Community Based Micro Finance Program

Community Based Micro Finance Program

Share

Let's start sharing what we have done thru CB-MFP. We've started this program a few years ago and it is now REBORN. CONTACT thru: [email protected]

05/10/2017
05/10/2017

Saving Group တွေအတွက် ပိုပြီးနားလည်ရလွယ်ကူတဲ တင်ဆက်မှုလေးပါ။

May God Bless you All.

ဘဏ် တစ် ဘဏ် ၏ ပြိုလဲဖို့မလွယ်ကူသောအကြောင်းများ | Lwin Pyin News 07/05/2017

SME Loan နှင့်​ ယ​နေ့ဘဏ်​အ​ကြောင်း ​ကောလဟာလများ

ဘဏ် တစ် ဘဏ် ၏ ပြိုလဲဖို့မလွယ်ကူသောအကြောင်းများ | Lwin Pyin News ပထမဦးဆုံး SME Loan ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။ တကယ်တော့ SME Loan (Small & Medium Enterprise Loan (အသေးစားနဲ့အလတ်စားချေးငွေ) ဆိုတာကို ဘဏ်တွေကထုတ်ချေးတဲ့အခါမှာ ကျွန်တော်တို့သိထားတဲ့ ပြည်သူတွေရဲ့ အပ်ငွေကနေ ထုတ်ချေးတာမဟုတ်ဘူးဆိုတာပါ။

Three Ways To Stop A Bank Run 04/05/2017

ဘဏ်လုပ်ငန်းဆိုသည်မှာ စုငွေအပ်သူများ၏ စုဆောင်းငွေများကို လက်ခံ၍ ၄င်းစုဆောင်ငွေများထဲမှာ Minimum Reserved သတ်မှတ်ထားသော ရာခိုင်နှုန်းကို ဗဟိုဘဏ်တွင်ထိန်းသိမ်းထားပြီး ကျန်စုဆောင်းငွေများကို ဘဏ်ချေးငွေအဖြစ် ထုတ်ပေးလျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ စုဆောင်းသူများမှ ၄င်းတိုစုဆောင်းထားသော စုငွေများကို အစုလိုက်အပြုံလိုက် ချက်ခြင်းပြန်ထုတ်ယူပါက ဘဏ်လုပ်ငန်းအတွက် ခက်ခဲကြီးမားသော ပြသနာကို ရင်ဆိုင်ရဖွယ်ရှိပြီး ဘဏ်စနစ်တခုလုံး ပြိုကွဲသွားနိုင်ပါသည်။
Bank Run ကိုကာကွယ်ရန် အခြေခံအားဖြင့် အောက်ပါနည်းအတိုင်း ကျင့်သုံးလျှက်ရှိပါသည်။
၁။ ဘဏ်လုပ်ငန်းများကို နှောင့်နှေးအောင် ဆောင်ရွက်စေခြင်း
- လူအများကြီးကို တန်းစီခိုင်းပြီး ပမာဏအနည်းငယ်ကိုသာ ထုတ်ယူစေခြင်းဖြင့် ဘဏ်လုပ်ငန်းတနေ့တာကို ကုန်ဆုံးစေခြင်း
(ရည်ညွှန်းပါ လင့်ခ်တွင် ဖတ်ပါ)
၂။ ဘဏ်မှ ပြင်ပချေးငွေများ ရယူခြင်း
- ကနဦးရက်ပိုင်းများတွင် ထုတ်သလောက်ပမာဏကို ပြည့်မှီအောင်ထုတ်ပေးနိုင်ရန် ချေးငွေရယူ၍ စီစစ်ထုတ်ပေးခြင်းဖြင့် နောက်ပိုင်းရက်များတွင် ငွေစုဆောင်းသူများ၏ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ခြင်း
၃။ စုဆောင်းငွေအာမခံစနစ် တည်ဆောက်ခြင်း (Insure peoples' deposits)
- လူထု၏ စုဆောင်းငွေများအတွင် အာမခံလုပ်ငန်းနှင့်ပူးပေါင်း၍ စုငွေအာမခံစနစ်ကို အသုံးပြုခြင်းဖြင့် ငွေစုဆောင်းသူများအတွက် ခိုင်မာသော စိတ်ချယုံကြည်မှုကို ပြန်လည်ရယူနိုင်ပါသည်။
သို့ဖြစ်ပါ၍ ကောလဟာလများကို ချင့်ချိန်ပြီးမှ ယုံကြည်ကြကုန်အံ့။ ယခုမြန်မာနိုင်ငံရှိဘဏ်လုပ်ငန်းများအတွင် အတော်အသင့်ပင်ခိုင်မာသော အာမခံချက်များ ရှိနေပါပြီ။
Ref: (How to Stop a Bank Run)
http://www.npr.org/…/154719542/three-ways-to-stop-a-bank-run
There's a slow-motion bank run happening in Europe, as depositors move their money from financially troubled countries like Greece and Spain to stronger countries like Germany.
Banks take depositors' money and lend it out. So even a strong bank is in trouble if all the depositors suddenly decide to pull their money out. A full-blown run can sink a bank in an afternoon.
Once a run starts, there are basically three ways to stop it.
1. Slow it down
In the 19th century, when bank runs were common in the U.S., banks who feared a run would have employees and relatives line up in front of the tellers and make tiny deposits or withdrawals, to pass the time until the bank closed.
2. Borrow money
People rush to withdraw their money from the bank when they're afraid the bank is about to run out of money. So if the bank can borrow a bunch of money, that usually stops the run.
3. Insure peoples' deposits
Deposit insurance started in the U.S. during the Great Depression, and it persists today. That's why you see the letters "FDIC" on the door of every bank in the country today. It's a promise that even if the bank goes under, the government will guarantee that ordinary people get their money back. This promise alone has ended bank runs almost entirely.
There is deposit insurance in Europe today. But it's issued by individual governments. So if people are worried that the government itself might run out of money, even deposit insurance may not be enough to prevent a run.
Ref:
http://www.npr.org/…/154719542/three-ways-to-stop-a-bank-run

Three Ways To Stop A Bank Run There's a slow-motion bank run happening in Europe, as depositors move their money from financially troubled countries like Greece and Spain to stronger countries like Germany.

Photos from ဥပဒေများ/အမိန့်ညွှန်ကြားစာများ's post 19/02/2017

ဒီရက်ပိုင်းမှာ ဖြစ်နေတဲ့ စုငွေအတိုးပေါ် အခွန်ကိစ္စ
ပုဒ်မ ၃၃ အရ ပေးရန်မလို

Microfinance in Myanmar: Sector Assessment 19/02/2017

Demand for microfinance in Myanmar exceeds supply four times, holding back development as the country emerges from decades of isolation and highlighting the need to build up sustainable and credible microfinance institutions in the country.

The report finds that Myanmar’s banking sector so far has found it commercially challenging to extend financial access to the poor.

As a result, fewer than 20 people out of 100 have access to formal financial services, with most people relying on family savings or costly alternatives such as informal money lenders. At the same time, the market among Myanmar’s total population of around 60 million is large enough to attract domestic and international banks that could significantly improve outreach and contribute to innovation in the sector .....

Microfinance in Myanmar: Sector Assessment Microfinance in Myanmar: Sector Assessment

01/12/2016

ဂျပန်​ယန်း သန်း​ပေါင်း ကိုး​သောင်း​လေး​ထောင်​ ​တောင်​​ချေး​ငွေရမှာဆို​တော့...

ကျ​နော်​ မိုဟာမက်​ယူနွတ်​ရဲ့သီဝရီ​တွေ အလွတ်​ရတယ်​လို့။

တလ ​လေးကျပ်​တိုးက ပုံမှန်​နှစ်​ဆယ်​တိုးနဲ့စာရင်​ ပါးပါး​လေးပါ။ နှစ်​နှစ်​နဲ့ Revolving Capital ပြန်​ထူ​ထောင်​လို့ရမှာပါ။

လွန်​ခဲ့တဲ့ ၇နှစ်​​လောပ်​ကတည်းက လုံ​လောက်​တဲ့​ချေး​ငွေ မတည်​​ပေးနိုင်​ဖို့ MCC ကဆု​တောင်းချက်​တင်​သင့်​တာ။

ခု​တော့ တစ်​ဧကကို ဆယ်​သိန်းအထိ ထုတ်​​ချေးမယ်​ဆို​တော့ ​သေခြာတွက်​ချက်​ပြီးသားပဲ။ လယ်​စရိတ်​​ရော ​လေးလခွဲအတွင်း စားဖို့ပါ ထည့်​တွက်​ထားပြီးပြီ။

Photos from Community Based Micro Finance Program's post 10/07/2016

😱😱😱
"When the Wood go, Wildlife goes"

The Economics of Happiness (2011) 23/09/2015

"The Economics of Happiness"

လွန်ခဲ့တဲ့ ၇ နှစ်လောက်ကပေါ့ဗျာ .. ပင်လယ်ကမ်းခြေနားက ရခိုင်နှစ်ခြင်းခရစ်ယာန်ရွာလေးတစ်ရွာကို ဘက်စုံဖွံ့ဖြိုးရေးတာဝန်ခံရော၊ အသေးစားငွေစုငွေချေးစီမံကိန်းတာဝန်ခံ အနေနဲ့ ကျွန်တော် ရောက်ခဲ့ဖူးတယ်။

လွန်ခဲ့တဲ့ ကာလများမှာ အရမ်းကိုသာယာပြီး ဘာတပ်မက်ခြင်း၊ ဘာလောလနဲ့မနာလိုယှဉ်ပြိုင်ခြင်းမှ မရှိခဲ့တဲ့ ရွာလေးပေါ့ဗျာ။

တံငါရွာလေးတစ်ရွာပါ ... အုန်းဆီချက်တဲ့ ရိုးရာလုပ်ငန်းနဲ့ ငါးပိ၊ ငါးခြောက်လုပ်ငန်းကို မိသားစုဝမ်းစာဖူလှုံရုံလောက်ပဲ ထုတ်လုပ်ပြီး မြို့ကိုတင်ပို့ပါတယ်။ ဘာကုန်သည်မှ မရောက်ခဲ့ဖူးဘူးလို့ သိခဲ့ဖူးပါတယ်။

There is no other Trading activities nor business happen there, before one certain time.

ကျွန်တော်မရောက်ခင် နှစ်အနည်းငယ်လောက်အထိ အပေါ်ကပြောခဲ့တဲ့ အနေအထားလေးမှာ ငြိမ်းချမ်းနေတဲ့ ရွာကလေးကို ...

ဘက်စုံဖွံဖြိုးရေးဆိုတဲ့ မုန်တိုင်းကြီးက ဝင်ရောက်ဖျက်ဆီးခဲ့ပါပြီ။

ပထမဦးဆုံး အမြင်ဖွင့်တဲ့အနေနဲ့ TV & Video စက်ကလေး မီးစက်နဲ့တကွ ရောက်လာပါတယ်။

ဘာတွေအမြင်ပွင့်သွားသလဲ ကျနော်တို့သိလိုက်တဲ့ကာလမှာ ...

ရွာထဲကို ကုန်သည်တွေ ရောက်လာပါပြီ။ အရင်က တပိုင်တနိုင်ထုတ်တဲ့ အုန်းဆီကို ပုတ်ပြတ်နဲ့ကြိုတင်ငွေထုတ်ပြီး ရောင်းဝယ်ပြီးပါပြီ။ ငါး၊ ငါးခြောက် မပေါ်ခင်ကတည်ုး ငါးခြောက်သွင်းအတွက် ငွေကြိုထုတ်ပြီးပါပြီ။

အိမ်တွေမှာ တီဗွီ၊ အောက်စက်ရှိနေပါပြီ။ ရိုးရာတိုင်းကင်းသားဝတ်စုံအစား တီရှပ်တွေ၊ ဂျင်းဘောင်းဘီတွေ ဝတ်ကုန်ပါပြီ။

ငါးပိ၊ ငါးခြောက်တွေ ပိုမိုထုတ်လုပ်နိုင်တဲ့အတွက် ရွာမှာ ဒိုင်ကောက်တဲ့ဈေး ကျသွားပါပြီ။ အုန်းပင်ပေါ်မှာ အုန်းဆီမထွက်နိုင်တော့ပါဘူး။

ရွာမှာအကြွေးတင်သူတွေများလာတဲ့အတွက် အသေးစားငွေစုငွေချေးစီမံကိန်းကို တာဝန်ယူဖို့ ကျွန်တော် ရောက်တဲ့အချိန်မှာပဲ .. ရွာရဲ့ Ecology ပျက်ဆီးခဲ့ပါပြီ။

ကျွန်တော့ရွာလေး မပျော်ရွင်တော့ပါဘူး ...

အတိုခြုံးပြောရရင် စီမံကိန်း မအောင်မြင်ခဲ့ပါဘူး ...

Towards well-being and Happy Life လေးစာကွက်ပေါ်မှာပဲ ခရစ်တော်၌ အိပ်ပျော်သွားပါတယ်။

ဘက်စုံဖွံဖြိုးရေးစီမံကိန်းကြီးသာ အဲ့ဒီရွာကို ခြေဦးမတည့်ခဲ့ရင် .. ခုချိန်ထိ သာယာနေဦးမဲ့ရွာကလေးပါဗျာ။

ဒီ The Economics of Happiness လေးကိုကြည့်နေရင်းပဲ ကျွန်တော့ခေါင်းထဲမှာ ဖျက်ကနဲ သတိရလိုက်မိတဲ့ ဖြစ်ရပ်မှန် ကြုံခဲ့ဖူးတဲ့ .. အတွေ့လေးပါဗျာ။


ကျွန်တော်တို့ Community Development လုပ်နေတဲ့ သူငယ်ချင်းများ ကြည့်သင့်တဲ့ Documentary Film လေးပါခင်ဗျာ။


လုပ်ဖော်ကိုင်ဖက်အားလုံးကို သတိရလျှက် ...
(အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ)

The Economics of Happiness (2011) 65 minutes | Economic globalization has led to a massive expansion in the scale and power of big business and banking. It has also worsened nearly every problem we face: fundamentalism and ethnic conflict...

Photos from Community Based Micro Finance Program's post 06/09/2015

စိတ်ကူးသက်သက်သာ ...

The Training Script about

''Microfinance in our Family towards the new Generation!''

လွန်ခဲ့တဲ့ ၂၀၀၉ တုန်းက မြန်မာနိုင်ငံခရစ်အသင်းတော်များကောင်စီမှာ တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးအဖွဲ့ချုပ်က ကိုယ်စားလှယ်သင်တန်းသားတွေကို Microfinance in our family towards the new generation ခေါင်းစဉ်နဲ့ ပို့ချခဲ့တုန်းက အမှတ်တရ သင်တန်းပို့ချချက် Scripts လေးတွေလေ ...

သင်တန်းပြီးတော့ Philippines ကဆရာမကြီးတစ်ယောက်က ဘာလာပြောလဲဆိုတော့... Get Married Soon, Mr. Christopher Hsay MU တဲ့။

ဆရာမကြီးပို့သသော မေတ္တာကြောင့် ကျွန်တော် အိမ်ထောင်မကျသေးပါဘူးဗျာ ...

Photos from Community Based Micro Finance Program's post 06/09/2015

'When the Wood Go, Wild Life Goes'

ငယ်ငယ်တုန်းက ၈၈-၈၉ခုနှစ်လောက်တုန်းက တောပြာကြီး-သံတောင်က အိမ်ဘေးမှာတင် .. အိမ်ပေါ်ကနေဆင်းတာနဲ့ အနည်းဆုံးတော့ ရှဥ့်ကလေးတစ်ကောင်၊ နှစ်ကောင်နဲ့ ငှက်လောက်ကတော့ ဟင်းစားခိုင်ပြီ။

ညနေမိုးချုပ်ခါနီးဆို တူမီးသေနတ်လေးဆွဲပြီး သုံးမိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ စမ်းချောင်းလေးဘေးက သဖန်းပင်အောက်မှာ သုံးတောင့်ထိုးဓာတ်မီးလေးနဲ့စောင့် ကိုးနာရီမထိုးခင် တောကြောင်တစ်ကောင်တော့ အိမ်ပါလာတာပဲ။ တခါကဆို ဖခမည်းတော် ရှူးပျံကြီးတစ်တောင် ယူလာပေးဖူးတယ်
(မှတ်မှတ်ရရ အရေခွံခွာပြီး .. လဲမှို့ထည့်ပြီး ထန်းတပင်အထိတောင် ပါလာသေးတယ်)။

သောကြာနေ့ညဆိုရင် ပျော်ပြီလေ .. တပတ်လုံးမှာ ဖခမည်းတော်ပေးထားတဲ့ သုံးဆစ်ပိုင်းဝါးဘူးထဲကို ကျင်ငယ်ရေ ပေါက်ထည့်ခိုင်းထားတဲ့ (သေးဘူး)ကို ပခုံးပေါ်ထမ်း .. ဆားထုပ်နဲ့ ဝါးပြာ (ဝါးကိုမီးရှို့ထားတဲ့ပြာမှုန့်)ပါယူလာပြီး မိသားစု လေးယောက် တောင်ယာထဲချီတက်လာပြီ ..

ရောက်တာနဲ့ မာတာမိခင်က ညီတော်မောင်က တဲစောင့်၊ အိမ်ရှေ့စံနဲ့ ဖခမည်းတော်က ဒညင်းခြံကြီးဘေးက တောင်စောင်းလေးမှာ ဆားတွင်းသွားလုပ်တာပေါ့။ တောဆိတ်နဲ့ ချေ (ဂျီ) သွားထားတဲ့ လမ်းကြောင်းဘေးမှာပဲ (ချီးတုံးကိုကြည့်ပြီး ဘာကောင်လဲဆိုတာ ခွဲတတ်တဲ့ ဘာသာရပ်ကို အဲ့မှာသင်ခဲ့တာလေ၊ အောက်စပို့တို့ .. စတင်းဖို့တို့မှာ မသင်သေးဘူးထင်တာပဲ)။

ပြီးတာနဲ့ပြန်လာ .. ဝါးတီးဆွဲပြီး ယမ်းထောင်းရတယ် .. သံပုရာကိုင်း (အသားမာလို့ သုံးတာလို့ အဖေပြောထားတယ်)မီးသွေးကို ယမ်းစိမ်းနဲ့ အချိုးစပ်ပြီး သံဆုံထဲ ထည့်ပြီး ညက်နေအောင်ထောင်းရတာ .. အမှုန့်တွေသိပ်သွားအောင်လို့ ငှက်ပြောလက်အရည်ကိုပါ ညစ်ထည့်ပြီး ဖြည်းဖြည်းလေးထောင်းရတယ် .. ပြီးရင် စကောထဲထည့် အခြောက်ခံပြီးရင် ရယ်ဒီဖြစ်ပြီ။

ညနေစာစားပြီး သေနတ်ကိုယ်စီဆွဲလို့ ယမ်းထိုး၊ ခဲထိုးပြီး နေ့လည်က လုပ်ထားတဲ့ ဆားတွင်းကို ဒိုးပြီလေ ... ညသန်းခေါင်လောက်ရှိမယ် .. ဒိုင်း ဆို အသံကြားတော့မှလန့်နိုးလာတာ (အိပ်ပြီးအမဲလိုက်တာ)။

မျက်လုံးဖွင့်တော့ ဖခမည်းတော် ဘေးမှာမရှိဘူး .. ခပ်လှမ်းလှမ်းက ခြုံတိုးနေတဲ့ အသံတော့ကြားရတယ်။ တအောင့်နေတော့ ဖခမည်းတော်ပြန်ရောက်လာပြီး လက်ပေါ်မှာ သွေးစွန်းနေတာကိုပြတယ် .. တလက်စတည်းပြောသေးတယ်။

'ဟိုကောင်ထိသွားပြီ ငါ့သား .. လာ၊ ချောင်းဘေးဆင်းရှာရအောင်' ဆိုပြီး နှစ်ယောက်သား ဝမ်းသာအားရ ပြေးပြီလေ။ လမ်းမှာအဖေက ရှင်းပြတယ် .. ဂျီတို့ တောဆိတ်တို့ကို ပစ်ပြီးလို့ ဘိုင်းကနဲ သေလေ့မရှိဘူး .. ဓာတ်မီးထိုးလိုက်တာနဲ့ သူတို့က မီးကိုစိုက်ကြည့်တဲ့ အချိန်မှာ မျက်လုံးနှစ်လုံးကြားနေရာကနေ လက်ပြင်ကို ချိန်ပြီးပစ်ရတာ .. တူမီးသေနတ်မှာက သာမန်ခဲလုံးလေး လေးငါးလုံးလောက်ထည့်ပစ်တော့ ခဲကဖွာပြီးထွက်တယ်လေတဲ့ .. မသေပဲ ပြေးရင်တော့ သွေးလမ်းကြောင်းကိုရှာ .. ပြီးချောင်းဘေးသာသွားရှာပေတော့ .. ဒဏ်ရာရပြီဆိုရင် ဒီကောင်တွေ ရေငတ်ပြီ .. ရေရအောင် ရှာသောက်တာကွ .. ဆိုပြီးရှင်းနေတုန်းမှာပဲ ... တွေ့ပါပြီဗျာ .. ချောင်းဘေးမှာ။

ခမည်းတော်က ဓါးကိုထုတ်ပြီး ဂျီရဲ့ခေါင်းကိုဖြတ် .. ပြီးတော့ တောင်စောင်းဘေးက သစ်တုံးပေါ်တင်လိုက်တယ် .. ဒါကဓလေ့ဆိုတာထက် မုဆိုးဥပဒေလို့ခေါ်မယ်ထင်တယ်။

ပျော်ပြီလေ .. တဲရောက်တာနဲ့ သေခြာတာကတော့ ဝမ်းတွင်းသားကို စစ်သားတွေသုံးတဲ့ ဟမ်းကောချိုင့်ထဲ ထည့်ပြီးချက်လိုက်ရင်ဖြင့် .....

(လွန်ခဲ့သော ၂၅ နှစ်က အမှတ်တရ မုဆိုးညများ)
ထို့ကြောင့် မြိုင်ရာဇာဟုခေါ်သည်။

Want your business to be the top-listed Finance Company in Insein?
Click here to claim your Sponsored Listing.

Telephone

Website

Address

Insein