PDF - Kayan
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။
09/07/2025
မျှော်လင့်နေတာထက်
ယုံကြည်ဖို့ လိုတယ်။
အားပေးနေတာထက်
ဝင်ပါဖို့ လဲလိုတယ်။
မင်းကိုနိုင်
03/06/2025
လစဥ် ထောက်ပို့နေသော
ရွှေညီနောင်အဖွဲ့ (ကိုရီးယား) အား
ကျေးဇူးအထူးတင်ရှိပါတယ်
ထောက်ပို့အားနဲ့ ရှေ့ဆက်နေတာကြောင့် ဆက်လက် ထောက်ပို့ ပါဝင်ပေးကြပါဦးဗျ
PDF - Kayan
12/04/2025
ကျွန်ုပ်တို့ PDF - Khayan တပ်ဖွဲ့၏ ထောက်ပို့ရဲဘော်များ ဖြစ်သော
`` ရွှေရောင်အနာဂတ် ´´ က
ထောက်ပို့ငွေ ၅၀၀၀၀၀(ငါးသိန်းကျပ်တိတိ) လှူဒါန်းသည့် အတွက် အထူးကျေးဇူးတင်ရှိအပ်ပါသည်။
ဆက်လက်ထောက်ပို့ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ
12.4.2025
25/11/2024
" ရဲဘော်ရန်ကင်းနှင့် ညီအစ်ကိုများ "မှ
ကျွန်ုပ်တို့ PDF-Khayan တပ်ဖွဲ့အတွက်
တစ်နပ်စာ အသားဟင်းလှူဒါန်းမှု့အတွက်
ကျွန်ုပ်တို့ PDF-Khayan တပ်ဖွဲ့မှ
အထူးပင်ကျေးဇူးတင်ရှိပါသည်။
22.11.2024
PDF-Khayan
18/09/2024
တပ်ဖွဲ့ ရိက္ခာအတွက် မွေးမြူရေး
ပြည်သူလှူဒါန်းသည်များကို အလေအလွင့်မရှိစေရေး ၊ ရိက္ခာအတွက် တစ်ဖက်တလမ်းမှ အဆင်ပြေစေရေးအတွက် တပ်ဖွဲ့ဝင်ရဲဘော်များမှ စခန်းတွင် မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
တပ်ဖွဲ့ဝင်ရဲဘော်များမှ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း တစ်ဖက်မှလည်း စည်းစနစ်ကျသည့်တပ်ဖွဲ့တစ်ခုဖြစ်စေရေ နေထိုင်စားသောက်ရေးမှ အစ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ၏ တော်လှန်ရေးရန်ပုံငွေများကို အလေအလွင့်လျော့နည်းစေရေးနှင့် ထိရောက်စွာအသုံးပြုနိုင်ရေး အဖက်ဖက်မှ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
`` အားလုံးဆောင်ရွက် အားလုံးအတွက် ´´
17.9.2024
PDF-Khayan
ဂျပန်က ရဲဘော်တွေရဲ့ လှုပ်ရှားမှုပါ
✊️✊️✊️
အလွန်းအားရတဲ့ ထောက်ပံ့ကူညီမှု ဖြစ်တာကြောင့် ဝိုင်းဝန်းပြီး အားဖြည့်ပေးကြပါဦး
09/09/2024
🇰🇷ကိုရီးယားနိုင်ငံမှ လစဥ်ထောက်ပို့ရဲဘော်များ ဖြစ်ကြသော
`` Khayan Supporting Community - Korea´´ အဖွဲ့ က
🚩 ၇ လပိုင်းအတွက် ထောက်ပို့ အလှူငွေ ၂,၇၀၀,၀၀၀ (နှစ်ဆယ့်ခုနှစ်သိန်းကျပ်တိတိ)
🚩 ၈ လပိုင်းအတွက် ထောက်ပို့ငွေ ၃,၁၀၅,၀၀၀ (သုံးဆယ့်တစ်သိန်းငါးထောင်ကျပ်တိတိ)
တို့ကို ထောက်ပို့ လှူဒါန်းပါသဖြင့် အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်။
ပြည်သူများအနေနဲ့လည်း တတ်နိုင်ရာက ပူးပေါင်းပါဝင်ပေးကြပါဦးဗျ
လစဥ်အမာခံ ထောက်ပို့ရဲဘော်များကို အထူးကျေးဇူးတင်ရှိပါတယ်ဗျ
PDF-Khayan
09/09/2024
လစဥ်ထောက်ပို့ရဲဘော်များ ဖြစ်ကြသော
`` ဒေါင်းနီအဖွဲ့ (ဂျပန်နိုင်ငံ) ´´ က
ထောက်ပို့ အလှူငွေ ၂,၀၅၂,၀၀၀ (သိန်းနှစ်ဆယ်ငါးသောင်းနှစ်ထောင်ကျပ်တိတိ) ပေးပို့ လှူဒါန်းပါသဖြင့် အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်။
ပြည်သူများအနေနဲ့လည်း တတ်နိုင်ရာက ပူးပေါင်းပါဝင်ပေးကြပါဦးဗျ
လစဥ်အမာခံ ထောက်ပို့ရဲဘော်များကို အထူးကျေးဇူးတင်ရှိပါတယ်ဗျ
PDF-Khayan
09/09/2024
လစဥ်ထောက်ပို့ရဲဘော်များ ဖြစ်ကြသော
ဂျပန်နိုင်ငံမှ
`` KHAYAN - PEOPLE SUPPLY FORCE (SOURTHERN YANGON) ´´ အဖွဲ့က
ထောက်ပို့ အလှူငွေ ၁,၇၇၄,၈၀၀ (တစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းလေးထောင့်ရှစ်ရာကျပ်တိတိ) ပေးပို့ လှူဒါန်းပါသဖြင့် အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်။
ပြည်သူများအနေနဲ့လည်း တတ်နိုင်ရာက ပူးပေါင်းပါဝင်ပေးကြပါဦးဗျ
လစဥ်အမာခံ ထောက်ပို့ရဲဘော်များကို အထူးကျေးဇူးတင်ရှိပါတယ်ဗျ
PDF-Khayan
09/09/2024
( ၃၂ ) နှစ်ပြည့် မွေးနေ့အလှူအဖြစ်
" ကရုဏာရှင် အပျိုကြီး မမ "မှ ကျွန်ုပ်တို့ PDF-Khayan တပ်ဖွဲ့အတွက်
တစ်ရက်စာ ဒံပေါက်အာဟာရ လှူဒါန်းမှု့အတွက်
ကျွန်ုပ်တို့ PDF-Khayan တပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
9.9.2024
PDF-Khayan
08/09/2024
ငါတို့ဟာ
အကြောင်းမဲ့ ဖြစ်တည်လာတာမဟုတ်
ယုံကြည်ချက်နဲ့ သန္ဓေတည်လာတာဖြစ်တယ်။
အိမ်ပြန်ချင်ရုံ သက်သက်နဲ့တော့
ငါတို့အသက်တွေကို မစတေးခဲ့ဘူး။
တိုင်းပြည် ပြောင်းလဲစေချင်လို့သာ
လူငယ်ပီပီ ငါတို့အသက်တွေကို ပြည်သူ့အတွက် အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး ဆိုတာ
ပြည်သူမထောက်ခံရင် ၊ ပြည်သူ့ အကူအညီမပါရင်
ရပ်တည်လို့မရပါဘူး။
မြို့နယ်ရဲ့ အညွှန့်အဖူးလူငယ်တွေဆိုတာ
ယုံကြည်ချက်နဲ့ မားမားမတ်မတ်ရပ်တည်ပြီး
ဆိုးတူကောင်းတူ ရပ်တည်ရဲတဲ့သူတွေကိုခေါ်တာ
နောက်ပြန်လှည့်ပြေးတဲ့
သူရဲဘောကြောင်တဲ့သူတွေအတွက်
သမိုင်းမှာ နေရာမရှိဘူး။
ငါတို့သမိုင်းကို ငါတို့ဆက်ရေးမယ်။
9.9.2024
PDF - Khayan
08/09/2024
သစ္စာ
______
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏ ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာပြုမိပါလျှင်
အသင်တို့၏ မညွတ်ပျောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ ။
မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက်လမ်းတဝက်
ပေးဆပ်ရလည်း
လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ
တာဝန်တရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ ။
မင်းကိုနိုင်
Click here to claim your Sponsored Listing.
Category
Website
Address
Kayan