Myanmar Cele News

Myanmar Cele News

Share

လူငယ်​ဖတ်​ သုတရသစာပေတွေ free ဖတ်ရအောင

30/03/2025

"ငလျင်ဒဏ်"ကြောင့် ပခုံး နှင့် လက်မောင်းရိုးကျိုး ထိခိုက် ဒဏ်ရာ ရရှိခဲ့သော သရုပ်ဆောင် "ထပ်ဆင့် အကယ်ဒမီ ထက်ထက်မိုးဦး"
-------------------

လွန်ခဲ့‌သော (၂၈.၃.၂၀၂၅) ရက်နေ့က စိန်ဆိုင်တစ်ခု၏ ဈေးရောင်းပွဲမှာ ပါဝင် အားဖြည့်ခဲ့သော သရုပ်ဆောင် "ထပ်ဆင့် အကယ်ဒမီ ထက်ထက်မိုးဦး" မမထက်သည် အဆိုပါနေ့က မန္တလေးမြို့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း " မြေငလျင်ဒဏ် " ကြောင့် ပခုံး နှင့် လက်မောင်းရိုးကျိုး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ယခုအခါတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရပါတယ်။

#ထက်ထက်မိုးဦး

12/11/2024

နိုင်ငံဂုဏ်ဆောင် ချန်ပီယံရုရုကို ဆီနီဂေါသမ္မတဂုဏ်ပြု

ဆီနီဂေါသမ္မတ မာလေခင်ကိုအနိုင်ရရှိပြီးနောက် Heavyweight MMA World Champion ခါးပတ်ချန်ပီယံ ဖြစ်ခွင့်ရခဲ့ပါတယ်။ ဒီအတွက် ဆီနီဂေါသမ္မတဒီယိုမာယီဖာယီက သူ့ကို ဂုဏ်ပြုခဲ့ပါတယ်။ သူက "ဆီနီဂေါရဲ့ပထမဆုံး Heavyweight MMA World Champion ဖြစ်လာတဲ့ကိန်း (ခ) ရုရုကို ဂုဏ်ပြုပါတယ် ...

သူ့ရဲ့စွမ်းရည်သတ္တိ၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနဲ့ ပါရမီအဟုန်တွေကြောင့် သူဟာ ဆီနီဂေါဂုဏ်ကိုဆောင်နိုင်ခဲ့ပြီး မျိုးဆက်သစ်အားလုံးကို လှုံ့ဆော်နိုင်ခဲ့ပါတယ် ... ကျနော်တို့နိုင်ငံဟာ သူ့ရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူနေပါတယ် "လို့ ပြောခဲ့ပါတယ်။

ရုရုက မာလေခင်လက်ထဲမှာရှိနေသေးတဲ့ Light heavyweight MMA title ကိုလည်း ယူဦးမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ မာလေခင်က သူ ဆုံးရှုံးခဲ့ရတဲ့ Heavyweight MMA World Champion ခါးပတ်ကြီးကို ပြန်လုမယ်လို့ ရုရုနဲ့ပြန်ပြီးပွဲဆိုင်ပေးဖို့ ပြောခဲ့ပေမယ့် ရုရုက သူ့ဆီကရှိတဲ့ခါးပတ်နှစ်ခုကို ထပ်ပြီးလုချင်နေတာပါ။

ဒါတင်မကသေးဘဲ ရုရုက သူ့ဆီကနေ ခါးပတ်လုချင်တဲ့သူရှိတယ်ဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ပွဲတည်နိုင်ကြောင်း လမ်းကြောင်းဖွင့်ပေးခဲ့သလို၊ သူ့အနေနဲ့လည်း ဒီခါးပတ်ကြီးကို ကြာရှည်ထိန်းထားဖို့ မလွယ်ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆီနီဂေါပြည်သူတွေကတော့ သူ့ အောင်မြင်မှုအတွက် ပျော်နေကြပါတယ်။

11/11/2024

မနေ့ညက ခွန်ခမာမြေမှာ ကျင်းပတဲ့ စိုးမိုးဇော်နဲ့ ဥဇဘက်ကစ္စတန် သားတို့ရဲ့ ပွဲကတော့ အတော်လေး မြိုင်ဆိုင်ခဲ့ပေမယ့် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ရပါတယ်။

ပထမအချီမှာပဲ ဥဇဘက်သားလေး အာဇက်က ရိုးရာဖိုက်တာ စိုးမိုးဇော်ကို အလဲထိုးနဲ့ အနိုင်ယူသွားခဲ့တာပါ။

ခွန်ခမာမှာ စွာနေတဲ့ မြန်မာဖိုက်တာလေး

ခွန်ခမာလက်ဝှေ့လောကမှာ စိုးမိုးဇော်ဆိုတာ နာမည်တစ်လုံးရထားတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ ခွန်ခမာပွဲစဉ်ပေါင်း ဒါဇင်နဲ့ချီ ထိုးသတ်ထားပါတယ်။ စိုးမိုးဇော်ဟာ ဘယ်လက်သီး အားသန်သူလို့ ယူဆရပြီး၊ သူရဲ့ ထိုးပုံထိုးကွက်တွေကို လေ့လာမိသလောက် အောက်ပိုင်းအထက်ပိုင်း ခြေကန်ချက်တွေ မျှတသလို၊ အနီးကပ်တံတောင်ရိုက်ချက်တွေကလည်း အားပါလှပါတယ်။

သူဟာ ထောက်လက်သီး ပင့်လက်သီးထက် ဘယ်ဝိုက်လက်သီးကို ပိုအားကိုးဟန်ရှိပြီး၊ တစ်ဖက်က ပြိုင်ဘက်ဖြစ်သူ သူ့ရဲ့ထိုးချက်မိသွားတယ်ဆိုတာ သိလိုက်တာနဲ့ တွဲလုံးတွေနဲ့ဆက်တိုက် ဖိအားပေးတိုက်စစ်ဆင်လေ့ရှိသူပါ။

သူဟာ ခွန်ခမာပြိုင်ပွဲ(၆၃.၅)ကီလိုတန်း ချန်ပီယံခါးပတ်လုပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး၊ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သူပါ။ အဲဒီမှာ ဒဏ်ရာဟောင်းက မသက်သာတဲ့အတွက် အရှုံးပေးခဲ့ရပြီး၊ အဆင့်(၄)မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

သူဟာ ခွန်ခမာဖိုက်တာလောကမှာ နာမည်ရှိဖိုက်တာတွေကို ဆက်တိုက် ဖြိုလှဲခဲ့သူဖြစ်ပြီး၊ ဩဂုတ်လ(၉)ရက်က လာအိုဖိုက်တာ ဆင်ရိုင်းနဲ့ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီမှာပဲ အလဲထိုးနဲ့နိုင်ခဲ့ပါတယ်။

နောက်ထပ် မှတ်လောက်သားလောက် ပွဲစဉ်တစ်ခုကတော့ ဩဂုတ်လ(၃၀)ရက်က ဖနွမ်ပင်မြို့မှာ ကျင်းပခဲ့တဲ့ Boostrong Kun Khmer King of The Ring ပြိုင်ပွဲရဲ့ (၆၃.၅)ကီလိုတန်းမှာ တရုတ်ဖိုက်တာ ရှီအိုယူနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ၊ တတိယအချီမှာပဲ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပါတယ်။

ကမ္ဘောဒီယားမြေမှာတော့ စိုးမိုးဇော်ရဲ့ညီ စိုးမိုးကျော်ဟာ Khmer Phumin Military Football Association လက်အောက်မှာ ခံစစ်ကစားသမားအဖြစ် ကစားနေတဲ့ ပွဲထွက်ခွင့်ရ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်စလုံးဟာ သက်ဆိုင်တဲ့နယ်ပယ်မှာ အောင်မြင်မှုတစ်ခုရရှိအောင် ကြိုးပမ်းနေကြပါတယ်။

#စိုးမိုးဇော်

24/10/2024

မြန်မာဖိုက်တာ နှစ်ယောက်ပါဝင်တဲ့ One Fight ပွဲ မနက်ဖြန်ရှိတယ်နော်။

အဲမွီ
ဆွတ်ယက်

မနက်ဖြန်ည ၇နာရီ ရှိမယ်ညီကိုတို့ရေ၊ အားပေးကြအုံးနော်။

16/10/2024

သီတင်းကျွတ် မီးရောင်စုံအောက်မှာ စက်ဘီးလေးစီးပြီး အပျော်ကြီးပျော်နေတဲ့ မေသဇင်ချစ်

#မေသဇင်ချစ်

15/10/2024

One Fight ပွဲစဉ်တွေမှာ ရှုံးပွဲဆက်ကြုံတွေ့နေခဲ့ရပြီး ပွဲထွက်ခွင့်အတွက် မသေချာမရေရာတော့ပေမယ့် စိတ်ဓာတ်ကို ကြံ့ကြံ့ခိုင်အောင် တည်ဆောက်ပြီး RWS Sponsored ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့၊
မြန်မာအလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းရဲ့ ညီဖြစ်သူ ထွန်းမင်းနိုင်ကတော့ ပြိုင်ဘက်ဖိုက်တာကို လက်ရည်အသာစီးနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ယူခဲ့ပါပြီ။

#ထွန်းမင်းနိုင်

14/10/2024

ပျော်ရွှင်စရာ မွေးနေ့ရက်မြတ်လေး ဖြစ်ပါစေ ပစ်တိုင်းထောင်လေးရေ။
#သန့်စင်

13/10/2024

ကိုယ်ချင်းစာစိတ်ရှိသူတိုင်း မျက်ရည်ကျမိတဲ့ အခိုက်အတန့်။
#ဖြူဖြူထွေး

#ရေဘေး

11/10/2024

မြန်မာ့ဂုဏ်ဆောင် အလှမယ်လေး သဲစုငြိမ်းကတော့ ဆရာဖြစ်သူ ထူးအံ့လွင်ရဲ့ ပံ့ပိုးမှုနဲ့အတူ နိုင်ငံတကာ စဉ်မြင့်ထက်မှာ နေရာတခု ရယူထားနိုင်ခဲ့ပါပြီ။
#သဲစုငြိမ်း

10/10/2024

နှလုံးသားလှတဲ့ တာကဲရု

မြန်မာ့ရေဘေးအတွက် ကူညီပေးဖို့ ဒီပွဲကိုအနိုင်ထိုးပါမယ်ဆိုပြီး သန့်စင်ရဲ့ အင်တာဗျူးမှာ ပြောခဲ့တာကို၊
တာခဲရုတယောက် သန့်စင်ဆန္ဒဖြည့်ဆည်းပေးဖို့ ဆက်သွယ်လာခဲ့ပါပြီ။
မြန်မာ့ရေဘေးအတွက် ကိုဖြိုးဝေဆီတဆင့် ဆက်သွယ်ပြီး ပါဝင်လှူဒါန်းပါမယ်လို့ ဂျပန်ဖိုက်တာ တာကဲရုက ကတိပြုခဲ့တာပါ။
ကျေးဇူးပါ ဂျပန်ကြီးရေ။

10/10/2024

စိုးကြီးအတွက် စိန်ခေါ်ပေးလိုက်တဲ့ လူရှည်ကြီးGiant

နာဘီးလ်နဲ့Giantသူတို့နှစ်ဦးသာ ယှဉ်ပြိုက် ဖိုက်မယ်ဆိုရင်တော့ လူစိတ်ဝင်စားမူကတော့ မြင့်တက်နေဦးမယ်ထင်ပါတယ်။စိုးကြီးနဲ့တုန်းက အရပ်ကွာဟ မူကြောင့်မဖိုက်နိုင်ခဲ့ပဲအမှတ်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ဒါကြောင့် Giantက စိုးကြီးအတွက်ပြန်ကလဲ့စားချေပေးချင်ပုံရပါတယ်။သိုပေမဲ့လည်း ဒီလိုမျိုး အားကစားနယ်ပယ်ထဲကို ဝင်ရောက်ဖို့ကတော့ မလွယ်ကူလှပါဘူး။Giantအနေနဲ့ နာဘီးလ်ကို ဖိုက်ချင်ရင်တော့ ရှေ့မှာ သုံးပွဲလောက်အနိုင်ဖိုက်ရဦးမှာပါ။Giantရဲ့ နာဘီးလ်ကို စိန်ခေါ်မူအပေါ် ပရိတ်သတ်တို့ရဲ့အမြင်လေးတွေကရော ဘယ်လိုလဲဗျ ပြောပြခဲ့ကြပါဦးဗျ

08/10/2024

လောရှည်နဘီးလ် ပတ်ပြေးနေမှာ မြင်ယောင်သေး ။ 😆😆

'သူငယ်ချင်း စိုးကြီးက ခြေကန်ချက်တွေ အားနည်းခဲ့တယ်။ သူက လက်သီးထိုးတာ အားပြုပြီး ကစားတဲ့ အခါကျတော့ နာဘီးလ် ကို မယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ရတာပါ။ ဝိတ်သာတူရင် နာဘီးလ် နဲ့ တစ်ပွဲလောက် ထိုးချင်တယ်’

ဆိုပြီး ရင်ဖွင့်လာခဲ့တဲ့ မြန်မာပြည်အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း။

Want your business to be the top-listed Media Company in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bayinnaung Road
Insein
11012