ်...

Red Mi K 30 5G
Ram 8GB
Rom -128Gb

ဘယ်လိုကံစမ်းရမလဲဆိုတော့အခုPost ကို

1.Gp -1 ခုမှာ ရှယ်ပါ

2. Gp-1 ခုမှာ ရှယ်ပြီးရင်တော့ ss မန့်ပေးပါ

3. Page ကို Like and Follow လုပ်ပါ

မဲဖောက်ပေးမည့်ရက်
1 . 12 . 2021 6:00 PM

မဲဖောက်ပေးမှာကိုLiveလွင့်ပေးမှာ
မလို့PageကိုLike လုပ်ထားဖို့မမေ့ပါနဲ့...


Burma

03/07/2021

ဘယ် Team ရောက်ရောက်အားပေးနေပါတယ်
Burmese Ghouls မှာ ICE ICE တစ်ယောက်
တည်းကျန်​ေနခဲ့ရမှာဆိုတော့ AI ကိုမလိုက်ခဲ့တော့ဘူးနော်...😪😪😪

You
beget "PVNDV"(Coach)
god "Rubbydd"
god "ACE"
killer "Dee"
lane god "Kid"
pride "Maybe"

23/04/2021

မြန်မာပြည်ကြီး ငြိမ်းချမ်းသွားတဲ့တစ်နေ့ကျရင်...
ဂိမ်းတွေ တစ်ဝကြီးပြန်ဆော့ပစ်ရမယ်...😌🎮

Ra Htar!

23/04/2021

I am solo player...
Why? I not have friend...

09/03/2021

မြှောင် ေမြှာင် 😁😁😁

13/01/2021

အရုပ်ကြီးကလည်း ပစ်မှားချင်စရာကြီး 😬😬😬

31/12/2020

Good bye 2020 ... 😔💔🥀


Ra Htar!

Photos from Fourth Burma's post 13/12/2020

စွယ်စုံရမင်းသားကြီး ဝင်းဦး ကွယ်လွန်ခဲ့သည်မှာ_
ဒီဇင်ဘာလ၁၄ရက်နေ့ဆိုရင် ၃၂နှစ်ရှိပါပြီ

စွယ် စုံ ရ အ နု ပ ညာ ရှင် .... ၀င်းဦး (၁၃-၃-၁၉၃၅) - (၁၄-၁၂-၁၉၈၈)

တပ်မတော်သားဗိုလ်ကြီးကိုဦး၊စာရေးဆရာလေး ညိုမင်းလွင်....
ဒါရိုက်တာ၀င်းဦး.....မင်းသားဝင်းဦး....အဆိုတော်ဝင်းဦး.....
ကဗျာဆရာဝင်းဦး....စာရေးဆရာဝင်းဦး......

မြန်မာ့ အနုပညာ သမိုင်းတွင် ထူးချွန်သော ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ်တကျ စီမံခန့်ခွဲ တတ်သော ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်နှင့် မဂ္ဂဇင်း စာအုပ် ထုတ်ဝေသူ ပိုင်ရှင်မှာ ဝင်းဦးပင် ဖြစ်သည်။

၀င်းဦးသည် ၁၉၃၅-ခုနှစ်၊ မတ်လ(၁၃)ရက်နေ့၊ အဖ ဦးဘညွန့်(ချစ်ဒုက္ခ)+ အမိ ဒေါ်မင်နီဘခက် (အင်္ဂလိပ်ခေတ်၊ ဆရာ၀န်ကြီး ကာနယ်ဘခက်၏ သမီး) တို့မှ ရန်ကုန်မြို့၌ ဖွားမြင်သည်။ မွေးချင်းငါးဦးရှိသည့်အနက် တတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ လှမြင့် ဖြစ်သည်။ မွေးချင်းများမှာ-

၁။ တင်တင်ဦး (မေယု) ရုပ်ရှင်မင်းသမီး
၂။ ကိုကျော်၀င်း (ဝင်းညွန့်) ရုပ်ရှင်မင်းသား
၃။ ကိုဦး (၀င်းဦး) ရုပ်ရှင်မင်းသား
၄။ အောင်မိုး ရုပ်ရှင်မင်းသား
၅ ။ တက္ကသိုလ် ကြည်ရွှင် ရုပ်ရှင်မင်းသား တို့ဖြစ်သည်။

ဝင်းဦး ဟု အမည်မှည့်ခေါ်ခြင်းမှာ ၁၉၆၀-ပြည့်နှစ်၊ ရှုမ၀ မဂ္ဂဇင်း၌ ရေးသားသော တက္ကသိုလ်ကျောင်းသား တစ်ဦး ၀တ္တုရှည်ကြီးမှစ၍ အစ်မဖြစ်သူ တင်တင်ဦး (မေယု) နှင့် အစ်ကိုဖြစ်သူ ကိုကျော်၀င်း (ဝင်းညွန့်) တို့၏အမည်မှ ရှေ့ဆုံးနှင့် နောက်ဆုံး စာလုံးများကိုယူ၍ ၀င်းဦး ဟူသော ကလောင်အမည်ကို ယူခဲ့ခြင်း ဖြစ်သည်။

★ ကိုယ်ရေးဖြစ်စဉ်

ဝင်းဦးသည် ရန်ကုန်တွင် မွေးဖွားကာ အသက်ငါးနှစ်အရွယ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သဖြင့် မိခင်၊ မောင်နှမများ နှင့်အတူ စစ်ကိုင်းတောင်တွင် စစ်ဘေးရှောင်ပုန်း နေရသည်။ ထိုစဉ်တွင် မိခင်ရင်း ကွယ်လွန်ခဲ့သည်။ ဒုတိယမိခင် ဒေါ်အုန်းခင် (အငြိမ်းစား ကထိက) ၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ ဆရာကြီး ဦးဘ အုပ်ချုပ်သည့် (တီတီစီ လေ့ကျင့်ရေးကျောင်း) တွင် ပညာကို စတင်သင်ယူခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် တီတီစီ ကျောင်းမှပင် ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) အောင်မြင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ် ပညာကို နှစ်နှစ်နေပြီး ဆက်လက် မသင်ပဲ ဗိုလ်သင်တန်း အပတ်စဉ် (၈)ကို တက်ရောက်ခဲ့သည်။ တပ်မတော် (ကြည်း) သို့ ၁၉၅၂-ခုနှစ်တွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ ဒုတိယဗိုလ် လှမြင့်မှနေ၍ ဗိုလ်ကြီး ကိုဦး အမည်ဖြင့် တပ်မဟာ (၅)၊ တပ်ရင်း (၇) တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်း စစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉-ခုနှစ်တွင် သြစတြေးလျ နိုင်ငံသို့ လေထီးပညာရပ်များ သွားရောက်သင်ကြားခဲ့သည်။ ပြန်ရောက်လာသောအခါ မှော်ဘီရှိ လေထီးသင်တန်းကျောင်းမှာ နည်းပြဗိုလ်ကြီးအဖြစ် ဆက်လက်တာ၀န် ထမ်းဆောင်သည်။ ၁၉၆၁-ခုနှစ်တွင် ဗိုလ်ကြီး အဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်ခဲ့သည်။

ဝင်းဦးသည် ကျောင်းသားဘဝကပင် သွေးသောက်မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင်ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ `ညိုမင်းလွင်´အမည်မှာ ဒဂုန်မဂ္ဂဇင်းတွင် ညိုမြ (အိုးဝေညိုမြ) ရေးသားသော ၀တ္တုတိုတစ်ပုဒ်၏ အမည်ဖြစ်ပြီး ထို၀တ္တုအား နှစ်သက်စွဲလန်းသည်ကို အကြောင်းပြု၍ ကလောင်အမည် မှည့်ခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ `ဂျိန်း´ဖြစ်သည်။ ၁၉၆ဝ-ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ `တက္ကသိုလ် ကျောင်းသားတစ်ဦး´ မဂ္ဂဇင်းဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင် အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ ဝင်းဦးဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင်ဖြစ်သည်။ `မင်းထင် ရွှေမှန်´ ရာဇ၀င်ကားအတွက် ဇာတ်ညွှန်းရေးသား၍ ရုပ်ရှင်နယ်သို့ ရောက်ရှိလာခဲ့သည်။

ဝင်းဦး၏ ပွဲဦးထွက် ဇာတ်ကားမှာ ၁၉၅၇-ခုနှစ်၊ ရှုမဝမဂ္ဂဇင်းတွင် ဝင်းဦးကိုယ်တိုင် ရေးသားခဲ့သော `နှစ်ယောက်ထဲ နေချင်တယ်´ ဝတ္ထုရှည်ကို ရိုက်ကူးခြင်းဖြစ်သည်။ နှစ်ယောက်ထဲ နေချင်တယ် ဇာတ်ကားနှင့် အတူ ဇာတ်ဝင်တေး တစ်ပုဒ် ဖြစ်သော `မီးပုံပွဲ´ သီချင်းသည် တစ်နိုင်ငံလုံးသို့ ဝင်းဦး၏ နာမည်နှင့် တွဲပြီး ဖုံးလွှမ်းသွားခဲ့သည်။

ဝင်းဦးသည် အခြား ရုပ်ရှင် ကုမ္ပဏီများ အတွက် ပါဝင်သရုပ်ဆောင် ပေးခဲ့သည်သာမက မိမိ ကိုယ်တိုင်လည်း စန္ဒာရုပ်ရှင် ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ဝင်းဦး ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး သူကိုယ်တိုင် ပါဝင် သရုပ်ဆောင် ခဲ့သော `ဆောင်းအိပ်မက်´ ဇာတ်ကားတွင် ဝင်းဦး၏ ဒါရိုက်တာပညာ၊ သရုပ်ဆောင်ပညာကို ချီးကျူးဖွယ်ရာ တွေ့ရသည်။ ဤဇာတ်ကား မှာပင် ဝင်းဦးသည် ပထမဆုံး အကြိမ် အကယ်ဒမီ ရခဲ့သည်။ ဆက်လက်၍ ဝင်းဦး ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာ လုပ်ပြီး ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သော `မှုံရွှေရည်´ဇာတ်ကား၌ ၁၉၇ဝ ပြည့်နှစ် အတွက် ဒုတိယ အကြိမ် အကယ်ဒမီ ရခဲ့ပြန်သည်။ မြန်မာ့အသံမှ ရေဒီယိုဇာတ်လမ်းများတွင် အသံဖြင့် ပါ၀င်သရုပ်ဆောင်ခဲ့သည်။ ရုပ်မြင်သံကြားဇာတ်လမ်းများကိုလည်း ကိုယ်တိုင်ပါ၀င်ရိုက်ကူးပြီး ထုတ်လွှင့်ခဲ့သည်။

★ အဆိုတော်ဘ၀

၀င်းဦး အစပြုခဲ့သည့် သီချင်းမှာ `တေလေငှက်´ဖြစ်သည်။ ထိုသီချင်းကို `ချစ်သောသူ တစ်ယောက်´ဇာတ်ကားတွင် သရုပ်ဆောင် သီဆိုခဲ့ခြင်း ဖြစ်သည်။ ၀င်းဦးသည် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာ သီဆိုနိုင်သူ ဖြစ်သည်။ အချစ်၊ အလွမ်း၊ တိုင်းပြုပြည်ပြု သီချင်းပေါင်း များစွာ သီဆိုခဲ့သည်။ တစ်ချိန်က မန္တလေးသင်္ကြန်တွင် မြို့မ အပျော်တမ်း တူရိယာအဖွဲ့နှင့် တွဲဖက်၍ သီချင်းများ သီဆိုခဲ့သည်။ မန္တလေးသင်္ကြန်နှင့် ၀င်းဦးသည် ဒွန်တွဲနေပေသည်။

★ အမျိုးသားဇာတ်ဆောင်ဆု

အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

၁၉၆၇-ခုနှစ် (ဆောင်းအိမ်မက်)ဇာတ်ကား
၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား

★ ဓာတ်ပြားကုမ္ပဏီ

၀င်းဦးသည် ကင်း၀န်အမည်ရှိသော ဓာတ်ပြားကုမ္ပဏီကိုလည်း တည်ထောင်၍ ဓာတ်ပြားများ ထုတ်လုပ်ဖြန့်ဖြူး ခဲ့သေးသည်။ အထူးသဖြင့် ကိုယ်တိုင်သီဆိုသည့် သီချင်းများ ဖြစ်သည်။

★ စန္ဒာပုံနှိပ်တိုက်

ဝင်းဦးသည် စန္ဒာပုံနှိပ်တိုက်ကို တည်ထောင်ပြီး စန္ဒာမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ စန္ဒာမဂ္ဂဇင်းသည် မြန်မာနိုင်ငံ စာပေသမိုင်းတွင် ရောင်စုံ အော့ဖ်ဆက် (OFFSET) နည်းဖြင့် ထုတ်လုပ်သော ပထမဆုံး ပုဂ္ဂလိက ရောင်စုံ မဂ္ဂဇင်း ဖြစ်သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦးသည် ခင်မောင်ဝင့် ကလောင် အမည်ဖြင့် ကမ္ဘာ့ ရုပ်ရှင်၊ မြန်မာ့ ရုပ်ရှင် အကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ စန္ဒာ မဂ္ဂဇင်းတွင် ကလေးများ အတွက် ဦးဦး ပုံပြောမယ်၊ အမျိုးသမီးများ အတွက် မရှပ်တေး ဟူသော အခန်း ကဏ္ဍများ ခွဲ၍ တင်ပြမှုကြောင့် ကလေး၊ လူကြီး၊ ကျားမ မရွေး ကြိုက်နှစ်သက်သော မဂ္ဂဇင်း တစ်စောင် အဖြစ် ကျော်ကြားခဲ့ပြီး မြန်မာနိုင်ငံတွင် စောင်ရေ အများဆုံး ထုတ်ဝေရသည့် မဂ္ဂဇင်း ဖြစ်ခဲ့သည်။

ကလောင် အမည်ခွဲများ - ညိုမင်းလွင်၊ ခင်မောင်ဝင့်

ထို့ အပြင် အားကစားနှင့် လူမှုရေးလုပ်ငန်းများတွင်လည်း ပါ၀င်ဆောင်ရွက် ကူညီခဲ့သူဖြစ်သည်။

★ ဘ၀နိဂုံး

၁၉၈၈-ခုနှစ်တွင် မကျန်းမာ၍ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ဆေးကုသမှု ခံခဲ့သည်။ ဆေးကုသမှုခံယူရင်း ဗြိတိန်နိုင်ငံတစ်ခွင် ခရီးလှည့်လည် လေ့လာခဲ့သည်။ ပြည်သူကို ချစ်သော ဝင်းဦး၊ ပြည်သူက ချစ်သော ဝင်းဦးသည် ၁၉၈၈-ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူ ပြည်သားများကို ကျောခိုင်းကာ လူ့ဘဝကို စွန့်ခွာသွားခဲ့သည်။ ခိုင်မာလာနှင်းဆီ ဇာတ်ကား ရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်က ၀င်းဦး အသုဘသည် လွန်စွာစည်ကားခဲ့သည်။

★ ဝင်းဦး ရေးသား ပြုစုခဲ့သော စာအုပ်များ

အာကသဒုံးယာဉ် လက်နက်များ - ၁၉၆၁ ခုနှစ်
အသက်ရှင်နေနည်းနှင့် လေဟာပြင်ခရီး - ၁၉၆၁ ခုနှစ်
နုနုငယ်ငယ် - ၁၉၆၁ ခုနှစ်
လွမ်းလေသူ အမိုက်အမဲ (ဝတ္ထုတိုပေါင်းချုပ်) - ၁၉၆၂ ခုနှစ်
မုန်းလဲမေ့ပါနိုင် - ၁၉၆၂ ခုနှစ်
အသည်းစား မဟာရာဇာ၏ ရှင်းတမ်း - ၁၉၆၂ ခုနှစ်
တက္ကသိုလ် ကျောင်းသားတစ်ဦး - ၁၉၆၂ ခုနှစ်
ပန်းကြဲတဲ့ ဖဲစက်ရာမှာ - ၁၉၆၃ ခုနှစ်
တေးသီချင်းဆန်းများ - ၁၉၆၃ ခုနှစ်
မျက်ရှု - ၁၉၆၆ ခုနှစ်
ကျွန်တော်မွှေးတဲ့မီး - ၁၉၆၉ ခုနှစ်
တေးပေါင်းချုပ် - ၁၉၆၉ ခုနှစ်
တေးပေါင်းချုပ် လက်ရွေးစင် - ၁၉၆၉ ခုနှစ်
နှလုံးသား အသစ်နှင့် ချစ်မယ့်သူ - ၁၉၇ဝ ပြည့်နှစ်
ဆွေး - ၁၉၇၁ ခုနှစ်
မိန်းမလှအမုန်း - ၁၉၇၁ ခုနှစ်
ငွေလှိုင်းဇာခြည်ပေါ်မှာ - ၁၉၇၁ ခုနှစ်
ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတယောက်အကြောင်း - ၁၉၇၁ ခုနှစ်
ရေဒီယိုတေးများ - ၁၉၇၁ ခုနှစ်
လတန်ခူးပေမို့ - ၁၉၇၁ ခုနှစ်
သြစတြေးလျမှ ချစ်သမျှအကြောင်း - ၁၉၇၂ ခုနှစ်
ကြင်နာသူအသည်း - ၁၉၇၂ ခုနှစ် (ဤစာအုပ်ကို ချစ်သူကြင်သူမြတ်နိုးသူ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။ အတည်ပြုချက်လိုအပ်သည်။)
ချစ်ဦးသူနှင့် ချစ်ဖူးသူ - ၁၉၇၂ ခုနှစ်
နောင်အင်းလေး - ၁၉၇၂ ခုနှစ်
နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂွတို - ၁၉၇၃ ခုနှစ်
ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန် - ၁၉၇၉ ခုနှစ်
ပုဂ္ဂိုလ်ကျော် (၁၃) ဦး -
နှစ်ယောက်ထဲ နေချင်တယ်
မျှော်လင့်ခိုး သံသရာဝယ်
သိုး - ၁၉၈၁ ခုနှစ်
သည်ခေတ် သည်အရွယ် သည်လိင်ကိစ္စ

★ သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ

နှစ်ယောက်ထဲ နေချင်တယ် (တင်တင်မူ)
မောင်တို့ချယ်ရီမြေ (ခင်သန်းနု)
မုန်းတစ်လှည့် ပြုံးတစ်လှည့် (တင်တင်အေး)
ပိတောက်ရိပ်၀ယ် (နှင်းဆီ)
ချစ်သဲ (ကြည်စိုး၊ ဝါဝါဝင်းရွှေ)
ရင်သွေးရင်နှစ် (ဝါ၀ါ၀င်းရွှေ)
ညီညီလွင် (ဝါ၀ါ၀င်းရွှေ)
မုန်းမေ့ပါနိုင် (တင်တင်မူ၊ သီသီ၊ ဝါ၀ါ၀င်းရွှေ)
ချစ်သောမောင်မောင် (သီသီ)
ချစ်သူရွေးမယ် ချစ်ဝဲလယ် (မြင့်မြင့်ခင်၊ ချိုပြုံး၊ တင်တင်နွဲ့၊နွဲ့နွဲ့မူ၊ မြင့်မြင့်ခိုင်၊ စမ်းစမ်းအေး၊ စန္ဒာ) (ရှစ်ကိုယ်ခွဲ သရုပ်ဆောင်သည်။)
တစ်ပွင့်တည်းပန်မယ် (ကြည်ကြည်ဌေး)
တိမ်လွှာမို့မို့လွင် (မြင့်မြင့်ခင်)
ချစ်သောသူ တစ်ယောက်
ဘယ်ပြေးမလဲ မိချိုသဲ (စန္ဒာ)
သိကြားစေ သက်သေညွှန်း (ဝါ၀ါ၀င်းရွှေ၊ ခင်သန်းနု)
ဆောင်းအိပ်မက် (တင်တင်အေး)
မောင့်အချစ်တော် (ချစ်စပယ်)
မောင်မောင်နှင့် သိင်္ဂီ(စံရှားတင်)
တိမ်ဦးလေပြေ မောင့်ကိုစေ (ခင်ယုမေ)
မောင်ချော့မြှူပါ့မယ် (ကြည်ကြည်ဌေး)
သိုး (ကောလိပ်ဂျင်နေ၀င်း၊ ခင်သန်းနု)
အတွယ်အတာ (စန္ဒာလင်း)
မုံရွှေရည် (ခင်သန်းနု)
ဆုထူးငယ် ပန်းရွယ်သွန်း
ဤစံအိမ်၀ယ်
နှင်းပျောက်တဲ့နွေ
သက်တန့်ပေါ်က လူတစ်ယောက်
ဗိမ္မိဿရ (အေဝမ်း ဦးတင်မောင်၊ ကြည်ကြည်ဋ္ဌေး)
ရည်းစားဓားပြ
ကျောက်မဲအကျဉ်းသား
မုန်းပါတယ်မောင့်ကို (ဖိုးပါကြီး၊ မြင့်မြင့်ခင်)
ဝေဠု
ငွေလှိုင်းဇာပေါ်မှာ
တစ်ကျော့နှစ်ကျော့ တေးကိုသီ (တင်တင်မြ၊ ချိုပြုံး)
ခိုင်မာလာနှင်းဆီ (နောက်ဆုံး ဇာတ်ကား)

Credit

05/12/2020

We are champion 🏆🏆🏆

Ghouls

Want your business to be the top-listed Gym/sports Facility in Lashio?
Click here to claim your Sponsored Listing.

Category

Website

Address


Lashio