LOMTech
Empowering businesses with exceptional IT solutions, driven by our dedicated and talented expertise.
Cursor Myanmar AI Hackathon Live now Part 2
Cursor Myanmar AI Hackathon Live now
28/08/2026
Cursor Myanmar AI Hackathon 2026 မှာ ပြိုင်ပွဲဝင်တွေရဲ့ ရင်ခုန်စရာ အကောင်းဆုံး ဖန်တီးမှု အခိုက်အတန့်တွေကို အသက်ဝင်ဆုံး ရိုက်ကူးတင်ဆက်ပေးဖို့ GameTime မှ Official Media Partner အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။
GameTime ဆိုတာ တက္ကသိုလ်ပေါင်း ၇၀ ကျော် ပါဝင်ခဲ့တဲ့ National Esports Leagues များ၊ နိုင်ငံကျော် အားကစားအစီအစဥ်များရဲ့ Live Sports Broadcasting နှင့် Multi-platform Media Production များကို ဦးဆောင် ကျင်းပပေးနေတဲ့ မြန်မာ့ထိပ်တန်း Sports & Entertainment Media House ဖြစ်ပါတယ်။
ပရိသတ်တွေအတွက် အကောင်းဆုံးရသပေးနိုင်တဲ့ စိတ်လှုပ်ရှားဖွယ် Content တွေကို Podcasts၊ Broadcast-quality TV Shows တွေနဲ့ Digital Highlight Video Series ကနေ တဆင့်လည်း ပေါင်းကူးဆက်သွယ်ပေးလျက် ရှိပါတယ်။
ဒီလိုမျိုး Hackathon ရဲ့ ရင်ခုန်စရာ Moments တွေကို အမိုက်စား ပုံဖော်ပေးမယ့် GameTime အဖွဲ့သားများအားလုံးကို Cursor Myanmar မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။
28/08/2026
Cursor Myanmar AI Hackathon 2026 မှာ တီထွင်ဖန်တီးသူ Builders တွေရဲ့ အနာဂတ်အိပ်မက်တွေကို ပိုမိုခိုင်မာလာစေဖို့အတွက် မြန်မာ့ထိပ်တန်း ဘဏ်တစ်ခုဖြစ်တဲ့ uab bank မှ Official Partner အဖြစ် အဓိက ပါဝင်အားဖြည့်ထားပါတယ်။
၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ခဲ့တဲ့ uab bank ဟာ လက်ရှိမှာ မြို့နယ် (၅၆) မြို့နယ်မှာ ဘဏ်ခွဲပေါင်း (၈၀) ကျော်အထိ တိုးချဲ့ပြီး ပြည်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်တွေကို ဝန်ဆောင်မှုပေးနေတဲ့ leading bank ကြီးတစ်ခုပါ။
Euromoney ရဲ့ Myanmar’s Best Bank ဆုနဲ့ Global Finance ရဲ့ Best Bank in Myanmar ဆုတွေကို နှစ်စဉ်မပြတ် ဆွတ်ခူးထားသလို၊ စည်းကမ်းခိုင်မာမှုနဲ့ ရေရှည်တည်တံ့တဲ့ ဘဏ်လုပ်ငန်း အလေ့အထတွေကြောင့် ပြည်တွင်းရော နိုင်ငံတကာမှာပါ အသိအမှတ်ပြုခံထားရတဲ့ ဘဏ်တစ်ခုလည်း ဖြစ်ပါတယ်။
uab bank ဟာ ဝန်ဆောင်မှုပေးရုံတင် မဟုတ်ဘဲ ပြည်သူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်လာစေဖို့ ကဏ္ဍစုံမှာ အခွင့်အလမ်းတွေကို တက်ကြွစွာ ဖန်တီးပေးလျက် ရှိပါတယ်။
မြန်မာ့ AI Innovator တွေရဲ့ အခွင့်အလမ်းသစ်တွေကို အတူတကွ ပုံဖော်ပေးမယ့် uab bank ကို Cursor Myanmar မှ အထူးပင် ဂုဏ်ယူကျေးဇူးတင်ရှိပါတယ်။
28/08/2026
Cursor Myanmar AI Hackathon 2026 မှာ ပါဝင်ယှဉ်ပြိုင်မယ့် အနာဂတ်လူငယ်တွေအတွက် အဓိကလိုအပ်တဲ့အရာတစ်ခုကတော့ စိတ်အေးချမ်းသာစွာနဲ့ သူတို့ရဲ့ အနာဂတ်အိပ်မက်တွေကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့ အခွင့်အရေးရရှိခြင်းပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ထိပ်တန်းအသက်အာမခံကုမ္ပဏီဖြစ်တဲ့ Daiichi Life Myanmar ဟာ မြန်မာနိုင်ငံပြည်သူပြည်သားများအတွက် ငွေကြေးအကာအကွယ်ပေးထာရုံသာမက Physical, Mental နဲ့ Financial Wellness တို့ကိုပါ အလေးထားပြီး လူတိုင်းရဲ့ အိပ်မက်တွေကို အကန့်အသတ်မရှိပုံဖော်နိုင်ဖို့ အခွင့်အလမ်းအသစ်တွေကို ရှာဖွေဖန်တီးနိုင်ဖို့ အမြဲကြိုးစားလျက်ရှိပါတယ်။
Daiichi Life Myanmar မှ မြန်မာနိုင်ငံရဲ့ Developer နဲ့ Innovator လူငယ်တွေရဲ့ အကန့်အသတ်မဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ Cursor Myanmar AI Hackathon 2026 နဲ့ ယုံကြည်စွာ လက်တွဲပေးတဲ့အပြင် Daiichi Life Special Award ကိုပါ ချီးမြှင့်ပေးအပ်သွားမယ့်အတွက် Cursor Myanmar မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။
28/08/2026
Cursor Myanmar AI Hackathon 2026 မှာ အဓိကပံ့ပိုးပေးထားတဲ့ နောက်ထပ် Partner တစ်ဦးကတော့ foodpanda ပဲ ဖြစ်ပါတယ်။
foodpanda Myanmar ဟာ နိုင်ငံတစ်ဝန်း မြို့ကြီးများစွာမှာ Merchant Partner ဆိုင်ပေါင်း (၃၅,၀၀၀) ကျော်နဲ့ ချိတ်ဆက်ပြီး အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကို သုံးစွဲသူတွေစိတ်ကြိုက် လွယ်ကူလျင်မြန်စွာ စိတ်ကြိုက်မှာယူနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ မြန်မာ့ထိပ်တန်း Delivery Platform ဖြစ်ပါတယ်။
"Affordability, Choice and Convenience" ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း သုံးစွဲသူတွေ၊ Rider တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လူမှုစီးပွားဘဝကို နည်းပညာနဲ့ မြှင့်တင်ပေးနေသလို၊ လူငယ်တွေရဲ့ Digital Ecosystem နဲ့ Community ပွဲတွေကိုလည်း အစဉ်မပြတ် ပံ့ပိုးပေးလျက် ရှိပါတယ်။
အခုလို မြန်မာ့နည်းပညာရပ်ဝန်းကို စိတ်ဝင်စားမှုရှိစွာ ပံ့ပိုးလက်တွဲပေးတဲ့ foodpanda Myanmar ကို Cursor Myanmar မှ ဂုဏ်ပြုကျေးဇူးတင်ရှိပါတယ်။
28/08/2026
မကြာခင် ကျင်းပတော့မဲ့ Hackathon မှာ အဓိက ပံ့ပိုးပေးထားတဲ့ နောက်ထပ် Partner တစ်ဦးက အားလုံးသိကြတဲ့ ATOM ပဲ ဖြစ်ပါတယ်။
ပြောင်းလဲမှုတွေကို အစဥ်တစိုက် ဦးဆောင်လာခဲ့ပြီး ATOM ဟာ နိုင်ငံတစ်ဝန်း စွမ်းဆောင်ရည်မြင့် 4.5G Network အပြင် AI Integration၊ Touch-Free Operations နှင့် 5G Network Trials များကို အောင်မြင်စွာ စမ်းသပ် အကောင်အထည်ဖော်နေတဲ့ Telecom Provider လဲ ဖြစ်ပါတယ်။
ATOM ဟာ မြန်မာ့လူ့ဘောင်အတွက် သက်သာလွယ်ကူတဲ့ နည်းပညာဝန်ဆောင်မှုတွေ၊ ဆန်းသစ်မှုတွေနဲ့ လူတိုင်းပါဝင်နိုင်မယ့် Inclusive Connectivity ကို အစဉ်မပြတ် ဖန်တီးပေးလျက် ရှိပါတယ်။
ဒီပွဲမှာ အခုလို အနာဂတ် AI တီထွင်မှုတွေအတွက် အပြည့်အဝ ပံ့ပိုးပေးထားတဲ့ ATOM ကို Cursor Myanmar မှ အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။
28/08/2026
စိတ်ကူးကောင်းတွေကို လက်တွေ့ကျတဲ့ IT Solution တစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုရင် ယုံကြည်စိတ်ချရတဲ့ Cloud Infrastructure ရှိဖို့တော့ လိုမယ်နော်။ ဒီလို အဆင့်မြင့် Cloud နည်းပညာတွေကို ဝန်ဆောင်မှုပေးနေတဲ့ One Cloud Next-Gen (1CNG) ကနေ Cursor Myanmar AI Hackathon မှာ Sponsor အဖြစ် အနီးကပ် ပံ့ပိုးပေးထားပါတယ်။
1CNG ဆိုတာ မြန်မာ့ စီးပွားရေးလုပ်ငန်းတွေ၊ Startups တွေနဲ့ Developer တွေအတွက် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူတဲ့ Cloud Infrastructure တွေကို ပံ့ပိုးပေးနေတဲ့ Local Cloud Infrastructure Provider တစ်ဦးပါ။
Enterprise-grade NVMe SSD ပေါ်မှာ တည်ဆောက်ထားတဲ့အတွက် မြန်ဆန်ပြီး ယုံကြည်စိတ်ချရသလို၊ Cloud Compute (VMs)၊ Kubernetes နဲ့ Security စတဲ့ Cloud Services တွေကို မြန်မာ့ စီးပွားရေးလုပ်ငန်းများအတွက် အသင့်လျော်ဆုံး စွမ်းဆောင်ရည်နဲ့ ဝန်ဆောင်မှုပေးနေပါတယ်။
Cloud ဝန်ဆောင်မှု ပေးရုံတင်မကဘဲ မြန်မာနိုင်ငံရဲ့ Digital Ecosystem တိုးတက်လာဖို့ Hackathon တွေ၊ Tech Education တွေကို အစဉ်အမြဲ အားဖြည့်လျက်ရှိပါတယ်။
အခုလို လူငယ်တွေရဲ့ ဖန်တီးမှုအိပ်မက်တွေကို ယုံကြည်စွာနဲ့ Support အပြည့်အဝပေးပြီး လက်တွဲပေးတဲ့ 1CNG ကို Cursor Myanmar အဖွဲ့သားအားလုံးက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
28/08/2026
စိတ်ကူးတွေကို လက်တွေ့ပုံဖော်မယ့် Cursor Myanmar AI Hackathon မှာ Sponsor အဖြစ် ပါဝင်အားဖြည့်ပေးထားတာကတော့ မြန်မာ့ No.1 Oway Travel ပဲဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Oway Travel ဟာ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များအပြင်၊ ဟိုတယ်နဲ့ အဝေးပြေးယာဉ်လက်မှတ်တွေကို တစ်နေရာတည်းမှာ အလွယ်တကူ မှာယူနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး Online Travel Platform တစ်ခု ဖြစ်ပါတယ်။ "Travel Your Way" ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ခရီးသွားတိုင်းအတွက် စိတ်ချယုံကြည်ရပြီး အကောင်းဆုံးဖြစ်စေမဲ့ ဝန်ဆောင်မှုတွေကို အမြဲမပြတ် ပံ့ပိုးပေးလျက် ရှိပါတယ်။
Builders တွေရဲ့ စိတ်ကူးဆန်းတွေကို AI Tools တွေနဲ့ လက်တွေ့ပုံဖော်ကြမယ့် ဒီသမိုင်းဝင် Hackathon ခရီးစဉ်မှာလည်း Oway Travel က အားတက်သရော ပါဝင်အားဖြည့်ပေးထားပါတယ်။
အခုလို လူငယ်တွေရဲ့ သစ်လွင်တဲ့ တီထွင်ဖန်တီးမှုတွေနဲ့ အနာဂတ်အိပ်မက်တွေကို ယုံကြည်ပေးပြီး လက်တွဲပေးတဲ့ Oway Travel ကို Cursor Myanmar အဖွဲ့သားအားလုံးက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
26/08/2026
Update: All Spots Filled!
Cursor Myanmar Hackathon 2026 မှာ Volunteer အဖြစ် ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပွဲတစ်လျှောက် အစီအစဉ်တွေ ချောမွေ့စေဖို့နဲ့ လာရောက်သူတွေကို နွေးထွေးစွာ ဧည့်ခံကြိုဆိုပေးဖို့အတွက် တက်ကြွတဲ့ Volunteer (၄) ဦး ခေါ်ယူနေပါတယ်။
ပါဝင်သူများ ရရှိမည့် အကျိုးကျေးဇူးများ:
• Participation Certificate
• Cursor Credits များ
• AI Community နဲ့ နီးကပ်စွာ ချိတ်ဆက်ခွင့်
နေရာ (၄) နေရာစာပဲ သတ်မှတ်ထားတာမို့ ပါဝင်ချင်သူများ Messenger ကနေ အမြန်ဆုံး ဆက်သွယ်ပေးပါနော်။
Website
Address
No. 04, Fl. 20, Crystal Tower
Kamayut