OTT Solution
အမှန်ကန်ဆုံး ဖြေရှင်းချက်ပေးခြင်းသ
17/08/2023
Study in the US
အပိုင်း (၁)
အမေရိကားမှာ Financial Aid နဲ့ ကျောင်းတက်ပြီး အမေရိကန်နိုင်ငံရဲ့ ဘယ်နေရာမှာမဆို Full Time အလုပ်လုပ်လို့ရတယ်ဆိုတဲ့အကြောင်း ပြောပြဖို့ စဉ်းစားထားတာတော့ကြာပါပြီ။ ကိုယ်ကိုယ်တိုင် လက်ရှိအမေရိကား တက္ကသိုလ် တစ်ခုရဲ့ Master Degree Program တခုမှာ Join ထားပြီး ကျောင်းတက်နေတာဖြစ်ပါတယ်။ ဒီ Program ကို တက်လို့ရတဲ့ အရည်ချင်းရှိတယ် တက်သင့်ရက်ကယ်နဲ့ မသိလိုက်ဘူးဆိုတာ ဖြစ်မသွားရလေအောင် အသိမိတ်ဆွေ သူငယ်ချင်းတွေ ဒီ Program ကို စိတ်ဝင်စားတဲ့သူတွေ အားလုံးကို သိစေချင်လို့ ဒီတပတ်ပိတ်ရက်မှာ မျှဝေပေးသွားပါမယ်။
လက်ရှိ ကိုယ်တက်နေတဲ့တက္ကသိုလ်က MIU ပါ။ အရှည်က Maharishi International University ဖြစ်ပါတယ်။ သူက ဘယ်မှာရှိလဲဆိုတော့ အမေရိကန်နိုင်ငံ Iowa State, Fairfield မြို့မှာ ရှိပါတယ်။ မြို့ကလေးက လူဦးရေ သောင်းဂဏန်းလောက်သာရှိပြီးတော့ မြို့နေလူတွေအများစုက သက်သတ်လွတ် စားပြီး အေးအေးချမ်းချမ်းနေချင်တဲ့ သူတွေအတွက် အဆင်ပြေဆုံးနေရာလို့ ပြောရပါမယ်။
ဒီ MIU တက္ကသိုလ်မှာ ဆို Undergraduate, Graduate, PhD အတန်းတွေရှိပြီး နိုင်ငံတကာ ကျောင်းသားတွေ လည်း လာတက်ကြပါတယ်။ အများဆုံးလာတက်ကြတာကတော့ Graduate အတန်းတွေဖြစ်တဲ့ MSCS (Master of Science in Computer Science) နဲ့ MBA အတန်းတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Financial Aid ပေးတာရယ် အလုပ်လုပ်ခွင့်ရအောင်လုပ်ပေးတာရယ် မို့လို့ ဖြစ်ပါတယ်။ ကိုယ်လာတက်တဲ့ Intake မှာဆိုရင် ကျောင်းသားတွေက နိုင်ငံပေါင်း ၆၀ ကျော် က လာကြတာဖြစ်တယ်။ Computer Science ဆိုရင် Financial Aid အများဆုံးပေးထားပါတယ်။
Financial Aid ဘယ်လိုရလဲ အမေရိကားမှာ အလုပ်လုပ်ခွင့်ဘယ်လိုရလဲ ဘာတွေလိုလဲဆိုတာ ဆက်ပြောပြပါမယ်။ ကိုယ်တက်နေတာ Computer Science ဖြစ်တဲ့အတွက် အဲအကြောင်းပဲ အဓီက ပြောပြပါမယ်။ MBA အကြောင်းကိုတော့ အချိန်ရရင်ရသလို ပြောပြဖို့လည်းရှိပါတယ်။
နိုင်ငံတကာက ကျောင်းသားတွေ အများစု လာတက်ကြတဲ့ Computer Science Program ဆိုတာ ၂ နှစ်ခွဲ ၃ နှစ်နီးပါတက်ရတဲ့ Master Degree Program တခုဖြစ်ပါတယ်။ သူတို့က အတိုကောက်အားဖြင့် Compro လို့ခေါ်ပါတယ်။ ကိုယ်ယူထားတဲ့ ဘာသာရပ်တွေ အောင်မြင်ပြီး သတ်မှတ်ထားတဲ့ Credit Unit ပြည့်သွားရင် MSCS (မဟာကွန်ပျူတာသိပ္ပံ) ဘွဲ့ပေးအပ်တာဖြစ်တယ်။
ဒီ Compro Program က On-Campus ၈ လ (2 Semesters) သာ အချိန်ပြည့်တက်ရမှာ ဖြစ်ပြီး ကျန်တာကို Off-Campus - DE (Distance Education) အနေနဲ့ အလုပ်လုပ်ရင်း ဆက်တက်ရပါမယ်။
အဲဒီ On-Campus ၈ လတက်ပြီးတာနဲ့ ကျောင်းက Internship သဘောမျိုး CPT (Curricular Practical Training) Program ဆိုပြီး အမေရိကန်နိုင်ငံရဲ့ ဘယ်နေရာမှာ မဆို အလုပ်လုပ်ခွင့် ရအောင်လုပ်ပေးပါတယ်။ Full Time ပါ။ အလုပ်ကို မဖြစ်မနေ လုပ်ရပါမယ် အဲဒီကနေ ကျောင်းက Credit Unit ယူမှာမို့လို့ပါ။ အလုပ်လုပ်နေရင်းကျန်တဲ့ဘာသာရပ်တွေကို DE ပြန်ယူ Online ကနေသင်ပြီး ဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ရပါမယ်။
CPT က အနည်းဆုံး ၁ နှစ် သို့မဟုတ် ၂ နှစ်လုပ်ခွင့်ရှိပါတယ်။ စာမေးပွဲပုံမှန်အောင်တယ် သတ်မှတ် Credit Unit ပြည့်မီတယ် ဆိုရင် OPT (Optional Practical Training) ဆက်ယူလို့ရပါတယ်။ အဲဒီ OPT ကနေ အနည်းဆုံး ၂ နှစ်ကနေ ၃ နှစ်ထိ Extend တိုး အလုပ်လုပ်ခွင့်ရှိပါတယ်။ အလုပ်စလုပ်တဲ့အချိန်ကစပြီးတော့ ကိုယ့်ရဲ့ Level အလိုက် လစာစရမှာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အမေရိကားမှာ Student Visa နဲ့ ကျောင်းသားတွေက ၁ ပတ်မှာ နာရီ (၂၀) ထက် အလုပ်လုပ်ခွင့်မရှိပါဘူး။ ဒါပေမယ့် ဒီကျောင်းရဲ့ Compro Program ကနေပြီး Student Visa နဲ့ Full Time အလုပ်လုပ်ခွင့်ရှိပါတယ်။ ဒါမျိုးက တခြားနေရာမှာ မရပါဘူး။ အဲဒါကြောင့်မို့လည်း ဒီကျောင်းရဲ့ Compro Program ကို နိုင်ငံတကာက ကျောင်းသားတွေရွေးချယ်ကြတာပါ။ ကျောင်းပြီးရင်လည်း Green Card ကိစ္စ Citizenship ကိစ္စ အခွင့်အလမ်း ဆက်ရှိလာမှာပါ။ ဒီကျောင်းရဲ့ Compro ကို ဝင်ခွင့်ရတဲ့ ကျောင်းသားတိုင်းက အလိုအလျောက် 90% Financial Aid ရပြီးသားဖြစ်တယ်။ SSN ဆိုလည်း ခဏလေးနဲ့ ရအောင်လုပ်ပေးပါတယ်။ SSN မရှိရင် အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ဖို့ မလွယ်ဘူးဆိုတာ ဒီရောက်တဲ့သူတိုင်းသိပါတယ်။
တက္ကသိုလ်ရဲ့ထူးခြားတဲ့အချက်က Consciousness Based Education ဆိုပြီး Transcendental Meditation (TM) တနေ့ကို နှစ်ကြိမ်တရားထိုင်ရတာပါပဲ။ ဒီကျောင်းကို တည်ထောင်ခဲ့တဲ့ မဟာရီသျှီ ဂုရုကြီး အသုံးပြုခဲ့တဲ့နည်းလမ်းတွေကနေ ဘဝအောင်မြင်ရေးအတွက် တရားထိုင်ဖို့လိုတယ်ဆိုပြီး ကျောင်းသားတိုင်းက မဖြစ်မနေ လုပ်ရပါတယ်။ ဒီတက္ကသိုလ်မှာ Transcendental Meditataion နဲ့ပါတ်သက်ပြီး တရားထိုင်နည်းလာသင်တဲ့သူတွေ၊ သုတေသနလာလုပ်တဲ့သူတွေ၊ Ph.D လာယူတဲ့သူတွေ လည်းရှိပါတယ်။
ဒါက အကျဉ်းချုပ်ပြောပြတာပါ။ နောက် အပိုင်းတွေမှာ အသေးစိတ် ဆက်ရေးပေးသွားပါမယ်နော်။
အပိုင်း (၂) ဆက်ရန် . . .
Credit: KHUN SOE MOE AUNG
မူရင်းရေးသားသူကို လေးစားစွာ Credit ပေးပါသည်။
မူရင်း link: https://m.facebook.com/story.php?story_fbid=10221851557069613&id=1578512146&mibextid=Nif5oz
29/06/2023
🕋 ယနေ့ကျရောက်သော 𝑬𝒊𝒅 နေ့လေးမှာ ကမ္ဘာတစ်ဝှမ်းရှိ အစ္စလမ်ဘာသာဝင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒများအားလုံး ပြည့်ဝပြီးငြိမ်းချမ်းသော 𝑬𝒊𝒅 𝑨𝒍-𝑨𝒅𝒉𝒂 ဖြစ်ပါစေကြောင်း ကျွန်တော်တို့ OTT Solution မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ ။ 🕋
#အိဒ်
18/06/2023
ကမ္ဘာပေါ်ရှိ အဖေများကို ဂုဏ်ပြုလိုက်ပါတယ်။
ဒီနေ့ အမေများနေ့နော်... အမေနဲ့ စကားလေး ၅ မိနစ်လောက်ပြောဖို့ သတိရပေးပါ။
ဝေးနေတဲ့ သားနဲ့သမီး ကို စကားလေးခဏပြောလိုက်ရတာဟာ အမေ့အတွက်တော့အကောင်းဆုံး အမေများနေ့ လက်ဆောင် ပါပဲ။
01/05/2023
17/11/2021
( 18. 11. 2021 ) နေ့တွင်ကျရောက်သည့် မြန်မာလူမျိုးတို့ ၏ နေ့ထူးနေ့မြတ်များမှ တစ်ရက်ဖြစ်သော တန်ဆောင်မုန်းလပြည့် (သို့)သာမည ဖလအခါတော်နေ့တွင်
မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးကျန်းမာ ချမ်းသာ ဘေးဘယာဝေးကွာစွာအဆိုးမရှိ အကောင်းအတိဖြင့်
ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
OTT Solution မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏
ချစ်သော အမျိုးတို့စိတ်ကျေနပ်မူရရှိအောင် ကျနော်တို့ OTT Solution မှ အမြဲကြိုးစားနေပါတယ်ခင်ဗျာ ။ 💪💪💪💪💪
22/10/2021
၂၀၂၂ အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်ကူတဲ့ အိတ်ဆောင်ပြက္ဒဒိန်လေးကို ဖုန်းထဲမှာထည့်ထားကြရအောင်။ အခါကြီးရက်ကြီးနှင့် အစိုးရရုံးပိတ်ရက်ပါ ထည့်ထားပြီး မြန်မာရက်လ၊ အင်္ဂလိပ်ရက်လ အပြင် နှစ်တစ်ရာပြက္ခဒိန်ပါကြည့်လို့ရသလို မဟာဘုတ်ဗေဒင်လည်း ထည့်ထားတဲ့အတွက် အသုံးဝင်လိမ့်မယ်ထင်ပါတယ်။
Playstore Link
https://play.google.com/store/apps/details?id=com.nanhm.mmcalendar
Playstore ထဲသွားပြီး Install/Update လုပ်လို့ရပါတယ်။
11/09/2021
Pearson American Speak Out full set available
Pearson and BBC ပူးပေါင်းပြီးထုတ်ထားတဲ့ American Speak Out သည် American English ကိုလေ့လာနေသောအရွယ်ရောက်ကျောင်းသားများအတွက်လူကြိုက်အများဆုံးထုတ်ဝေမှုဖြစ်ပြီး အဆင့်ခြောက်ဆင့်ပါ ၀င်ပါသည်။ ကျောင်းသားများနှင့်ဆရာများသည် ဒီစာအုပ်တွင် လက်တွေ့ဘ၀မှာ အမေရိကန်အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုဆက်ဆံနည်းလမ်းများနဲ့ ဘာသာစကားအခြေခံကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်စနစ်ကျပြီး ကောင်းမွန်သောသင်ခန်းစာများကိုတွေ့ရပါမည်။
Level တစ်ခုချင်းစီမှာ
📖 Student's Book
📖 Teacher's Book
📖 Workbook
📖 Student's Book CD
📖 Workbook CD
📖 Teacher's Resources
📖 Video
📖 Active Teach Self Learning Software တွေပါပါတယ်
ရရှိနိုင်တဲ့ Levels တွေကတော့
✅ Starter
✅ Elementary
✅ Pre-Intermediate
✅ Intermediate
✅ Upper-Intermediate
✅ Advanced
ဆိုပီး Level ၆ ခုရှိပါတယ်။
စျေးနှုန်းကတော့ Level ၁ ခုကို ၃၀၀၀ ကျသင့်မှာဖြစ်ပြီး Starter to Advanced အစုံလိုက်ယူရင် ၁၂၀၀၀ ကျသင့်မှာပါ
English Speaking ကို အခြေခံကနေ စနစ်ကျကျ Self study လုပ်ချင်တဲ့သူတွေအတွက် အရမ်းထိရောက်တဲ့ စာအုပ်တွေဖြစ်ပါတယ်။ ယခုလောလောဆယ်တော့ Softcopy အနေနဲ့ဘဲ Gmail ကနေ ပို့ပေးမှာ ဖြစ်ပါတယ်။
ဝယ်ယူလိုပါက Viber Ph 09962412278 သို့မဟုတ် Messenger သို့သာဆက်သွယ်လိုက်ပါ။
08/06/2021
အားလုံးမျှော်လင့်စောင့်စားခဲ့တဲ့ WWDC21 ကတော့ပြီးဆုံးသွားခဲ့ပါပြီ။ iOS 15,iPadOS 15,macOS Monterey နဲ့ watchOS 8 တို့ကိုမိတ်ဆက်သွားခဲ့ပါတယ်။
အလန်းစား Feature အသစ်တွေလည်းပါလာသလို Apple Ecosystem ကိုပိုကြမ်းအောင်လုပ်ပေးမယ့် Continuity Feature တွေပါလာတာကလည်းတကယ့်ကိုစိတ်ဝင်စားစရာပါပဲ။WWDC21 မှာအသစ်မိတ်ဆက်ခဲ့ တဲ့ Feature တွေကိုဖော်ပြပေးလိုက်ပါတယ်။ 🤩
• iOS 15
Facetime ကသိသိသာသာကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။ Spatial Audio ရနိုင်မှာဖြစ်လို့ Screen ပေါ်မှာ မြင်နေရတဲ့အတိုင်းဘေးပတ်ပတ်လည်က အသံတွေကြားနေရမှာဖြစ်ပြီးတကယ့်စကားဝိုင်းမှာ စကားထိုင်ပြော နေသလိုခံစားရမှာပါ။ဘေးကအသံတွေကို မကြားရအောင်ခွဲထုတ်ပေးတဲ့ Voice Isolation Mode ပါလာပြီး ကြားစေချင်တဲ့အသံတွေအတွက်လည်း Wide Spectrum Mode ကိုအသုံးပြုပြီးဖမ်းယူလို့ရပါတယ်။
Grid View လည်းကြည့်လို့ရသွားမှာဖြစ်ပြီး စကားပြောနေတဲ့သူကို Highlight လုပ်ပေးတဲ့ Feature ပါဝင်လာ မှာဖြစ်ပါတယ်။Facetime call တွေကို Schedule လုပ်ပြီးတော့ Web link ကနေအသုံးပြုလို့ရပြီဖြစ်ပါတယ်။ Potrait Mode ကိုအသုံးပြုလို့ရပြီဖြစ်သလို Share Play ကိုမိတ်ဆက်ထားတဲ့အတွက် Listen Together, Watch Together တို့ကနေ ရုပ်ရှင်တွေအတူကြည့်၊သီချင်းတွေအတူ Facetime ကနေနားထောင်လို့ရပါပြီ။
ဓာတ်ပုံတွေကို Collage နဲ့အတူဖိုင်တစ်ခုတည်းနဲ့ ပို့လို့ရပြီဖြစ်သလို Share with you Feature ကလည်း ကိုယ့်ဆီကို Share လိုက်တဲ့ Application တိုင်းမှာပါလာမှာပါ။ ဥပမာ - သူငယ်ချင်းက ကိုယ့်ကိုပုံတစ်ပုံ ဒါမှမဟုတ် သီချင်းတစ်ပုဒ်ပို့လိုက်တဲ့အခါမျိုးတွေမှာကိုယ်ကချက်ချင်းဖွင့်မကြည့်ဖြစ်ခဲ့ရင်တောင် Photo, Music App ရဲ့ Share with me Tab ထဲမှာရှိနေမှာဖြစ်တာကြောင့် အချိန်မရွေးအလွယ်တကူပြန်ရှာနိုင်မှာပါ။
Focus Feature ကတော့ကိုယ်လိုချင်တဲ့ Application ဆီက Notification ကိုပဲပြအောင်လုပ်ပြီးကျန်တဲ့ Notification တွေကိုခေတ္တ Block ပေးထားမှာပါ။ တစ်ဖက်လူဆီကိုလည်း Focus မှာဘယ် Mode ကိုရွေးထား လည်းပြပေးနိုင်မှာဖြစ်ပါသေးတယ်။Notification ပြတဲ့ပုံပြောင်းသွားမှာဖြစ်ပြီး အရေးကြီးတဲ့ Notification တွေကိုအရင်ဆုံးပြပေးတဲ့ ပိုပြီး Organize ဖြစ်တဲ့ Notification Summary ဖြစ်သွားမှာပါ။
ဓာတ်ပုံတွေမှာပါတဲ့ စာတွေကို Text အဖြစ်ပြောင်းလဲလို့ရမယ့်အပြင်၊ ဖုန်းနံပါတ်၊ Email တို့ဆို တစ်ခါတည်း ဖုန်းခေါ်၊ Mail ပို့လို့ရမယ့် Live Text Feature လည်းပါပြီး Camera နဲ့လည်းအလုပ်ဖြစ်မှာဖြစ်ပါတယ်။ Object တစ်ခုကိုဓာတ်ပုံရိုက်လိုက်ရုံနဲ့ အဆိုပါ Object ရဲ့အကြောင်းရှင်းပြပေးနိုင်မယ့် Visual Look Up Feature လည်းပါဝင်လာပါပြီ။
Photo ထဲက Memories Album အတွက်လည်း Apple Music နဲ့ချိတ်ပြီး စိတ်ကြိုက်သီချင်းရွေးချယ်လို့ရပြီ ဖြစ်ပါတယ်။ Apple Music ရဲ့ Suggestion ကိုရွေးလို့လည်းရသလို ကိုယ့်စိတ်ကြိုက်သီချင်းကိုလည်းရွေးပြီး Background Music ထားလို့ရပါတယ်။
Weather App လည်း Layout,Design နဲ့ Background Animation အသစ်တွေနဲ့ပိုမိုက်နေမှာဖြစ်ပြီး Memoji အတွက် Outfit အသစ်တွေကိုလည်းရရှိနိုင်မှာပါ။
• iPadOS
iPadOS ကို Home Screen မှာ Widgets တွေအသုံးပြုလို့ရမှာဖြစ်ပြီး iPad Screen ဖြစ်တာကြောင့် ပိုမိုက်ပြီးပိုကြီးတဲ့ Widgets တွေကိုအသုံးပြုနိုင်မှာပါ။App Library ကိုလည်း Dock ကနေတိုက်ရိုက်အသုံးပြု လို့ရမှာဖြစ်ပါတယ်။
macOS မှာလို Split View ရမှာဖြစ်ပြီး Shelf လို့ခေါ်တဲ့ Tool Bar ထဲမှာ App တွေကို Minimize လုပ်ထားနိုင် မှာဖြစ်တာကြောင့် iPad သုံးရတာ Productivity ပိုမြင့်လာမှာပါ။ Keyboard Shortcuts အသစ်တွေထပ်တိုး လာမှာလည်းဖြစ်ပါတယ်။
iPad ပေါ်မှာကြိုက်တဲ့နေရာကိုထောက်ပြီး Quick Note ကနေ Note မှတ်လို့ရနိုင်မှာလည်းဖြစ်ပါတယ်။ဒါ အပြင် Note ထဲမှာ Mention လုပ်လာနိုင်မှာလည်းဖြစ်သလို၊ Tag တွေထည့်ပြီး Tag Browser ကနေအလွယ် တကူပြန်ရှာလို့လည်းရမှာပါ။
Programming App တစ်ခုဖြစ်တဲ့ Swift Playground App Built-in ပါဝင်လာတာကြောင့် iPad ပေါ်မှာ Application တွေရေးပြီး App Store အပေါ်ကိုတခါတည်းတင်လို့ရမှာဖြစ်ပါတယ်။
• watchOS 8
iPhone ထဲကကိုယ့်ရဲ့မိသားစုတွေ၊ ချစ်ရသူတွေရဲ့ ရုပ်ပုံတွေကို Watch ရဲ့ Face မှာထားလို့ရပြီဖြစ်တာကြောင့် ဂရုစိုက်ရသူတွေကို အနီးကပ်ဆုံးမှာထားနိုင်ပြီဖြစ်ပါတယ်။ Memories တွေ၊ Featured Photo တွေကိုလည်း watch မှာ Sync လုပ်ပေးနိုင်မှာဖြစ်ပြီး Breath App ကိုအဆင့်မြှင့်ထားပြီး Reflect Feature အသစ်တစ်ခုပါ ဝင်လာပါတယ်။
• macOS Monterey
iOS နဲ့ iPadOS တို့မှာပါတဲ့ Share Play နဲ့ Facetime Upgrade တွေအကုန် macOS Monterey မှာပြန်ပါမှာဖြစ်ပါတယ်။ အမိုက်စား Continuity Feature တစ်ခုဖြစ်တဲ့ Universal Control ပါဝင်လာပြီး Keyboard တစ်ခု၊ Mouse ဒါမှမဟုတ် Trackpad တစ်ခုတည်းကိုအသုံးပြုပြီး iPad,macBook နဲ့ iMac ကိုတပြိုင်တည်းအသုံးပြုလို့ရမှာဖြစ်ပါတယ်။ 😮
Device တွေကိုဘေးချင်းကပ်ရပ်ထားရုံနဲ့ Seamlessly အသုံးပြုလို့ရမှာဖြစ်ပြီး Set up လုပ်စရာလိုအပ်မှာမ ဟုတ်ပါဘူး။Mac ပေါ်မှာ AirPlay ရပြီဖြစ်တာကြောင့် ကိုယ့်ဆီမှာရှိတဲ့ Apple Device ကနေ ပိုပြီးကြီးပြီး ပိုလှတဲ့ Mac ပေါ်မှာရုပ်ရှင်တွေ ဗီဒီယိုတွေကိုခံစားနိုင်ပြီပေါ့။
iOS ပေါ်မှာအရမ်းအသုံးဝင်ခဲ့တဲ့ Shortcuts ဟာ Mac မှာသုံးလို့ရပြီဖြစ်တာကြောင့် အချိန်ကုန်သက်သာပြီး Productivity ပိုများအောင်အလုပ်လုပ်နိုင်ပြီဖြစ်ပါတယ်။ Shortcut တွေကို Dock,menu bar, Finder, Spotlight ကနေဒါမှမဟုတ် Siri နဲ့ Run ခိုင်းလို့ရမှာဖြစ်ပါတယ်။
ဒါကတော့ WWDC21 Keynote မှာ အဓိက မိတ်ဆက်သွားခဲ့တဲ့ Announcement တွေပဲ ဖြစ်ပါတယ်။ ဒီ Post ကို သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါအုန်းနော်။
mDrive
18/05/2021
ပိတ်ရက်လေးတွေ မသိမှာဆိုးလို့...
ပြက္ခဒိန်ကို ဖုန်းထဲကနေကြည့်ကြမယ်
၂၀၂၁ ပြက္ခဒိန် (2021 Myanmar-Calendar) App
====================================
နှစ်သစ်ရောက်နေပီဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့အဆင်ပြေမယ့် ၂၀၂၁ ပြက္ခဒိန်အက်ပလီကေးရှင်းတစ်ခု မျှဝေပေးလိုက်ပါတယ်။
အစိုးရရုံးပိတ်ရက် အခါကြီးရက်ကြီးတွေကအစ အကုန်ထည့်ထားပြီး မြန်မာရက်လ၊ အင်္ဂလိပ်ရက်လ အပြင် နှစ်တစ်ရာပြက္ခဒိန်ပါ ထည့်ထားတဲ့အတွက် အစိုးရဝန်ထမ်းတွေ၊ ကျောင်းသူ/သား ဆရာဆရာမတွေအတွက် အသုံးဝင်လိမ့်မယ်ထင်ပါတယ်။ ဖုန်းထဲထည့်ထားရင် အိတ်ဆောင်ပြက္ခဒိန်လို သုံးရသလိုမျိုးပါပဲ။ လိုအပ်သူများ အောက်ပုံကနေ Playstore ထဲသွားပြီး Install လုပ်လို့ရပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင် ပြန်ရှယ်ပေးသွားကြပါ။
https://play.google.com/store/apps/details...
18/05/2021
အပူရှိန်ကြောင့်ဖြစ်နိုင်တဲ့ ပြဿနာသုံးမျိုးရှိပါတယ်။
1. Heat cramps
2. Heat exhaustion
3. Heat stroke
1. Heat cramps
ခန္ဓာကိုယ်ထဲမှာ ရေနဲ့ သတ္တုဓါတ်တွေစတင်နည်းပါးလာပြီဆိုတာ စပြတဲ့ ပြဿနာပါ။ ကိုယ်အပူချိန်တက်လာမယ်။ ကြွက်သားတွေနာမယ်။ ကြွက်တက်မယ်။ များသောအားဖြင့် ခြေထောက်နဲ့ဝမ်းဗိုက်ကြွက်သားတွေမှာဖြစ်တာပါ။
အလွယ်ကူဆုံးကုသနည်းကတော့ အရိပ်ရတဲ့နေရာမှာနေပြီး ဓါတ်ဆားဖျော်သောက်လိုက်တာပါပဲ။
2. Heat exhaustion
ပြဿနာနည်းနည်းစရှိလာပါပြီ။ နေပူထဲမှာ အချိန်အကြာကြီး နေတာကြာလာရင် ချွေးထွက်လွန်လာရင် ဒီပြဿနာစဖြစ်ပါပြီ။ အဲ့လူကိုသွားကိုင်ကြည့်ရင် အေးအေးစိုစိုကြီးဖြစ်နေပါလိမ့်မယ်။ ခေါင်းကိုက် မူးဝေ အော့အန် စိတ်ရှုပ်ထွေးတာတွေပါလာပါလိမ့်မယ်။အသက်ရှုတာ မြန်လာပါလိမ့်မယ်။
ရှေးဦးသူနာကုသနည်းကတော့ အရိပ်ရပြီးအေးတဲ့နေရာမှာထားပါ။ လှဲနေရင်းခြေထောက်ကိုအပေါ်ထောင်ထားပေးပါ။ ထူထဲနေတဲ့အဝတ်တွေကိုချွတ်ပါ။ရေနဲ့ဓါတ်ဆားပြန်ဖြည့်ပေးပါ။ အဲ့ဒါမှအခြေနေမကောင်းသေးရင် ဆေးရုံပြေးပါ။
3. Heat stroke
အန္တရာယ်အရှိဆုံးပါ။ အပေါ်ကနှစ်ခုကအရင်ဆုံးပြတဲ့ လက္ခဏာတွေဖြစ်ပြီး အဲ့ဒီအဆင့်တွေကို သေချာမကုသနိုင်ခဲ့ရင် heat stroke အဆင့်စပါပြီ။ ခန္ဓာကိုယ်ဟာ အပူချိန်ကိုမထိန်းနိုင်တော့ပါဘူး။ အပူချိန်ဟာ အမြင့်ဆုံးထိထိုးတက်သွားနိုင်ပါတယ်။ သွေးခုန်နှုန်းမြန်လာပါပြီ။ အဲ့လူကို ကိုင်ကြည့်ရင် ပူပူနဲ့ခြောက်ခြောက်ကပ်ကပ်ကြီးပါ။ အပူချိန်ကိုထိန်းညှိပေးဖို့ ချွေးမထွက်နိုင်တော့ပါဘူး။ သတိလစ်တာ တက်တာ အထိဖြစ်ပါတယ်။ အသက်အန္တရာယ်ရှိပါပြီ။
Ambulance ခေါ်ပါတော့။ ကားမရောက်သေးခင်မှာ အရေးပေါ်အနေနဲ့ အရိပ်ရနေရာမှာထားပါ။ လူတွေမအုံပါစေနဲ့။လေဝင်လေထွက်ကောင်းပါစေ။ သတိရနေသေးရင် ရေနဲ့ဓါတ်ဆားတိုက်ပါ။ ရေပတ်တိုက်ပါ။ ချိုင်းကြားပေါင်ကြား ရေဝတ်ကပ်ပေးပါ။
1. အဝတ်အစားအထူကြီးတွေမဝတ်ကြပါနဲ့။
2. နေရိပ်ထဲမှာ အတတ်နိုင်ဆုံးနေပါ။
3. အပြင်ထွက်ရင် ဦးထုပ် ထီးဆောင်းပါ။
4. ရေနှင့်ဓါတ်ဆား ဆောင်ထားပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Kamayut
11121
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |