Red Bench - Kalaw
Home rental for the family/ a group of friends who like to stay Home away from Home
17/08/2026
🌿 မိုးမှုန်တွေကြားက အေးချမ်းတဲ့နေရာလေး
တောင်တန်းတွေပေါ်မှာ မိုးမှုန်လေးတွေ တဖြည်းဖြည်းကျလာတဲ့အခါ သစ်ပင်စိမ်းစိမ်းတွေ၊ ပန်းပင် လေးတွေနဲ့ သဘာဝရဲ့အလှက ပိုပြီးအသက်ဝင်လာပါတယ်။
မြို့ပြရဲ့ ဆူညံသံတွေကို ခဏမေ့ထားပြီး တောင်တန်းအလှကို ကြည့်ရင်း လေကောင်းလေသန့်ရှူဖို့၊ စိတ်ကို အေးအေးချမ်းချမ်း အနားပေးဖို့အတွက် ဒီလိုနေရာလေးက ပြီးပြည့်စုံတဲ့ getaway တစ်ခုပါ။
မိုးရာသီရဲ့ အေးမြတဲ့လေ၊ မြူတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်တန်းမြင်ကွင်းလေးကို တိတ်တိတ်လေးထိုင်ပြီး သဘာဝကိုခံစားရင်း ကိုယ့်အတွက် အေးချမ်းတဲ့အချိန်လေးတစ်ခု ဖန်တီးလိုက်ပါ။
09/08/2026
တစ်ခါတလေ ခရီးတစ်ခုရဲ့ အလှဆိုတာ
လည်ပတ်စရာနေရာတွေထက်
လှပတဲ့ သဘာဝနဲ့နီးတဲ့ နေရာလေးတစ်ခု
အေးချမ်းတဲ့ညနေခင်းလေးနဲ့ စိတ်ကို အနားပေးနိုင်တဲ့ အချိန်လေးတစ်ခု ဆိုရင် လုံလောက်ပါတယ် 💚
23/07/2026
Good Morning From Red Bench - Kalaw !
မိုးတိမ်တွေဖုံးလွှမ်းထားတဲ့ တောင်တန်းတွေ၊ စိမ်းလန်းတဲ့ သဘာဝနဲ့ တိတ်ဆိတ်တဲ့ အချိန်လေးက မနက်ခင်းတိုင်းကို အေးချမ်းစွာ နိုးထနိုင်မယ့် နေရာလေးပါ ☘️
ကော်ဖီတစ်ခွက်နဲ့ သဘာဝအလှကို ခံစားရင်း ဒီနေ့လည်း စိတ်ချမ်းသာပြီး သာယာ လှပတဲ့နေ့လေး ဖြစ်ပါစေ 💚
14/07/2026
ဒီနှစ်တော့ ခြံထဲက ချယ်ရီပင်လေးက စပြီးသီးနေပြီ။
အရမ်းတော့ အများကြီးမသီးသေးပေမဲ့ အပင်ပေါ်က ချယ်ရီသီးတွေကို ကြည့်နေရတာနဲ့တင် ပျော်နေပြီ ☺️
04/07/2026
Rainy days, misty hills, and a peaceful stay 🌧️
🌿 မိုးရွာတဲ့နေ့တိုင်း မြူခိုးတွေကြားမှာ ငြိမ်သက်မှုကို ရှာတွေ့နိုင်တဲ့ တောင်ပေါ်အိမ်လေး 💚
23/06/2026
ထိုင်နားလိုက်ပါ... 🌿
တောင်တန်းတွေပေါ် လွင့်မျောနေတဲ့ မြူခိုးတွေကို ငေးကြည့်ရင်း၊ သဘာဝရဲ့ အသံတိတ်အလှတရားကို ခံစားလိုက်ပါ ☘️
စိမ်းစိုနေတဲ့ တောင်တန်းတွေ၊ လတ်ဆတ်တဲ့ လေညင်းနဲ့ အေးချမ်းတဲ့ အခိုက်အတန့်တွေက အရမ်းကို သာယာလွန်းလှတယ် 💚
16/06/2026
☁️🌿 Monsoon Escape in Kalaw 🌿☁️
မိုးဖွဲဖွဲကျတဲ့ ရာသီမှာ တောင်တန်းတွေကြားက အေးချမ်းမှုကို ခံစားဖို့ အကောင်းဆုံးအချိန် ရောက်လာပါပြီ။
စိမ်းလန်းတဲ့ သဘာဝ၊ အေးမြတဲ့ တောင်လေ၊ တိတ်ဆိတ်တဲ့ အနားယူချိန်တွေကို ရှာဖွေနေတယ်ဆိုရင်...
ကျွန်တော်တို့ရဲ့ ၂ယောက်ကနေ ၄ယောက်အထိ နေလို့ရတဲ့ open space type အပေါ်အောက် ၂ထပ် လုံချင်းဘန်ဂလိုလေးမှာ လာရောက်အနားယူဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဒီမိုးရာသီအတွက် အထူး Promotion လေးကတော့ July လကုန်အထိ ရှိနေပါတယ်။
📌 Limited-Time Monsoon Offer
📌 Available until the end of July 2026
📩 Promotion Details & Booking – 09 88 519 5644
13/06/2026
Some places heal you without saying a word 💛
" တချို့ရှုခင်းတွေက တိတ်တဆိတ်နဲ့ပဲ စိတ်ရဲ့ပင်ပန်းမှုတွေကို ပြေလျော့စေတယ် "
07/06/2026
Where the clouds meet the hills, peace finds its way home. 🌿☁️
တိမ်တွေ တောင်တန်းတွေ ဆုံတဲ့ ဒီနေရာလေးမှာ
ငြိမ်းချမ်းမှုနဲ့ အေးချမ်းမှုက အိမ်ပြန်ရောက်သလို ခံစားရစေတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 271, Shwe Myanmar North Street , Quarter 1
Kalaw