K Learning Bank

K Learning Bank

Share

ဘေဘီးလေးတွေ အတွက် သင်ထောက်ကူ ပစ္စည်းလေးများ နဲ့ အသုံးအဆောင် ပစ္စည်း အစုံအလင် မှာယူရရှိနိုင်ပါပြီနော်

27/01/2024

🍀 ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲကမှ ကလေးတို့အနေနဲ့ အတုယူသင့်တဲ့ "မဟော်သဓာ" ဇာတ်တော် စာအုပ်လေးကို ရုပ်ပုံလေးတွေနဲ့အတူ စိတ်ဝင်စားဖွယ် ထုတ်ဝေလိုက်ပါတယ်

🍀"မဟော်သဓာ" သုခမိန် ဖြေရှင်းခဲ့တဲ့ တရားစီရင်ခန်း(၁၈)ခန်းလုံး ပါဝင်ပြီး စာမျက်နှာ (၉၂) မျက်နှာပါဝင်ပါတယ်ရှင့်

🍀 ဇာတ်လမ်းလေးကို ကလေးငယ်တို့စိတ်ဝင်တစားဖတ်လို့ရအောင် ရုပ်ပုံလေးတွေနဲ့ သေသေချာချာ ပုံဖော်ပေးထားတဲ့အတွက် မေမေတို့ရဲ့ ဘေဘီလေးတွေ စိတ်ဝင်စားစေမှာအသေချာပါ ။
ဒီစာအုပ်လေးကိုထုတ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အသက်ငယ်ငယ်လေးနဲ့ အကျိုးအကြောင်း၊အဆိုး‌အကောင်းတွေကို ခွဲခြားသိနိုင်တဲ့ ပညာရှိသုခမိန်"မဟော်သဓာ"သုခမိန်ကို အတုယူကာ ထူးချွန်ထက်မြတ်ပြီး ဉာဏ်ပညာရှိတဲ့ သားသားမီးမီးတွေ ဖြစ်လာစေဖို့ ကြိုးစားချင်စိတ်‌တွေပေါ်ပေါက်လာစေရန် မဖြစ်မနေ ဖတ်ပြပေးသင့်တဲ့ ဇာတ်တော်လေးဖြစ်လို့ ထုတ်ဝေထားတာပဲဖြစ်ပါတယ်။

ဈေးနှုန်းလေးကတော့ ၉၀၀၀ ကျပ်ပါရှင့် (Item Code : KL0003)


Phone - 09978865108
Viber - 09891461620

26/01/2024

သားသားမီးမီးလေးတွေကို အင်္ဂလိပ်စာနဲ့ ငယ်စဉ်ကတည်းကလက်ပွန်းတတီးရှိနေစေပြီး ပြောရဲဆိုရဲလာအောင် အလေ့အကျင့်ပြုလုပ်ပေးနိုင်ဖိုအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အခြေခံအင်္ဂလိပ်စကားပြောစာအုပ်လေးများဖြစ်ပါတယ်။

ကလေးတိုနဲ့သက်ဆိုင်တဲ့ အကြောင်းအရာလေးများကို လူကြီးမိဘတွေနဲ့ လွယ်ကူစွာပြောနိုင်အောင် နေ့စဉ်ပြောနေကျ စကားလေးတွေကို အင်္ဂလိပ်+မြန်မာ နှစ်ဘာသာဖြင့် စုစည်းထုတ်နုတ်ပေးထားပါတယ်။

ခေါင်းစဉ်ပေါင်း (၂၀) ပါဝင်ပြီး တစ်အုပ်တွင် (၈) မျက်နှာပါဝင်ပါတယ်။
အသက်ဝင်လှတဲ့ ရုပ်ပုံလေးများကို ကလေးတိုအကြိုက်အရောင်လေးများဖြင့် ပုံဖော်ထားပေးပြီး စာရွက်အသားကောင်းကောင်းလေးဖြင့် ကလေးတိုင်းစိတ်ဝင်တစားဖတ်ရှုချင်အောင် ဖန်တီးပေးထားပါတယ်။

ဒီစာအုပ်လေးတွေနဲ့ အစပြုသင်ကြားပေးပြီး အင်္ဂလိပ်ဘာသာစကားမှာ ပိုမိုတိုးတက်လာမယ့် ကလေးငယ်များဖြစ်လာစေဖို့ ရည်ရွယ်ထားပါတယ်ရှင့်
ဈေးနှုန်းလေးကတော့ ၁၄၂၀၀ ကျပ်ပါရှင့် (Item Code : KL0059)


Phone - 09978865108
Viber - 09891461620

25/01/2024

ဘေဘီလေးတွေအတွက် သင်ထောက်ကူစက်ကလေး KLearningBank မှာ မှာယူရရှိနိုင်ပါပြီရှင့်

⏩ အသီးအနှံလေးအခေါ်အဝေါ်လေးတွေက စကားလုံး ၂၆ လုံး
⏩ မိသားစုနဲ့ပတ်သတ်တဲ့အခေါ်အဝေါ်က စကားလုံး ၁၀ လုံး
⏩ သယ်ယူပို့ဆောင်ရေးနဲ့ပတ်သတ်တဲ့ စကားလုံးက ၁၆ လုံး
⏩ အရောင်နဲ့ပတ်သတ်တဲ့ စကားလုံးက ၁၂ လုံး
⏩ ချစ်စရာတိရစ္ဆာန်လေးတွေနဲ့ စကားလုံးအခေါ်အဝေါ်လေးတွေက ၂၀
⏩ ရာသီဥနဲ့ပတ်သတ်တဲ့ ဖော်ပြတဲ့စကားလုံးလေးတွေက ၁၂ ခု
⏩ သီချင်း ၁၀ ပုဒ်လည်းပါဝင်ပါတယ်
⏩ စကားလုံးစုစုပေါင်း ၉၆ လုံးကို အသံထွက်ပြီးဖတ်ပေးနိုင်တယ်

ဈေးနှုန်းလေးကတော့ ၁၄၀၀၀ ကျပ်ပါရှင့် (Item Code : KL0055)


Phone - 09978865108
Viber - 09891461620

24/01/2024

မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေကို ပုံပြင်လေးတွေဖတ်ပြခြင်းဖြင့် လိမ္မာရေးခြားရှိစေလာစေခြင်း၊အတွေးအခေါ် ရင့်သန်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာပါ။ ဒါကြောင့် သူတို့အရွယ်နဲ့ လိုက်ဖက်တဲ့ ပုံပြင်လေးတွေကို ညတိုင်းလိုလို ပြောပြပေးသင့်ပါတယ်။

လိမ္မာရေးခြားပုံပြင်လေးများ စာအုပ်ထဲမှာတော့ ပကတိအလှတရား ၊ငြင်းခုန်ခြင်းမှာပျော်မွေ့သူလေး၊ ရေငတ်နေတဲ့ကျီးကန်း ဆိုပြီး ပုံပြင်လေး (၃) ပုဒ်ပါဝင်ပါတယ်။
ပုံပြင်လေးတွေဖတ်ရင်း သားသားမီးမီးလေးတွေရဲ့ ဘာသာစကားတိုးတက်လာစေဖို့ရည်ရွယ်၍ အင်္ဂလိပ် - မြန်မာနှစ်ဘာသာ နဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်ရှင့်

ဈေးနှုန်းလေးကတော့ ၃၅၀၀ ကျပ်ပါရှင့် (Item Code : KL0043)


Phone - 09978865108
Viber - 09891461620

23/01/2024

သင်ထောက်ကူကတ်ပြားများကိုအသုံးပြုပြီးကလေးငယ်များသင်ယူခြင်းကို ပိုမိုစိတ်ဝင်စားလာပြီး သင်ယူခြင်းက ပျော်ရွှင်ဖွယ်ကောင်းကြောင်းကို သိရှိလာစေဖို့ရည်ရွယ်ပါသည်။

ဘူးထဲတွင်ကတ်ပြားပေါင်း (၃၉)ကတ်ပါဝင်သည်။

နေ့စဉ်ဘဝတွင် မြင်တွေ့နေရသော သစ်သီးဝလံများ စသည်တို့ကို တပေါင်းတစည်းတည်း သင်ကြားနိုင်ရန် ရည်ရွယ်ပါသည်။

ဘူးထဲတွင်ပါဝင်သော ကတ်ပြားပေါင်း (၃၉)ကတ်သည် ကလေးငယ်များအတွက် ပိုမိုလွယ်ကူရှင်းလင်းပြီး ပျော်ရွှင်ဖွယ်ဖြစ်အောင် ဖန်တီးထုတ်လုပ်ထားပါသည်။

ဈေးနှုန်းလေးက ၆၂၀၀ ကျပ်ပါရှင့် (Item Code : KL0015)


Phone - 09978865108
Viber - 09891461620

21/01/2024

သင်ထောက်ကူကတ်ပြားများကိုအသုံးပြုပြီးကလေးငယ်များသင်ယူခြင်းကို ပိုမိုစိတ်ဝင်စားလာပြီး သင်ယူခြင်းက ပျော်ရွှင်ဖွယ်ကောင်းကြောင်းကို သိရှိလာစေဖို့ရည်ရွယ်ပါသည်။
ဘူးထဲတွင်ကတ်ပြားပေါင်း (၄၀)ကတ်ပါဝင်သည်။

လမ်းပန်းဆက်သွယ်ရေးတွင် အသုံးပြုသောယည်အမျိုးအစားမျိုးစုံကိုသင်ကြားပေးနိုင်ရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

Flashcards လေးများကို အသုံးပြု၍သင်ကြားပေးခြင်းဖြင့်မှတ်ဉာဏ်အားကောင်းလာစေခြင်း၊ စကားလုံးများ ပိုမိုကြွယ်ဝလာစေခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်သလို မိခင်နှင့် ကလေးကြား ရင်းနှီးမှု ပိုမိုရရှိကာ လွယ်ကူပျော်ရွှင်စွာ သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။
Flashcards လေးများအား ကလေးတို့ ကြည့်လိုက်တဲ့အခါ စိတ်ဝင်စားမှုရှိစေဖို့ နောက်ခြမ်းတွင် ကာတွန်းပုံလေးများဖြင့် ပုံဖော်ထားပြီးရှေ့ခြမ်းတွင် ပြင်ပလောကနှင့် ချိတ်ဆက်မိစေဖို့အတွက် အစစ်အမှန် ရုပ်ပုံများဖြင့် အကောင်းဆုံး ဖန်တီးပေးထားပါတယ်။

ဈေးနှုန်းလေးကတော့ ၆၂၀၀ ကျပ်ပါရှင့် (Item Code : KL0018)


Phone - 09978865108
Viber - 09891461620

20/01/2024

လသားအရွယ်မှ (၃)နှစ်အရွယ်လောက်ထိ အသုံးပြုနိုင်တဲ့ အဝတ်စာအုပ်လေးဖြစ်ပါတယ်။

စုတ်ပြဲမလွယ်လို့ ကလေးတို့အတွက် အန္တရာယ်ကင်းစေပြီး ထပ်ကာထပ်ကာလျှော်ဖွတ်ပြီလည်း ပြန်လည်အသုံးပြုလို့ရပါတယ်။

စုပ်ကိုင်လိုက်ရင် မြည်တဲ့ကြွပ်ကြွပ်သံလေးကလည်း ထည့်သွင်းပေးထားပါတယ်။

(မြန်မာ+အင်္ဂလိပ်) နှစ်ဘာသာပါဝင်ပါတယ်။

အရောင်အသွေးစုံလင်ပြီး ချစ်စရာကောင်းတဲ့ရုပ်ပုံကြွကြွလေးများကြောင့်လည်း အဝတ်စာအုပ်လေးက ကလေးတို့ရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိစေနိုင်မှာဖြစ်ပါတယ်။

စာမျက်နှာ (၈)မျက်နှာပါဝင်ပြီး သင်ကြားဖို့ (၇)မျက်နှာပါရှိပါတယ်။

ဈေးနှုန်းလေးကတော့ ၆၅၀၀ ကျပ်ပါရှင့် (Item Code : KL0060)


Phone - 09978865108
Viber - 09891461620

19/01/2024

ရင်သွေးလေးတွေရလာပြီဆိုတာနဲ့ အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်မည့် နည်းလမ်းတွေကို မိဘတိုင်းစူးစမ်းရှာဖွေ လေ့လာကြတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီမှာ အရေးကြီးဆုံးသတိထားရမယ့်အချက်ကတော့ ကလေးတွေကို ပြုစုပျိုးထောင်မည့် နည်းလမ်းတွေဟာ သူတို့ခေတ်နဲ့ ကိုက်ညီမယ့်နည်းလမ်းတွေဖြစ်နေဖို့ပါပဲ။

အတွေ့အကြုံမရှိသေးတဲ့ သားဦးမိခင်များ၊ ကလေးနဲ့ပတ်သက်ပြီးအနီးအနားမှာ ဆွေးနွေးတိုင်ပင်ဖော်မရှိတဲ့ မိခင်တွေအတွက် ကလေးပြုစုရာမှာ အခက်အခဲတွေရှိနေတာကိုလည်း အများကြီး မြင်တွေ့နေရပါတယ်။

ဒါ့ကြောင့် ဒီလိုမိခင်တွေအတွက် တစ်ထောင့် တစ်နေရာမှ အကူအညီရနိုင်စေဖို့ဆိုတဲ့ ဆန္ဒနဲ့ ကလေးပြုစုနည်းစာအုပ်လေးကို ရေးသားထုတ်ဝေလိုက်ခြင်းဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာတော့ ခေတ်မီကလေးပြုစုနည်းများစွာပါဝင်ပြီး ပညာရှင်များက သုတေသနပြုလုပ်ထားတဲ့ အချက်အလက်တွေကို ကျွန်တော်အနေနဲ့ လေ့လာစိစစ်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။

ကလေးတစ်ယောက်ချင်းစီတိုင်းဟာ တူညီတဲ့ပုံစံရှိနေနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာစာအုပ်ထဲက နည်းလမ်းတွေကို အခြေခံပြီး ကိုယ့်ကလေးနဲ့ ကိုက်ညီမယ့်နည်းလမ်းတွေကို မိခင်တွေအနေနဲ့စိတ်ကြိုက်ချိန်ညှိပြီး အသုံးပြုနိုင်ပါတယ်။

ဈေးနှုန်းလေးကတော့ ၈၀၀၀ ကျပ်ပါရှင့် (Item Code : KL0005)


Phone - 09978865108
Viber - 09891461620

18/01/2024

တစ်ခါတစ်လေ ကျွန်မတို လူကြီးတွေတောင်မှ အမေက နင့်ထက် ငါ့ကိုပိုချစ်တာဆိုပြီးပြိုင်ကြသေးတယ်မဟုတ်လား?
အဲ့လိုပဲ ကလေးတွေဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် လူကြီးတွေက ဘယ်သူ့ကို ပိုချစ်လဲဆိုတာကို ပြိုင်ကြပါတယ် ။

ပထမကတော့ တစ်ယောက်တည်းပဲရှိကြတာဖြစ်တဲ့အတွက်ကြောင့် ဝိုင်းပြီးချစ်ကြတယ် ၊ ဂရုစိုက်ကြတယ်ဆိုပေမယ့် ကလေးလေးနောက်တစ်ယောက် ရလာတဲ့အခါမှာတော့ အရင်လို ဂရုမစိုက်နိုင်တော့တာမျိုးတွေရှိလာပါတယ် ။ ဒါတွေကို သူတိုလေးတွေအနေနဲ့ ငါ့ကို မချစ်ကြတော့ဘူး ။ အငယ်လေးကိုပဲ ပိုချစ်တာ ဆိုတဲ့ အတွေးလေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ အဲ့လိုအတွေးလေးတွေရှိတဲ့အခါမှာ ပိုချစ်တာခံနေရတယ်ဆိုလို ခံစားရတဲ့သူကို အမြင်မကြည်တော့တာ မုန်းတာလေးတွေရှိတတ်ပါတယ် ။

အဲ့လိုအတွေးလေးတွေမရှိအောင် စိတ်လေးအေး‌ချမ်းနေအောင် ဘယ်လို‌စိတ်လေးထားရမလဲဆိုတာကို အစ်မကြီးဖြစ်တဲ့အခါ ဆိုတဲ့ စာအုပ်လေးထဲမှာ ကလေးတို စိတ်ဝင်စားအောင် ပုံဖော်ပေးထားပါတယ် ။ ဒီ့အတွက်ကြောင့် နောက်ဘေဘီလေးတွေယူမယ့် မေမေတိုပဲဖြစ်ဖြစ် ဒီစာအုပ်လေးကို ကျိန်းသေဝယ်ပြီး ညီလေးတွေ ၊ ညီမလေးတွေ ရတော့မယ့် ကိုကိုကို ဖတ်ပြသင့်တဲ့ စာအုပ်လေးတစ်အုပ်ဆိုလည်း မမှားပါဘူးနော်

ဈေးနှုန်းလေးကတော့ ၃၅၀၀ ကျပ်ပါရှင့် (Item Code : KL0034)


Phone - 09978865108
Viber - 09891461620

17/01/2024

"တစ်ယောက်စကား တစ်ယောက်နားမှာ မခါးရအောင်သတိဆောင်၍ မောင်တို့ဆိုလေ ပျားသကာလို ချိုလှစေ” ဆိုတဲ့စကားလေးအတိုင်း စကားပြောဆိုချိုသာမှုက အလွန်ကို အရေးကြီးလှပါတယ်။

စကားကိုချိုချိုသာသာပြောဆိုခြင်းတွေ၊ မောက်မောက်မာမာပြောဆိုခြင်းတွေနဲ့ပတ်သက်တဲ့ပုံပြင်တွေ၊ စကားပုံတွေများစွာလည်း ရှိပါတယ်။
သားသားမီးမီးလေးတွေ ငယ်စဉ်ကတည်းက စကားကို ချိုချိုသာသာပြောဆိုတတ်စေဖို့ “ချိုသာစွာပြောဆိုပါ”ဆိုတဲ့ပုံပြင်စာအုပ်လေးကို သားသားမီးမီးလေးတို့အတွက် အင်္ဂလိပ် - မြန်မာနှစ်ဘာသာနဲ့ မှ ထုတ်ဝေထားပါတယ်ရှင့်

ဈေးနှုန်းလေးကတော့ ၃၅၀၀ ကျပ်ပါ (Item Code : KL0035)


Phone - 09978865108
Viber - 09891461620

16/01/2024

မိမိတို့၏ ရင်သွေးငယ်၌ ဖြစ်ပေါ်နေတဲ့ခံစားချက်ကိုသိရှိပြီး ထုတ်ဖော်ပြောပြတတ်စေရန် ရည်ရွယ်၍ ထုတ်ဝေထားပါသည်။

Flash cards လေးများအသုံးပြု၍ သင်ကြားပေးခြင်းဖြင့် မှတ်ဉာဏ်အားကောင်းလာစေခြင်း၊ စကားလုံးများပိုမိုကြွယ်ဝလာခြင်းစတဲ့ အကျိုးကျေးဇူးများရရှိမှာ ဖြစ်သလို မိဘနှင့်ကလေးများအကြား ရင်းနှီးမှုပိုမိုရရှိကာလွယ်ကူပျော်ရွှင်စွာ သင်ကြားပေးနိုင်မှာ ဖြစ်ပါသည်။

ဈေးနှုန်းလေးကတော့ ၆၂၀၀ ကျပ်ပါရှင့် (Item Code : KL0013)


Phone - 09978865108
Viber - 09891461620

15/01/2024

ဘေဘီလေးတွေ ၆ လပြည့်ခါနီးလို့ ဖြည့်စွက်စာ စကြွေးဖို့ စိတ်လှုပ်ရှားနေတဲ့ မေမေတို့အတွက် ဆောင်ထားသင့်တဲ့ ာအုပ်လေး #ခိုင်လေးကလေးပစ္စည်းစတိုး မှာ မှာယူရရှိနိုင်ပါပြီရှင့်

ကလေးတွေကို သူတိုအသက်အရွယ်အလိုက် ဘာတွေရှောင်ရမယ်၊ ဘာတွေဆောင်ရမယ်၊ ဒါ့အပြင် သူတိုအသက်အရွယ်အလိုက် လိုအပ်တဲ့အာဟာရတွေရအောင် ဘာတွေချက်ကျွေးရမှန်း မသိတာကလည်း မေမေတိုအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လိုနေပါတယ်။
ဒါကြောင့်မိုလို ဒီ "ကိုယ်တိုင်ချက်ပါ ဖြည့်စွက်စာ" ဆိုတဲ့ စာအုပ်ထဲမှာဆိုရင် ခုမှ သားသားမီးမီးတိုကို အစာစကျွေးမယ့် မေမေတိုအတွက် သိသင့်သိထိုက်တဲ့အချက်တွေ၊ အသက် (၆)လကနေစလို အသက်အရွယ်အလိုက်ကျွေးမွေးနိုင်တဲ့ အစားအစာချက်ပြုတ်နည်းအကြံဉာဏ်လေးတွေပါဝင်တာမို မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်လေးပါနော်

ဈေးနှုန်းလေးကတော့ ၈၀၀၀ ကျပ်ပါရှင့် (Item Code : KL0001)


Phone - 09978865108
Viber - 09891461620

Want your business to be the top-listed Clothing Store in Kamayut?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kamayut
095

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00