Shwe Toe Shan Noodle - Innsein

Shwe Toe Shan Noodle - Innsein

Share

Your Satisfaction is Our Blessing

20/01/2025

ဝက်/ကြက် ကောက်ညင်းထုပ်တွေ မနက်ဖြန် ထုတ်ပါမယ်
သန်ဘက်ခါ(၂၂.၁.၂၀၂၅)ရက်နေ့ရပါမယ်ရှင့်

အော်ဒါတင်ချင်သူများ အမြန် Hello 👋 လိုက်တော့နော်

ဈေးလေးတော့အနည်းငယ်တက်ခွင့်ပြုပါရှင့်

တထုပ် - ၄၅၀၀ ကျပ်ပါရှင့်

Freezer ထဲထားစားရင် ၁လကျော် အေးဆေးခံတယ်နော်
ကိုယ်တွေ့ 😋😊

#ကောက်ညင်းထုပ်
#ဘကျန်
#တရုတ်ရိုးရာအစားအစာ

19/12/2024

ကောက်ညှင်းထုပ် ထပ်မထုတ်တော့ဘူးလား?
ကောက်ညှင်းထုပ် ထုတ်ရင်ပြောအုံးနော် ဆိုတဲ့
တောင်းဆိုသူတွေအတွက် မင်မင်တို့ဘက်က
ဖြည့်ဆည်းပေးပါတော့မယ်ရှင့် 🥰😇

ခုလာမယ့် Sunday ထုတ်မယ် Monday ရမှာဖြစ်လို့
မှာချင်သူများ အမြန်ဆုံးအော်ဒါတင်လို့ရပါပြီ

အစစအရာရာ ကုန်ဈေးနှုန်းများမြင့်တက်နေသော်လည်း
ဈေးမတက်ဘဲ နောက်ဆုံးရောင်းပေးတဲ့ဈေးနှုန်းနဲ့ပဲ
ရောင်းပေးမှာမို့ ကောက်ညှင်းထုပ်ကြိုက်သူများ Hello လိုက်တော့နော် 🤗

ဝက်/ကြက် ကောက်ညှင်းထုပ် - ၄၀၀၀/- ကျပ်

ရေခဲသေတ္တာ(Freezer)ထဲထားပြီး စားခါနီးမှ ပြန်နွေးစားလဲရပါတယ်
၂ ပတ်လောက်ထိ အထားခံပါတယ်ရှင့်
တာရှည်ခံမည့်သည့်ဆေးမှမထည့်ထားပါ❌❌

မှာယူလိုပါက cb (or) 09260249172 သို့ဆက်သွယ်နိုင်ပါတယ်

🚚Delivery Service လည်းရှိတာမို့ အချိန်မကုန် လူပင်ပန်းစရာလည်းမလိုတော့ဘူးပေါ့ ... ပို့ခကတော့မြို့နယ်အလိုက်ပေးရပါမယ် 🚚

#ကောင်းညှင်းထုပ်
#တရုတ်ရိုးရာအစားအစာ

Photos from Shwe Toe Shan Noodle - Innsein's post 02/12/2024

"ငါးရှဉ့်တောချက်" လေးနဲ့မိတ်ဆက်ပေးပါရစေ

ငါးရှဉ့်ဟင်းကိုကြိုက်လဲကြိုက်တယ်
ကိုင်ရမှာလဲမကိုင်ချင်ဘူး ချက်ရင်လဲ ညှီလို့ဆိုပြီး
ချက်မစားဖြစ်တဲ့သူတွေရှိလား?

အဲ့လိုတွေကို "ရွှေတိုး" မှ ဖြေရှင်းပေးပါမယ်
မင်မင်တို့ဆီကို "Hello" သာလုပ်လိုက်နော်
စားချင်တယ်ဆို ကြိုမှာဖို့တော့လိုမယ်နော်

တပွဲ - ၁၅၀၀၀/- နဲ့ရောင်းပေးပါမယ်

မှလဲ မကြာခင်မှာစားလို့ရတော့မှာနော် 😋

Photos from Shwe Toe Shan Noodle - Innsein's post 24/10/2024

ရွှေတိုးရဲ့ မိတ်ဟောင်း/မိတ်သစ်များ မင်္ဂလာပါရှင့် 😇🥰

မတွေ့တာကြာတော့ အောက်မေ့နေလောက်ရောပေါ့ 🤩

ဒီတခါ မင်မင်က မြန်မာ့ရိုးရာလက်ဖက်နဲ့တွဲစားလို့အရမ်းလိုက်ဖက်တဲ့ ပုစွန်ခြောက်ကြက်တိုက်မွှေးလေး ရောင်းပေးမှာပါ။

ပစ္စည်းနဲ့အရသာကို ကိုယ်တိုင်စားပြီးမှ ရောင်းချပေးတာမို့ ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်။

"အရသာ လျှာကသိ"ဆိုသလို တအားငံလွန်းနေလဲ စားလို့အဆင်မပြေသလို အရောင်အဆင်းမရှိ မွဲခြောက်ခြောက်ဆိုလဲ အနံ့အဆင်မပြေတာမျိုးတွေ ကြုံရတတ်တော့ ကိုယ်တိုင်က စားရင် အနံ့/အရသာကောင်းမှဆိုတာမျိုးကြိုက်တော့ ကိုယ့်မိတ်ဆွေတွေကိုလဲ စားကြည့်
စေချင်တာမျိုးပါ 🥰

-လက်ဖက်သုတ်နဲ့တွဲစားစား
-ဟင်းထဲပဲထည့်ချက်ချက်
-ကောက်ညှင်းထဲပဲထည့်ပေါင်းမလား
-ဆီထမင်းနဲ့တွဲစားမလား အရမ်းအဆင်ပြေတာမို့

မြည်းစမ်းကြည့်ပါလို့ ပြောပါရစေရှင့် 😋

၁၀သား - ၂၃၀၀၀/-
၂၀သား - ၄၅၀၀၀/-
၁ပိဿာ - ၂၂၅၀၀၀/-

ပြန်ရောင်းချင်သူများလဲ လက်ကားဈေးရှိပါတယ်ရှင့်

မှာယူလိူပါက -09260249172(Viber) သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် 🥰❤️😇

#ရွှေတိုး
#ပုစွန်ခြောက်ကြက်တိုက်မွှေး

06/10/2024

အိမ်တိုင်းသုံးတဲ့ ပုစွန်ခြောက်ကြက်တိုက်လေးတွေ
ရောင်းပေးမယ်ဆို
အားပေးကြမယ်ဟုတ် 😇🥰😋
We'll Back Soon

မချစ်လို့မရဘူး ဒါပဲ 🥰 06/08/2024

ချစ်သက်ပြောတဲ့အတိုင်းပါပဲ 🤭

မချစ်လို့မရဘူး ဒါပဲ 🥰

Photos from Shwe Toe Shan Noodle - Innsein's post 17/07/2024

မနေ့ကလုပ်ပေးဖြစ်သော မြီးရှည်အော်ဒါလေးတွေပါ🤗

ရွှေတိုးက ဆိုင်တော့မဖွင့်ပေမယ့် အော်ဒါတွေတော့လက်ခံပါတယ်နော် 😋😇

ပွဲ(၅၀)အထက်ဆို အိမ်တိုင်ရာရောက်ပွဲလိုက်ပြင်ပေးပါတယ်ရှင့် 😍

မင်မင်ကိုချစ်လို့ အားပေးချင်တာပဲဖြစ်ဖြစ်
လက်ရာလေးကြိုက်လို့မှာချင်တာပဲဖြစ်ဖြစ်

☎️ - 09260249172 သို့ ဖုန်းဆက်ပြီးတော့ပဲဖြစ်စေ၊Viber မှတဆင့်ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

မှာယူအားပေးတဲ့ မိတ်ဆွေတယောက်ချင်းစီကို ကျေးဇူးတင်ပါတယ် 🙏😇🥰

16/07/2024

ဒီလိုဆရာဝန်မျိုးနဲ့ဆိုရင်တော့ စိတ်ရောဂါပါရလောက်တယ် 🥴🤭

Pork/Chicken Sticky Rice Wrap 1st Round Video 
Thanks for your Ordering 🤗🙏🥰 08/07/2024

ဟယ်လို အားလုံးပဲမင်္ဂလာပါရှင့်

ရွှေတိုးကို လွမ်းနေကြပြီလား?

ဒီတခါ ရွှေတိုး က အတော်များများ ကြိုက်ကြတဲ့
ဝက်/ကြက် ကောက်ညှင်းထုပ်လေးတွေအော်ဒါကောက်မယ်နော် 🤗
ဒီတပတ်ထုတ်မှာပါရှင့်
လတ်လတ်ဆတ်ဆတ်စားချင်သူများ အော်ဒါတင်လို့ရပါပြီနော်
ရတဲ့နေ့ချင်းပို့ပေးမှာပါရှင့်
ရမည့်နေ့ကိုတော့ ပြန်လည်ဖြည့်စွက်ပြီး တင်ပေးပါမယ်

မကြာခင်ရောက်လာတော့မယ့်
ချစ်လေပွမ်လို့ခေါ်တဲ့ တရုတ်ရိုးရာကန်တော့ပွဲလေးအတွက်လဲ အော်ဒါတင်ချင်သူများ cb (သို့) ဖုန်းဆက်ပြီး Hello သာလုပ်လိုက်ပါနော်
ကန်တော့မည့်နေ့ရက်မှာ အထုပ်ရေများများလိုချင်တယ်ဆို (၃)ရက် စောပြီး အော်ဒါတင်ပေးဖို့ လိုပါတယ်ရှင့်

တထုပ် - ၄၀၀၀/-(သုံးထပ်သား,ဘဲဥငံ,မှို,ပုစွန်ခြောက်) ပါဝင်ပါတယ်ရှင့်
ရှယ်စားချင်ရင် သေချာလေးမှာလို့ရပါတယ်နော် 🤗ဈေးနှုန်းတော့ အပြောင်းအလဲရှိမယ်ရှင့် 😋

Edit - ကြာသပတေးနေ့ထုတ်မယ်ဆိုတော့ သောကြာနေ့ရပါမယ်ရှင့် 🤗😋

ဖုန်း - 09260249172

Pork/Chicken Sticky Rice Wrap 1st Round Video Thanks for your Ordering 🤗🙏🥰

24/06/2024

မင်္ဂလာပါ သဲတို့ရေ

ယနေ့မှစ၍ ရွှေတိုးဆိုင်လေးကို ခေတ္တပိတ်ထားပါတယ်ရှင့်😌
လာအားပေးခဲ့တဲ့ တဦးတယောက်ချင်းစီကို ရွှေတိုး မိသားစုမှ ရင်ထဲမှအထူးကျေးဇူးတင်ပါတယ်ရှင့် 🙏🤝

လာစားမယ်လို့ ရည်ရွယ်ထားတဲ့မိတ်ဆွေများကိုလဲ အထူးပဲ အားနာလှပါတယ်ရှင့်😔

အကြောင်းကြောင်းကြောင့် ပိတ်ထားရတာမို့ နားလည်ပေးစေလိုပါတယ်ရှင့် 😌😇

ရင်ထဲကချစ်ခြင်းများစွာဖြင့်
ရွှေတိုး(မိသားစု) ❤️🥰

21/06/2024

🤒 ချစ်တို့ရေ ရာသီတုပ်ကွေးတွေလာနေပြီနော် 🤒

မင်မင်တော့ဖျားနေပြီမို့ မနက်ဖြန်ဆိုင်မဖွင့်ဖြစ်ဘူးနော်
အားလုံးပဲ အင်္ဂါနေ့ပြန်တွေ့ပါမယ်နော်

အထူးဂရုစိုက်ကြပါရှင့် ချစ်တယ်နော် 🫂😷❤️

19/06/2024

အရသာရှိလှတဲ့ ဆန်ပြားခေါက်ဆွဲလေး ရပါပြီရှင့် 🤗😋

🥰👍

Want your public figure to be the top-listed Public Figure in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


အမှတ်(၃၂), ကန်လမ်း, ရွာမအရှေ့ရပ်ကွက်, အင်းစိန်
Insein

Opening Hours

Monday 06:30 - 17:00
Tuesday 06:30 - 17:00
Wednesday 06:30 - 17:00
Thursday 06:30 - 17:00
Friday 06:30 - 17:00
Saturday 06:30 - 17:00