Pureen Myanmar

Pureen Myanmar

Share

မလေးရှား နံပါတ် ၁ အမှတ်တံဆိပ် Pureen ကလေးပစ္စည်းများ [Myanmar Official] - Myanmar FDA approved

25/04/2026

အခုလို အပူချိန်များတဲ့ နွေရာသီမှာ ကလေးလေးတို့အတွက် ဒိုက်ပါ အပူလောင်တာမျိုး ကြုံတွေ့ရနိုင်ပါတယ်နော် မေမေတို့ရေ

ဒိုက်ပါပူလောင်တယ်ဆိုတာက ကလေးငယ်တို့ကို ဒိုက်ပါ အချိန်ကြာကြာဝတ်ပေးထားတဲ့အခါ၊ ဒိုက်ပါနဲ့ ပွတ်မိတာများတာ၊ ဘက်တီးရီးယားပိုးဝင်တာ၊ ဒိုက်ပါနဲ့ မတည့်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်

ဒါဆို ဒိုက်ပါပူမလောင်အောင် ဘယ်လိုလုပ်ကြမလဲ

✅ဒိုက်ပါကို ကလေးအညစ်အကြေးစွန့်ပြီးတာနဲ့ ချက်ချင်းလဲပေးမယ်

✅ဒိုက်ပါ လဲတဲ့အချိန်မှာ လေဝင်လေထွက်ကောင်းစေဖို့ အချိန်ခဏလောက် ခြားထားမယ်။

✅ ဒိုက်ပါကို ကျပ်ကျပ်ကြီး ဝတ်ပေးတာမျိုး မဟုတ်ဘဲ ခပ်ပွပွ ခပ်လျော့လျော့လေး ဝတ်ပေးမယ်

✅ အချိန်ပြည့် ဝတ်ပေးတာမျိုးမလုပ်ဘဲ လေဝင်လေထွက်ကောင်းအောင် ချွတ်ပေးထားတာမျိုးလုပ်ပေးမယ် ဆိုရင် ကလေးလေးတွေ ဒိုက်ပါ အပူလောင်တာ သက်သာစေမှာပါနော်။

ဒိုက်ဘာဝတ်ပေးတဲ့အခါ ဒိုက်ဘာပွန်းတာတွေ ဆီးပူလောင်တာတွေ မဖြစ်စေဖို့ Pureen ရဲ့ Nappi Cream လေးက ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ် မေမေတို့ရေ

#ပျူရင်း #မေမေ့ချစ်ခြင်းပျူရင်း

23/04/2026

အနူးညံ့ဆုံး သန့်ရှင်းပေးမယ့် Baby Prebiotic Head To Toe Wash

နုနယ်တဲ့ ကလေးလေးတို့ရဲ့ အသားအရေအတွက် စိတ်အချရဆုံး Pureen ရဲ့ Baby Prebiotic Head To Toe Wash

အသားအရေ‌ခြောက်သွေ့ယားယံတတ်တဲ့ ကလေးတွေက SLS, Alcohol နဲ့ Parabens တွေ မပါဝင်တဲ့ ရေချိုးဆပ်ပြာကိုသာ အသုံးပြုသင့်ပါတယ်။

Pureen ရဲ့ Baby Prebiotic Head To Toe Wash က အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ Prebiotic နဲ့ Vitamin E ထည့်သွင်းပေးထားလို့ ဦးရေပြားနဲ့ ဆံသားတွေကို ကာကွယ်ပေးနိုင်ပြီး ဆံသားလေးတွေကိုပါ နူးညံ့ပျော့ပြောင်းသွားစေမှာပါ။

Tear Free Formula နဲ့ ထုတ်လုပ်ထားလို့ ရေချိုးရင်းနဲ့ မတော်တဆ မျက်လုံးထဲ ဝင်သွားခဲ့ရင်တောင် ကျိန်းစပ်ယားယံတာတွေ မဖြစ်ပေါ်စေတဲ့အတွက် နူးညံ့လွန်းတဲ့ အသားအရေတွေအတွက် အသင့်တော်ဆုံးပါပဲ။

ဒါ့အပြင် အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်တွေ ရရှိထားတာကြောင့် မေမေတို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်နော်။

#မေမေ့ချစ်ခြင်းပျူရင်း

22/04/2026

မအားတဲ့အခါ Sticker ပို့ပါ
လက်ဆောင်တွေလည်း ယူလိုက်ပါ။

မေမေတို့ရဲ့ Daily Lifestyle ထဲကို Pureen က Viber Sticker အနေနဲ့ ဝင်ရောက်လာပြီနော်။

မေမေတို့ အသုံးများတဲ့ စကားလုံးတွေကို Sticker အဖြစ်ပြောင်းလဲပေးထားတာကြောင့် စာရိုက်ဖို့ မအားတဲ့အခါ Sticker လေးတွေ အလွယ်တကူပို့လိုက်ရုံနဲ့ ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

ဒါ့အပြင် Sticker သုံးတဲ့ မေမေတို့အတွက်လည်း လက်ဆောင်တွေ ပေးသွားဦးမှာနော်။

မေမေတို့က သူငယ်ချင်း အသိမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်၊ မိသားစုဝင် အချင်းချင်းကိုပဲဖြစ်ဖြစ် Pureen ရဲ့ Viber Sticker လေးတွေ ပို့လိုက်ပါ။ ပြီးရင် ပို့ထားတဲ့ Sticker လေးတွေကို Screenshot ရိုက်ပြီး Comment မှာ မန့်ပေးခဲ့ရမှာပါနော်။

Comment တွေထဲကမှ ၁၀ ဦးကို ရွေးချယ်ပြီး Pureen ရဲ့ Kids Yogurt Head to Toe Wash 150ml ထဲက အသီးနံ့ ချိုချိုရနံ့လေးရှိတဲ့ Raspberry 5 ဘူးနဲ့ ပီကေရနံ့ ချိုချိုလေးနဲ့ Bubble Gum 5 ဘူးကို တစ်ယောက်တစ်ဘူးစီ (၁၀)ယောက်တိတိ လက်ဆောင်ပေးသွားမှာဖြစ်လို့ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Pureen ရဲ့ Sticker လေးတွေကိုတော့ ဒီ Link ကနေ Download ပြုလုပ်နိုင်ပါတယ်နော်။https://stickers.viber.com/pages/custom-sticker-packs/11f1324ec71c34c4b7db0fdd090d04da5e9d35ef909d4f0c

22/04/2026

၆နာရီကြာ ခြင်အန္တရာယ် ကာကွယ်ပေးမယ့်
Pureen Natural Skin Protectant Lotion

ခြင်ကိုက်မခံရအောင် ကာကွယ်ပေးရင်း အသားအရေ ‌ခြောက်သွေ့ခြင်းတွေကိုပါ ကာကွယ်ပေးမယ့် Pureen Natural Skin Protectant Lotion အကြောင်း သိပြီးပြီလား။

အပြင်သွားရတဲ့အခါနဲ့ ညနေဘက်တွေမှာ ဘေဘီလေးတွေ ခြင်ကိုက်မခံရစေဖို့ သဘာဝ ယူကလစ်ဆီကနေ ထုတ်လုပ်ထားတဲ့ Pureen Natural Skin Protectant Lotion က ခြင်အန္တရာယ်ကနေ 6 နာရီကြာ ကာကွယ်ပေးထားနိုင်တဲ့အပြင် aloe vera နဲ့ Vitamin C တို့ ပါဝင်တာကြောင့် အသားအရေ ‌ခြောက်သွေ့တာတွေနဲ့ ယားယံတာတွေကိုပါ သက်သာစေပါတယ်။

နေကြာဆီ၊ သံလွင်ဆီနဲ့ Jojoba Oil တို့ကိုပါထည့်သွင်းပေးထားတာကြောင့် အသားအရေစိုပြည်စေပြီး နူးညံ့တဲ့ အသားအရေအတွက် အသင့်တော်ဆုံးပါပဲ။

Paraben နဲ့ အရက်ပြန်တွေ ထည့်သွင်းထားခြင်းမရှိတဲ့အပြင် 6 လနဲ့ အထက် ကလေးတွေမှာ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်နော်။

#မေမေ့ချစ်ခြင်းပျူရင်း

13/04/2026

သင်္ကြန်မှာ ရေဆော့ကြမယ့် ဘေဘီလေးတို့အတွက် မေမေတို့သိထားရမယ့်အချက်များ

#မေမေ့ချစ်ခြင်းပျူရင်း

13/04/2026

မြန်မာ့နှစ်ကူး အခါသမယမှာ ကြည်နူးဖွယ်ရာ အခိုက်အတန့်တွေ သားသားမီးမီးတွေနဲ့ အတူတကွဖန်တီးနိုင်ပြီး တစ်နှစ်တာလုံး ကျန်းမာပျော်ရွှင်ပါစေကြောင်း Pureen မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

#မေမေ့ချစ်ခြင်းပျူရင်း

10/04/2026

မေမေတို့ရေ သင်္ကြန်တွင်း Pureen လည်း ပိတ်တယ်နော်

မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်တဲ့ April လ 11 ရက်နေ့ကနေ April လ 19 ရက်နေ့အထိ Pureen မိသားစုဝင်တွေအားလုံး အနားယူမှာဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ရပါတယ်နော်။

April 20 ရက်မှာတော့ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ အတူ မေမေ့ချစ်ခြင်း တွေကို ပြသဖို့ Pureen ပြန်လာခဲ့ပါမယ်။

အားလုံးပဲ ကြည်နူးပျော်ရွှင်စရာ သင်္ကြန်အချိန်ခါကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

#မေမေ့ချစ်ခြင်းပျူရင်း

29/03/2026

ဘေဘီလေးတွေကို မူကြိုပို့တာပဲဖြစ်ဖြစ်၊ အပြင်သွားရာမှာပဲဖြစ်ဖြစ် ရေဘူးနဲ့ မုန့် ကို အတူတူ တွဲပြီး ထည့်ပေးချင်ကြတဲ့မေမေတို့အတွက် Pureen က Baby Blu Sip and Snack 10 Oz ဘူးလေးရှိနေပြီနော်။

ချစ်စရာကောင်းတဲ့ Baby Blu Sip and Snack 10 Oz ဘူးလေးက ရေနဲ့ မုန့် အတူတူ တွဲပြီး ထည့်နိုင်စေဖို့ ဖန်တီးပေးထားတော့ တစ်ခုပဲသယ်ရတော့မှာနော်။

BPA free ဖြစ်ပြီး မကြာခဏဆေးကြောလည်း ဘေးဉပါဒ် မဖြစ်စေတဲ့ Plastic အမျိုးအစားနဲ့ Food Grade Silicon အမျိုးအစား ပိုက် ကို အသုံးပြုပေးထားတာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်နော်။

#ပျူရင်း #မေမေ့ချစ်ခြင်းပျူရင်း &Snack

26/03/2026

သွားပေါက်ချင်တဲ့ အရွယ်မှာ တွေ့တာမြင်တာ အကုန်ကိုက်ချင်နေတဲ့ ကလေးလေးတွေအတွက် Pureen ရဲ့ Elephant Silicone Teether ရှိနေပါပြီ။

Silicone Teether လေးတွေကို ကိုက်တဲ့အခါ ကလေးငယ်တွေအတွက် သွားဖုံးယားတာ ပြေပျောက်စေပြီး မေ‌မေ့ချိုချို လည်း အကိုက်မခံရတော့ဘူးနော်။

BPA Free ဖြစ်ပြီး Food Grade Silicone အမျိုးအစားနဲ့ ထုတ်လုပ်ထားပြီး ပျော့ပြောင်းနူးညံ့တဲ့အတွက် ခံတွင်းအ‌ေရပြားကို ထိခိုက်ခြင်း မရှိစေဘဲ စိတ်ချ လက်ချ ကိုက်လို့ရပါပြီနော်။

#ပျူရင်း #မေမေ့ချစ်ခြင်းပျူရင်း

21/03/2026

ဘေဘီလေးတို့ နေ့စဉ် စို့နေတဲ့ နို့ဘူးတွေကို စနစ်တကျ သန့်ရှင်းရေးမလုပ်မိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။

ဒါဆို နို့ဘူးတွေကို စနစ်တကျ ဘယ်လို ဆေးကြမလဲ။

မိခင်နို့ရည်ပဲဖြစ်ဖြစ် နို့မှုန့်ဖျော်တဲ့အခါပဲဖြစ်ဖြစ် အဆီဓာတ် ပါဝင်မှုရှိတဲ့အတွက် အဆီတွေကို ပြောင်စင်စေဖို့ လိုအပ်သလို နို့ဘူးရဲ့ အရစ်တွေမှာရှိနေတဲ့ နို့ အကြွင်းအကျန်တွေကို ပြောင်စင်အောင်ဆေးကြောဖို့ လိုအပ်ပါတယ်။ ဒါမှသာ သန့်ရှင်းတဲ့ နို့ဘူးကို ရရှိမှာဖြစ်ပါတယ်။

Pureen ရဲ့ Organic Bottle & Utensil Liquid Cleanser က သဘာဝအုန်းသီးအဆီအနှစ်နဲ့ ထုတ်လုပ်ထားတဲ့အတွက် နို့ဘူးနဲ့ နို့ဘူးထိပ်မှာ ကျန်ရှိနေတဲ့ နို့ အကြွင်းအကျန်တွေကို အလွယ်တကူ ဖယ်ရှားပေးနိုင်ပါတယ်။

Plant Based Formula နဲ့ ထုတ်လုပ်ထားတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ဖြစ်မှာကို စိုးရိမ်စရာမလိုတဲ့အပြင် ကလေးငယ်လေးတွေအတွက် အန္တရာယ်ဖြစ်စေမယ့် paraben, SLS နဲ့ MIT တို့ လုံးဝ မပါဝင်တာကြောင့် မေမေတို့ စိတ်ချလက်ချ ဆေးကြောသန့်ရှင်းနိုင်ပါတယ်။

#ပျူရင်း #မေမေ့ချစ်ခြင်းပျူရင်း &UtensilLiquidCleanser

18/03/2026

ကလေးတွေနဲ့အပြင်ထွက်တဲ့အခါ စိတ်ပူရမှာကတော့ ခြင် တွေပါပဲ။ တစ်ခါတလေ အိမ်ထဲမှာနေရင်းလည်း ခြင်တွေ ဝင်လာတတ်ပါတယ်။ ဒီတော့ ကလေးငယ်လေးတွေအတွက် ခြင်အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ Pureen က Mosquito Repellent Spray ရှိတယ်နော်။

အသားအရေပေါ်ကိုဖြစ်စေ အဝတ်အစားပေါ်ကိုဖြစ်စေ ဖြန်းထားပေးရုံနဲ့ ခြင်အန္တရာယ်ကနေ 2 နာရီကျော်ကြာ ကာကွယ်ပေးနိုင်ပါတယ်။

အစွမ်းထက် IR3535 နဲ့ထုတ်လုပ်ထားပြီး အန္တရာယ်ဖြစ်စေတဲ့ DEET ဓါတုပစ္စည်း မပါဝင်တဲ့အတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်နော်။

Pureen ရဲ့ Mosquito Repellent Spray ကိုတော့ အသက် ၂ နှစ် နဲ့ အထက် ဘေဘီလေးတွေမှာပဲ သုံးပေးဖို့ သတိပြုပေးပါနော်။

#ပျူရင်း #မေမေ့ချစ်ခြင်းပျူရင်း

15/03/2026

မွေးကင်းစ ကလေးငယ်လေးတွေကို ရေချိုးခေါင်းလျှော် ပေးဖို့အတွက် တစ်မျိုးတည်းနဲ့ ပြည့်စုံစေမယ့် Pureen Baby Head to Toe Wash လေးရှိတယ်‌နော်။

Pro Vitamin B5 နဲ့ Vitamin E ပါဝင်တာကြောင့် အသားအရေနဲ့ ဆံသားကို အားဖြည့်ပေးနိုင်ပါတယ်။

ရေချိုးပေးရင် မတော်တဆ မျက်လုံးထဲဝင်ခဲ့ရင်တောင် မျက်လုံးစပ်တာတွေ မဖြစ်စေတဲ့အပြင် ဘေးဥပါဒ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ မပါဝင်တာကြောင့် မွေးကင်းစကလေးတွေအတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ် မေမေတို့ရေ။

မွေးကင်းစ ကလေးငယ်တွေအတွက် အနူးညံ့ဆုံး ဖော်မြူလာတွေနဲ့ ထုတ်လုပ်ထားပြီး Paraben, SLS, နဲ့ MIT တို့လို ဓါတုပစ္စည်းတွေ လုံးဝ မပါဝင်ဘဲ မေမေတို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

မျက်စိစပ်တာတွေမဖြစ်စေဘဲ ဘေဘီလေးတွေရဲ့ ရေချိုးချိန်တိုင်းက ပျော်စရာတွေဖြစ်နေတော့မှာနော်။

#ပျူရင်း #မေမေ့ချစ်ခြင်းပျူရင်း

Want your business to be the top-listed Clothing Store in Kamayut?
Click here to claim your Sponsored Listing.

Telephone

Address


Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00