Cool Tech

Cool Tech

Share

တန်ဖိုးသက်သာ ဆန်းသစ်နည်းပညာ

နိုင်ငံတကာမှာ အလွယ်တကူဝယ်လို့ရနေတဲ့ တန်ဖိုးနည်း နည်းပညာမြင့် ထုတ်ကုန်အသစ်အဆန်းတွေကို မြန်မာနိုင်ငံမှာလည်း လွယ်ကူစွာ အိမ်တိုင်ယာရောက်ပို့ဆောင်ရောင်းချပေးသွားမည်ဖြစ်ပါသည်။

03/05/2020
Virtual Tutoring: Coding for Kids Webinar 27/04/2020


[Unicode]
COVID19 ကပ်ရောဂါ သက်ရောက်မှုကြောင့် ပြောင်းလဲခဲ့ရတဲ့ အခြေအနေအမျိုးမျိုးမှာ ပညာရေးစနစ် လဲ အပါအဝင် ဖြစ်ပါတယ်။ ကာလကြာရှည် ကျောင်းပိတ်ရမယ့် ကျောင်းသား၊ကျောင်းသူများအတွက် (အထူးသဖြင့် မူလတန်း၊အထက်တန်းအရွယ် ကလေးငယ်များအတွက်) ပူးပေါင်း ဆောင်ရွက် သင်ကြားနိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြပါတယ်။

STEM နဲ့ ဆက်နွယ်နေတဲ့ Computer Science , Robotics အစရှိတဲ့ ဘာသာရပ်တွေအတွက် Online Learning သင်ကြားနိုင်တဲ့ နည်းစနစ်တွေကတော့ စတင်အသုံးပြုနေကြပီ ။ မြန်မာနိုင်ငံ က ကလေးငယ်တွေအတွက်လဲ အဆိုပါ သင်ကြားနည်းစနစ်တွေကို အထောက်အပံ့ပေးနိုင်ဖို့ Phandeeyar STEM Lab အနေနဲ့ Online Webinar တစ်ခု စီစဥ်ထားရှိပါတယ်။

“Virtual Tutoring:Coding for Kids” လို့ အမည်ပေးထားတဲ့ ဒီ Webinar က မေလ(၉)ရက် နှင့် (၁၀)ရက်နေ့ - ၂ ရက်တာအတွင်း တစ်ရက်လျှင် ၂ နာရီ - နံနက်(၉) နာရီ မှ (၁၁) နာရီ အတွင်း - ကလေးငယ်များကို အွန်လိုင်းပေါ်မှတဆင့် Programming/Coding များကို အခြေခံ မိတ်ဆက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အသက်(၁၂) နှစ်အောက် ကလေးငယ်များအနေနဲ့ တက်ရောက်မယ်ဆိုရင် အုပ်ထိန်းသူအနေနဲ့ Webinar တလျှောက်မှာ မဖြစ်မနေ ကူညီ ကြည့်ရှုပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် တက်ရောက်ခွင့်ရသူ ကလေးငယ်များအနေနဲ့ Webinar အတွင်း လေ့ကျင့်ခန်းများကို Mentor နဲ့အတူ လေ့လာနိုင်ဖို့ ကွန်ပျူတာ နဲ့ အင်တာနက် မဖြစ်မနေ ရှိနေဖို့ လိုပါတယ်။

ဒါကြောင့် ဒီ webinar ကို စိတ်ဝင်စားခဲ့မယ်ဆိုရင် မိဘ အုပ်ထိန်းသူများအနေနဲ့ မိမိတို့ ကလေးငယ်များအတွက် အောက်ပါ Link အတိုင်း သွားရောက်ပီး Register ပြုလုပ်နိုင်ပါတယ်။
Register Link -> https://bit.ly/virtual-coding

ကလေးငယ်များအနေနဲ့ Webinar အတွင်း စနစ်တကျ၊အကျိုးရှိရှိ လေ့လာနိုင်စေရန်အတွက် အရေအတွက် (၂၀) ဦးသာလျှင် အများဆုံး လက်ခံနိုင်မှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းချိန် နှင့် webinar အတွက် လိုအပ်ချက်များပြည့်စုံမှု ရှိ/မရှိ အပေါ် ဦးစားပေးရွေးချယ်မှာ ဖြစ်တဲ့အတွက် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ဖို့ တိုက်တွန်းချင်ပါတယ်။

Webinar တက်ရောက်ဖို့ ရွေးချယ်ခံရတဲ့ ကလေးငယ်များကို မေလ(၇) ရက်နေ့မှာ မိဘများရဲ့ email များမှတဆင့် ဆက်သွယ် အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။ မရှင်းလင်းသည်များရှိပါက ဖုန်းနံပါတ် 09-897824502 သို့လည်းကောင်း ၊ [email protected] သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မိမိပတ်ဝန်းကျင်မှာ သိပ္ပံ၊နည်းပညာ စိတ်ဝင်စားတဲ့ ကလေးငယ်များရှိမယ်ဆို လေ့လာသင်ယူနိုင်စေဖို့ တဆင့် မျှဝေပေးဖို့လဲ မမေ့နဲ့နော်

Virtual Tutoring: Coding for Kids Webinar Online Webinar Registration - May 9/10,2020 - 9:00 AM to 11:00 AM

Byaee 33 23/04/2020

This is my YouTube channel
https://YouTube.com/c/Byaee33
Subscribe if you don't wanna miss my new cool upcoming vids.

Byaee 33 မင်္ဂလာပါ ဗျည်း ၃၃ Channel မှကြိုဆိုပါသည်။ ဗျည်း၃၃ Channel တွင် အခြေခံ ကွန်ပြူတာ၊ သတင်းအချက်အလက်နှင့် နည်းပညာ အကြောင်....

20/04/2020
How to stream using vlc player 18/04/2020

How to stream using vlc player , , , VLC player သုံးပြီး မီဒီယာဖိုင်များကို streaming လုပ်ခြင်း

Shotcut - Download 17/04/2020

Shotcut - Download Shotcut is a free, open source, cross-platform video editor for Windows, Mac and Linux

Myanmar Thingyan Festival 12/04/2020

ရန်ကုန် သင်္ကြန်နှင့် EDM Thingyan Music Festival

Myanmar Thingyan Festival Extraordinary Thingyan Festival VS EDM Thingyan Music Festival. What's yours?? Please tell us in the comment below. Happy Thingyan Byaee33 , ...

VLC player Desktop Screen Recording 09/04/2020

ဝင်းဒိုးကွန်ပြူတာတွင် VLC player ဖြင့် Screen Recording လုပ်နည်း

VLC player Desktop Screen Recording VLC player အသုံးပြု၍ ကွန်ပြူတာ စခရင်အား ဗွီဒီယို ရိုက်ကူးခြင်း။ ဗွီဒီယိုလေးကို ကြိုက်နှစ်သက်လျှင် Byaee 33 ကို Subscribe လုပ်....

Windows General Keyboard Shortcuts Part 2 | Windows Logo Key 06/04/2020

ကွန်ပြူတာ အခြေခံ အသုံးပြုနည်း
Windows 10 keyboard shortcuts Part 2
Windows Logo keyboard shortcuts
https://youtu.be/UMc1XmozPjw
Subscribe Byaee33 | YouTube

Windows General Keyboard Shortcuts Part 2 | Windows Logo Key Windows logo keyboard shortcuts. Open Action center. Open Cortana in listening mode. Open Settings. Open the clipboard. Display and hide the desktop. Display...

Want your business to be the top-listed Computer & Electronics Service in Insein?
Click here to claim your Sponsored Listing.

Telephone

Address

No. 27(B), B. E. P. S(49)St, Taung Thu Gone Qtr
Insein