Business Advertising In Myanmar
Business Advertising In Myanmar
02/10/2017
အကောက်ခွန်နှုန်းသစ်များ
13/08/2017
ကျနော်တို့ ဘာတွေလေ့လာသင်ယူဖို့ လိုနေသေးလဲ ❓
တဖက်မှာရှိတဲ့ နိုင်ငံတကာကတော့ Talent Shortage ဆိုပြီးဝေဖန်ကြပါတယ်။
ကိုယ့်ဆီမှာလူမရှိတော့ ဈေးသက်သာတဲ့ India , Philippine
အစရှိတဲ့နိုင်ငံကသူတွေ ခေါ်ငှားနေကြရပါပြီ။
(ဒေါ်လာ ၁၀၀၀~၁၅၀၀ ပေးရင်ကိုယ့်ထက် နှစ်ဆလုပ်နိုင်စွမ်းရှိပါတယ်)
လုပ်ငန်းရှင်ဘဲဖြစ်ဖြစ်၊ဝန်ထမ်းဘဲဖြစ်ဖြစ်
မိမိကိုယ်ကို တိုးတက်ကြီးပွားလိုစိတ်အမှန်တကယ်ရှိတယ်ဆိုရင်
အမြဲတစေလေ့လာသင်ယူနေဖို့ လိုပါတယ်။
ကျနော့် ပါမောက္ခဆရာမကြီးပြောသလို MBA ပြီးတာနဲ့ 
ဘာမှမဖြစ်သေးဘူးဆိုတာ ကလေးတွေသိအောင်ပြောပြပေးပါ
ဆိုသလိုပေါ့။
ကျနော်နိုင်ငံတကာကုမ္ဗဏီဝန်ထမ်းဘဝမှာ သင်တန်းတွေအများကြီး
တက်ခဲ့ ရသလိုအခုချိန်ထိလည်းကိုယ်မသိတာတွေ၊ အသစ် အသစ်
ပေါ်ပေါက်လာတဲ့သီအိုရီတွေအတွက်လေ့လာနေရဆဲပါ။
Trainer and Consultant တစ်ယောက်မို့ လေ့လာရတာ
မျိုးတင်မဟုတ်ဘဲ၊
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လည်း မိမိဝန်ထမ်းတွေ
တိုးတက်လာစေဖို့ လိုအပ်တဲ့သင်တန်းတွေပေးနိုင်ဖို့ လည်းလုပ်ရပါတယ်။
ညီငယ်ညီမငယ် တွေအနေနဲ့ လည်း ဒီပလိုမာတစ်ခုရတာနဲ့ 
ကိုယ့်ကိုကိုယ် အရာရာသိသွားပြီ၊ လစာတိုးတောင်းမယ်၊
ရာထူးတိုးပေးတဲ့ဆီပြောင်းမယ်ဆိုတဲ့ အယူလွဲတွေရှိမှာစိုးရိမ်ပါတယ်။
Training and Development လို့ ပြောကြရင်ဝန်ထမ်းတွေအတွက်
အဓိက အပိုင်း(၃) ပိုင်းခွဲမြင်ကြည့်လို့ ရပါတယ်။
♦ Core Service Skills
မိမိလုပ်ငန်းတိုးတက်အောင်မြင်ဖို့ ပိုကောင်းလာဖို့ 
မိမိရဲ့စဉ်းစားဆင်ခြင်ဥာဏ်ကိုအသုံးပြုရမည့် အရည်အချင်းတွေပါ။
♦ Complementary Service Skills
လူသားတစ်ယောက်အနေနဲ့ မဖြစ်မနေတက်ကျွမ်းနားလည်နေရမယ့်
အရည်အချင်းတွေပါ။
♦ Industry-Specific Service Skills
ဒါကတော့ မိမိလုပ်ကိုင်တဲ့လုပ်ငန်းအမျိုးအစား
သဘာဝအပေါ်မူတည်ပြီးတတ်ကျွမ်းရမည့်အရည်အချင်းတွေပါဘဲ။
ဒါတွေထဲကမှ စီမံခန့် ခွဲမှုဆိုင်ရာမှာကျွမ်းကျင်လာဖို့ 
လိုအပ်တဲ့အရည်အချင်းတွေကတော့
04/03/2017
လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်း Page များ ၊ Celebrity Fan Page များ နှင့် ယခုမှ Page စဖွင့်မည့်သူများအတွက်_
- Page Like အမြန်ဆုံးတက်လိုပါသလား...
- Sponsored အဖြစ်ကြော်ငြာထည့်ပြီး Post Boost လုပ်ချင်ပါသလား...
ဈေးနှုန်းသက်သာစွာဖြင့် အချိန်တိုအတွင်း ထိရောက်မှုရှိအောင် ကြော်ငြာပေးနေပါပြီ...
ဝန်ဆောင်မှုရယူရန်အတွက် ကျွန်တော်တို့၏ အကောင့်တစ်ခုကို Boost လုပ်မည့် Page တွင် Advertiser Role အဖြစ်ပေးထားရပါမည်။
လူကြီးမင်း၏ အကောင့် Password ကို ရယူခြင်းမရှိဘဲ Page တွင် advertiser အနေဖြင့်သာ ၀င်ရောက်ဆောင်ရွက်မည်ဖြစ်သောကြောင့် လူကြီးမင်း၏ Page ကို security ပိုင်းအရ စိတ်ချစွာ အပ်နှံနိုင်ပါသည်။
ကြော်ငြာ ပြုလုပ်ရာတွင်လဲ ထိရောက်မှုရှိစေရန်အတွက်_
- သင့်စီးပွားရေးလုပ်ငန်းကို စိတ်ပါဝင်စားနိုင်မည့်လူများ
- ကျား၊ မ နှင့် အသက်အရွယ်
- နေထိုင်ရာဒေသ
စသည်တို့ကို အသေးစိတ်ရွေးချယ်ပေးပြီး စစ်မှန်သော Customer များထံသို့ ပိုမိုရောက်ရှိစေရန် target ထား၍ ပြုလုပ်ပေးပါသည်။
USD 10$ - 16,000 Kyats
- ၁ ရက် မှ ၁၀ ရက်အထိ ကြော်ငြာနိုင်ပြီး အသင့်တော်ဆုံးမှာ 3 Day ဖြစ်ပါသည်။
- ပျမ်းမျှ လူပေါင်း 10,000 မှ 150,000 ကြား မြင်နိုင်ပါသည်။
*** ကြော်ငြာမြင်သည့်ဦးရေ ( Paid Reach) သည် ကြော်ငြာသည့် ကုန်ပစ္စည်း / လုပ်ငန်း၏ လူစိတ်ဝင်စားမှုပေါ် မူတည်ပြီး အနည်း/အများ ကွာခြားပါသည်။ ***
USD 10$ - 16,000 Kyats + 2,000 Kyats for Photo Editing
- ပျမ်းမျှ Page Like 1,000 မှ 5,000 ကျော်အထိ ရရှိနိုင်ပါသည်။
အထက်ပါ ကြော်ငြာနှုန်းထားများအပြင် ကြော်ငြာမည့်လုပ်ငန်း / ကုန်ပစ္စည်းအပေါ် မူတည်၍ ရက်ရှည်ကြော်ငြာလိုခြင်း (သို့မဟုတ်) အချိန်တိုအတွင်း လူများစွာမြင်လိုသူများအတွက် စိတ်တိုင်းကျ ညှိနှိုင်း၍ ပြုလုပ်ပေးပါသည်။
မှတ်ချက် - Advertising Policy နှင့် မလွတ်ကင်းသော Page နှင့် Post များအား ကြော်ငြာပြုလုပ်ပေးမည် မဟုတ်ပါ။ အသေးစိတ်ကို Page ထဲတွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
ဝန်ဆောင်မှုကို ရယူလိုပါက Phone : 09-250080324 (သို့မဟုတ်) Message Box မှ တဆင့် စုံစမ်းမေးမြန်းနိုင်ပါသည်။
02/02/2017
ကြော်ငြာ လက်မခံသော Page နှင့် Post များ
- Branded ပစ္စည်းအတုများ နှင့် Replica များ
- ကျန်းမာရေးအတွက် အာမခံချက်မရှိသော အစားအသောက်နှင့် ဆေးဝါးများ
- အသားဖြူဆေး၊ အရပ်ရှည်ဆေး၊ အဆီကျဆေးနှင့် အဆီကျ ကော်ဖီများ
- ကာမအားတိုးဆေး နှင့် လိင်နှင့်သက်ဆိုင်သော ဆေးများ
- ရင်သားတင်းဆေး၊ သားအိမ်ကျဉ်းဆေး အစရှိသည့်ဆေးများ
- ဆေးလိပ်၊ အရက်နှင့် မူးယစ်ထုံထိုင်းစေသော အရာများ
- လိင်အသားပေး ဓါတ်ပုံများ
- လက်နက်များ
- လောင်းကစားနှင့်ဆိုင်သော Post များ
- နိုင်ငံရေးနှင့်ဆိုင်သော Post များ
- လူတစ်ဦး / တစ်ယောက်အား ထိခိုက်စေနိုင်သော Post များ
- Multilevel Marketing လုပ်ငန်းနှင့် Product များ
အထက်ပါအချက်များနှင့် မလွတ်ကင်းသော Page မျာအား Page Like (or) Post Boost လုံးဝ ပြုလုပ်မပေးပါ။
03/12/2016
မိမိ၏ စီးပွားရေးလုပ်ငန်း ၊ ဆိုင်၊ သင်တန်းကျောင်း၊ Online Shop များ နှင့် လုပ်ငန်းအမျိုးမျိုးတို့ကို အထိရောက်ဆုံးနည်းလမ်းဖြင့် လူအများသိအောင်ကြော်ငြာလိုပါသလား...
Facebook တွင် Sponsored အဖြစ် ကြော်ငြာထည့်ပြီး Boost Post လုပ်ချင်သူများအတွက် သင့်တင့်မျှတသောဈေးနှုန်းဖြင့် အချိန်တိုအတွင်း ထိရောက်မှုရှိအောင် ကြော်ငြာပေးနေပါပြီ...
Boost Post ဝန်ဆောင်မှုရယူရန်အတွက် ကျွန်တော်တို့၏ အကောင့်တစ်ခုကို Boost လုပ်မည့် Page တွင် Advertiser Role အဖြစ်ပေးထားရပါမည်။
လူကြီးမင်း၏ အကောင့် Password ကို ရယူခြင်းမရှိဘဲ Page တွင် advertiser အနေဖြင့်သာ ၀င်ရောက်ဆောင်ရွက်မည်ဖြစ်သောကြောင့် လူကြီးမင်း၏ Page ကို security ပိုင်းအရ စိတ်ချစွာ အပ်နှံနိုင်ပါသည်။
Page မရှိသူများအတွက်လည်း အခမဲ့ Page ဖွင့်ပေး၍ Boost လုပ်ပေးပါသည်။
ကြော်ငြာခဈေးနှုန်းများ
-------------------------
USD 5$ - 8,000 Kyats
- ၁ ရက် မှ ၅ ရက်အထိ ကြော်ငြာနိုင်ပြီး အသင့်တော်ဆုံးမှာ 2 Dayဖြစ်ပါသည်။
- ပျမ်းမျှ လူပေါင်း 5,000 မှ 50,000 ကြား မြင်နိုင်ပါသည်။
USD 10$ - 16,000 Kyats
- ၁ ရက် မှ ၁၀ ရက်အထိ ကြော်ငြာနိုင်ပြီး အသင့်တော်ဆုံးမှာ 3 Day ဖြစ်ပါသည်။
- ပျမ်းမျှ လူပေါင်း 10,000 မှ 150,000 ကြား မြင်နိုင်ပါသည်။
USD 50$ - 75,000 Kyats
- ၃ ရက် မှ ၃၀ ရက်အထိ ကြော်ငြာနိုင်ပြီး အသင့်တော်ဆုံးမှာ 1 Week ဖြစ်ပါသည်။
- ပျမ်းမျှ လူပေါင်း 50,000 မှ 500,000 ကြား မြင်နိုင်ပါသည်။...................................................................
ဝန်ဆောင်ခအပြီးအစီး ဈေးနှုန်းများဖြစ်ပြီး သတ်မှတ်ထားသော ဒေါ်လာအား အပြည့်သုံးပေးပါသည်။...................................................................
*** ကြော်ငြာမြင်သည့်ဦးရေ ( Paid Reach) သည် ကြော်ငြာသည့် Post ၏ ကုန်စည်/လုပ်ငန်း အပေါ်တွင်မူတည်ပါသည်။ ***
ဥပမာ - လူစိတ်ဝင်စားမှုနည်းသော သင်တန်းကျောင်းကြော်ငြာများသည် လူအနည်းငယ်သာမြင်နိုင်မည်ဖြစ်ပြီး၊ အဝတ်အထည်များ၊ Travel & Tour ခရီးစဉ်များမှာ ပုံမှန်ထက် ပိုမြင်နိုင်ပါသည်။
အထက်ပါ ကြော်ငြာနှုန်းထားများအပြင် ကြော်ငြာမည့်လုပ်ငန်း / ကုန်ပစ္စည်းအပေါ် မူတည်၍ ရက်ရှည်ကြော်ငြာလိုခြင်း (သို့မဟုတ်) အချိန်တိုအတွင်း လူများစွာမြင်လိုသူများအတွက် စိတ်တိုင်းကျ ညှိနှိုင်း၍ ဝန်ဆောင်မှုပေးပါသည်။
မှတ်ချက် - Advertising Policy နှင့် မလွတ်ကင်းသော ဆေးများ၊ Brand အတု၊ Replica များ၊ လောင်းကစားနှင့်ဆိုင်သော Post များ၊ လူတစ်ဦးတစ်ယောက်အားထိခိုင်စေနိုင်သော Post များအား ကြော်ငြာပေးမည်မဟုတ်ပါ။
အသေးစိတ်ကို Chat Box (or) Phone : 09 2500 80324 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...
02/09/2016
"ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ" ပြဋ္ဌာန်း
နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထားသည့် "ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ" ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက် (မနေ့က) ပြဌားန်လိုက်သည်။
အဆိုပါဥပေဒသည် ယခုနှစ် ၂၀၁၆-၂၀၁၇ ဝင်ငွေနှစ်အတွက် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။
18/05/2016
အမေရိကန် အရေးယူပိတ်ဆို့မှု ပြုပြင်ပြောင်းလဲရေးကို ကူညီဖို့ ဖြေလျှော့
မေ ၁၇ ၂၀၁၆ ၀ါရှင်တန်
အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအချို့ကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေးတိုးတက်မှုကို ကူညီဖို့
ဖြေလျှော့လိုက်ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုအချို့နဲ့ မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုကို ဒဏ်ခတ်တဲ့အနေနဲ့ အရေးယူမှုအချို့ကို ဆက်လက်ထားရှိကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဖြေလျှော့မှုတွေမှာ မြန်မာ့ဘဏာရေးအဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့မှုတွေ လျှော့ချတာ၊ နိုင်ငံပိုင်ကုမ္ဗဏီ ၇ခုကို နာမည်ပျက်စာရင်းကနေ ဖယ်ထုတ်တာ၊ သင်္ဘောဆိပ်တွေ လေဆိပ်တွေကနေ ကုန်တွေ ပို့ဆောင်တာကို ခွင့်ပြုထားချက် သက်တမ်းတိုးတာတွေ ပါဝင်ပါတယ်။
အရေးယူလက်စဖြစ်တဲ့ Asia World ပိုင်ရှင် Steven Law ခေါ် ဦးထွန်းမြင့်နိုင်ကို အရေးယူပိတ်ဆို့မှုတွေကို အားဖြည့်ချမှတ်လိုက်ပါတယ်။ ဦးထွန်းမြင့်နိုင် ဒါမှမဟုတ်ရင် သူဦးဆောင်နေတဲ့ Asia World က ငါးဆယ်ရာခိုင်နှုန်းနှင့်အထက် ပါဝင်တဲ့ ကုမ္ဗဏီခြောက်ခုကို အရေးယူပိတ်ဆို့မှု စာရင်းထဲကို ထပ်ပေါင်းထည့်သွင်းလိုက်တယ်။
အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့တဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry မြန်မာနိုင်ငံကို မေလ၂၂ရက်တွင် လာရောက်မယ့် ခရီးစဉ်မတိုင်မီကလေးမှာ ထွက်လာတာပါ။
နိုင်ငံပိုင်ဘဏ်ကြီးသုံးခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို နာမည်ပျက်စာရင်းမှ ဖယ်ထုတ်လိုက်ပါတယ်။ နာမည်ပျက်စာရင်းထဲ သွင်းထားဆဲဖြစ်တဲ့ အင်းဝဘဏ်နဲ့ မြ၀တီဘဏ်တို့နဲ့ ငွေပေးငွေယူတွေကို ခွင့်ပြုလိုက်ပါပြီ။
သစ်တော၊ ပုလဲနှင့် သတ္တုတူးဖော်ရေးဆိုင်ရာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇ခုကိုလည်း နာမည်ပျက်စာရင်းမှ ဖယ်ထုတ်လိုက်ပါတယ်။
Ref: Reuters and Press Release of U.S Government
Photos- Steven Law- Credit to Nikkei Asian Review
Asia World Port
မြန်မာနှစ်သစ်ကူး ဆုတောင်း
မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် မြန်မာနှစ်သစ်ကူးတွင် ကိုယ်စိတ်နှလုံး ရွင်လန်း ချမ်မြေ့၍ လုပ်ငန်းဆောင်တာများအောင်မြင် ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
Business Advertising in Myanmar
(Facebook ကြော်ငြာဝန်ဆောင်မှု)
08/04/2016
အမျိုးသမီးများ တစ်သက်လုံး ဖူးမျှော်ခွင့်မရတဲ့...
မဟာမြတ်မုနိ စေတီ တော်ကြီး၏ နောက်ကျောပုံပါ......
ရှယ် လုပ်ပြီး ကုသိုလ် ယူနိုင်ကြပါစေနော်...
Credit : Thein Aung
03/02/2016
ဖုန်း ပြောတာများတဲ့ ချစ်သူတွေ / သူငယ်ချင်းတွေ အတွက် အရမ်းအဆင်ပြေမယ့် Ooredoo Government Call Plan Sim Card လေးတွေ လိုချင်ရင် ရပါမယ်နော်....
၁ ကတ် = ၇၅၀၀ ကျပ်ပါ ။ (ပထမလအတွက် မိနစ် ၆၀၀ ပါပြီး)
(နံပါတ် အစဉ်လိုက် ရပါမယ်နော်...) ( Instock )
မှာယူချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် ~ 09 795 488 400 ကို ဖုန်းဆက်ပီး မှာလို့ ရပါတယ်နော်...
-------------------------------------------------------------------------------
နောက်လများအတွက် တစ်လလျှင် ဖုန်းဘေ ၃၀၀၀ ကျပ်ထည့်ရုံဖြင့် ၀ယ်ယူထားတဲ့ Government ကတ် အချင်းချင်း လစဉ် မိနစ် ၆၀၀ ခေါ်ဆိုနိုင်ပြီး ၊ SMS အကန့်အသတ်မရှိ ပို့နိုင်မည်ဖြစ်ပါတယ်...
ရရှိသည့် မိနစ် ၆၀၀ မှာ Video Call ပါ ခေါ်ဆိုနိုင်ပါသည်။
အင်တာနက်သုံးခြင်းနှင့် အခြားဖုန်းများကိုခေါ်တာတွေကတော့ ပုံမှန်ဆင်းကတ်များအတိုင်းဖြစ်ပါတယ်...
23/05/2015
18/05/2015
အသက် ၃၀ မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လိုလုပ်မလဲ
စည်းစိမ်ချမ်းသာပြီး သန်းကြွယ်သူဌေးဖြစ်ဖို့က လူပြောသူပြောများတဲ့ အကြောင်းပါပဲ။ အသက် ၃၀ အတွင်းမှာ သန်းကြွယ်သူဌေးဖြစ်ရမယ် ဆိုတာကတော့ ယုံတမ်းစိတ်ကူးယဉ် ပုံပြင်တစ်ပုဒ်လို ဖြစ်နေမှာပါ။
အခု အမေရိကန်နိုင်ငံက စာရေးဆရာ၊ ဟောပြောသူ၊ သန်းကြွယ်သူဌေး ဂရန့်ကာဒွန်း Grant Cardone က သင်တို့ရဲ့စီးပွားရေးလုပ်ငန်း အတွက် ဒေါ်လာသန်းပေါင်းများစွာ ဝင်လာဖို့ကို ပြသမှာဖြစ်ပါတယ်။
တကယ်တော့ ဒါက ယုံတမ်းစကားမဖြစ်သင့်၊ တကယ် ဖြစ်လာနိုင်တဲ့ အိပ်မက်ပါပဲ။ သူဟာ အသက် ၂၁နှစ်မှာ ကောလိပ်က ထွက်ခဲ့ပါတယ်။ အကြွေးတွေလည်း တင်နေခဲ့ပါတယ်။ အခုတော့ သူ့အသက် ၃၀ ပြည့်ပြီးပါပြီ။ သန်းကြွယ်သူဌေးတစ်ဦးလည်း ဖြစ်နေပါပြီ။
ဒါက သူပြောတဲ့ သင်တို့အတွက် အသက် ၃၀ အတွင်း သန်းကြွယ်သူဌေးဖြစ်လာစေမယ့် နည်း ၁၀ နည်းပါ။
၁။ ငွေနောက်ကို လိုက်ပါ
လက်ရှိစီးပွားရေးအခင်းအကျင်းက သူဌေးတစ်ဦးဖြစ်လာနိုင်ဖို့က မလွယ်ပါဘူး။ ပထမဆုံး စတင်ခြေလှမ်းရမှာကတော့ လစာငွေကို တိုးပွားအောင်၊ တိုးသထက်တိုးပွားအောင် လုပ်ဖို့ပါ။ ကျွန်တော်ရဲ့ တစ်လဝင်ငွေက ဒေါ်လာ ၃,၀၀၀ ပဲရှိခဲ့ပါတယ်။ ကိုးနှစ်အကြာမှတော့ တစ်လကို ဒေါ်လာ ၂၀,၀၀၀ ဝင်ငွေရရှိလာပါပြီ။ ငွေစက္ကူတွေ နောက်ကို စတင်လိုက်ရမယ်။ ပြောရရင် ငွေရှာတာ စပြီးလုပ်ရမယ် ပေါ့။ နောက်မှ ဝင်တဲ့ငွေကို ထိန်းသိမ်းစီမံပြီး အခွင့်အလမ်းတွေကို ရှာဖွေရပါမယ်။
၂။ မကြွားမဝါဘဲနေကာ အပိုမဖြုန်းပါနဲ့
ကျွန်တော်က ကျွန်တော့်ဝင်ငွေ စိတ်ချရအောင် မဖြစ်သေးမချင်း ကား ဒါမှမဟုတ် ဈေးကြီးနာရီ ဝယ်ယူတာမျိုးမလုပ်ဘူး။ ကျွန်တော် သန်းနဲ့ချီ ချမ်းသာလာချိန်ထိကို တိုယိုတာကမ်မရီ ကားကိုသာ ဆက်စီးနေခဲ့တာဖြစ်တယ်။ အလုပ်အပေါ်သာ တန်ဖိုးထားနေပါ။ ဝယ်တာချမ်းတာတွေကို ဦးစား မပေးပါနဲ့။
၃။ စုရုံသာ မစုပါနဲ့ ရင်းနှီးမြှုပ်နှံပါ
ငွေစုတာရဲ့ တစ်ခုတည်းသော ရင်းမြစ်က ရင်းနှီးမြှုပ်နှံဖို့ပါ။ သင့်အနေနဲ့ ပိုက်ဆံကို စိတ်ချနေရအောင် စုပါ။ ဘာကိစ္စအတွက်မှ စုထားတာကို ယူမသုံးမိပါစေနဲ့။ အရေးပေါ်အခြေအနေ တောင်မှပဲ ယူမသုံးပါနဲ့။ ဒီလိုလုပ်နိုင်တာက ခင်ဗျားကို ဝင်ငွေတိုးပွားဖို့ လမ်းဆီ ဆက်လျှောက်ဖို့ အားတွေဖြစ် စေပါမယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်က တစ်နှစ်ကို အနည်းဆုံး ဒီလိုစုထားတာကို နှစ်ကြိမ်ချိုးဖောက်ပြီး ထုတ် ယူနေရပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ စုထားတဲ့ လက်ကျန်ငွေနဲ့ ကျွန်တော် မတတ်ကျွမ်း အကျွမ်း မဝင်တဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းတွေမှာ အမြဲလို ဝင်ရောက်ရင်းနှီးမြှုပ်နှံနေလို့ပါ။
၎။ အကြွေးကင်းအောင်နေပါ၊ အကြွေးက သင့်အတွက် ဘာမှရစရာရှိမှာ မဟုတ်
ကိုယ့်ကိုယ်ကိုယ် အကြွေး ဘယ်တော့မှ မယူဘူးလို့ စည်းကမ်းထားထားပါ။ ဒီအကြွေးက သင့်ရဲ့ပိုက်ဆံမဟုတ်ပါ။ ကျွန်တော် ကားတစ်စီး ဝယ်ဖို့အတွက် ပိုက်ဆံချေးဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဝင်ငွေ တိုးပွားမယ်ဆိုတာ သိလို့ချေးခဲ့ တာပါ။ ချမ်းသာတဲ့သူတွေက အကြွေးယူကြတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုကို ဆတိုးပွားအောင်၊ ငွေကြေးစီးဝင်မှု ပိုပွားအောင်ပါ။ ဆင်းရဲတဲ့သူတွေအတွက်ကတော့ တစ်ခုခုဝယ်ချင်လို့ အကြွေးယူကြတယ်။ ဒါကပဲ ချမ်းသာသူ တွေအတွက် ပိုချမ်းသာစေတော့တာပဲဖြစ်ပါတယ်။
၅။ ပိုက်ဆံကို သဝန်တိုချစ်သူတစ်ဦးအတိုင်း ဆက်ဆံပါ
ဘဏ္ဍာရေးလွတ်လပ်ခွင့်အတွက် သန်းပေါင်းများစွာ က ဆန္ဒရှိတယ်။ ဒါက ငွေကြေးသန်းပေါင်းများစွာ ရှာနိုင်ဖို့အတွက်ပဲ ဦးစားပေးကြလို့ ဖြစ်ပါတယ်။ သုခချမ်းသာ ရပြီး ကြွယ်ကြွယ်ဝဝနေဖို့က သင့်အနေနဲ့ ပိုက်ဆံကို ဦးစားပေးရပါမယ်။ ငွေစက္ကူဆိုတာလည်း သဝန်တိုတတ် တဲ့ ချစ်သူလိုပါပဲ။ သင်က မသိကျိုးကျွန်ပြုကြည့်၊ သင့်ကိုလည်း မသိကျိုးကျွန် ပြန်ပြုလိမ့်မယ်။ ဒါမှမဟုတ် အခြေအနေဆိုးကို ပေးလာမှာပါပဲ။ သူ့ကို ဦးစားပေးတဲ့သူတွေအတွက် သင့်ကို ထားခဲ့မှာဖြစ်ပါတယ်။
၆။ ငွေကို အိပ်မနေပါစေနဲ့
ငွေစက္ကူဆိုတာ အချိန်နာရီတွေ၊ အစီအစဉ်တွေ အားလပ်ရက်တွေ မသိပါ။ ပိုက်ဆံ က အလုပ်ကို တန်ဖိုးထားလုပ်တတ်သူတွေကို ချစ်တယ်။ ကျွန်တော် အသက် ၂၆ နှစ်မှာ ကျွန်တော်က လက်လီအရောင်းသမားတစ်ဦးဖြစ်ခဲ့ပြီး ဆိုင်ကို ည ၇ နာရီလောက်မှ ပိတ်တယ်။ အချိန်များစွာကို အချိန်ပိုဆင်း ပြီး ဆိုင်ကို ည ၁၁ လောက်မှ ပိတ်ခဲ့တာ များပါတယ်။ ကံကောင်းစမတ်ကျတဲ့သူဖြစ်ဖို့ကို ဘယ်တော့မှ မကြိုး စားပါနဲ့။ အလုပ်နဲ့ လက်မပြတ်တဲ့သူပဲဖြစ်ပါစေ။
၇။ ဆင်းရဲတာက နုံချာစေပါတယ်
ကျွန်တော်က ဆင်းရဲသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နုံချာပင်ပန်းခဲ့ရ တယ်။ ဒီလို နုံချာမှုတွေကို ဖယ်ရှားပစ်ပါ။ ဆင်းရဲမှုကနေ ရုန်းထွက်နိုင်ပြီး ဘယ်လိုအဆင်ပြေရမလဲဆိုတာ တွေးတောပါ။ ဘီလ်ဂိတ် Bill Gates က ပြောခဲ့ဖူးပါတယ်။ ‘သင် ဆင်းဆင်းရဲရဲ မွေးလာခဲ့တာက သင့်အပြစ် မဟုတ်ပါ။ ဒါပေမယ့် ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားရတယ်ဆိုရင်တော့ ဒါက သင်ရဲ့ အပြစ်ပါပဲ’လို့ ပြောဖူးပါ တယ်။
၈။ အကြံဥာဏ်ကောင်းတွေ ရယူပါ
ကျွန်တော်တို့အများစုက အလယ်အလတ်တန်းတွေ ဒါမှမဟုတ် ဆင်းရဲသားအသိုင်းအဝန်းက ဖြစ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် အကန့်အသတ်တွေရှိပြီး ဒီလူတန်းစားရဲ့ အယူအဆတွေသာ ရရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ သန်းကြွယ်သူဌေးတွေ ဘာတွေလုပ် ခဲ့ကြသလဲဆိုတာ သင်ယူလေ့လာခဲ့ပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်ကို လေ့လာပြီး သူ့ဆီက နည်းနာတွေကို ဆည်းပူးနေပါ။ သူဌေးအများစုက သူတို့ရဲ့ အသိဥာဏ်ဗဟုသုတနဲ့ နေထိုင်ရတဲ့ အသိုင်းအဝိုင်း အနေနဲ့တော့ တကယ်ကို ကြီးကျယ်တဲ့သူတွေပါပဲ။
၉။ အပြောင်းအလဲကြီးကြီးမားမားလုပ်ဖို့ ငွေကြေးရှိနေပါစေ
ရင်းနှီးမြှုပ်နှံမှုက သန်းကြွယ်သူဌေးဖြစ်ဖို့ လမ်း ပါပဲ။ သင့်အနေနဲ့ အလုပ်သိမ်းကျုံးလုပ်နေတာထက် ရင်းနှီးမြှုပ်နှံမှုကနေ ပိုမိုပိုက်ဆံဝင်အောင် ဖန်တီးရပါမယ်။ သင့်မှာ ငွေပိုငွေလျှံမရှိရင်တော့ သင့်အနေနဲ့ ရင်းနှီးမြှုပ်နှံနိုင်မှာ မဟုတ်ပါ။ ဒုတိယမြောက်ကုမ္ပဏီအတွက် ကျွန်တော်က ဒေါ်လာ ၅၀,၀၀၀ စရင်းနှီးမြှုပ်နှံဖို့ လိုအပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီကနေပြီး ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်မှာ တစ်လကို လစဉ်လတိုင်း ဒေါ်လာ ၅၀,၀၀၀ ပြန်ဝင်ပါတယ်။ ကျွန်တော်ရဲ့ တတိယရင်းနှီးမြှုပ်နှံမှုကတော့ အိမ်ခြံမြေလုပ်ငန်းမှာပါ။ အဲဒီအချိန်တုန်းက ကျွန်တော်မှာ အများဆုံးရှိတဲ့ ငွေကြေး ဒေါ်လာ ၃၅၀,၀၀၀ နဲ့ စတင်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ခုချိန်မှာ အဲ့ဒီလုပ်ငန်းကနေ ကျွန်တော်အတွက် အိမ်ယာမြေခြံတွေ လက်ထဲမှာ ပိုင်ဆိုင်ထားပြီဖြစ်သလို ဝင်ငွေလည်း ရရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုက နောက်ထပ်ခြေလှမ်းတွေအတွက်ပဲဖြစ် တယ်။ ဒီရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံက သင့်အတွက်ပဲ အလုပ်လုပ်ပေးမှာဖြစ်ပြီး သင့်ကို ကြီးကြီးမားမားပြောင်း လဲစေမှာဖြစ်တယ်။
၁၀။ ဒေါ်လာ ၁၀ သန်းအထိ ပစ်မှတ်ထားပါ၊ တစ်သန်းလောက်အတွက် မလုပ်ပါနဲ့
အကြီးဆုံးတစ်ခုတည်း သောအမှားက ကိုယ့်ကိုယ်ကိုယ် ထင်သလောက်မဟုတ်ဘူးဆိုတဲ့ အတွေးပါပဲ။ ကျွန်တော်ကတော့ ခင်ဗျား တို့ကို အားပေးတယ်။ တစ်သန်းလောက်ထက်ပိုပြီး ရှာဖွေစွမ်းတယ်လို့ အားပေးတယ်။ ဒီကမ္ဘာမှာ ငွေကြေးပြတ် လပ်တဲ့ နေရာဆိုတာ မရှိပါဘူး။ လူတွေရဲ့ အတွေးတွေကသာ ကိုယ်ကိုကို နှိမ့်ချနေပြီး ပြတ်လပ်ချို့တဲ့မှု ဖြစ်နေတာပါ။
ဒီ အဆင့် ၁၀ ချက်ကို လိုက်နာပြီး သန်းကြွယ်သူဌေးဖြစ်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အကြံပြုချင်တာက လိုချင်တပ်မက်မှု မွေးဖွားလာတာက သင့်ရဲ့ သုခကြွယ်ဝမှု အိပ်မက်ပဲဖြစ်ပြီး အကောင်းဆုံး ပဲ့ကိုင်နိုင်ရပါမယ်။ ချမ်းသာမှုကို ဖျက်ဆီးမယ့် အစီအစဉ်တွေကို ရှောင်ကြဉ်ပါ။ ဘယ်တော့မှ မချိုးဖောက်ပါနဲ့။ ကျင့်ဝတ်စောင့်သိ ပါ။ တခြားသူတွေကိုလည်း ကူညီမယ်ဆိုတဲ့ စိတ်နှလုံးမျိုးကို မွေးမြူပါ။
ရည်ညွှန်း- http://www.entrepreneur.com/article/234454
How to Become a Millionaire by Age 30 ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။
How to Become a Millionaire by Age 30 Ten steps to take to get, and stay rich in the earliest stage of your career.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Kamayut
11041