PT-56 Distribution Group

PT-56 Distribution Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PT-56 Distribution Group, Lashio.

03/03/2024

တစ်ရက်က ကျနော်တို့ဆွေမျိုးမကင်းတဲ့ အဒေါ်တစ်ယောက် ဆေးလိပ်တွေသောက်နေတာတွေ့လို့ အဒေါ်ကိုဆေးလိပ်လျော့သောက်ဖို့ပြောဖြစ်တယ်။ အဆိုးဆုံးအဆုတ်ကင်ဆာဖြစ်တတ်ပါတယ်ဆိုတော့ ...

အမလေးဟယ် ... တို့တွေအမေမသေခင်ထိသောက်သွားတာ ဘာမှမဖြစ်ပါဖူးတဲ့။ ပြီးတော့ဆက်သောက်နေတယ်။

ဦးလေးတစ်ယောက်ကျတမျိုး... အရက်တွေလျော့သောက်ပါဆိုတော့ တို့အဖေက အမြဲသောက်တာ သေတော့ လူကြီးရောဂါနှင့် ဆုံးတာပါကွာတဲ့ ။ မင်းတို့ခြောက်လှန့်နေသလို ကင်ဆာတို့ ၊ အသည်းတို့ စသည်တို့ဖြင့်မဟုတ်ပါဖူးတဲ့ ....

တစ်ရက်က Contractor တွေ Column လောင်းတာလက်ဖျော်နှင့်လောင်းမယ်ဆိုလို့ အနည်းဆုံး Machine Mix (အုန်းမွှေးလုံး) နှင့် ဖျော်လောင်းဖို့ပြောတော့ တို့တွေ ၈ ထပ်တိုက်တွေကို ဒီလိုပဲလောင်းလာတာကြာပြီတဲ့ ...

ဘာမှမဖြစ်ပါဖူးကွာတဲ့ ...

အထက်ပါ ၃ ယောက်အတွေးမှာ အတူတူပင်ဖြစ်ပါတော့တယ်....

Hand Mix လုပ်တာကို ကျနော်တို့ကတော့ Non-Structural Members တွေ ဥပမာ Topping ခင်းတာ ၊ Lean concrete စသည်တို့ကိုပဲခွင့်ပြုချင်ပါတယ်။

ဝန်ကိုထမ်းရမယ့် အဆောက်အဦးရှိအစိတ်အပိုင်း တိုင် ၊ ယက်မ ၊ ကြမ်းခင်း စသည်တို့ကိုအနည်းဆုံး အုန်းမွှေးလုံးနှင့် လောင်းစေချင်သည်။ Batching Plant မှ AG ကားခေါ်လောင်းနိုင်ရင်ပိုကောင်းပါတယ်။ အဓိကကတော့ Concrete ကို ဖျော်တဲ့အချိန်မှာ ဘိလပ်မြေအမှုန့်လေးတွေအားလုံး ရေနှင့်ထိတွေ့ဖို့ လိုအပ်ပါတယ်...

ဒါမှ ဓာတ်ပြုမှုဖြစ်ပြီး ကွန်ကရစ်ကို စဉ်းစားထားတဲ့ Strength အပြည့်ရဖို့အထောက်အကူပြုတာဖြစ်ပါတယ်။လက်ဖျော်ဖျော်တဲ့အခါမှာ ဒီလို ဘိလပ်မြေအမှုန့်လေးတိုင်းကိုရေနှင့်ထိတွေဖို့ အင်မတန်ခက်ပါတယ်။ ဒါ့ကြောင့် လက်ဖျော်ဖျော်လောင်းတာကိုကျနော်တို့ မရေရာမသေချာမှုတွေများလို့ ကျနော်တို့ စစ်ဆေးရေး Site တွေမှာ ခွင့်မပြုတာပါ။

အရင်က တချို့ Structural Drawing တွေမှာဆို Hand Mix လုံးဝခွင့်မပြုကြောင်း General Notes and Structural Specifications တွေမှာထည့်ရေးထားတာပင် တွေ့ဖူးပါသေးသည်။ Structural Engineer ကခွင့်မပြုတာမို့ Construction Team ကရော ၊ Third party QA/QC Team ကပါ အထူးလိုက်နာရပါတော့တယ်။

ဆိုတော့ ကျနော်တို့ လိုတာလေးတွေလုပ်ရအောင်ပါ။



Engr.Kyaw Thu Naing

Photos from PT-56 Distribution Group's post 28/02/2024

RC နှင့် Steel Structure ခြားနားချက်

R.C နဲ့ Steel Structure နှစ်ခုလုံးမှာ -
load transfer method က တူတူပါပဲ။
သို့သော် R.C က သံကူကွန်ကရစ်
Steel Structure ကတော့ Mild Steel ဆိုပြီး တည်ဆောက်ခြင်းဆိုင်ရာ အသုံးပြု ပစ္စည်းအမျိုးအစားကွာပါတယ်။

R.C
ဝန်အားတွေကို သံကူဘိလပ်မြေကွန်ရစ်တွေကနေမြေကြီးပေါ်ကို သက်ရောက်စေပါတယ်

Steel Structure
ဝန်အားတွေကို Steel Member တွေကတစ်ဆင့် မြေကြီးပေါ် သက်ရောက်စေပါတယ်။

R.C
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ၏ ပုံစံအရွယ်အစားတွေဟာ ကြီးမားပါတယ်။

Steel Structure
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ၏ ပုံစံအရွယ်အစားတွေဟာ R.C ထက် သေးငယ်ပါတယ်။

RC
ငလျင်ဒဏ်နဲ့ လေအားခံနိုင်ရည်ကတော့ နည်းပါတယ်။

Steel Structure
ငလျင်ဒဏ်နဲ့ လေအားခံနိုင်ရည် အားသာပါတယ်။

RC
Tensile strength က Steel Structure နဲ့ ယှဥ်ရင် နည်းပါတယ်။

Steel Structure
Tensile strength အ​နေဖြင့် RC တွေထက် အားသာချက်ရှိနေပါတယ်။

RC
လုပ်သားလိုအပ်ချက် ပိုပြီးများပါတယ်။ intensive ဖြစ်တယ်ပေါ့။

Steel Structure
လုပ်သားလိုအပ်မှုနည်းပြီး အလုပ်ရုံတစ်ခုတည်းမှာပဲ ကြိုတင် ထုတ်လုပ်ရေး ဆောင်ရွက်နိုင်မှု အားသာပါတယ်။

RC
Construction လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုကြာတတ်ပါတယ်။

Steel Structure
Construction လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုမြန်ဆန်မှု ရှိပါတယ်။

RC
သံချေးတက်ခြင်းအတွက်စိတ်ပူစရာမလိုအပ်ပါဘူး။
သို့သော်လည်း လုပ်ငန်းဆာင်ရွက်စဥ် ဂရုစိုက်မှု အားနည်းခဲ့လျှင် ပြန်လည်ပြုပြင်မှုအတွက် မူလတည်ဆောက်ခြင်း ကုန်ကျစရိတ်ထက်ပင် ပိုနေတတ်ပါသေးတယ်။

Steel Structure
Steel structure ကတော့ သေချာပါတယ် အချိန်တစ်ခုကြာရင် သံချေးတက်မှာပါ။
(ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်။)

RC
ပြန်လည်ပြုပြင်မှုအတွက် ကုန်ကျစရိတ်ပိုတယ်။
ပြုပြင်မှုအတွက်လည်း ခက်ခဲတယ်။

Steel Structure
ပြန်လည်ပြုပြင်မှု ကုန်ကျစရိတ် သက်သာတယ်။
ပြုပြင်မှုအတွက်လည်း လွယ်ကူပါတယ်။

RC
သက်တမ်းအားဖြင့် အရေးကြီး ဆုံးဖြတ်ရပေမဲ့ တည်ဆောက်မှု နည်းပညာ အရမ်းကြီး ဆုံးဖြတ်ရ
မခက်ခဲပါ။

Steel Structure
သက်တမ်းအားဖြင့် အရေးကြီး ဆုံးဖြတ်ရသလို တည်ဆောက်မှု နည်းပညာဟာလည်း အရမ်းအရေးကြီးပါတယ်။

RC
ဆောက်လုပ်မှုအတွက် ကျွမ်းကျင်လုပ်သားအပြင်
မကျွမ်းကျင်သူများလည်း ပေါများစွာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

Steel Structure
ကျွမ်းကျင်လုပ်သားများသာ အဓိက ဦးစားပေး ဆောင်ရွက်ခြင်းပြုလုပ်ရန် အလေးပေးပါတယ်။

RC
ဆောက်လုပ်မှုဟာ ရိုးရှင်းပေမဲ့ မပေါ့ဆသင့်ပါ။

Steel Structure
တည်ဆောက်မှုလုပ်ငန်းဟာ ကြီးမား လေးလံတဲ့ အရာတွေကြောင့် သယ်ဆောင်ရန်၊ အသုံးပြုရန်ခက်ခဲခြင်း ပြဿနာများ ကြုံတွေ့နိုင်စေပါတယ်။

RC
အလေးချိန်အားဖြင့် ပိုမိုလေးလံပါတယ်။
(Whole Building)

Steel Structure
အလေးချိန်အားဖြင့် နည်းပါတယ်။

RC
မီးလောင်ဒဏ်ကို ပိုမိုကြာရှည်အောင် ခုခံထားနိုင်စွမ်းရှိပါတယ်။

Steel Structure
မီးလောင်မှုအား ခံနိုင်ရည်အလွန် နည်းပါတယ်။

RC
ဆောက်လုပ်နေစဥ်အတွင်း ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းများအား ဂရုစိုက်ကြည့်ရှုရန် အချိန်နဲ့အမျှ အရေးကြီးနေပါတယ်။

Steel Structure
ဆောက်လုပ်နေစဥ်အတွင်း ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းများမှအပ အချိန်နဲ့အမျှ ​ဂရုစိုက်နေရန် မလိုအပ်ပေ။

RC
အရည်အသွေးထိန်းရတာခက်ပါတယ်။
(Curing of Conc;)

Steel Structure
အရည်အသွေးထိန်းရတာ ပိုကောင်းနေပြန်ပါတယ်။

RC
ကျောက်ပုံးကျောက်ခွက်အတွက် လိုအပ်ချက်နှင့် လုပ်အား အလွယ်တကူရရှိနိုင်တဲ့ နေရာမျိုးတွေမှာ ကုန်ကျမှု သက်သာစေပါတယ်။

Steel Structure
တကယ်တမ်းကောင်းကောင်းလိုချင်ရင် ကုန်ကျမှုစရိတ် ပိုများပါတယ်။ 😇
ဥပမာ
သံချေးတက်ခြင်းကာကွယ်ရန် မီးလောင်ဒဏ်ခံခြင်းအတွက် ထပ်ဆောင်း ကုန်ကျစရိတ်တွေပေါ့။

RC
ကျွတ်ဆတ်ခြင်းကြောင့် ရုတ်တရက်
ပြိုကျမှုဖြစ်ခဲ့သော် အလွန် အန္တရာယ်များပါတယ်။

Steel Framed Structure
နန်းဆွဲခံနိုင်ခြင်းကြောင့် ရုတ်တရက် ပြိုကျခြင်းခက်ခဲပါတယ်။ (တလွဲ မလုပ်ရင်ပေါ့) 😇

RC
တည်ဆောက်မှုဆိုင်ရာ member ပုံစံများမှာ စတုရန်း၊ ထောင့်မှန်စတုဂံ၊ စက်ဝိုင်း၊ L ပုံစံများ၊ T ပုံစံများရှိတတ်ပါတယ်။

Steel Structure
တည်ဆောက်မှုဆိုင်ရာ member ပုံစံများမှာ I ပုံစံများ၊ L ပုံစံများ၊ C ပုံစံများ၊ T ပုံစံများရှိတတ်ပါတယ်။
Credit 🙏🙏🙏
Photo Internet

Photos from PT-56 Distribution Group's post 09/11/2023

အိမ်ပုံစံစဥ်းစားရခက်နေပြီလား🤔
ဝါလကင်းလွတ်သွားပြီဆိုတော့
🏘အိမ်ဆောက်ဖို့ဆုံးဖြတ်ထားတဲ့
လူကြီးမင်းတို့အတွက်
မင်မင်တို့pageကနေစဥ်းစားနေတဲ့
နယ်ပယ်ကျယ်ပြန့်သွားစေဖို့
အိမ်ပုံစံလေးတွေ
မျှဝေပေးလိုက်ပါတယ်နော်🌿
ခြံနေရာကျဥ်းနေရင်လည်း
ဒီလိုချစ်စရာကောင်းတဲ့အိမ်လေးတွေနဲ့ideaကိုကွန့်မြူလိုက်နော်

04/11/2023

#မြေခံရက်ရွေးနည်း"တဲ့
_______________
#လိုအပ်သူတွေ_မှတ်ထားကြပေါ့ဗျာ

"တိုက် အိမ် အဆောက်အဦးနှင့်ပက်သက်၍ကျင်းတူးရန် လဆန်း၊လဆုတ် လက်သမားမြေခံရွေးနည်း

လဆန်းရက်မြေခံရွေးနည်း သံပေါက်။ ။
မြေခံနှစ်ပါး၊ရက်ယုတ်များ၊မှတ်သားမျိုးလေးဖြာ၊လဆန်းတစ်ရက်နတ်ခံလျက်၊ကြေပျက်ပြုန်းတီးရာ။ကညာသမီး၊နှစ်ရက်တည်း ပြီးစီးအောင်မြင်ရာ။သုံးရက်မှာနွား၊ခံလေငြား၊လာဘ်ကားကြီးလှစွာ။လေးရက်နဂါးကြုံလာငြား၊မမှားပျက်စီးရာ။ငါးရက်ဂဠုန်၊မြေခံကြုံ၊လုံးလုံးကောင်းလှစွာ။ခြောက်ရက်မှာဆင်၊သေဘေးမြင်၊လျင်လျင်မလွတ်သာ။သိန္ဓောမြင်းလှခွန်သို့ကျ၊ကိစ္စပြီးစီးရာ။ဒွန်းစဏ္ဍားခံ၊ရှစ်ရက်မှန်၊ပူပန်ဆင်းရဲစွာ။ကိုးရက်မှာလေ၊ဘီလူးပေ၊ရှောင်လေဝေးဝေးခွာ။ဆယ်ရက်မှာသော်၊မင်းပူဇော်၊မိုးပေါ်ခံဗြဟ္မာ။ဆယ့်တစ်ရက်ကား၊ချမ်းသာများ၊သိကြားခံလေရာ။ဆယ့်နှစ်ရက်တွင်၊ပျက်စီးမြင်၊ခံချင်ခွေးယုတ်မာ။ဗြဟ္မာခံရေး၊ချမ်းသာပေး၊တွက်ရေးဆယ့်သုံးမှာ။ဆယ့်လေးရက်ဂဠုန်မြေခံကြုံ၊ဆောင်တုံပြီးစီးရာ။ဆယ့်ငါးရက်ကား၊ခံသိကြား၊ကြီးမားချမ်းသာရာ။ ။

လဆန်း ၁ ရက် ၊ နတ်၊ မကောင်း
လဆန်း ၂ ရက် ၊ကညာ၊ ကောင်း
လဆန်း ၃ ရက် ၊နွား ၊ ကောင်း
လဆန်း ၄ ရက် ၊နဂါး၊ မကောင်း
လဆန်း ၅ ရက် ၊ဂဠုန်၊ ကောင်း
လဆန်း ၆ ရက် ၊ဆင်၊မကောင်း
လဆန်း ၇ ရက် ၊သိန္ဓောမြင်း၊ကောင်း
လဆန်း ၈ ရက် ၊ဒွန်းစဏ္ဍား၊ မကောင်း
လဆန်း ၉ ရက် ၊ဘီလူး၊ မကောင်း
လဆန်း ၁၀ ရက် ၊ဗြဟ္မာ၊ကောင်း
လဆန်း ၁၁ ရက် ၊သိကြား၊ကောင်း
လဆန်း ၁၂ ရက် ၊ခွေး၊ မကောင်း
လဆန်း ၁၃ ရက် ၊ဗြဟ္မာ၊ကောင်း
လဆန်း ၁၄ ရက် ၊ဂဠုန်၊ကောင်း
လဆန်း ၁၅ ရက် ၊သိကြား၊ကောင်း
******************************

လဆုတ်ရက်မြေခံရွေးနည်းသံပေါက်။ ။
တစ်ရက်ကျော်ပြီး၊ရှုမငြီး၊သမီးကညာ။နှစ်ရက်မှာကား၊ဗျဂ္ဃါကျား၊ကြီးမားဆင်းရဲစွာ။၃ ရက်နတ်ခံ၊ဘေးတွေ့ရန်၊ဧကန်မလွတ်ပါ။၄ ရက်မှာနွား၊လက်တွေ့ငြား၊ရှားပါးမရှိရာ။၅ ရက်မှာဆင်၊သေဘေးမြင်၊လျင်လျင်မလွတ်သာ။၆ ရက်ဂဠုန်မြေခံကြုံ၊အပုံကောင်းလှစွာ။၇ ရက်ကား၊ဒွန်းစဏ္ဍား၊မမှားပျက်စီးရာ။၈ ရက် အဿမှုကိစ္စ၊ပြုကြအောင်မြင်ရာ။၉ ရက်မှာသော်၊မင်းပူဇော်၊မိုးပေါ်ခဗြဟ္မာ။ဘီလူးမြေခံ၊သေဘေးမှန်၊ရောက်ပြန်ဆယ်ရက်မှာ။ဆယ့်တစ်ရက်ဘုံ၊နဂါးကြုံ၊အပုံဆင်းရဲစွာ။ဆယ့်နှစ်ရက်ကား၊ချမ်းသာများ၊သိကြားခံလေရာ။တစ်ဆယ့်သုံးရက်၊ခံ၏ဝက်၊ကြေပြုန်းပျက်စီးရာ။ဆယ့်လေးရက်ကား၊ခံသိကြား၊လာဘ်ကားကြီးလှစွာ။ဂဠုန်ဆယ့်ငါး၊ခံလေငြား၊ကြီးမားချမ်းသာရာ။ ။

လဆုတ် ၁ ရက်၊ကညာ၊ကောင်း
လဆုတ် ၂ ရက်၊ကျား၊မကောင်းလဆုတ် ၃ ရက်၊နတ်၊မကောင်း
လဆုတ် ၄ ရက်၊နွား၊ကောင်း
လဆုတ် ၅ ရက်၊ဆင်၊မကောင်း
လဆုတ် ၆ ရက်၊ဂဠုန်၊ကောင်း
လဆုတ် ၇ ရက်၊ဒွန်းစဏ္ဍား၊ မကောင်း
လဆုတ် ၈ ရက်၊သိန္ဓောမြင်း၊ကောင်း
လဆုတ် ၉ ရက်၊ဗြဟ္မာ၊ကောင်း
လဆုတ် ၁၀ ရက်၊ဘီလူး၊ မကောင်း
လဆုတ် ၁၁ ရက်၊နဂါး၊ မကောင်း
လဆုတ် ၁၂ ရက်၊သိကြား၊ကောင်း
လဆုတ် ၁၃ ရက်၊ဝက်၊ မကောင်း
လဆုတ် ၁၄ ရက်၊ဗြဟ္မာ၊ကောင်း
လဆုတ် ၁၅ ရက်၊ဂဠုန်၊ကောင်း
**************************
အိုးအိမ်တိုက်တာများပိုင်ဆိုင်နေထိုင်နိုင်ကြပါစေ။
မြေခံသဘောအရ ရက်ကောင်းမကောင်းရွေးချယ်ပြီး အိမ်ဆောက်သင့်သော လ နှင့် နေ့များ တွင် သေချာစီစစ်ရွေးချယ်၍ မိမိတို့ပိုင်ဆိုင်သော အိုးအိမ်တိုက်တာအဆောက်အဦးများကိုဆောက်လုပ်ခြင်းဖြင့်လှုမှုရေး၊စီးပွားရေး၊ကျမ်းမာရေးများကောင်းမွန်ပြီးကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစွာပိုင်ဆိုင်နေထိုင်ရမည်ဖြစ်ပေသည်။

#မူရင်းရေးသားသူအားcreditပေးပါတယ်
San construction

Photos from PT-56 Distribution Group's post 20/07/2023

Light distribution in interior design💡

20/07/2023

အိမ်ကို ပြန်ပြင်ဆောက်မှာလား အသစ်ဆောက်မှာလား??

RCအဆောက်အဦးတွေဟာ သက်တမ်းကြာလာတဲ့အခါ ပြန်လည်ပြုပြင်ထိန်းသိမ်းကြရပါတယ် ဒီအချိန်မှာတွေးစရာတစ်ခုကတော့ ပြန်လည်ပြုပြင်မှာလား အသစ်ဆောက်မှာလားဆိုတာပါပဲ

Retrofitting လို့ပြောလိုက်ရင် အင်ဂျင်နီယာအများစုရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်
လက်ရှိအဆောက်အဦးရဲ့ strength, performance, safety တွေတိုးဖို့ပြုပြင်တာကိုခေါ်တာပါ

ကျွမ်းကျင်ပညာရှင်များနဲ့တိုင်ပင်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ပြီး အသစ်ဆောက်ရတာထက် ပိုမိုခက်ခဲနိုင်ပါတယ်

♻️ပထမအဆင့်အနေနဲ့ မူရင်းအဆောက်အဦးရဲ့ strength ကို rebound hammer testမျိုးနဲ့ စမ်းသပ်ရပါတယ်
Crack width checking ပြုလုပ်ပြီးrebarတွေပေါ်နေလား စသည်ဖြင့် visual checking ပြုလုပ်ရပါတယ်

♻️Dataတွေစုံပြီဆိုရင်တော့ ထပ်တိုးမယ့် loading, structure solution တွေကိုစဉ်းစားရပါတယ်

♻️လိုအပ်တဲ့နေရာမှာ rebarတွေထပ်ပိုးရပါတယ်
Loadingတိုးလာတာဖြစ်တဲ့အတွက် column sizeကြီးတာမျိုးတွေ လိုအပ်လာပါတယ်

♻️Structure configuration ပြောင်းလဲသွားတာမျိုးဆို shear wallအသစ်ထည့်တာမျိုးထိ ပြုလုပ်ကြရပါတယ်

♻️Foundation ပြုပြင်ရတာမျိုးလည်းပါဝင်ပြီး မြေပြိုနိုင်ချေနဲ့ သတိထားပြုလုပ်ရလေ့ရှိပါတယ်

♻️Concrete jacketing လို့ခေါ်တဲ့ concrete အသားထပ်လောင်းတာမျိုးတွေပါလိုအပ်ပါသေးတယ်

♻️Grouting ပိတ်ရုံလောက်နဲ့အဆင်ပြေနိုင်တဲ့ cracks မျိုးဆိုရင်လည်း နည်းလမ်ရမှန်မှန်နဲ့ ဖြည့်လို့ရပါတယ်

အဆောက်အဦးအခြေအနေပေါ်မူတည်ပြီး retrofitting method တွေကွဲပြားမှာဖြစ်လို့ သေချာပေါက် ကျွမ်းကျင်ပညာရှင်များနဲ့တိုင်ပင်ပြီးမှပြုလုပ်သင့်ပါတယ်

19/07/2023

ကွန်ကရစ်လောင်းပြီး ဘာကြောင့်ရေဖြန်းရတာလဲ?
====================================
✅ ကွန်ကရစ်ကိုသုံးပြီး လမ်းတွေခင်းတဲ့အခါ

အိမ်တွေ၊ အဆောက်အဦးတွေ ဆောက်တဲ့အခါ

👉 လမ်းတွေ ၊ ကွန်ကရစ်တိုင်တွေ ၊ သမံတလင်း တွေကို နေ့တိုင်း ရေလောင်းတာ မြင်ဖူးကြပါလိမ့်မယ်...

⚠️ ဒါကို ဆောက်လုပ်ရေးလောကမှာတော့
ကွန်ကရစ်အသားနှပ်ခြင်း (Concrete Curing) လို့ခေါ်ကြပါတယ်...

✅ Concrete Curing မှာ နည်းလမ်းမျိုးစုံရှိတဲ့အထဲက
မြန်မာနိုင်ငံမှာတော့ ရေဖြန်းတဲ့နည်း (Spraying Water) ကို အများဆုံးအသုံးပြုကြပါတယ်...
တခြားနည်းလမ်းတွေကိုလည်း အသုံးပြုကြတာတော့ ရှိပါသေးတယ်..

⚠️ ဘာကြောင့်ဒီလို လုပ်ပေးရတာလဲ?

📌 အဓိကအကြောင်းအရင်းကတော့
ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကြောင့်ပါပဲ

✅ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်ရဲ့
ဖြစ်တည်မှု အဆင့်တိုင်းမှာ
သတ်မှတ် အချိန်အတိုင်းအတာအတွင်း
လိုအပ်တဲ့ စိုထိုင်းဆ နဲ့ အပူချိန်ကို ထိန်းသိမ်းထားပြီး ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကို အထောက်အကူပေးနိုင်ဖို့ပါပဲ...

📛 ကွန်ကရစ်မှာပါတဲ့ ဓာတ်တွေက အပူကိုထုတ်လွှတ်ပေးတာကြောင့်
ဒီအပူကို ထိန်းသိမ်းနိုင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်...

📈 ကွန်ကရစ်မှာ အက်ကြောင်းတွေမဖြစ်စေဖို့နဲ့ ကွန်ကရစ်ရဲ့ အကြမ်းခံမှုတွေ ၊ ကြာရှည်ခံမှုတွေက 'Curing' ဂရုတစိုက်လုပ် ၊ မလုပ်ပေါ်မှာ မူတည်နေပါတယ်📈

'Concrete Curiလုပ်တဲ့နေရာမှာ..

1️⃣4️⃣ ကွန်ကရစ်လောင်းပြီးစ (၁၄)ရက် (နှစ်ပတ်)အတွင်းကတော့ အရေးအကြီးဆုံးအချိန်တွေ ဖြစ်ပါတယ်...

7️⃣ အနည်းဆုံး (၇)ရက်လောက် 'Curing' လုပ်ပေးသင့်ပါတယ်

🔟 ရာသီဥတုပူပြီးခြောက်သွေ့ချိန်တွေမှာတော့ (၁၀)ရက်လောက်ထိကို 'Curing' လုပ်ပေးတာ အကောင်းဆုံးပါ...

♨ အပူချိန် (၅၀) ဒီဂရီဖာရင်ဟိုက် ကနေ (၇၅) ဒီဂရီဖာရင်ဟိုက် လောက် မှာရှိစေတာက အကောင်းဆုံးထိန်းသိမ်းမှုတစ်ခုပါပဲ

တိုင်းတာနေဖို့မလိုပေမယ့် 'Curing' လုပ်တဲ့အနေနဲ့ နေ့တိုင်းရေဖြန်းပေးတာက ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်စေမှာပါ...

Curing ကောင်းကောင်းမလုပ်ရင်ဘာဖြစ်နိုင်လဲ?

Curing ကောင်းကောင်း မလုပ်ထားရင်တော့ ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကိုအများကြီးထိခိုက်နိုင်ပါတယ်...

⛔ အက်ကြောင်းတွေပေါ်လာပြီး အကြမ်းခံနိုင်မှာမဟုတ်သလို
ကွန်ကရစ်ရဲ့ သက်တမ်းကိုပါ လျော့ကျစေပါတယ်..⛔

(Curing သေချာမလုပ်ပဲ အသုံးပြုနေတဲ့ ကွန်ကရစ်လမ်းတွေ ရက်ပိုင်းနဲ့ အက်ကြောင်းတွေပေါ်လာတာကို လက်တွေ့မြင်ဖူးကြမှာပါ)

💯 'Concrete Curing' ကို ဂရုတစိုက်လုပ်ပြီး တည်ဆောက်တဲ့အဆောက်အဦး ၊ လမ်းတံတားတွေက ကြံ့ခိုင်မှု နဲ့ တာရှည်ခံမှုအပိုင်းမှာ
'Concrete Curing' မလုပ်ထားတဲ့ နေရာတွေထက် ပိုမိုသာလွန်နေမှာဖြစ်ပါတယ်...

Want your business to be the top-listed Home Improvement Business in Lashio?
Click here to claim your Sponsored Listing.

Website

Address

Lashio