First Korean Language Academy

First Korean Language Academy

Share

"ကိုရီးယားဘာသာစကားကို အခြေခံမှစတင်၍ စနစ်တကျသင်ယူပါ"

20/09/2026

ဒီနေ့ရဲ့ မေးခွန်းကတော့ EPS စာမေးပွဲမှာ အမြဲတမ်း အနည်းဆုံး (၁) ပုဒ် မဖြစ်မနေပါလေ့ရှိတဲ့ "표지판 (သင်္ကေတ အမှတ်အသား)" မေးခွန်းပဲ ဖြစ်ပါတယ်။

ပုံထဲက ကိုရီးယားစာလုံးကို သေချာဖတ်ပြီး အဖြေမှန်ဖြစ်မလဲဆိုတာကို Comment ထဲမှာ ရေးပေးခဲ့ကြဦးနော်။

အဖြေမှန်နဲ့ ရှင်းလင်းချက်ကိုတော့ မနက်ဖြန်ကျရင် Comment မှာ ရေး‌သားပေးထားပါမယ်ခင်ဗျာ။

19/09/2026

(17) ကြိမ်မြောက် EPS စာမေးပွဲကြီးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုဖြေဆိုထားတဲ့ First ကျောင်းသားကြီးရဲ့ ရလဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

🗓️ 16.09.2026
🔹 Ko W**e Maung - 95 marks

* ဆက်သွယ်မရသော ကျောင်းသားများ (5) ဦး

** ဆောက်လုပ်ရေးလုပ်ငန်းဖြင့် ထပ်မံဖြေဆိုဖို့ ကျန်ရှိနေသော EPS ကျောင်းသားကြီးများလည်း အမှတ်ပြည့်များ ရယူနိုင်ကြပါစေ၊ မျှော်မှန်းထားတဲ့ ရလဒ်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

❗နယ်ဝေးမှဆက်သွယ်၍မရ‌သော ကျောင်းသားများနှင့် (၁၇)ကြိမ်မြောက် စာမေးပွဲ ဖြေဆိုထားပြီး ကျောင်းနှင့် အဆက်အသွယ်မရရှိထားသော ကျောင်းသားကြီးများရှိပါကလည်း Page chatbox မှာ ပြောပေးထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

* First ကျောင်းသားကြီးများအနေဖြင့်လည်း မိမိတို့ရဲ့ စာမေးပွဲဖြေဆိုမှု အမှတ်တရဓာတ်ပုံလေးများကို ကျောင်းရဲ့ Page Chatbox မှာလည်းလာရောက် ပေးပို့နိုင်ပါတယ်နော် ❤️

First Korean Language Academy
လှည်းတန်းနှင့် တစ်မှတ်တိုင်ခြား ဆင်ရေတွင်းမှတ်တိုင်ရှေ့ ၊ မိုးမြင့်စံ ကွန်ဒို ၊ အမှတ် ၁၅၀ ၊ ၄ အေ ၊ MOB ဘဏ်အပေါ်ထပ်၊ ကမာရွတ်မြို့နယ်
Ph : 09 972622691, 09 788125007

First step to success

Photos from First Korean Language Academy's post 18/09/2026

"안녕하세요 여러분~
တီချယ်တို့ ဒီနေ့ Speaking အတွက် အသုံးဝင်တဲ့ phrase အသစ်လေးတွေ လေ့လာကြမယ်။

စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ Native တွေရဲ့ နေ့စဉ်ပြောဆိုမှုမှာ တကယ်အသုံးများတဲ့ စကားလုံး ၄ ခုကို ရှင်းပြပေးထားပါတယ်။ ပုံလေးတွေမှာ ဥပမာစာကြောင်းတွေနဲ့တကွ ပါဝင်တာမို့ ယောရောဘွန်းတို့ လေ့လာရတာ ပိုလွယ်ကူမှာပါနော်။ ✨

Tr - La Pyae

17/09/2026

🇰🇷 Tr Cherry နဲ့အတူ ကိုရီးယားစာ 1 မိနစ် လေ့လာကြမယ် (Episode - 1)

ကိုရီးယားလို "အရမ်း" လို့ ပြောချင်တဲ့အခါ အမြဲတမ်း "너무 (နော်မူ)" တစ်ခုတည်းကိုပဲ ပြေးမြင်နေမိတုန်းလား?

မြန်မာစကားမှာ "အရမ်း၊ အလွန်၊ အင်မတန်" ဆိုပြီး အခြေအနေအလိုက် စကားလုံးတွေ သုံးကြသလိုပဲ ကိုရီးယားစကားမှာလည်း ဝေါဟာရကြွယ်ကြွယ်နဲ့ သဘာဝကျကျ အစားထိုးသုံးလို့ရတဲ့ အသုံးအနှုန်းတွေ အများကြီးရှိပါတယ်နော်။

ဘယ်လို စကားလုံးလေးတွေကို ဘယ်လိုပြောင်းသုံးလို့ရလဲဆိုတာ တီချယ်နဲ့အတူ ဗီဒီယိုလေးထဲမှာ ၁ မိနစ်အတွင်း အတူတူ လေ့လာကြည့်ကြရအောင် ✨

ကိုရီးယားဘာသာစကားအတွက် အသုံးဝင်မယ့် နောက်ထပ် ဗဟုသုတ (၁) မိနစ်စာ အပိုင်းတွေကိုလည်း ဆက်တိုက် တင်ပေးသွားမှာမို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော် 🇰🇷🌸

💬 တီချယ်တို့နဲ့အတူ ကိုရီးယားဘာသာစကား 4Skills & EPS တန်းခွဲသစ်များကို အခြေခံမှစပြီး ထိရောက်စွာ သင်ယူချင်တယ်ဆိုရင်တော့ Page Messenger ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

Photos from First Korean Language Academy's post 16/09/2026

အညော်ဟာဆယ်ယို ယောရောဘွန်း🤗

စကားပြောတဲ့အခါ "ဟာ... လဲတော့မလို့/ငိုတော့မလို့" ဆိုပြီး ခေတ်စကားနဲ့ ပြောလေ့ရှိကြတယ်မဟုတ်လား။

ဒီနေ့တော့ သဒ္ဒါထဲမှာ မှတ်ရလွယ်ပြီး အသုံးများတဲ့ အဲ့လို "ဖြစ်လုနီးပါး / ဖြစ်တော့မလို့" ဆိုတဲ့ အခြေအနေမှာ သုံးတဲ့ A.V + (으)ㄹ 뻔하다 ဆိုတဲ့ သဒ္ဒါတခုကို တီချယ်နဲ့အတူ လေ့လာကြည့်ရအောင်...

ပြီးတော့... ယောရောဘွန်းတို့ရော ဒီနေ့ ဘာဖြစ်လုနီးပါး ဖြစ်ခဲ့ကြလဲ? Comment မှာ ဝါကျလေးတွေ ရေးပြသွားကြပါဦးနော်💬👇

Tr - Naing Moe

Photos from First Korean Language Academy's post 15/09/2026

ယောရောဘွန်းတို့ကို ဒီနေ့မှာတော့ 지 말다 ဆိုတဲ့ grammarလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီgrammarလေးကတော့ “ကြိယာတွေနဲ့တွဲပြီး ကြိယာ မလုပ်ပဲ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

🇰🇷 ဥပမာလေးတွေလည်း ရေးပေးထားတာမို့ ယောရောဘွန်းတို့ရော ဒီ Grammar လေးကို သုံးပြီး မိမိစိတ်ကြိုက် ဝါကျလေးတွေ ရေးခဲ့ပေးပါဦးနော်။

12/09/2026

ဒီနေ့ရဲ့ မေးခွန်းကတော့ 𝐄𝐏𝐒 စာမေးပွဲမှာ အမြဲတမ်း အနည်းဆုံး (၁) ပုဒ် မဖြစ်မနေပါလေ့ရှိတဲ့ "그림 보고 맞는 단어/문장 고르기" (ပုံကြည့်ပြီး မှန်ကန်သော စကားလုံး သို့မဟုတ် စာကြောင်းရွေးချယ်ခြင်း) မေးခွန်းပဲ ဖြစ်ပါတယ်။

ပုံကို သေချာကြည့်ပြီး ဘယ်နံပတ်က အဖြေမှန်ဖြစ်မလဲဆိုတာကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 ထဲမှာ ရေးပေးခဲ့ကြဦးနော်။

အဖြေမှန်နဲ့ ရှင်းလင်းချက်ကိုတော့ မနက်ဖြန်ကျရင် 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ရေး‌သားပေးထားပါမယ်ခင်ဗျာ။

#𝐪𝐮𝐢𝐳 #𝐤𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞
#𝐞𝐩𝐬𝐞𝐱𝐚𝐦𝐭𝐢𝐩𝐬 #𝐤𝐨𝐫𝐞𝐚𝐧
#𝐟𝐢𝐫𝐬𝐭𝐤𝐨𝐫𝐞𝐚𝐧𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞𝐚𝐜𝐚𝐝𝐞𝐦𝐲

11/09/2026

အညော်ဟာဆယ်ယို ယောရောဘွန်း🤗
တီချယ်နဲ့အတူ မူမမှန်စာလုံးတွေထဲမှာ အလွယ်ဆုံးလို့ပြောလို့ရတဲ့ ㄷ သတ်မူမမှန်လေးကို လေ့လာကြည့်ရအောင်✨

အခြေခံသမားတွေအတွက် မရှိမဖြစ် လိုအပ်တာမို့ Post လေးကို Save ထားပြီး ပြန်နွှေးဖို့ မမေ့နဲ့နော်📌

🇰🇷 ဆွေးနွေးချင်တာလေးတွေရှိရင် Comment မှာ ရေးခဲ့ပေးပါဦးနော်💬

Tr - Naing Moe

Photos from First Korean Language Academy's post 09/09/2026

안녕하세요 여러분~ ✨
ဒီနေ့မှာတော့ ကိုရီးယားစကားပြောမှာ Native တွေလိုသဘာဝကျကျ သုံးလေ့ရှိတဲ့ အသုံးအနှုန်းလေးတွေကို Part 2 အဖြစ် ပုံလေးတွေနဲ့တကွ ဆက်လက်ဝေမျှပေးလိုက်ပါတယ်။

ဒီနေ့အတွက် Highlight လေ့လာရမယ့် စကားစု (၃) ခုကတော့ -
💡 가늠이 안 됩니까?
👉 (မတိုင်းတာမိဘူးလား / မသိဘူးလား)
💡 네꺼 좀 뺏어먹고 싶어
👉 (နင့်ဟာ နည်းနည်းလုစားချင်တယ် / လုစားချင်လာတယ်)
💡 왜 그것을 강조하세요?
👉 (အဲဒါကို ဘာလို့ အဓိကထားပြီး ပြောနေတာလဲ)

စကားပြောတဲ့အခါ ပိုပြီး သဘာဝကျကျ သုံးနိုင်ဖို့ ပုံလေးတွေထဲက Dialogues လေးတွေကို သေချာဖတ်ပြီး အတူတူ လေ့ကျင့်ကြည့်ရအောင်။

Tr - La Pyae

💬 တီချယ်တို့နဲ့အတူ ကိုရီးယားဘာသာစကားကို အခြေခံမှစပြီး ထိရောက်စွာ သင်ယူချင်တယ်ဆိုရင်တော့ Page Messenger ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

08/09/2026

တစ်နေ့လုံး အလုပ်တွေ၊ စာတွေနဲ့ စိတ်ပင်ပန်းထားသမျှကို ခဏလေးမေ့ထားပြီး ဒီဗီဒီယိုလေးကြည့်ရင်း အဝရယ်လိုက်ပါဦးဗျာ..

"ဒီခေတ်မှာ အားနွဲ့သူက ယောက်ျားတွေပါ" ဆိုပြီး ကောင်မလေး ဂျီကျသမျှကို ဘေးကနေ လိုက်ကယ်ပေးနေတဲ့ ဆိုင်ရှင်ကြီး လုပ်ကွက်ကတော့ အူတက်အောင် ရယ်ရတယ် 😂

ယောရာဘွန်းတို့အားလုံး စိတ်ပျော်ရွှင်အမောပြေပြီး စိတ်အပန်းပြေနိုင်ကြပါစေနော် ✨

Category

Telephone

Address


Insein Road
Kamayut

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Alerts

Be the first to know and let us send you an email when First Korean Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kamayut.