TCLC
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TCLC, Private School, Aungmyayman qut kalaymyo, Kale.
03/05/2026
ပိတ်ရက်တွေလည်း2026-27ပညာသင်နှစ်အတွက်ကြိုစာရင်းပေးအပ်နှံသူများနဲ့ခုထိလူမပြတ်သေးလို့ မိန်းဆောင်မှာတော့အလုပ်များနေပါတယ်
30/04/2026
တီချယ်ကြီးရဲ့မွေးနေ့မို့ဒီနေ့ကဆုန်လပြည့်နေ့မှာလာရောက်စာရင်းပေးသူလေးတွေကိုအမှတ်တရလက်ဆောင် လေးတွေပြန်ပေးအပ်ရင်းအမှတ်တရလေးလုပ်ပေးနေပါတယ်
19/04/2026
တီချယ်ကြီးပြန်ရောက်ပြီလို့ကြားတာနဲ့ ရောက်တဲ့နေ့ချင်းကို ကျောင်းလာအပ်ကြတဲ့သူတွေများလွန်းလို့ စာရင်းတွေတယောက်ထဲလုပ်နေရပါတယ်လို့
ကဲ. အသက်ကြီးပြီးအတန်းငယ်နေလို့ တန်းညှိပညာရေးကိုစိတ်၀င်စားတဲ့မေမေများ စာရင်းပိတ်တော့မှာ
မို့ဧပြီလမကုန်ခင်အမြန်လာအပ်ကြပါနော်
နောက်ကျလာပြီးမှဂျီလာကန်ရင်လည်းဒီနှစ်ကတော့
ထည့်ပေးလို့မရတော့ပါရှင့်
ပုံလေးတွေကတော့TCLCကGEDဖြေဖို့သွားတဲ့ကလေးတွေကို ရန်ကုန်မှာ မုန့်လိုက်ကျွေးရင်း စတုဒိသာတွေစားကြရင်းသင်္ကြန် နေရာစုံအလည်အပတ်နဲ့ဘုရားဖူးလိုက်ပို့ထားတဲ့ပုံလေးတွေပါ
09/04/2026
𝐓𝐂𝐋𝐂 𝐆𝐄𝐃 𝐂𝐋𝐀𝐒𝐒 ကကျောင်းသားကျောင်းသူတွေကတော့ ဖြေဆိုဖို့အတွက်တီချယ်ဒိုနဲ့အတူရန်ကုန်သွားကြပါပြီ🎉
တာ၀န်ယူမှု အပြည့်နဲ့ ကျောင်းရဲ့စနစ်တကျအုပ်ထိန်းမှုအောက်မှာ သေချာစီစဥ်ထားပေးပါတယ်✨
GEDကိုစာဖြေစင်တာထိ လိုက်ပို့ပြီးဖြေဆိုချိန်ကာလထိ လိုက်သင်ကြားဂိုက်လုပ်ပေးတာမို့ အောင်မြင်မှုသရဖူတွေရပါ စေကြောင်း🏅
ကျောင်းတော်ကြီးကဆုတောင်းလျက် 🙏🏻
02/04/2026
မနက်ဖြန် 𝐀𝐩𝐫𝐢𝐥 𝟑 ရက်နေ့မှာ ကျင်းပမယ့် 𝐓𝐂𝐋𝐂 ရဲ့ နှစ်စဉ် 💦သင်္ကြန်အကြိုပွဲ💦ကို ပြုလုပ်သွားမှာဖြစ်လို့ ကျောင်းသားကျောင်းသူ အဟောင်းများ အပါအဝင် ဆရာ/ဆရာမ များအာလုံးကိုလည်း အားလုံးနဲ့ အတူပျော်ပျော်ရွှင်ရွှင် လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်းကို သတင်းကောင်းပါးအပ်လိုက်ပါတယ်🎉
ဆရာများ/ကျောင်းသားများ ပျော်ပျော်ရွှင်ရွှင် တက်ညီလက်ညီ မုန့်လက်ဆောင်း🧉 နှင့် မုန့်လုံးရေပေါ်များ🍡 လည်းလုပ်ကြမယ်ဖြစ်လို့ လာရောက်လုပ်အားပေးကြပါရန် ကျောင်းသားကျောင်းသူများအားလုံးကို ဖိတ်ခေါ်ပါတယ်နော်✨
✨အားလုံးပဲစိတ်ချမ်းသာပျော်ရွှင်ကြပါစေလို့ နှစ်သစ်အကြိုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်✨
28/03/2026
𝐄𝐱𝐩𝐥𝐨𝐫𝐢𝐧𝐠 𝐰𝐚𝐭𝐞𝐫𝐦𝐞𝐥𝐨𝐧 𝐟𝐚𝐫𝐦𝐬 𝐢𝐧 𝐭𝐡𝐞 𝐬𝐮𝐦𝐦𝐞𝐫🍉🍃
11/03/2026
⚜️ သင့်ကလေးအသက်က ကြီးနေပြီး အတန်းကငယ်,အထက်တန်းကမအောင်နိုင်လို့စိတ်ညစ်နေရရင် ဒီနွေမှာပဲ 𝐓𝐂𝐋𝐂 ကိုလာမှဖြစ်မယ်နော်
⚜️ တစ်ဧကခွဲကျော် ကျယ်၀န်းပြီး အရမ်း classic ဆန်တဲ့ ကျောင်းကြီးက ကျောင်းသားတွေအတွက် လွတ်လပ်ပေါ့ပါးပျော်ရွှင်စေတဲ့ ကျောင်းသားဘ၀ကိုအမြဲအမှတ်တရရှိနေစေမဲ့ကျောင်းတော်ကြီးဖြစ်မှာအမှန်🫶🏻
⚜️ပျောက်ဆုံးနေတဲ့က ျောင်းသားဘ၀ ပြန်ရဖို့ 𝐓𝐂𝐋𝐂 မှာ 𝐒𝐮𝐦𝐦𝐞𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 ကနေစ 𝐉𝐨𝐢𝐧 ပြီးတက်လို့ရတဲ့အတန်းစုံရှိပါတယ်🎉
𝐓𝐂𝐋𝐂 ရဲ့ 𝐆𝐄𝐃 𝐂𝐥𝐚𝐬𝐬 ကစီနီယာ ကိုကို၊မမ၊မောင်လေး၊ညီမချောလေး တွေကလည်းနွေးထွေးစွာကြိုဆိုတတ်တာမို့ တစ်ယောက်ထဲဖြစ်မှာမပူနဲ့နော်💞
အသေးစိတ်စုံစမ်းချင်ရင်တော့ -
📞 09400306957 viberနဲ့ဖြစ်ဖြစ်
📞09954306957 ဖုန်းပဲဆက်ဆက်
သိချင်သမျှကို စိတ်ရှည်ရှည်ဖြေပေးအုံးမှာပဲဖြစ်ပါတယ်🤗
💄ကလေးတွေကို 𝐦𝐚𝐤𝐞𝐮𝐩 လှလှလေးပြင်ပေးသွားတဲ့ 𝐀𝐫𝐭𝐢𝐬𝐭 𝐊𝐈𝐓𝐎 ကိုအထူးကျေးဇူးတင်ပါတယ်⭐
🎉𝐁𝐞 𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐢𝐬 𝐒𝐔𝐌𝐌𝐄𝐑 𝐀𝐭 𝐓𝐂𝐋𝐂 🎉
03/03/2026
နိုင်ငံတကာအထက်တန်းအောင်လက်မှတ်ကို အချိန်ကုန်မခံပဲ ရယူပြီး ပြည်ပသို့စာသင်ကြားရန်သွားရောက်လိုသူများ နဲ့ ပညာရေးရပ်တန့်နေပြီး အတန်းကျောင်းဆက်မတက်ပဲ နိုင်ငံတွင်း/နိုင်ငံခြား uni တစ်ခု အမြန်join ချင်သူများအတွက် စိတ်ချအယုံကြည်ရဆုံးသော 𝐓𝐂𝐋𝐂 ရဲ့ 𝐏𝐫𝐞-𝐆𝐄𝐃/ 𝐆𝐄𝐃 နဲ့ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 များတက်ရောက်လို့ရနေပြီဖြစ်ကြောင်း သီတင်ကောင်းပါးလိုက်ပါတယ်
🎉ပထမ batch တွေသင်ကြားမှုအောင်မြင်စွာပြီးဆုံး၍ ရန်ကုန်မှာ guideဆရာများနဲ့အတူ သွားရောက်ဖြေဆိုကြတော့မှာဖြစ်လို့ အခု ဒုတိယ batch အတွက်လူသစ်လေးများလက်ခံနေပြီပဲဖြစ်ပါတယ်🎉
ဘယ်လိုလူမျိုးတွေ 𝐆𝐄𝐃 တက်ရောက်သင့်သလဲ?
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
➡️ နိုင်ငံတစ်ကာ အထက်တန်းအောင်လက်မှတ်ကို အချိန်တိုအတွင်းရယူပြီး ပြည်ပတွင် ပညာရေး/ဆက်လက်၍ ခရီးဆက်လိုသူများ
➡️ အတန်းကျောင်းဆက်မတက်ဖြစ်ပဲ အကြာကြီးပညာရေးရပ်တန့်နေလို့ မြန်မြန်ဆန်ဆန် အထက်တန်းအောင်ပြီး နိုင်ငံတွင်း / နိုင်ငံခြား uni များတွင် အမြန်တက်ရောက် ဘွဲ့ယူလိုသူများ
➡️ ပြည်ပတွင်အလုပ်ထွက်လုပ်ပြီး မိသားစုကို ထောက်ပံ့ချင်သူများ တို့အတွက် အရွေးချယ်သင့်ဆုံးလမ်းကြောင်းပဲဖြစ်ပါတယ်
ဘာလို့ 𝐓𝐂𝐋𝐂 မှာတက်ရောက်ဖို့ရွေးချယ်သင့်တာလဲ?
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
✅ လောလောလတ်လတ် ဖြေဆိုအောင်မြင်ခဲ့သော သူများစွာမှ စာမေးပွဲအတွက် guideline များကောင်းစွာ အနီးကပ် လေ့ကျင့်ပေးနိုင်ခြင်း
✅ batch တစ်ခုတွင် လူဦးရေအကန့်အသတ်ဖြင့်သာ လက်ခံပြီး teacher များနှင့်အနီးကပ် ထိထိရောက်ရောက် သင်ကြားပေးခြင်း
✅ monthly test/ practice test များစွာကို Ged style ဖြင့်ဖြေဆိုခိုင်း၍ progress ကောင်းကောင်းစီမံပေးခြင်း
✅ Ged test အတွက်လိုအပ်သော computer skill များအား ကျောင်းတွင်းမှာ class တွင်ထည့်သွင်း သင်ကြားပေးခြင်း
✅ Revision လိုအပ်သူများအား ခွဲထုတ်ပြန်လည် သင်ကြားပေးခြင်း
✅ Test ဝင်ဖြေရန် အသက်အရွယ်ငယ်သေးသော်လည်း နိုင်ငံတစ်ကာအထက်တန်းဝင်ဖြေရန်ရည်ရွယ်ထားသူများအတွက် 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 များတွင်ဝင်ရောက်လေ့လာ ပြင်ဆင်နိုင်ခြင်း
✅ သင်ကြားရေးပြီးမြောက်၍ ရန်ကုန်/မန္တလေး သို့သွားရောက်ဖြေဆိုမည့်သူများအား ကျောင်းမှ guide ဆရာများ အပြင် နေထိုင်/စာသောက်/စာမေးပွဲbooking များအထိ အပြီးအစီး မေတ္တာဖြင့် စီစဉ်ပေးခြင်း တို့ကြောင့် ယုံကြည်စိတ်ချစွာ ရွေးချယ်တက်ရောက် သင့်တာပဲဖြစ်ပါတယ်
🍀 ဒီနှစ် 𝐒𝐮𝐦𝐦𝐞𝐫 မှာ သင့်အနာဂတ် ပန်းတိုင်များဆီသို့ 𝐓𝐂𝐋𝐂 နဲ့အတူ ခြေတစ်လှမ်းစတင် လိုက်ပါ🍀
အသေးစိတ်စုံစမ်းရန်-
📌 ဘုရားကြီးလမ်း/အောင်မြေမာန်ရပ်ကွက်(𝐌𝐚𝐢𝐧ဆောင်)
📌 နယ်မြေ-၁/မြို့သာရပ်ကွက် (𝐂𝐚𝐦𝐩𝐮𝐬-𝟐)
☎️ 09-400 306 957, 09-400 512 337
တို့တွင် အခုပဲလာရောက်စုံစမ်းအပ်နှံလိုက်ပါ
27/02/2026
ကျောင်းတွေပိတ်သွားပေမဲ့TCLC ရဲ့ထူးချွန်စာမေးပွဲကိုကြိုးစားဖြေဆိုနေတဲ့ကျောင်းသားကျောင်းသူများပါ။
💯TCLCမှာထူးချွန်ကျောင်းသားဖြစ်ဖို့မလွယ်ကူပါ😇
နှစ်စကစပြီးစနစ်တကျဖြေဆိုလာတဲ့အဆင့်ဆင့်လပတ်တွေရဲ့အမှတ်တွေပြန်ပေါင်းပါတယ်😎
🤔ပြီးရင်စာသင်သက်တမ်းနှစ်၃၀ကျော်ရှိဖောင်ဒါကိုယ်တိုင်ထုတ်တဲ့ အတွေးအခေါ်များသာ အများစုပါ၀င်သော Creative thinking ကိုသာဦးစားပေးမေးထားတဲ့ဘာသာစုံ ပါ၀င်သည့်မေးခွန်းကိုကလေးများက ကိုယ့်အတွေးအခေါ်နဲ့ကိုယ် ပြန်စဥ်းစားပြီးဖြေကြရပါတယ်🤔
💯ထူးချွန်မေးခွန်းတိုင်းဟာလုံး၀ လုံး၀ ကျက်ဖြေလို့မရပါ✔️✔️✔️ထူးချွန်နာမည်ခံယူချင်ပြီးParrot learning ကိုသာကြိုက်နှစ်သက်မယ်😉စာကိုကျက်မှဖြေတတ်မဲ့သူတွေအတွက်တော့ TCLC မှာ
အရာရာခက်ခဲနေမှာမို့ မရွေးချယ်ပါနဲ့❌️❌️❌️
TCLCဟာ ခေတ်နဲ့အညီကျောင်းသားကိုယ်တိုင်တွေးတတ်မှဖြေလို့ရတဲ့စနစ်အတိုင်းသာသွားပါတယ်
မိမိတို့သားသမီးတွေရဲ့ creative thinking ကို
မြေထောင်မြှောက်ပေးလိုစိတ်ရှိသူများ အတွက်တော့တကယ်ထူးချွန်ထက်မြက်ဖို့TCLCက တာ၀န်ယူကြိုဆိုပါတယ်
TCLCမှာ2026-2027ပညာသင်နှစ်အတွက်လာရောက်လျှောက်ထားကြပါသောဆရာ၊ဆရာမများ ထဲမှတန်းပြမဆင်းရသေးသောဆရာ,ဆရာမများအားလုံး
တန်းပြ၄၅မိနစ်တချိန်ဆင်းသင်ပြပေးနိုင်ဖို့အတွက်
ဆရာတို့ဆရာမတို့အဆင်ပြေမဲ့အချိန်ကို 09400306957 Viberကို အချိန်လေးလာပြောပေးကြပါရှင့်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Aungmyayman Qut Kalaymyo
Kale
000225