SHINE - usa
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHINE - usa, Education, Lashio.
13/05/2023
Grade12 အစိုးရစစ် စာမေးပွဲကို အကောင်းဆုံး ဖြေဆိုအောင်မြင်နိုင်စေရန်
SHINE Education မှာ လေ့လာမှုကောင်းသော ၊ စာသင်သက်အတွေ့အကြုံများသော ဆရာ/မများဖြင့် အနီးကပ်ကြပ်မတ်သင်ကြားနေပါပြီ။
တစ်ခန်းလျှင် ကျောင်းသား/သူ ဦးရေ (10)ဦးသာ လက်ခံပါသည်။
#(ဆက်သွယ်ရန်) #ရပ်ကွက်(10)တိုင်းရုံးလမ်း''သစ္စာလမ်းသွယ်(2)'09450223864
24/03/2023
သင်ရိုးသစ်နှင့်နယ်ဆရာ/မ၏ အခက်အခဲ.................................................................
သင်ရိုးသစ်ဆိုတာနှင့် သွားရည်တွေကျလောက်
အောင် မျက်နှာဖုံးလေးရိုက်ပြပြီး။
မာတိကာလေးပြပြီး။ ရာသီစာပမာ ဆရာ/ဆရာမအမည်ခံ စီးပွားရေးသမားတွေကလည်း
မတန်မဆဈေးနှုန်းတွေနဲ့ သင်ရိုးသစ် ပုံနှိပ်ဈေးကွက်က ဒေါ်လာဈေးကွက်ထပ်ပင် အံ့ဩစရာ ကောင်းလောက်အောင်လား?
နယ်ဆရာ/မများကတော့ အဆင်ပြေသည်ဖြစ်စေ၊
မပြေသည်ဖြစ် အံ့ကြိတ်ပြီး။ မျက်နှာသွေးပြကာ
လေပြေလေးနဲ့ #စာအုပ်လေးလို့ချင်ပါ ။
ငွေလွဲပြီးသည့်တိုင်း #ဘယ်နေ့ဘယ်ရက်ပို့မလဲ
ဆိုတဲ့ ပြန်စာတောင် မရလိုက်လို့ ရင်မောစွာစောင့်မျှော်ရင်းပေါ့😷🤔
ဪ.....ဒါ့အပြင် သင်ရိုးသစ် ဆရာလမ်းညွှန်း
သင်တန်းတွေကလည်း အချိန်မှီလေး ဂွင်ဖန်ဆရာ
တွေကလည်း အများအပြား၊ အဆင်မပြေတဲ့ နယ်
ကဆရာ/မတွေအတွက်တော့ စိတ်မကောင်းစရာပင်။ ဆရာ/မကို ပြန်လည် သင်ကြားပေးနေတာက
#ဝေဖန်တာမဟုတ် ပုံနှိပ်ကိုဖတ်ပြရုံဖြင့် မလုပ်စားကြပါနဲ့ဗျာ။
ဆရာက ဆရာများကိုရှင်းလင်းပြောနေသည်က
ဆရာအချင်းချင်းနားလည်ရုံလောက်ဖြင့် လမ်းညွှန်းရုံလောက် မဖြစ်သင့်ပါ။ ကျောင်းသားကို ဘယ်ကဲ့သို့သဘောပေါက်နားလည်အောင် သင်ကြားပေးရမည်ဆိုတဲ့ လမ်းညွှန်း မှုများရှိသင့်ပါတယ်။
ဒဲ့ပြောတာပါ။
ပညာတွေအများကြီးသိနေတတ်နေရုံဖြင့် ဘယ်ကဲ့သို့လမ်းညွှန်းပို့ချရမည်ဆိုတာ ထပ်မံလေ့လာစေချင်ပါတယ်။ကျောင်းသားတွေရဲ့ရင်ဘတ်ထဲ
ဝင်ကြည့်ပြီးဆရာတွေကိုလမ်းညွှန်းပေးကြပါဗျာ။
နယ် ဆရာ/မလေးများတို့မှာ အချိန်သာကုန်
၍ စိတ်ချဉ်ပေါက်ကာ တိတ်တိတ်လေး နေလိုက်
ကြရတာ 🤔😷😷
နယ်ဆရာ/မများအတွက် ဝမ်းသားစရာတွေက
တွေ့ရပါတယ်။
စေတနာ ဆရာစစ်တွေကတော့ သင်ရိုးသစ်ဆိုတာကို တစ်မျက်နှာရရ နှစ်မျက်နှာရရ
အမြန်လေးတင်ပေးမျှဝေနေသည်အပြင်၊ ဘာသာပြန်အဖြေလေးပါ။စေတနာဖြင့် မျှဝေနေပါတယ်။
ထို့ပြင် ငွေကြေးမပေးရပဲ ဆရာ/မများအားလုံးအတွက်စေတနာ သင်တန်းတွေဖွင့်နေသည်က
အတိုင်းအထက်အလွန် ဝမ်းသာမိပါတယ်။
စပ်သွားကြလျှင်ဆားနည်းနည်းထည့်လိုက်ပါ။
ဆရာစစ်များအား အစဉ်ရိုသေလေးစားလျက်
ညီညီနိုင် (ပိုင်အိုးနီးယား)
23.3.2023
18/03/2023
G-12 သည် တက္ကသိုလ်ဝင်တန်း ဖြစ်သည်ကိုရေးသားခြင်းတွင် တချို့ဆရာ/မတွေ အမြင်မှာ
G-12 ဖြဲ ချောက်ပြီး ကပက၊ဘော်ဒါများအား
တက်ရောက်ရန်ဖြစ်သည်ဟု တွေးထင်နေကြသည်မှာလုံးဝ မဟုတ်ပါ။
အဓိကရေးသားခြင်းက မိဘများနှင့် ကျောင်းသား/သူများ G-12 အား မပေါ့ဆရန်
ရည်ရွယ်ပါသည်။
Grade-12 ပြီးမြောက်သူတွေဟာ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမှာ ဖြစ်ပါတယ်။ ယင်းတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူတွေဟာ တက္ကသိုလ်တွေကို တိုက်ရိုက်တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ မအောင်မြင်သူတွေကို အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (Hight School Completion Certificate) ထုတ် ပေးမှာဖြစ်ပါတယ်။ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိခြင်သည် National Qualification Framework ရဲ့ Level-3 အဆင့် ပြီးမြောက်သွားတယ်လို့ သတ်မှတ်မှာဟုပင် 2019ခုနှစ်ဇွန်လကတည်းကပင် ဆိုင်ရာပညာရှင်များပြောကြားရေးသားထားကြပါသည်။
G-10.G,-11တွင် A တွေရစေခြင်းသည် အခြေခံ
ကောင်းအောင်ပင်ဖြစ်သည်။ လုပ်ဇာတ်နှင့် မိဘစိတ်ချမ်းသာအောင်ပေးသောA ကိုမဆိုလိုပါ၊😷
လက်ရှိကြုံရသောပြသာနာက သင်ရိုးသစ်စာအုပ်
များပြသာနာပင် ယခုအချိန်မှာ ဆရာများပင် စုံလင်စွာမရသေးပါ။ကျောင်းသားများအတွက်ကတော့ စဉ်းစားစရာပင်မလိုပါ။
ရရှိသောစေတနာထားသော ဆရာများ၏မျှဝေခြင်းကိုသာ ကျောင်းသားသူများအနေဖြင့် ဖတ်မှတ်လေ့လာထားစေချင်ပါတယ်။ မည်သူထံမှတက်ရောက်ရန် မညွှန်းကြားပါ။
English poem များ English.. Units များ ဖတ်မှတ်လေ့လာထား၍ရနိုင်ပါသည်။
G-11 မှသင်ကြားခဲ့သော Grammar များ လေ့ကျင့်ထားအကျိုးယုတ်သွားမည်မဟုတ်ပါ။
Chemistry ဘာသာရပ်တွင်လည်း G-11မှ Chapter -8 Organic Chemistry ကို ပြန်လည်
မှတ်သားလေ့လာကျွမ်းကျင်ပါက G-12 အတွက်
အကျိုးများစွာရနိုင်ပါသည်။
သင်ရိုးသစ်စာအုပ်ကိုမျှော်လင့်နေမည့်အစား
ပြီးမြောက်ခဲ့သည် G-11တွင် G-12 အထောက်အကူပြု သင်ခန်းစာတို့အား ထပ်မံကျွမ်းကျင်တတ်အောင်ပြန်လည်လေ့လာစေချင်ပါသည်။
တချို့မေးမြန်းထားတာတွေ့ရပါသည်။
G-12 အကျရှိပါသလား?တဲ့
ဟုတ်ကဲ့ပါ။ သက်ဆိုင်ရာကျောင်းများတွင်
အထက်တန်းပြီးမြောက်ကြောင်း Hight School Completion Certificate လက်မှတ်တော့ရရှိပါမည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရပါမည်။
အောင်/ရှုံးရှိပါမည်။
ဆက်လက်ရေးသားပါအုံးမည်။
NNN(Pioneer)
Photo...crd
21/02/2023
Grade 5*
Grade 9*,10*,11*,12*
လက်မခံသေးပါ ၊
2023ခုနှစ်
4လပိုင်း ကုန်ခါနီးမှ လက်ခံမည်။
09450223864
😍ည ည ဆို အိပ်မရ
😍သိပ်လှတဲ့ သမီးလေး က
2y8m6d
02/09/2022
#သိပ်တော်တဲ့မိန်းမတိုင်းဟာ
~~~~~~~~~~~~~~~~~~~~~~~~~~
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
အရှုံးကို အပြုံးနဲ့ သိမ်းပါတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
သူမရဲ့ လှပမှုကို ကိုယ်ကျင့်တရားနဲ့
ထိန်းသိမ်းတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
နာကျင်မှုကို တိတ်ဆိတ်ခြင်းနဲ့ ထိန်းသိမ်းတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
မနာလိုခြင်းနဲ့ အချိန်မဖြုန်းဘူး
ကိုယ့်အစွမ်းအစကိုပဲ တိုးတက်အောင်
ချိန်ဆနေတတ်တယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ကိစ္စရပ်တိုင်းကို မြန်ဖို့ထက် မှန်ဖို့ကိုပဲ
အာရုံစိုက်ကြတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ဝမ်းနည်းစရာ အတိတ်ကို
ဒိုင်ယာယီထဲမှာပဲ သိမ်းထားတတ်ကြတယ်
သတိရမှ ပြန်ဖတ်ပြီး ပြုံးတတ်ကြတယ်
ပျော်စရာ အနာဂတ်ကိုလည်း
နေ့တိုင်း ဖန်တီးယူနေတတ်တယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
သွေး ထွက်မှာထက် မျက်ရည်ကျမှာကို
သေမလောက် ကြောက်ကြတယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
ငွေမက်ခြင်းက သူမဘဝကို မလုံခြုံမှန်း
သိထားကြတယ်
စစ်မှန်တဲ့ ရိုးသားဖြူစင်ခြင်းကိုသာ
သူမ ရွေးချယ်တယ်
သိပ်တော်တဲ့ မိန်းမတိုင်းဟာ
မာနကို သူမရဲ့ လက်နက်တစ်ခု အဖြစ်
အသုံးမပြုဘူး
စာနာစိတ် ထားတယ်
မာယာများဖို့ထက်
ဒဏ်ရာများခဲ့တာကိုပဲ
သူမ ပိုအမှတ်ထားတယ်
Juu __ ဂျူး 🥰
#မျှဝေသည်စာဖတ်သူများသို့__လေးစားလျှက်
25/08/2022
အဲ့လို စာသင်ပုံမျိုး မြန်မာပြည်မှာ မရှိဘူး‼️
စာသင်တဲ့ ပထမနေ့ပဲရှိသေး၊ စာသားတွေက
မိနစ်ပိုင်းအတွင်း နှလုံးသားထဲအထိ စွဲကျန်ရစ်ခဲ့တဲ့ လက်တွေ့ကျတဲ့ ဥပမာ... ။
" ကျောင်းစတဲ့နေ့မှာ
ဥပဒေဆရာက အတန်းထဲကို ဝင်လာတယ်။"
ပထမဆုံး သူလုပ်တာကတော့
ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့
ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို မေးလိုက်တယ်။
- သင့်နာမည်ဘယ်လိုခေါ်လဲ?
- ငါ့နာမည်က နယ်လ်ဆင်ပါ။
- ငါ့အတန်းထဲကထွက်သွားပြီး ဘယ်တော့မှပြန်မလာနဲ့
ဆိုပြီး သူ့ကို အမိန့်ပေးလိုက်တယ်။
နယ်လ်ဆင် တော်တော်လေး စိတ်ရှုပ်သွားသည်။
ဆရာက သူ့ဆီကို ဦးတည်ပြီးလာတယ်၊
သူ မြန်မြန်ထပြီး သူ့ပစ္စည်းတွေ ထုပ်ပိုးပြီး
စာသင်ခန်းထဲက မြန်မြန်ထွက်သွားခဲ့တယ်။
အားလုံးသောအတန်းထဲက
ကျောင်းသူ/ကျောင်းသားတွေက ကြောက်လန့်ပြီး
နယ်လ်ဆင် အတန်းထဲကနေ
မတရား နှင်ထုတ်ရတာကို ကြည့်ပြီး
ဒေါသထွက်နေကြပေမယ့် ဘယ်သူမှ စကားမပြောရဲပဲ
တိတ်ဆိတ်စွာ နေနေကြ တယ်။
- ဒါနဲ့ ဆရာက အလွန်ကောင်းသည်၊
အတန်း စလိုက်ကြရအောင် ဆို ပြီး
“ဥပဒေတွေက ဘာအတွက်လဲ” လို့ စမေးလိုက်တယ်။
ကျောင်းသားများသည်
ကြောက်လန့်နေကြဆဲဖြစ်သော်လည်း
မေးခွန်းကို ဖြည်းညှင်းစွာ ဖြေလာကြသည်။
ကျောင်းသားတစ်ယောက် က
- ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ စည်းစနစ်ရှိဖို့
လို့ပြောလိုက်တယ်။
- မဟုတ်ဘူး! လို့ဆရာက ပြန်ဖြေတယ်။
နောက်ကျောင်းသားတစ်ယောက်က
- လူတွေက သူတို့ရဲ့လုပ်ရပ်မှားတွေအတွက်
သူတို့ ပြန်ပေးဆပ်ရဖို့ အတွက်။
- မဟုတ်ဘူး!
ဒီမေးခွန်းရဲ့အဖြေကို တစ်ယောက်ယောက်သိပါသလား
ဆရာက ဆက်မေးတယ်။
- “တရားမျှတမှုအတွက် “
လို့ ရှက်ရွံ့စွာကျောင်းသူလေးတစ်ယောက်က
ဖြေလိုက် တယ်။
- “ တရားမျှတမှု!”
တရားမျှတမှုဆိုတာ ဘာကိုဆိုလိုတာပါလဲ
လို့ ဆရာက ထပ်မေးတယ်။
အားလုံးက ဆရာတွေရဲ့ ရိုင်းစိုင်းတဲ့သဘောထားကြောင့်
စိတ်ဆိုးကြပေမဲ့ ဆရာမေးတဲ့အရာကို
သူတို့က ဆက်ဖြေကြတယ်။
- ပြည်သူများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်
လို့ဖြေဆိုကြတယ်။
- ကောင်းပြီ။ ပြီးတော့ ဆရာက ဆက်မေးတယ်။
- အဆိုးနှင့်အကောင်းကို ပိုင်းခြား၍
ကောင်းမှုပြုသူများကို ဆုချခြင်း၊
မကောင်းမူပြုသူကို ဒဏ်ခတ်ဖို့
လို့ သူတို့ ဆက် ဖြေကြတယ်။
- ကောင်းပြီ၊ ဒါဆို ဒီမေးခွန်းကို ဖြေပါ-
Nelson ကို အတန်းထဲက ထုတ်ပစ်တုန်းက
ငါ မှန်မှန်ကန်ကန် ပြုမူခဲ့တာလား။
အားလုံးက နှုတ်ဆိတ်နေကြပြီး ဘယ်သူမှ တုံ့ပြန်ခြင်းမရှိ။
- တညီတညွတ်တည်း အဖြေလိုချင်တယ်
ဆရာက ပြောလိုက်တယ်။
- “မှန်ကန်တဲ့ အပြုအမူ မဟုတ်ပါ"
လို့တစ်တန်းလုံး အသံတစ်သံတည်းနဲ့ ဖြေကြတယ်။
- မတရားမှုတစ်ခု ကျူးလွန်တယ်
လို့ ပြောလို့ရပါသလား။
- ဟုတ်ကဲ့! မတရားမှုပါ။
- ဒါဆိုရင် ၎င်းနှင့်ပတ်သက်ပြီး
မည်သူမျှ ဘာမှ မလုပ်ခဲ့ပါသနည်း။
ဉပဒေကို လိုက်နာကျင့်သုံးလိုစိတ် မရှိရင်
ဥပဒေနဲ့ စည်းကမ်းတွေကို ဘာကြောင့်လိုချင်တာလဲ။
မတရားမှုကို တွေ့ကြုံရသောအခါတိုင်းမှာ
သင်တို့တစ်ဦးစီသည် ထုတ်ပြောရန် တာဝန်ရှိတယ်
ဆိုတာ နားလည်လား။
မတရားမူကို တွေ့တဲ့အချိန်မှာ
မင်းတို့အားလုံး
ဘယ်တော့မှ တိတ်တိတ်ဆိတ်ဆိတ်မနေပါနဲ့
လို့ ဆရာက ပြောလိုက်တယ်။
ပြီးတော့ Nelson ကို သွားပြန်ခေါ်ပါ။
တကယ်တမ်းတော့ သူက
ခင်ဗျာတို့ရဲ့ ဉပဒေအတန်းကဆရာပါ ။
ကျွန်တော်က တခြား အတန်းကပါ
ပြောပြီး အတန်းကနေ ထွက်သွားလိုက်တယ်။
ငါတို့ ကိုယ်ပိုင်အခွင့်အရေးအတွက်
ငါတို့ ကိုယ်တိုင်မားမားမှတ်မှတ် မရပ်တည် နိုင်ရင်
ငါတို့ရဲ့လူဂုဏ်သိက္ခာတွေ ဆုံးရှုံးသွားရပါလိုက်မယ်။
လူ့ဂုဏ်သိက္ခာ ဆိုတဲ့အရာဟာ ညှိနှိုင်းလုပ်ယူလို့မရပါ။
__Dorris Carrier__
Credit📌
KhineZarZar
22/08/2022
😍တစ်ခါတစ်လေတော့လည်း အတိတ်တွေကို စဥ်းစားရင်း သတိရနေဆဲ😍
သို့
👉မိန်းမရေ ပင်ပန်းနေပြီလား?
👉မပင်ပန်းလိုက်ပါနဲ့ ကုန်စျေးနှုန်း ကျသွားမှာ စိုးလို့ပါ။
usa
Click here to claim your Sponsored Listing.
Category
Website
Address
Lashio