Shwe Computer

Shwe Computer

Share

Computer and Printing Service

Photos from Shwe Computer's post 30/04/2026

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့
ဗျာ - ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
ဖွား - က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
ပွင့် - က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
စံ - က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

က‌ဆုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့် ထိုနေ့သည် ထူးမြတ်သောနေ့ ဖြစ်သည်။ ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့သည်။ [၁] ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊ နံနက် ၁ ချက်တီးအချိန်ဝိသာခါနက္ခတ်နှင့် စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅) နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့၊ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး အဆိုကို ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ (၅၄) ကြိမ်မြောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းသော အဆိုကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများ စုစုပေါင်း (၃၄) နိုင်ငံက ထောက်ခံကြသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။

Source from Wikipedia

Photos from Shwe Computer's post 02/04/2026

"လူကြီးမင်းတို့ စိတ်တိုင်းကျဖို့က ကျွန်တော်တို့ဆိုင်ရဲ့ ပထမဦးစားပေးပါ" ✨

ရုံးလုပ်ငန်း၊ စာစီစာရိုက်နဲ့ ဓာတ်ပုံလုပ်ငန်းတွေအတွက် အခက်အခဲဖြစ်နေပါသလား? ဘာပဲလိုလို ပြောလိုက်ပါ... ရအောင် လုပ်ပေးဖို့ အမြဲအသင့်ရှိနေပါတယ်။ 😉

✅ စိတ်ရှည်လက်ရှည် ဝန်ဆောင်မှု
တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စရပ်တွေကလွဲလို့ ကျန်တဲ့ ဘယ်လိုအလုပ်မျိုးမဆို လူကြီးမင်းတို့ စိတ်တိုင်းကျတဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။ 🤝

🔑 စိတ်ကြိုက်ဖန်တီးနိုင်တဲ့ Key Chain (ကီးချိန်း) များ
မိမိတို့ နှစ်သက်တဲ့ MLBB Hero ပုံလေးတွေပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူတွေရဲ့ ဓာတ်ပုံလေးတွေနဲ့ပဲဖြစ်ဖြစ် အမှတ်တရ Custom Key Chain လေးတွေကို အကောင်းဆုံး ဖန်တီးပေးနေပါပြီ။ ကိုယ်ပိုင်ဟန်နဲ့ လှပတဲ့ ကီးချိန်းလေးတွေ လိုချင်ရင် အမြန်ဆုံး လှမ်းလာခဲ့လိုက်ပါနော်။ 🎮လှလှလေးတွေမှ လိုချင်သူများအတွက်ပါ။

⛽ ဆီထုတ် QR Code များ
အခုတလော လူတိုင်းအတွက် အရေးကြီးနေတဲ့ ဆီထုတ် QR Code တွေကို ပျောက်ရှမှာ၊ ပျက်စီးမှာ စိတ်မပူရအောင် ပလပ်စတစ်အမာလောင်းပြီး သေသေသပ်သပ်နဲ့ အကောင်းဆုံး ပြုလုပ်ပေးနေပါပြီ။ 💳🛡️

⚡ မီးပျက်လည်း စိတ်မပူနဲ့
မီးလာသည်ဖြစ်စေ၊ မီးပျက်သည်ဖြစ်စေ မိတ္တူလုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်ပေးနေတာမို့ အချိန်မရွေး လှမ်းလာခဲ့လိုက်ပါ။ 🖨️🔋

📸 ဓာတ်ပုံဝန်ဆောင်မှု
လိုင်စင်ဓာတ်ပုံပဲဖြစ်ဖြစ်၊ အမှတ်တရ သိမ်းထားချင်တဲ့ အလှဓာတ်ပုံပဲဖြစ်ဖြစ် စျေးနှုန်းချိုသာစွာနဲ့ အလှပဆုံး ထုတ်ပေးနေပါတယ်။ 🖼️✨

"လိုချင်တာသာပြော... စိတ်တိုင်းကျရစေမယ်"
လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ပြန်လည်ကမ်းလှမ်းပါရစေ။ 😊.
ရွှေ ကွန်ပျူတာ၊ မိတ္တူနှင့် စာရေးကိရိယာ။
မြို့မကျောင်းလမ်း၊ လန်းဆန်းထမင်းဆိုင်ဘေး။
09975187102
#ဆီထုတ်QR

30/03/2026

ရာသီစာ လို့‌ေခါ်ရမလား။ ဆီထုတ်ဖို့ QR code လေးတွေ print ထုတ်၊ ပလပ်စတစ်အမာလောင်း ပေးပါတယ်။ ၂ လက်မခွဲ ၃လက်မ ဆိုဒ်ပါ။
ကီးချိန်းလေးပဲ လုပ်ချင်တယ်ဆိုလည်းရပါတယ်။ ကီးချိန်း ၁ခု ၂၅၀၀ ပါ။ ကီးချိန်းက ဒီနေ့အပ် မနက်ဖန်မနက်ယူရပါတယ် (စုပြီးလုပ်ရတာမို့ပါ)။.
ရွှေ ကွန်ပျူတာ၊ မိတ္တူနှင့် စာရေးကိရိယာ။
မြို့မကျောင်းလမ်း၊ လန်းဆန်းထမင်းဆိုင်ဘေး။
09975187102
#ဆီထုတ်QR

28/03/2026

သင်္ကြန်ကျချိန်၊ သင်္ကြန်တက်ချိန်
သိလိုသူများအတွက်

#မြန်မာနှစ်သစ်ကူး
#သင်္ကြန် #ပွဲတော်

Photos from Shwe Computer's post 28/03/2026

#ကျောင်းအုပ်ကြီးများအတွက်🙋
#၀၃၀၉ အတွက်

မင်္ဂလာပါ ဆရာကြီး ဆရာမကြီး တိုရေ

ကျွန်တော်တိုကျောင်းတွေအတွက်
၀၃ ၀၉ ခေါင်းစဥ်ဖြင့် စာကြည့်တိုက်တွင် ဝယ်ယူထားရှိရမည့် စာအုပ်တွေအတွက် ခွဲဝေသုံးစွဲလိုရအောင် မြိုနယ်ရုံးအသီးသီးက ပေးထားပီးဖြစ်ပါတယ်....အရင်နှစ်တွေမှာ ၀၃၀၉ သည် ခေါင်းစဥ်ခွဲတစ်ခုအနေနဲ့ပဲ လျာထားခြင်းခံရသလို စာကြည့်တိုက်အတွက် စိတ်ကြိုက်ဝယ်ယူနိုင်ခြင်းမရှိခဲ့ဘူးဗျ........ယခုနှစ်မှာတော့ စိတ်ကြိုက်ဝယ်ယူလိုရအောင် ပေးထားတဲ့အတွက်
ကျောင်းစာကြည့်တိုက်အတွက် ဘယ်လိုစာအုပ်တွေက ဘယ်လိုအသုံးဝင်တဲ့အတွက်ဝယ်ယူရမယ်ဆိုတာ ကျောင်းအုပ်ကြီးများသိရှိမှာပါ....

အရေးကြီးတာက ဝယ်ယူပီး အရင်လို စာကြည့်တိုက်ရှိစာအုပ်များဆိုပီး
စာရင်းသွင်းရုံနဲ့ မရတော့ဘူးခင်ဗျ.....စနစ်တကျ ရေးသွင်းရပါတော့မည်...

မရေးသွင်းခင် မိမိကျောင်းမှာရှိတဲ့ ကျောင်းစာကြည့်တိုက်မှာ B ငါးလုံး
ရှိရပါမယ်.....

ဘာတွေလဲဆိုရင်.....

1.....Books
2.....Brain
3.....Budget
4.....Building
5.....Borrower

တိုပဲဖြစ်ပါတယ်....

1..Books

မိမိကျောင်းမှာရှိတဲ့ ကလေးများအတွက်... စာအုပ်များ
မိမိကျောင်းသငိခန်းစာအတွက်အထောက်အကူပြုသော စာအုပ်များ......
ရှိရပါမယ်

2...Brain

ဒီအချက်က စာကြည့်တိုက်ထူထောင်ပီဆိုတာနဲ့ နည်းလမ်းညွှန်ပြမယ့် စာကြည့်တိုက်မှူး နဲ့ စာကြည့်တိုက်အတွက် ဝါသနာပါ၍ ကြိုးစားဆောင်မည့်အဖွဲဝင်များ ရှိဖိုလိုအပ်ပါတယ်

3...Budget

စာကြည့်တိုက်အတွက် ရံပုံငွေရှိထားရပါမယ်

4...Building

အပေါ်၃ချက်ရှိပေမယ့် စာကြည့်တိုက်အဆောက်အဦး သိုမဟုတ် အခန်းလွတ် နေရာရှိရပါမယ်

5...Borrower

စာအုပ်ငှားရမ်းသူ ဖတ်ရှုသူရှိရပါမယ်......

ဒီ B ငါးလုံးက စာကြည့်တိုက်များအတွက် ရှိကို ရှိရမည့် အချက်၅ချက်ပါ

ဒါတွေအားလုံး ရှိပီဆိုရင် ပထမအချက်ဖြစ်တဲ့ Books များပေါ့

စာကြည့်တိုက်ကိုရောက်ရှိလာတဲ့စာအုပ်တွေက ရံပုံငွေနဲ့ ဝယ်ထားတာလား
အလှူရှင်ကဝယ်လှူတာလားဆိုတာကို ခွဲခြားပီးမှတ်တမ်းတင်ဖိုလည်း မေ့လိုမရပြန်ပါဘူး

ဒီအချက်က ရောက်ရှိလာတဲ့ ဘယ်လိုပုံစံဆိုတာလေးပဲခွဲရုံလေးပါ

အရေးကြီးဆုံး ခွဲခြားရမည့်အချက်တွေက
ပညာရပ်အမှတ်တွေအလိုက်ရော တစ်အုပ်ချင်းစီရဲ့ တိုက်ပိုင်အမှတ်တွေရော ခွဲခြားရမည့်အချက်ပါ... ဒီအချက်ကို ကစ - ၁ ပုံစံမှာဖော်ပြပေးရမှာပါ...

ဒါကြောင့် ပညာရပ်အုပ်စု တွေ နဲ့ စာအုပ်အမျိုးအစားအလိုက်ကိုဖော်ပြပေးလိုက်ရပါတယ်......
#ကူးယူဖော်ပြသည်။

Photos from Shwe Computer's post 27/03/2026

စိတ်ကူးကောင်းကောင်းနဲ့ customize လာအပ်တဲ့ couple keychain လေး။ လက်ဖက်ရည်တစ်ခွက်စာနဲ့ လုပ်လို့ရပြီနော်။ (၂၀၀၀ တည်းပါ။)
လုပ်ထားပြီးသားပဲ ယူမယ်ဆိုရင်လည်း ဆိုင်မှာလာကြည့်ပြီး ရွေးယူလို့ရပါတယ်။
customize အတွက် ၅ခုမှ စပြီး လုပ်ပေးနေပါတယ်။
ဆိုင်လိပ်စာက
ရွှေ ကွန်ပျူတာ၊ မိတ္တူနှင့် စာရေးကိရိယာ
မြို့မကျောင်းလမ်း၊ ဇော်မိတ်ဟိုတယ်အနီး၊ ကျောက်ဆည်မြို့။
09-975187102
Viber မှ အော်ဒါတင်လည်းရပါတယ်။

26/03/2026

"ဖုန်းမျက်နှာပြင်တွေ ပျောက်ကွယ်သွားတော့မလား? မျက်မှန်တပ်ထားရုံ၊ ရင်ထိုးလေး တပ်ထားရုံနဲ့ ကိုယ့်ရှေ့မှာ နည်းပညာတွေ ပေါ်လာမယ့် AI Wearables ခေတ်ကို ရောက်တော့မယ်ဗျ။ ဖုန်းကို အိပ်ကပ်ထဲက ထုတ်စရာမလိုဘဲ အလုပ်တွေ အကုန်လုပ်ပေးမယ့် ဒီအနာဂတ်ကို သင်ရော ဘယ်လိုထင်လဲ?".
📱 Smartphone တွေကို အစားထိုးလာမယ့် AI နည်းပညာသစ်
အခုနောက်ပိုင်း နည်းပညာကုမ္ပဏီတွေက ဖုန်းမျက်နှာပြင် (Screen) ကိုပဲ ကြည့်နေရတဲ့ အလေ့အထကို ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။ အထူးခြားဆုံး (၂) ခုကို ပြောပြပါ့မယ်။
၁။ AI Pin (ရင်ထိုး AI စက်ကလေး) ဒါကတော့ ရင်ဘတ်မှာ ရင်ထိုးလိုမျိုး တပ်ထားရုံပါပဲ။ သူ့မှာ Screen မပါပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ လက်ဖဝါးပေါ်ကို လေဆာနဲ့ စာသားတွေ၊ ပုံရိပ်တွေကို Projector လိုမျိုး ထိုးပြပေးနိုင်ပါတယ်။ ကိုယ်က စကားပြောပြီး ခိုင်းရုံပါပဲ။ ဥပမာ- "ဒီနေ့ ငါ့ရဲ့ Schedule က ဘာလဲ" လို့ မေးရင် လက်ဖဝါးပေါ်မှာ စာရင်းလေးတွေ ပေါ်လာမှာပါ။
၂။ AI Smart Glasses (စမတ် မျက်မှန်များ) အခုထွက်ထားတဲ့ မျက်မှန်တွေက အရင်တုန်းကလို ဓာတ်ပုံရိုက်ရုံတင် မဟုတ်တော့ပါဘူး။ မျက်မှန်တပ်ထားရင်း လမ်းဘေးက ဆိုင်တစ်ဆိုင်ကို ကြည့်လိုက်ရင် အဲဒီဆိုင်ရဲ့ နာမည်၊ Menu နဲ့ Rating တွေကို မျက်မှန်မှန်ပေါ်မှာ တန်းပြပေးတာမျိုးပါ။ နောက်ပြီး တစ်ဖက်လူက နိုင်ငံခြားဘာသာစကားနဲ့ ပြောနေရင် ကိုယ့်မျက်မှန်မှန်ပေါ်မှာ Subtitle (စာတန်းထိုး) အနေနဲ့ ဘာသာပြန်ပေးတာမျိုးအထိ လုပ်ဆောင်နိုင်လာပါပြီ။
________________________________________
💡 ဒါက ကျွန်တော်တို့အတွက် ဘာတွေ ပြောင်းလဲသွားစေမှာလဲ?
• လက်တွေ အားသွားမယ်: ဖုန်းကို ကိုင်ထားစရာမလိုတော့ဘဲ အလုပ်လုပ်ရင်း၊ လမ်းလျှောက်ရင်း နည်းပညာကို သုံးနိုင်လာမယ်။
• ပိုပြီး သဘာဝကျလာမယ်: Screen ထဲမှာပဲ နစ်မနေတော့ဘဲ ပတ်ဝန်းကျင်ကို ကြည့်ရင်း လိုအပ်တဲ့ အချက်အလက်တွေကို တန်းရနိုင်မယ်။
• AI က ကိုယ်ရံတော်လို ဖြစ်လာမယ်: ကိုယ်ဘာလိုအပ်လဲဆိုတာကို အမြဲနားထောင်ပြီး ကူညီပေးမယ့် သူငယ်ချင်းတစ်ယောက် အနားမှာ ရှိနေသလိုမျိုး ခံစားရမှာပါ။
#ကမ္ဘာ့နည်းပညာ

25/03/2026

Dot Matrix Printer: ရုံးသုံးနည်းပညာ၏ ခေတ်ဦးအမွေအနှစ်

ဒီနေ့ခေတ်၊ ကျွန်ုပ်တို့အသုံးပြုနေကြသော Laser နှင့် Inkjet ပရင်တာများသည် တိတ်ဆိတ်စွာဖြင့် အရည်အသွေးမြင့် စာသားများနှင့် ပုံရိပ်များကို စက္ကူပေါ်သို့ မြန်ဆန်စွာ သီကုံးပေးနိုင်ကြသည်။ သို့သော် လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်ကမူ၊ ရုံးခန်းတစ်ခု၏ အသွင်သဏ္ဌာန်သည် အခြားတစ်မျိုးဖြစ်ခဲ့သည်။ ကွန်ပျူတာ၏အမိန့်များကို စက္ကူပေါ်သို့ အကောင်အထည်ဖော်ရန်အတွက် ထိုခေတ်က အဓိကအားထားခဲ့ရသည့်အရာမှာ 'Dot Matrix Printer' ပင်ဖြစ်သည်။ ၎င်းသည် ရိုက်ချက်တိုင်းတွင် ‘တဂျိဂျိ’ ဟူသော အသံဖြင့် ရုံးခန်းအား သက်ဝင်လှုပ်ရှားစေခဲ့သည်။

Dot Matrix ပရင်တာများ၏ နည်းပညာသည် ပုံမှန်စာရိုက်စက် (Typewriter) များ၏ အခြေခံသဘောတရားကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ ပုံမှန်စာရိုက်စက်တွင် စာလုံးတစ်ခုစီအတွက် စာလုံးပုံစံပါသော လက်တံတစ်ခုပါရှိသော်လည်း၊ Dot Matrix ပရင်တာတွင်မူ အပ်ကလေးများ (Pins) အများကြီးပါဝင်သော Head တစ်ခုရှိသည်။ ထိုအပ်ကလေးများသည် မှင်စိမ်ထားသော ဖဲကြိုး (Ink Ribbon) ကို သွားရောက်ရိုက်ခတ်လိုက်သောအခါ၊ စက္ကူပေါ်တွင် အစက်ကလေးများ (Dots) ထင်ကျန်ရစ်ခဲ့သည်။ ထိုအစက်ကလေးများကို စနစ်တကျစုစည်းလိုက်သောအခါ၊ ကျွန်ုပ်တို့ဖတ်ရှုနိုင်သော စာလုံးများနှင့် ပုံစံများ ဖြစ်လာသည်။ ထိုအပ်ရာကလေးများကြောင့်ပင် ကျွန်ုပ်တို့သည် ၎င်းတို့ကို "အပ်ပေါက်ရာ" ပုံစံဖြင့် မှတ်မိနေကြခြင်းဖြစ်သည်။

၁၉၇၀ ခုနှစ်ဝန်းကျင်တွင် စတင်ပေါ်ပေါက်ခဲ့သော Dot Matrix ပရင်တာများသည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထိုခေတ်က ကွန်ပျူတာအများစုအတွက် ပထမဆုံးရွေးချယ်ရမည့် ပရင်တာအမျိုးအစားဖြစ်ခဲ့သည်။ ၎င်းတို့သည် ခိုင်ခံ့မှုရှိခြင်း၊ လည်ပတ်မှုကုန်ကျစရိတ်သက်သာခြင်းနှင့် အရေးအကြီးဆုံးမှာ Carbon Copy ရရှိနိုင်ခြင်းတို့ကြောင့် ရုံးသုံး၊ စီးပွားရေးသုံးများအတွက် အလွန်အဆင်ပြေခဲ့သည်။ စာရွက်နှစ်ထပ်၊ သုံးထပ်ပါသော ဘောက်ချာများနှင့် ငွေပြေစာများကို တစ်ကြိမ်တည်းရိုက်နှိပ်ရုံဖြင့် မိတ္တူပါပြီးသားဖြစ်သွားခြင်းသည် ထိုခေတ်က အလွန်အသုံးဝင်သော အင်္ဂါရပ်တစ်ခုဖြစ်သည်။

နည်းပညာတိုးတက်လာသည်နှင့်အမျှ၊ Laser နှင့် Inkjet ပရင်တာများ ပေါ်ပေါက်လာခဲ့ပြီး အရည်အသွေးပိုမိုကောင်းမွန်ကာ အသံတိတ်ဆိတ်သောကြောင့် Dot Matrix ပရင်တာများ၏ နေရာကို အစားထိုးလာခဲ့သည်။ သို့သော် ထူးခြားချက်မှာ Dot Matrix ပရင်တာများသည် ယနေ့တိုင် လုံးဝပျောက်ကွယ်သွားခြင်းမရှိသေးခြင်းပင်ဖြစ်သည်။ Carbon Copy ရရှိနိုင်မှုနှင့် ခိုင်ခံ့မှုတို့ကြောင့် ဘဏ်များ၊ ကားဂိတ်များ၊ ငွေပြေစာဖြတ်ပိုင်းထုတ်ပေးသည့်နေရာများနှင့် သိုလှောင်ရုံများကဲ့သို့သော နေရာများတွင် ၎င်းတို့ကို ဆက်လက်အသုံးပြုနေကြဆဲဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်၊ Dot Matrix ပရင်တာများသည် ကျွန်ုပ်တို့၏ ရုံးသုံးနည်းပညာသမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းသည် နည်းပညာ၏ခေတ်ဦးအမွေအနှစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး၊ ၎င်း၏ ‘တဂျိဂျိ’ ဟူသော အသံနှင့်အတူ ကျွန်ုပ်တို့အား အတိတ်ကို ပြန်လည်အမှတ်ရစေသည်။ ယနေ့ခေတ်၏ ခေတ်မီပရင်တာများကို အသုံးပြုနေရင်းဖြင့်၊ Dot Matrix ပရင်တာများ၏ ခေတ်ဦးကြိုးပမ်းမှုကို အသိအမှတ်ပြုသင့်ပါသည်။

#မိတ္တူဆိုင်ရာဗဟုသုတ

24/03/2026

"တိတ်ဆိတ်ခြင်းဆိုတာ အရာအားလုံး ရပ်တန့်သွားတာမဟုတ်ဘဲ... ရှေ့ဆက်ဖို့ အားပြန်ဖြည့်နေတာပါ"

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ 'အမြဲတမ်း ကြိုးစားနေရမယ်'၊ 'အမြဲတမ်း အလုပ်ဖြစ်နေရမယ်' ဆိုတဲ့ အတွေးတွေနဲ့ပဲ ရှေ့ကို အတင်းတွန်းတင်နေမိတတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သစ်ပင်တစ်ပင်တောင်မှ ရာသီအလိုက် အရွက်တွေ ကြွေကျပြီး နားနားနေနေ နေထိုင်ရတဲ့ အချိန်ရှိပါတယ်။

အနားယူတယ်ဆိုတာ အချိန်ဖြုန်းတာ မဟုတ်ပါဘူး။
ဖရိုဖရဲဖြစ်နေတဲ့ စိတ်တွေကို ပြန်စုစည်းတာ...
ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို ပြန်ပြုပြင်တာ...
ပြီးတော့ ပိုကောင်းတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆက်နိုင်ဖို့ အားအင်အသစ်တွေ မွေးဖွားတာပါ။

တစ်ခါတလေ ဘာကိုမှ အတင်းအကျပ် မလုပ်ဘဲ ငြိမ်ငြိမ်လေး နေကြည့်လိုက်ပါ။ ကိုယ့်ရဲ့ စိတ်အာရုံကို လွှတ်ပေးထားလိုက်ပါ။ အဲဒီလို အနားယူခြင်းကနေ ထွက်လာတဲ့ စိတ်ကူးသစ်တွေ၊ အားအင်သစ်တွေက ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုပြီး ခရီးပေါက်စေပါလိမ့်မယ်။

ဒီနေ့တော့ ခဏလောက် နားလိုက်ပါဦး။
ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ အချိန်ပေးတာဟာလည်း အောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ✨

23/03/2026

"မနက်ဖြန်အထိ ရွှေ့ဆိုင်းလို့ရတဲ့ အလုပ်တစ်ခုကို... ဒီနေ့မှာ ဘယ်တော့မှ အတင်းအကျပ် မလုပ်ပါနဲ့။" — Mark Twain 📖💤

ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်းကတော့ တကယ်ကို လူပျင်းနတ်ဘုရားတွေရဲ့ အာဘော်အတိုင်း ပြောပေးသွားတာပဲဗျာ။ 😂

ကျွန်တော်တို့တွေ နေ့တိုင်း "အချိန်နဲ့တပြေးညီ ပြီးအောင်လုပ်ရမယ်"၊ "ဒီနေ့အလုပ် ဒီနေ့ပြီးရမယ်" ဆိုတဲ့ ဖိအားတွေကြားမှာ ရှင်သန်နေကြရတာပါ။ ဒါပေမဲ့ တစ်ခါတလေကျရင်လည်း စာရေးဆရာကြီးပြောသလို "မနက်ဖြန်မှ လုပ်မယ်လေ" ဆိုတဲ့ စိတ်လေးက စိတ်ဖိစီးမှုကို တော်တော်လေး လျော့ကျစေပါတယ်။

အလုပ်ဆိုတာကတော့ ရှိနေဦးမှာပါပဲ။ အဓိကက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ စိတ်အပန်းပြေဖို့ပဲ မဟုတ်လား?

ဒီနေ့တော့ အလုပ်တွေကို ခဏဘေးဖယ်ပြီး ကိုယ့်ကိုယ်ကိုယ် အနားပေးလိုက်ကြရအောင်။ ဘယ်သူတွေကရော ဒီနေ့အလုပ်ကို မနက်ဖြန်အတွက် "အသာလေး" ချန်ထားချင်ကြလဲ? 🙋‍♂️🙋‍♀️

(မှတ်ချက် - Boss တွေ၊ Manager တွေ မမြင်အောင်တော့ Hide ထားကြပေါ့နော်။) 😂

Website

Address

Myo Ma Kyaung Street
Kyaukse
05143

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30
Saturday 07:30 - 17:30
Sunday 07:30 - 17:30

Alerts

Be the first to know and let us send you an email when Shwe Computer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kyaukse.