Inches Engineering

Inches Engineering

Share

Architectural Design, Rc & Steel Estimate,Construction,Decoration, Renovation & Training .

01/06/2023

#ဆေးသုတ်ချိန်

သတိထားသင့်တဲ့ အချက် 6 ချက်နှင့်
ပြင်ဆင်နည်းလေးများ 🌞

1 - Blisters
အသီးအသီးလေးတွေထတဲ့ Error ပါ။ စိုစွတ်တဲ့မျက်နှာပြင်/စိုထိုင်းစမြင့်တဲ့မျက်နှာပြင် တွေအပေါ် ဆေးသုတ်တဲ့အခါ ကြွတက်လာတာပါ။ ပထမ coat မခြောက်ခင် နောက်တစ် coat တင်လိုက်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ မျက်နှာပြင်ကို သန့်ရှင်းအောင်မလုပ်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။
Undercoat ကောင်းကောင်းရွေးချယ်ခြင်း၊ အစိုဓာတ်ညီမျှမှုရှိအောင် Exhaust Fan တပ်ခြင်း၊ မျက်နှာပြင်ကိုသေခြာပြင်ဆင်ခြင်းနဲ့ နံရံယိုစိမ့်မှုမရှိအောင် သေချာစေခြင်းတို့ကသာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်ခင်ဗျာ…

2 - Chalking
ဆေးသားမကောင်းတဲ့အခါ အမှုန်လေးတွေထွက်ပါတယ်။ အရောင်နဲ့သက်တမ်းပေါ်မူတည်ပြီးတော့လည်း ဆေးပြယ်တတ်ပါတယ်။ ဆေးသားအရမ်းပါးတဲ့အခါမှာလည်း အမှုန်လေးတွေအဖြစ် လွင့်ပြယ်တတ်ပါတယ်။
ဦးစွာ အစက်အပြောက်နဲ့လွင့်ပြယ်နေတဲ့နေရာတွေကို ကော်ပတ်စားရပါမယ်။ ဆေးအသစ်တင်တဲ့အခါ တောက်တဲ့အရောင်တွေသုံးမယ်ဆိုရင်တော့ ဆေး quality ကောင်းကောင်းကို လုံလောက်အောင်အသုံးပြုခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။

3 - Cracking
ကွဲအက်လာခြင်းအဓိကအကြောင်းအရင်းကတော့ ပထမတစ် Coat လုံးဝမခြောက်ခင် နောက်တစ် Coat တင်လိုက်ခြင်းကြောင့် အဖြစ်များပါတယ်။
မှန်ကန်တဲ့ Primer Coat ကို ကော်ပတ်စားပြီး၊ ပြန်တင်ပြီးမှ Quality မြင့်၊ ပျံ့နှံ့နှုန်းကောင်းတဲ့ နောက်တစ် Coat ထပ်တင်ရပါမယ်။

4 - Mold
မှိုတက်ခြင်းကတော့ လေဝင်လေထွက်မကောင်းခြင်း၊ နေရောင်လုံလောက်စွာမရရှိခြင်း၊ Quality နိမ့်တဲ့ ဆေးသား (Bacteria Shield) မပါဝင်တဲ့ ဆေးကိုအသုံးပြုတဲ့အခါတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။
ရှာလကာရည်နဲ့ မှိုတွေကိုသတ်ရပါမယ်။ အစွန်းထင်းကာကွယ်တဲ့ Primer သုတ်ရပါမယ်။ ဆီဆေးကိုရှောင်ပြီး လေဝင်လေထွက်ကောင်းအောင် Exhaust Fan တပ်ဆက်ခြင်းအားနဲ့ အစိုဓာတ်ကိုထိန်းသိမ်းရပါမယ်။

5 - Peeling
ဖြစ်ရိုးဖြစ်စဉ် ဆေးကွာကျခြင်းကတော့ အောက်အလွှာနဲ့အပေါ်လွှာကြား ကပ်နိုင်စွမ်းလျော့နည်းခြင်း၊ အစိုဓာတ်မြင့်ခြင်း သို့မဟုတ် ဖုန်ထူသောနံရံပေါ်နောက်တစ် Coat သုတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
မျက်နှာပြင်ကို ချောမွေ့အောင်ကော်ပတ်စားပြီး၊ Sealer ကောင်းကောင်းပြန်တင်ပြီးမှ Quality မြင့်တဲ့ဆေးသားကို အသုံးပြုရပါမယ်။

6 - Wrinkling and Shrivelling
အတွန့်အတွန့်တွေဖြစ်တာဟာ ဆေးအထူကြီးသုတ်လိုက်ခြင်း၊ ပထမ Coat မခြောက်ခင် နောက်တစ် Coat တင်ခြင်း၊ Cure မဖြစ်ခင် မိုးပက်ခြင်း၊ စိုထိုင်းမှုမြင့်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
ရာသီဥတုနဲ့နေရာဒေသပေါ်မူတည်ပြီး ချင့်ချိန်နိုင်ရပါမယ်။

ဒီလို Painting ပြဿနာတွေကတော့ ကျွမ်းကျင်သူမကိုင်တွယ်တဲ့အခါမှာဖြစ်တတ်တာမျိုးတွေပါ။ အမှန်တကယ်ကျွမ်းကျင်တဲ့ ဆေးသုတ်ဝန်ဆောင်သူတွေနဲ့ဆိုရင်တော့ ကိုယ်သုတ်မယ့်ဆေးရဲ့အကြောင်းတွေ၊ အခြေအနေပေါ်လိုက်ပြီး လုပ်ဆောင်တတ်တာတွေကပဲ Profession နဲ့ ဆေးလက်ရာမှာ သိသာစေမှာပဲဖြစ်ပါတယ်ခင်ဗျာ… အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ… လူကြီးမင်းတို့လည်း ကိုယ့်အိမ်နဲ့အလိုက်ဖက်ဆုံးနဲ့ အတောက်ပဆုံးဆေးသုတ်နိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ခင်ဗျာ…

P BUILD-Myanmar မှကူးယူဖော်ပြအပ်ပါသည်ခများ
# # # # # # # # # # # # # # # # # # #
crd

Photos from Inches Engineering's post 26/03/2023

Auto CAD 2D/3D complete
&details course
👉ကို ၁ ရက်နေ့ ၄လ ပိုင်းမှာဖွင့်ပါမယ်
📆Tue,Thu,sat,sun ၁ပတ် ၄ရက်
🕔ညနေပိုင်း နာရီ ၅ မှ ၆ နာရီ ထိ
💸သင်တန်းကြေး - ၁သိန်း(outline book)ပါပြီး

Photos from Inches Engineering's post 14/03/2023

👉Modelling ပိုင်းစိတ်၀င်စားသူများ၊
👉အဆောက်အဦးဒီဇိုင်းရေးဆွဲခြင်းစိတ်၀င်စားသူများ
👉interior designer အဖြစ်လုပ်ကိုင်လိုသူများအတွက် သင်တန်းသစ်ကိုလည်း
တွင်တက်ရောက်နိုင်ပါပြီ ။
👍👍အာမခံတာက သင်တန်းပြီးစီးပါက
ယုံကြည်မှုရှိရှိဖြင့်ဒီဇိုင်းများကို
မိမိ စိတ်ကူးနိုင်းစွမ်းရှိသလောက် လှပစွာ
ရေးဆွဲနိုင်ပါမယ်။👍👍👌👌

13/03/2023

👏👏ထပ်မံ၍ အင်ဂျင်နီယာများအတွက်
Quantity survey (QS)အဆောက်အဦးခန့်မှန်းကုန်ကျစရိတ်တွက်ချက်ခြင်း👏👏

QS အတန်းသစ်ကိုလည်းထပ်မံတိုးချဲ့ဖွင့်လှစ်ရန်ရှိပါသည် ရုံးပိုင်းဖြင့်အလုပ်လုပ်လိုသည့် အင်ဂျင်နီယာများ တက်ထားသင့်သည့်သင်တန်းကောင်းဖြစ်ပါသည်

👩‍🏫 ဝါရင့်လုပ်ငန်းခွင်အတွေ့အကြုံ ရှိပြီးသားဆရာမမှသင်ကြားပြသမှာဖြစ်ပါတယ် 👩‍🏫

Excel software ကိုအသုံးပြု၍သင်ကြားမှာဖြစ်ပြီး လက်တွေ့အလုပ်လုပ် ရာတွင်အခက်အခဲများကိုလည်း knowledge sharing အနေဖြင့် ပြောပြသွားမှာဖြစ်ပါတယ်

⛔တခုအသိပေးချင်တာက auto CAD software အသုံးပြုတတ်မှ QS class ကို join တာကပိုမိုထိရောက်ပါလိမ့်မယ် ⛔
☎ဆက်သွယ်ရန် 09968166155☎

Photos from Inches Engineering's post 13/03/2023
Photos from Inches Engineering's post 13/03/2023

🙏🙏🙏သာလီစွပါ 🙏🙏🙏13.3.2023

👨‍🎓👩‍🎓AGTI / BE ကျောင်းပြီးထားသော၊လုပ်ငန်းခွင်၀င်ရောက်နေကြသော 👨‍🎓👩‍🎓

👷‍♂👷‍♀အင်ဂျင်နီယာများအတွက်👷‍♂👷‍♀

🥵🥵အဖြစ်မနေတတ်ထားရမဲ့ technical skill
တစ်ခုဖြစ်သည့် Auto CAD software
အသုံးပြု၍ design ပိုင်း၊site ပိုင်း၀င်ရောက်လုပ်ကိုင်ရာတွင်အခက်အခဲမရှိစေဖို့ 🥵🥵

👉👉Auto CAD (2D/3D)လုပ်ငန်းခွင်သုံးအတန်းသစ်ကိုယခုလတွင်ဖွင့်ရန်ရှိပါသဖြင့်👈👈

👨‍💻👩‍💻တက်ရောက်လိုသူများ 09968166155
ကိုဆက်သွယ်၍မေးမြန်းနိုင်ပါတယ် 👨‍💻👩‍💻

💥ကွန်ပျူတာ မရှိလည်းတက်ရောက်နိုင်ပါတယ်💥

09/10/2022
Photos from Inches Engineering's post 22/05/2022

Yambae project.
Two storeyed residential building.
Home+Shop

27/02/2022

Auto Cad (2D/3D) -3
အတန်းသစ် ကို (2.3.2022)(အင်္ဂါနေ့) စသင်ပါမယ်။

🚨🚨🚨Notice:
ကြောင့်ပိတ်ထားရသောအတန်း
-2 မှကျောင်းသား၊သူများလည်း ဝင်ရောက်တက်နိုင်ပါတယ်။
တက်မည့်သူများ အကြောင်းကြားပေးကြပါ။

☎ - 09 968 166 155.
🏡 - Cb bank ဘေးကပ်လျက်၊
Inches engineering .

Photos from Inches Engineering's post 08/02/2022

၁ရက်တည်းအပြီးလုပ်လိုက်ရတဲ့အလုပ်လေး
Home+shop

Design အပ်ချင်ရင် inches ကိုလာခဲ့ကြပါ
09968166155
KPU

Photos from Inches Engineering's post 04/02/2022

70%ပြီးစီးမှု!
Inches engineering ရဲ့ design and site
Inspection.

Want your school to be the top-listed School/college in Kyaukpyu?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No-123, Middle Quarter , Beside CB Bank, , Kyaukphyu Township, Rakhine State
Kyaukpyu