Bubble tea Kin neko
Bubble milk-tea
13/04/2026
Wishing you a joyful and blessed Happy Thingyan New Year.🙏🏻🥰💦
တစ်ငုံသောက်လိုက်တာနဲ့ ပင်လယ်ပြင်ကို ရောက်သွားသလို ခံစားရစေမယ့်အရာက ဘာဖြစ်မလဲ??
Summer Vibe အပြည့်နဲ့ လန်းဆန်းချင်တဲ့ ဟူးမန်းတို့အတွက် မြောင်တို့ရဲ့ Seasonal Soda လေးတွေ ရှိနေပြီနော် 🐾
🥭 Mango Soda - ချိုမြိန်လန်းဆန်းမှု
🥝 Kiwi Soda - ချဉ်ချဉ်လန်းလန်း
🍓 Strawberry Soda - အနံ့မွှေးမွှေးချိုချို
🍇 Blueberry Soda - စိမ့်ဝင်သွားမယ့် Blueberry
🥤 Passion Fruit Soda - အမောပြေစေမယ့် Passion
သစ်သီးရနံ့ မွှေးမွှေးလေးတွေနဲ့ Sparkling ဖြစ်တဲ့ အရသာက ဟူးမန်းတို့ရဲ့ နွေရက်တွေကို အမောပြေစေမှာ အသေအချာပါပဲ
ဒီ (၅) မျိုးထဲက ဟူးမန်းတို့ အကြိုက်ဆုံးအရသာကို Comment မှာ Emoji လေးတွေနဲ့ ရွေးခဲ့ပေးဦးနော်! 🍹✨
အခုပဲ foodpanda ကနေမှာယူပြီး နွေအပူကို အန်တုလိုက်ရအောင်! 🐼🥤
You Happy, We Happy 😻
01/04/2026
ချိုချို Tea တွေချည်းသောက်လို့ရိုးလာပြီဆို Today Special Menu ချဉ်ချဉ်စပ်စပ် ငါးပိရေကြို Tea လေးသောက်ကြည့်ပါလား 👀
တစ်ကျိုက်တည်းသောက်နိုင်တဲ့သူကို တစ်သက်တာ free သောက်ခွင့်ပေးသွားမှာဖြစ်ပါတယ်😎😎
Kin Neko ဆိုင်ခွဲ ၁၁ ဆိုင်လုံးတွင် ယနေ့တစ်ရက်ထဲသာ အကန့်သတ်ဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
You Happy, We Happy 😻
30/03/2026
အရသာရှိတဲ့ အစားအစာတွေရဲ့ လျှို့ဝှက်အဖော်မွန်က ဘာဖြစ်မလဲ? 🤔✨
မာလာရှမ်းကောပဲ စားစား၊ ပီဇာပဲ မှာစားစား... ဘယ်အစားအစာပဲစားစား Kin Neko လေးသာ ဘေးနားမှာ ရှိနေရင် အဲ့ဒီအရသာက ပိုပြီးတော့ ထူးခြားသွားမှာနော်🐾💖
အစပ်ဒဏ်ကို အေးမြတဲ့ Soda Series နဲ့ ဖြေဖျောက်မလား..?🥭🍓🍇🥝
ဒါမှမဟုတ် အီစိမ့်တဲ့ အရသာကို Tea Series လေးနဲ့ တွဲဖက်မလား..? 🧋
ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေနဲ့ အေးမြတဲ့ Kin Neko ကို တွဲဖက်ပြီး ဒီနေ့ရဲ့ ပျော်ရွှင်မှုတွေကို အတူတူ ဖန်တီးလိုက်ရအောင်!🍹🍕
ဟူးမန်းတို့ရော Kin Neko နဲ့ ဘယ်အစားအသောက်ကို တွဲပြီးစားလေ့ရှိလဲ? အောက်မှာ Comment ပေးခဲ့ဦးနော်! 💬👇
You Happy, We Happy 😻
20/03/2026
Delivery 🚲🚲🚲. ‼️Order now‼️
You Happy, We Happy 😻
17/03/2026
ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ?" လို့ မေးရင် တစ်ယောက်နဲ့တစ်ယောက် အဖြေချင်း တူပါ့မလား? 🤔🐾
ဟူးမန်းတို့ရဲ့ Coffee Routine လေးကို မြောင်ကို ပြောပြခဲ့ဦးနော်!
A. မနက်ခင်း လန်းဆန်းစေဖို့ ☀️
B. နေ့လည်ခင်း အိပ်ငိုက်ပြေဖို့ 💻
C. ညနေခင်း အနားယူဖို့ 🌅
D. ဘယ်အချိန်ဖြစ်ဖြစ် အချိုတည်းဖို့ 🧋
ဟူးမန်းတို့ကရော ဘယ် Category ထဲမှာ ပါလဲ?
ကောမန့်အောက်မှာ A,B,C လေးတွေ ချန်ခဲ့ပေးနော်! 👇☕
You Happy, We Happy 😻
13/03/2026
Matcha ရဲ့ စိမ့်သက်သက်အရသာကိုမှ စွဲလမ်းကြတဲ့ Matcha Lover ဟူးမန်းတို့ရေ... 🐾 🍵
ဂျပန်နိုင်ငံထုတ် Premium Matcha ကိုမှ အချိုးအစားကျကျ ဖျော်စပ်ထားတဲ့ Kin Neko ရဲ့ Ice Matcha Latte ကိုတော့ လုံးဝလက်လွှတ်မခံသင့်ပါဘူးနော်🍵🥛
တစ်ငုံသောက်လိုက်တာနဲ့ စိတ်ကိုအေးချမ်းလန်းဆန်းစေမယ့် Matcha အစစ်ရဲ့ ရနံ့နဲ့ အရသာကို အပြည့်အဝ ခံစားရမှာပါရှင် ✨
ဒါကြောင့်မလို့ Matcha ကို အတော်ကြိုက်တဲ့သူတွေကတော့ Kin Neko ရဲ့ Matcha Latte ကို လက်လွှတ်မခံသင့်ပါနော်🍵
You Happy, We Happy 😻
11/03/2026
နေပူပူမှာ စိတ်ကို ချက်ချင်းလန်းဆန်းသွားစေမယ့် Magic တစ်ခုအကြောင်း သိကြလား? ✨
ဟူးမန်းတို့ရေ... အပြင်မှာ အရမ်းပူနေပြီဆိုတော့ ရင်ထဲအေးမြသွားဖို့ တစ်ခုခု လိုအပ်နေပြီဟုတ်? ☀️
Kin Neko ရဲ့ Soda Series အစုံအလင်က ဟူးမန်းတို့ရဲ့ နွေရာသီကို အေးမြတဲ့ ပင်လယ်ပြင် Vibe ရောက်သွားစေမှာနော်🥤
သစ်သီးရနံ့ မွှေးမွှေးလေးတွေနဲ့အတူ Sparkling ဖြစ်တဲ့ အရသာကို တစ်ဝကြီး ခံစားလိုက်ရအောင်!
🥭Mango Soda - သရက်သီးရဲ့ ချိုမြိန်တဲ့ အရသာ 🥭
Passion Fruit Soda🍊 - ချိုချဉ်လန်းဆန်းစေမယ့် Passion Fruit Soda🥤
🍇Blueberry Soda - အနံ့မွှေးမွှေးလေးနဲ့ Blueberry 🍇
🌊Blue Hawaii Soda - ပင်လယ်ပြာ Vibe အပြည့် Blue Hawaii 🌊
🍓🥭Mango Strawberry Soda - အသီးနှစ်မျိုးရဲ့ အမိုက်စား ပေါင်းစပ်မှု 🍓🥭
🌈Rainbow Soda - အရောင်အသွေးစုံလင်တဲ့ Magic 🌈
🥝Kiwi Soda - ချဉ်ချဉ်လန်းလန်း ကီဝီအရသာ 🥝
ဒီနွေမှာ ပူနေတဲ့ရင်လေး အေးမြဖို့အတွက် Kin Neko ရဲ့ Soda တွေကိုမြည်းစမ်းဖို့ Ready ပဲလား?🤩
You Happy, We Happy 😻
09/03/2026
ဟူးမန်းတို့အားလုံးပဲ ခရမ်းရောင် Taro လေးရဲ့ လျှို့ဝှက်ချက်ကို သိကြလား..? 🐾 🤔
အေးအေးစိမ့်စိမ့် Vibe လေးနဲ့ နွေဥတုကို ဖြတ်သန်းချင်တဲ့ ဟူးမန်းတို့အတွက် Ice Taro Milk လေး ရှိပါတယ်နော်🍠🥛
တစ်ငုံသောက်လိုက်တာနဲ့ Taro ရဲ့ ထူးခြားတဲ့ အီစိမ့်မှုက စိတ်ကို ကြည်လင်သွားစေမှာ အသေအချာပါပဲ✨
မြောင်တို့ Kin Neko မှာ နွေရာသီကို အေးအေးဆေးဆေးနဲ့ဖြတ်သန်းဖို့ Taro Milk လေးကို သောက်ကြည့်လိုက်ပါနော်😽
You Happy, We Happy 😻
08/03/2026
ဆိုင်အထိ သွားရမှာ ဝေးနေလို့လား? ဒါမှမဟုတ် အပြင်ထွက်ရမှာ ပျင်းနေပြီလား?😿
စိတ်မပူနဲ့နော်... ဆိုင် နီးနီးဝေးဝေး ကိစ္စမရှိပါဘူး။ ဟူးမန်းတို့ ဘယ်နေရာမှာပဲရှိရှိ foodpanda လေးနဲ့ မှာလိုက်ရုံနဲ့ မြောင်တို့ရဲ့ Kin Neko Drink လေးတွေက အိမ်အရောက် အပြေးလာခဲ့မှာပါ 🐈💨
foodpanda နဲ့မှာလိုက်ပြီဆိုတော့ ဆိုင် နီးနီးဝေးဝေး ကိစ္စမရှိတော့ဘူးပေါ့✨
You Happy, We Happy 😻
06/03/2026
နွေရာသီရဲ့ အပူရှိန်အောက်မှာ လန်းဆန်းသွားစေဖို့ဆိုရင် ရာသီစာအသီးလေးတွေက အကောင်းဆုံးပဲပေါ့ 🥭🍈✨
🐾 မြောင်တို့ဆီမှာ နွေဦးနဲ့လိုက်ဖက်တဲ့ သစ်သီးရနံ့မွှေးမွှေးလေးနဲ့ အီစိမ့်နေမယ့် Mango Milk နဲ့ Melon Milk တို့ရှိနေပါပြီနော်😻
နွေဦးရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်ဖို့ Kin Neko ရဲ့ Milkshake လေးတွေကို အခုပဲ မြည်းစမ်းကြည့်လိုက်ရအောင်😽
You Happy, We Happy 😻
03/03/2026
Milk Tea သောက်မယ်လို့သာ အားတက်သရော ပြောလိုက်တာ... ဆိုင်လည်းရောက်ရော Taiwan လား.. Thai လား ဝေခွဲမရ မြေပဲမဖြစ်နေတုန်းလား? 🐾✨
ထိုင်ဝမ်ရဲ့ မူရင်းအရသာလေးကိုလည်း စွဲလမ်းသလို၊ ထိုင်းနို့လက်ဖက်ရည်ရဲ့ မွှေးပျံ့တဲ့ရနံ့ကိုလည်း လက်မလွှတ်နိုင်ဘူး ဖြစ်နေရင်တော့... နှစ်မျိုးစလုံးသာ မှာသောက်လိုက်တော့😼
You Happy, We Happy 😻
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Kamayut
11041
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |